← Chapters

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(ဃ)

Vol. 45 Ch. 682

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(ဃ)

Vol. 45 Ch. 682

“ နှုတ်ဆက်ပါတယ် ဆရာ… နှုတ်ဆက်ပါတယ် ဘိုးဘေး ”

ထို့နောက် သူက နတ်မိမယ်ကျစ်ရွှမ်ကို ကြည့်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်သည် ခပ်ရေးရေး ပြုံးပြသည်။ နတ်မိမယ်ကျစ်ရွှမ်၏ အပြုံးကိုမြင်သောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် အလင်းရောင်ဖြင့် ဝင်းလက်သွားသည်။

သတ္တမသခင်ကြီးသည် သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်သည်။ ဘိုးဘေးသည် ပျော်ရွှင်မှုကြောင့် မျက်နှာရွှင်လန်းလာသည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့သည် စိတ်အာရုံမပျံ့လွင့်ရန် အရေးကြီးပေသည်။

မဟာအကြီးအကဲသည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း ပြောသည်။

“ ရွှီချင်း ငါ့ကို မင်းရဲ့ တစ္ဆေအင်ပါယာတောင်ကုန်း ပြကြည့်စမ်း ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးအကြိမ် မဟာအာကသာလောကဆီသို့ သူသွားရောက်ခဲ့စဉ် မိစ္ဆာအသွင်ပြောင်းစာလုံးများစွာကို ရရှိခဲ့သည်။ ယင်းသည် သူ့အား တစ္ဆေအင်ပါယာ၏ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ ထုတ်လွှတ်နိုင်ရန် ခွင့်ပြုပေးနိုင်သည်။

မိစ္ဆာအသွင်ပြောင်းစာလုံးများကို သူခြေမွလိုက်သောအခါ တစ္ဆေအင်ပါယာတောင်ကုန်းသည် ဒြပ်ထည်ဖြစ်တည်လာသည်။

တစ္ဆေအင်ပါယာ၏ ပုံရိပ်သည် ကမ္ဘာတုန်ဟီးစေရန် လုံလောက်သည်။ ၎င်းသည် ကောင်းကင်ပေါ်တွင် မတ်တတ်ရပ်နေပြီး ကြမ်းကြုတ်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ၎င်း၏ ဒူးခေါင်းပေါ်မှ လီယုံကျောက်တိုင်သည် ရောင်ဝါထွန်းလင်းနေသည်။

ပို၍အံ့ဩစရာကောင်းသည်မှာ ၎င်း၏ မျက်နှာဖြစ်သည်။ ယင်းသည် ရွှီချင်း၏ မျက်နှာဖြစ်သည်။

တစ္ဆေအင်ပါယာ ပေါ်ထွက်လာသည်နှင့်ချက်ချင်း ယင်ဟွမ်ပြည်နယ်မှ ကျင့်ကြံသူနှစ်သန်းကျော်နှင့် မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ၏ စိတ်သည် တုန်လှုပ်သွားကြသည်။

သူတို့အားလုံးသည် တစ္ဆေအင်ပါယာတောင်ကုန်း၏ တည်ရှိမှုကို သိထားကြသည်။ သို့ဖြစ်၍ ရွှီချင်းက တစ္ဆေအင်ပါယာသို့ အမှန်တကယ် ပြောင်းလဲသွားသည်ကို သူတို့မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြခြင်း ဖြစ်သည်။

လွန်ကြူးစွာ ထိတ်လန့်သွားကြသော လူများထဲတွင် သတ္တမသခင်ကြီးသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

သူက တစ္ဆေအင်ပါယာတောင်ကုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဒေသငယ်မြို့တော်သို့ သူမသွားခင် ရွှီချင်းကို သင်ကြားပေးခဲ့သော ဒြပ်ထည်ဖွဲ့စည်းခြင်းအတတ်သည် သူ၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။

အမှန်တကယ်တော့ သူပြောခဲ့သည်မှာ သီအိုရီအရသာ ဖြစ်သည်။ ရွှီချင်းသည် တကယ်အောင်မြင်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့သော်လည်း ယခုအခါ တစ္ဆေအင်ပါယာတောင်ကုန်းသည် အမှန်တကယ် ဒြပ်ထည်ဖွဲ့စည်းသွားကြောင်း သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရလိုက်ချေ၏။

ယင်းသည် အတိတ်တွင် သူပြောခဲ့သော နည်းလမ်းနှင့် ခြားနားနေသော်လည်း မည်သို့ဖြစ်စေ တစ္ဆေအင်ပါယာတောင်ကုန်းသည် အမှန်တကယ် ဒြပ်ထည်ဖွဲ့စည်းသွားခဲ့သည်။

“ တကယ်အောင်မြင်သွားတာလား ”

သတ္တမသခင်ကြီးသည် ဆွံ့အသွားသည်။

ထိုအခိုက်အတန့်မှာ မဟာအကြီးအကဲသည် ရုတ်တရက် ပြောသည်။

“ ဝိညာဉ်အရှင်ထိုက်ကွမ်နဲ့ ဝိညာဉ်အရှင်ကြွယ်ဟန် ပြီးတော့ စိတ်ခုနစ်မျိုးက တာအိုရောင်းရင်းတွေ ဒီအဖိုးကြီးက မင်းတို့နဲ့ ရွှီချင်းကြားက ကုန်သွယ်မှုကို သိထားပြီးပါပြီ… ဒီနေ့ အဲ့ဒါကို ငါသက်သေလုပ်ပေးပါမယ်… ဒါကြောင့် ကျန်တာကို မင်းတို့စိတ်အေးအေးထားနိုင်ပါတယ် ”

“ မင်းတို့က တစ်ခါပဲ လှုပ်ရှားပေးမယ်ဆိုတော့ တစ္ဆေအင်ပါယာရဲ့ ပုံရိပ်ထဲမှာ စုစည်းကြပါ ပြီးတော့ အဲ့ဒါနဲ့ အချိန်တိုအတွင်း ပေါင်းစပ်ပါ… အဲ့ဒါကို လှုပ်ရှားမှုတစ်ခုလို့ ယူဆနိုင်ပါတယ်… ကျေးဇူးပြုပြီး စပါ ”

“ အားလုံးပဲ ငါတို့တွေ အကောင်းဆုံးကြိုးစားပြီး တစ္ဆေအင်ပါယာရဲ့ ဒြပ်ထည်ဖွဲ့စည်းထားတဲ့ပုံရိပ်ကို စွမ်းအားတိုးမြှင့်ပေးရမယ်… ဒါမှ အဲ့ဒါက ပြိုလဲမသွားမှာ… ပြီးတော့ စီနီယာချင်းချင်းက မင်းရဲ့ သဘာဝနတ်ဘုရားအလင်းကို ဖြန့်ကြက်ပေးပါ… အားလုံးပဲ အတူတကွ ကြိုးစားလုပ်ဆောင်ပြီး တစ္ဆေအင်ပါယာရဲ့ပုံရိပ် မပြိုလဲသွားအောင် ထောက်ပံ့ပေးရမယ်… အနည်းဆုံး အသက်ရှူချိန်တစ်ခါစာကြာအောင် လုပ်ဆောင်ရမယ် ”

“ ရွှီချင်း မင်းရဲ့စိတ်အာရုံကို ကောင်းကောင်းအသုံးချပါ… ဒါက ယင်ဟွမ်ပြည်နယ်ကို အကျိုးပြုနိုင်မယ့် မင်းအတွက် အခွင့်အရေးပဲ ”

မဟာအကြီးအကဲ၏ အသံသည် ရေလွှမ်းမိုးသွားသည့်အလား ကမ္ဘာတခွင် ပျံ့လွင့်သွားသည်။

ဝိညာဉ်အရှင်ကြွယ်ဟန်သည် နှုတ်ဆိတ်သွားသည်။ သူ၏ ဦးခေါင်းပေါ်မှ ကောင်းကင်ဝိညာဉ်လူပုလေးသည် မဟာအကြီးအကဲကို နက်နဲစွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ တောင်းဆိုမှုသည် သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသော်လည်း ယင်းသည် လက်ခံနိုင်သော အတိုင်းအတာထဲမှာ ရှိသည်။

ယင်းကို လျှို့ဝှက်ပူးပေါင်းကြံစည်မှုဟု မသတ်မှတ်နိုင်ပေ။ မည်သို့ဖြစ်စေ သူတို့သည် တစ္ဆေအင်ပါယာ ပြန်လည်ရှင်သန်လာမည်ကို မလိုလားကြပေ။ ယင်ဟွမ်ပြည်နယ်မှ မျိုးနွယ်အသီးသီးသည်လည်း ထိုသို့မဖြစ်ချင်ကြပေ။ အထူးသဖြင့် ယခုကဲ့သို့ ရှေ့တန်းစစ်မြေပြင်နှင့် အလောင်းကောင်တားမြစ်နယ်မြေ၏ ချိပ်ပိတ်မှုက အရေးကြီးအခြေအနေကို ကျရောက်နေသည့် အချိန်အခါမျိုးတွင် ဖြစ်သည်။

အကယ်၍ ထိုအထဲတွင် ထောက်ချောက်ရှိမည်ဆိုလျှင်တောင် သူ့မှာ ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာ ရှိသေးပေသည်။ ထို့ကြောင့် လူပုလေးသည် ခေါင်းညိတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ဓားကိုင်ရုံးတော်က မင်းကို တော်တော်တန်ဖိုးထားတာပဲ… ထားပါတော့… ငါတို့က ရင်းနှီးမြှုပ်နှံရုံပဲဆိုပေမဲ့ အနာဂတ်မှာ မင်း တကယ်အောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားတယ် ”

သူ၏ စကားဆုံးသည်နှင့် လူပုလေး၏ ခန္ဓာကိုယ်သည် အဖြူရောင်အလင်းတန်းသို့ ပြောင်းလဲသွားပြီး ရွှီချင်းအသွင် ပြောင်းလဲထားသော တစ္ဆေအင်ပါယာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ယင်းထဲသို့ သူပေါင်းစပ်လိုက်သည့်အခါ တစ္ဆေအင်ပါယာတောင်ကုန်းသည် ရုတ်တရက် အပြင်းအထန် တုန်လှုပ်သွားပြီး ၎င်း၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားကာ ဗလာနတ္ထိတတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် ဖြစ်တည်လာကြသည်။

ထူးဆန်းသော အလင်းရောင်သည် ဝိညာဉ်အရှင်ကြွယ်ဟန်၏ မျက်လုံးထဲတွင် ပေါ်ထွက်လာသည်။ ဤသို့အတွေ့အကြုံမျိုးကို ယခင်က တစ်ခါမှ သူမတွေ့ကြုံဖူးပေ။ ဤအခိုက်အတန့်မှာ သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဒုတိယ အဖြူရောင်အလင်းတန်းသို့ ပြောင်းလဲသွားကာ တစ္ဆေအင်ပါယာဆီသို့ ပျံသန်းသွားသည်။

ပေါင်းစပ်ပြီးသည်နှင့်ချက်ချင်း တစ္ဆေအင်ပါယာသည် နောက်တစ်ကြိမ် အစွမ်းမြင့်တတ်သွားပြန်သည်။ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် စတင်အက်ကွဲသွားကြပြီး တဖန်ဖြစ်တည်လာကြသည်။ ထိုသို့ဖြင့် အဆုံးအစမဲ့ သံသရာလည်နေတော့သည်။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက် စိတ်ခုနစ်မျိုးသည် အလင်းတန်းခုနစ်ခုသို့ ပြောင်းလဲသွားကြပြီး တစ္ဆေအင်ပါယာတောင်ကုန်းနှင့် တစ်ခုပြီးတစ်ခု ပေါင်းစပ်သွားကြသည်။

၎င်းက တစ္ဆေအင်ပါယာ၏ ပုံရိပ်နှင့် ဆင်တူလာသည့်အခါ ထိန်းမနိုင်ဖြစ်လာပြီး ပြိုလဲပျက်စီးတော့မည့်လက္ခဏာ ပြလာသည်။ ထိုအခိုက်အတန့်မှာ ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်ထဲမှ နီလာခရမ်းအလင်း ထွက်ပေါ်လာပြီး ၎င်းကို အားဖြည့်ပေးလိုက်သည်။

စည်းချအစီအရင်များ၏ စွမ်းအားကိုအသုံးပြုနေကြသော ကျင့်ကြံသူနှစ်သန်းကျော်သည်လည်း တစ္ဆေအင်ပါယာ၏ ပုံရိပ်ကို အားဖြည့်ပေးလိုက်ကြသည်။

ချက်ချင်းဆိုသလို တစ္ဆေအင်ပါယာ၏ ပုံရိပ်သည် တစ်ခါမှမဖြစ်စဖူး ကြည်လင်ရှင်းလင်းလာသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ဖိအားတစ်ခု သက်ဆင်းလာသည်။

ဤသည်မှာ တစ္ဆေအင်ပါယာက သက်ဆင်းလာသည့်အလားပင်။

ဖြစ်တည်မှုနှင့် ပျက်စီးမှုကြားတွင် ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး တစ္ဆေအင်ပါယာ၏ ဘယ်ဘက်ပခုံးပေါ်မှ မဟာလောကထဲသို့ စုစည်းသွားကြသည်။ ထိုအခါ မဟာလောကသည် ရောင်ဝါတောက်ပလာပြီး မူလက အရောင်မှေးမှိန်နေရာမှ နတ်ဘုရားအလင်းတချို့ ပြန်ထွန်းလင်းလာသည်။

ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် အလွန်နီးကပ်သော အရှိန်အဝါတစ်ခုသည် တားမြစ်ပင်လယ်ပေါ်သို့ ဆင်းသက်လာသည်။

ကောင်းကင်သည် ပြိုကွဲသွားသည်။ ထိုအရှိန်အဝါသည် အလွန်ကြီးမြတ်ပြီး ယင်းက အရာအားလုံး၏ အထက်တွင် တည်ရှိနေသည့်အလားပင်။

တားမြစ်ပင်လယ်၏ ကြီးမားသော ဧရိယာသည် ချက်ချင်း အထဲသို့ ချိုင့်ဝင်သွားသည်။ အဝေးမှကြည့်လျှင် တားမြစ်ပင်လယ်က တစ္ဆေအင်ပါယာ၏ ဦးခေါင်းကို အရိုအသေပေးနေသည့်အလားပင်။

ယင်ဟွမ်ပြည်နယ်မှ အင်အားစုများသော်လည်းကောင်း သို့မဟုတ် တားမြစ်ပင်လယ်မှ အင်အားစုများသော်လည်း မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် ပင်လယ်အောက်ခြေမှ ထူးဆန်းသော သတ္တဝါများဖြစ်စေ သူတို့အားလုံးသည် ထိတ်လန့်သွားကြသည်။ တစ္ဆေအင်ပါယာပုံရိပ်ပေါ်သို့ ရိုသေကြောက်ရွံ့မှုသည် သူတို့၏ နှလုံးသားထဲတွင် ချက်ချင်း ပေါ်လျှိုးလာသည်။

ယင်းသည် ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်ပေါ်စေကာ ထိန်းချုပ်မရသော အကြောက်တရားအဖြစ် နေရာအနှံ့သို့ ပျံ့လွင့်သွားသည်။

မည်သူမှ မခုခံနိုင် မရှောင်တိမ်းနိုင်ဘဲ အညံ့ခံရုံသာတတ်နိုင်သော ကြောက်မက်ဖွယ် စိတ်ဆန္ဒတစ်ခုသည် ကောင်းကင်ယံမှ သက်ဆင်းလာသည်။

၎င်း၏ အရှေ့တွင် သက်ရှိအားလုံးသည် ချက်ချင်း ဒူးထောက်ကြရမည့်အလား ရှိသည်။

၎င်း၏ အရှေ့တွင် မျိုးနွယ်စုအားလုံးသည် ဦးညွတ်ပြီး အသနားခံရမည့်အလား ရှိသည်။

၎င်းသည် လွှမ်းမိုးဖိနှိပ်လွန်းသည်။

ကျမ်းစာရွတ်ဖတ်ခြင်းသည်ပင် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ ဘေးပတ်ဝန်းကျင်မှ စည်းချအစီအရင်များသည် ပို၍ပြင်းထန်စွာ တုန်ခါလာကြသည်။ ရွှေရောင်မျက်နှာသည်ပင် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်သည်။ ၎င်းသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားရလာသည်။ ၎င်း၏ မျက်လုံးသည် ပွင့်လာတော့မည့်ဟန် ရသည်။

ဤသည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ရောက်ရန် ခြေလှမ်းဝက်သာလိုတော့ခြင်း ဖြစ်သည်။

တစ္ဆေအင်ပါယာသည် ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ဝင်ရောက်ရန် ဝိညာဉ်သခင်မယုံကျင်း၏ ပူးပေါင်းမှုကိုသာ လိုအပ်ပေသည်။

သို့သော်လည်း မဟာအကြီးအကဲသည် ဝိညာဉ်သခင်မယုံကျင်းကို မစေလွှတ်ခဲ့ပေ။ ဤသည်မှာ ကန့်သတ်ထားခြင်းဖြစ်၏။

ငှက်ကြီးချင်းချင်း၏ နတ်ဘုရားအလင်း ပြန်ရုပ်သိမ်းသွားသည်နှင့်ချက်ချင်း တစ္ဆေအင်ပါယာသည် ပြိုလဲပျက်စီးသွားလိမ့်မည်။ ဤသည်မှာလည်း ၎င်းကို ကန့်သတ်ထားခြင်း ဖြစ်သည်။

ဤနေရာရှိ ကျင့်ကြံသူနှစ်သန်းကျော်၏ အားဖြည့်ပေးမှုသည်လည်း ၎င်းကို ကန့်သတ်ထားခြင်း ဖြစ်သည်။

ထို့အပြင် ပုံရိပ်ယောင်တစ္ဆေအင်ပါယာသည် ရွှီချင်းထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အင်ပါယာနှင့် ရွှီချင်းကြားမှ ဆက်သွယ်မှုသည်လည်း ကန့်သတ်ချက် ဖြစ်သည်။

All Chapters