← Chapters

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(င)

Vol. 45 Ch. 683

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(င)

Vol. 45 Ch. 683

“ တစ္ဆေအင်ပါယာ မင်းမှာ တစ်ခါတိုက်ဖို့ စွမ်းအားပဲရှိတယ်… ဘာလို့ အလောင်းကောင်တားမြစ်နယ်မြေကို မဖိနှိပ်တာလဲ ”

မဟာအကြီးအကဲသည် အော်ပြောလိုက်သည်။

အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်သော တစ္ဆေအင်ပါယာ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် ညာလက်ကို မြှောက်တင်လိုက်ပြီး အလောင်းကောင်တားမြစ်နယ်မြေပေါ်သို့ ဖိချလိုက်သည်။

ထိုလက်ဝါးဖိချမှုကြောင့် ကမ္ဘာကြီးသည် ပျက်စီးသွားတော့မည့်ဟန် ရသည်။

မရေမတွက်နိုင်သော တာအိုအမှတ်အသားများနှင့် နိယာမများသည် ပေါ်ထွက်လာကြသည်။

ကောင်းကင်ဘုံတာအို အရှိန်အဝါ၏ အငွေ့အသက်တချို့ပင် ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်ထွက်လာပြီး တစ္ဆေအင်ပါယာအား ကောင်းချီးပေးလိုက်လေရာ သူ၏ စွမ်းအားကို တိုးမြှင့်သွားစေသည်။

ထူးဆန်းသော သဘာဝဖြစ်စဉ်များသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ဖြစ်ပေါ်လာကြသည်။ မတ်တတ်ရပ်နေသော အရပ်ရှည်လျားသည့် ပုဂ္ဂိုလ်ကြီးများ၊ မာန်ဖီဟိန်းဟောက်နေသော လူ့ဘီလူးကြီးများ၊ ပန်းပွင့်များသဖွယ် ပြန့်ကျဲသွားသော ကောင်းကင်အပျိုစင်များနှင့် ရှေးဘုရင်များ၏ စောင့်ကြည့်နေသော ပုံရိပ်များ အစရှိသော ထူးခြားဖြစ်စဉ်များသည် တစ်ပြိုင်နက် ဖြစ်ပေါ်လာကြသည်။

လက်ဝါးကြီး ဆင်းသက်လာသည့်အခါ ကောင်းကင်သည် အစားထိုးခံလိုက်ရပြီး အောက်သို့ ကြွေကျလာသည့်နှယ် ထင်ရသည်။

နားကွဲလုမတတ် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။

၎င်း၏ စွမ်းအားသည် အတိုင်းအဆမဲ့ ကျယ်ပြောသည်။

ဘေးပတ်ဝန်းကျင်သည် တုန်လှုပ်သွားပြီး တားမြစ်ပင်လယ်သည် ပြိုလဲသွားသည်။

ပင်လယ်ရေသည် အရူးအမူး ပေါက်ကွဲထွက်သွားပြီး အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။ ယင်းက တားမြစ်ပင်လယ်တစ်ခုလုံးအပေါ် သက်ရောက်သွားပြီး အဆုံးမရှိသော မုန်းတိုင်းတစ်ခု အစပျိုးစေကာ ကျွန်းအားလုံးကို တိုက်ခတ်သွားသည်။ ပင်လယ်ရေမျက်နှာပြင်သည် ပေတစ်ထောင်အထိ မြင့်တတ်သွားသည်။

ရွှေရောင်မျက်နှာကြီးသည် ချက်ချင်း ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်။ သို့သော်လည်း ၎င်းသည် ဆန္ဒမရှိပေ။ ၎င်းသည် မျက်လုံးကျယ်ကျယ်ဖွင့်၍ တိုးညင်းစွာ မာန်ဖီအော်လိုက်ပြီး ရုန်းထွက်ရန် ကြိုးစားသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဘေးပတ်ဝန်းကျင်မှ ချိပ်ပိတ်ခြင်းပိုက်ကွန်သည် အစွမ်းကုန် ပေါက်ကွဲထွက်လာသည်။ တာအိုကျမ်းစာရွတ်ဖတ်ပြီးနောက် မိုးကြိုးသည် နောက်တစ်ကြိမ် ပေါ်လျှိုးလာပြီး ရွှေရောင်မျက်နှာကြီးကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်သည်။

မျက်နှာကြီးသည် ဆန္ဒမရှိဘဲ ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း ၎င်းသည် ပင်လယ်ထဲ နစ်မြုပ်သွားရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။

ပြည်နယ်တစ်ခုလုံးနှင့် တားမြစ်ပင်လယ်မှ မျိုးနွယ်တစ်ရာနီးပါး၏ အင်အားအပြင် အရေအတွက်များပြားသော ပညာရှင်ကျင့်ကြံသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် တားမြစ်ဓမ္မရတနာများ၏ အစွမ်းပကားကြောင်း သူတို့သည် အလောင်းကောင်တားမြစ်နယ်မြေနှင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ကျရောက်သွားခဲ့သည်။ အစကတော့ သူတို့သည် ၎င်းကို အပြည့်အဝချိပ်ပိတ်ရန် အချိန်တချို့ လိုအပ်နေသေးပေသည်။

သို့သော်လည်း ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်းအဆင့်၏ လက်ဝါးရိုက်ချက်ကြောင့် ချိပ်ပိတ်ခြင်းလုပ်ငန်းစဉ်သည် ချက်ချင်း အရှိန်တိုးမြှင့်သွားသည်။

အကယ်၍ ယင်းက ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့်ပုဂ္ဂိုလ် တစ်ယောက်တည်း၏ အကူအညီဖြင့်ဆိုလျှင် အလောင်းကောင်တားမြစ်နယ်မြေကို လက်ဝါးတစ်ချက်တည်းဖြင့် ချိပ်ပိတ်ရန် မည်သို့မှမဖြစ်နိုင်ပေ။

အလောင်းကောင်တားမြစ်နယ်မြေက ယင်ဟွမ်ပြည်နယ်တစ်ခုလုံး၏ စုပေါင်းစွမ်းအားကြောင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသောကြောင့်သာလျှင် ထိုလက်ဝါးရိုက်ချက်က ချိပ်ပိတ်ခြင်းလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် ပြီးဆုံးသွားစေခြင်း ဖြစ်သည်။

ထိုသို့ဖြစ်လာရန် အခြေအနေနှစ်ခုစလုံးကို မရှိမဖြစ် လိုအပ်ပေသည်။

ရွှေရောင်မျက်နှာကြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသောအခါ သွေးနီရောင်ပိုက်ကွန်သည် ထိုဧရိယာတစ်ဝိုက်ကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ကောင်းကင်ပေါ်မှ တစ္ဆေအင်ပါယာပုံရိပ်သည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ပြိုလဲပျက်စီးသွားသည်။

မိန်းမောတွေဝေနေသော တစ္ဆေအင်ပါယာသည် မပျက်စီးသွားခင် ဤနေရာရှိ မည်သူ့ကိုမှ မကြည့်သွားပေ။ ယင်းအစား သူသည် တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်ဟလိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ မည်သည့်စကားမှ ထွက်မလာခဲ့ပေ။

ဝုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူသည် ပြာမှုန်သို့ ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။

ကောင်းကင်ဘုံတာအိုသည် အဝေးသို့ ထွက်ခွာသွားသည်။ ၎င်းသည် သက်ပြင်းချနေဟန် ရသည်။

သဘာဝဖြစ်စဉ်အားလုံးသည် အက်ကွဲသွားကြသည်။

ပြိုလဲပျက်စီးသွားသော ခန္ဓာကိုယ်ထဲမှ အလင်းတန်းကိုးခု ပျံသန်းထွက်လာကြပြီး ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုးသို့ ပြောင်းလဲသွားကြသည်။ သူတို့သည် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ သူတို့၏ စိတ်ခံစားမှုအတတ်အကျသည် မြင်သာထင်ရှားသည်။

ဤအတွေ့အကြုံသည် သူတို့၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း အကယ်၍ ရွှီချင်းသာ ယင်းကို နောက်တစ်ကြိမ် ထုတ်ဖော်ရန် ဆန္ဒမရှိလျှင် သူတို့သည် ထိုသို့အတွေ့အကြုံမျိုးကို နောက်တစ်ကြိမ် မခံစားနိုင်တော့ကြောင်း သိကြသည်။ ထို့အပြင် တစ္ဆေအင်ပါယာပုံရိပ်သည် ငှက်ကြီးချင်းချင်း၏ နတ်ဘုရားအလင်း ကာကွယ်ပေးမှုကို လိုအပ်သည်။ အရေးကြီးဆုံးမှာ ဓားကိုင်ရုံးတော်ခွဲ၊ ယင်ဟွမ်ပြည်နယ်မှ အင်အားစုများနှင့် အရေအတွက်(၁၀၀)နီးပါးရှိသော မျိုးနွယ်ခြားအစုများ၊ တားမြစ်ဓမ္မရတနာများနှင့် ဗလာနတ္ထိကျင့်ကြံသူ(၁၀၀)နီးပါးတို့၏ စုပေါင်းအင်အား ဖြစ်သည်။

ထို့ကြောင့် ဒုတိယအကြိမ်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။

နောက်ဆုံးမှာတော့ အလောင်းကောင်တားမြစ်နယ်မြေ၏ ကဒ်ဘေးသည် ယာယီဖြေရှင်းနိုင်သွားပြီ ဖြစ်သည်။

မည်သူမှ တားမြစ်နယ်မြေကို အပြီးတိုင်မရှင်းလင်းနိုင်ပေ။ ထို့ကြောင့် ရှေးဟောင်းကာလကတည်းက တားမြစ်နယ်မြေ၏ ကဒ်ဘေးကို ဖြေရှင်းရန်နည်းလမ်းသည် ယင်းကို ချိပ်ပိတ်ပစ်ရန် ဖြစ်သည်။

အလောင်းကောင်တားမြစ်နယ်မြေ၏ ကဒ်ဘေးအများစုသည် သဘာဝကြောင့်မဟုတ်ဘဲ သက်ရှိများ၏ လုပ်ဆောင်မှုကြောင့်သာ ဖြစ်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည် စစ်ပွဲကို အဆင်ချောရန်နှင့် ဖုန်းဟိုင်ဒေသငယ်မှ အင်အားတချို့ကို ထိန်းသိမ်းချင်သောကြောင့် အလောင်းကောင်တားမြစ်နယ်မြေထဲရှိ ရှေးဟောင်းကြေးနီတံခါးကို နေရာကွက်လပ်တစ်ခု ဖွင့်လှစ်ရန် ကြိုစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာကွက်လပ် ဖြစ်ပေါ်လာမှုကြောင့် အလောင်းကောင်အင်ပါယာသည် ဝါးမျိုခံလိုက်ရသည်။

အင်ပါယာမရှိတော့သည့်အခါ အလောင်းကောင်တားမြစ်နယ်မြေထဲမှ တည်ရှိမှုအမျိုးမျိုးသည် မည်သည်ကိုမှ ကြောက်ရန်မလိုတော့ဘဲ အကြီးအကျယ် ဖျက်စီးမှုကို စတင်လုပ်ဆောင်ကြသည်။

ဤသည်မှာ ကဒ်ဘေးတစ်ခု ဖြစ်သည်။

ရှေးဟောင်းကြေးနီတံခါးသည် နေရာကွက်လပ် ပွင့်ဟသွားသောကြောင့် အထဲမှ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ဒုတိယကဒ်ဘေး ဖြစ်သည်။

ထို့ကြောင့် ဤချိပ်ပိတ်စည်းသည် အလောင်းကောင်တားမြစ်နယ်မြေထဲမှ အမျိုးမျိုးသော မကောင်းဆိုးဝါးတည်ရှိမှုများ အပြင်သို့လွတ်မြောက်သွားပြီး ပရမ်းပတာဖြစ်စေမည်ကို တားဆီးရန်သာမက တံခါးကိုပါ ပိတ်ပစ်လိမ့်မည်။

ဤသည်မှာ လူနှစ်သန်းကျော် ပူးပေါင်းအားဖြည့်ထားသည့် ချိပ်ပိတ်စည်းချအစီအရင်များ၏ အရေးကြီးဆုံးအပိုင်းနှင့် အခက်ခဲဆုံးအပိုင်းလည်း ဖြစ်သည်။

တံခါးသည် အနည်းငယ်သာ ပွင့်ဟသွားလျှင်ပင် အလွယ်တကူ ပြန်မပိတ်နိုင်ပေ။

စစ်ပွဲစတင်ကတည်းက ယင်ဟွမ်ပြည်နယ်သည် အခက်အခဲအများကြီးကို ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာတော့ တံခါးကို အချိန်မီ ချိပ်ပိတ်နိုင်ခဲ့သည်။ ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့်၏ ပေါ်ထွက်လာမှုကြောင့် သူတို့၏ ချိပ်ပိတ်ခြင်းလုပ်ငန်းစဉ်သည် အရှိန်တိုးမြှင့်သွားပြီး နောက်ဆုံးမှာတော့ အပြည့်အဝ ချိပ်ပိတ်နိုင်သွားသည်။

ထို့နောက် ဆက်လက်လုပ်ဆောင်ရမည့် ရှင်းလင်းခြင်းအလုပ်သည် အများကြီး ပိုလွယ်ကူသွားလိမ့်မည်။

ရွှီချင်း၏ ဤတစ်ကြိမ် ရိတ်သိမ်းမှုသည် မနည်းပေ။

သူ၏ အမူအရာသည် အနည်းငယ် မိန်းမောတွေဝေနေသည်။ တစ္ဆေအင်ပါယာပုံရိပ်နှင့် ဆက်သွယ်မှုကြောင့် စောစောက သူ၏ စိတ်သည် ကောင်းချီးမင်္ဂလာဖြင့် ပက်ဖြန်းခံလိုက်ရသည်။

ထိုကောင်းချီးမင်္ဂလာသည် သူ့အား ဈန်ဝင်စားသော အခြေအနေသို့ တွန်းပို့ပေးခဲ့သည်။

ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပေါ်ထွက်လာမှုသည် အပြင်လူများအတွက်တော့ ဝိညာဉ်လှုပ်ခတ်စေမည့် စိတ်အမြင်အာရုံတစ်ခုသာ ဖြစ်သည်။ ယင်းသည် ပုံရိပ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

သို့ဖြစ်၍ အဆုံးမှာ အပြင်လူများက ၎င်းကို မည်မျှရှင်းလင်းစွာ မြင်နိုင်ပါစေ မြင်ရုံသာမြင်နိုင်ကြသည်။

သို့သော်လည်း ရွှီချင်းသည် သူတို့နှင့် မတူပေ။

သူသည် ထိုစိတ်အမြင်အာရုံ၏ ဖန်တီးသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ထိုအထဲတွင်ပါရှိပြီး ယင်းသည် သီးခြားတည်ရှိနေသော အပိုင်းဖြစ်သည်။

ထို့ကြောင့် သူ၏ နားလည်မှုသည် သာမန်လူများထက် ကျော်လွန်ပေသည်။

မည်သို့ဖြစ်စေ ဤသည်မှာ ခြေလှမ်းဝက် ဝိညာဉ်စုစည်းခြင်းအဆင့်၏ စွမ်းအား ဖြစ်သည်။ ယင်းသည် ရွှီချင်း၏ အနာဂတ်လမ်းကြောင်းကို လမ်းပြပေးနေဟန်ရပြီး သူ့အတွက် ဝိညာဉ်စုစည်းခြင်းဆီသို့ တခါးပေါက်ကို ဖွင့်လှစ်ပေးနေသည်။

ထင်သာသော လက်တွေ့အကျိုးကျေးဇူးမှာ သူ၏ စိတ်အာရုံနှင့် ဝိညာဉ်ဖြစ်သည်။

သူ၏ စိတ်အာရုံသည် အတော်လေး ကျယ်ပြောလာသည်။ ယင်းက အနာဂတ်တွင် ပညာရှင်ကျင့်ကြံသူများနှင့် သူရင်ဆိုင်ရသည့်အခါ ပိုပြီးစိတ်တည်ငြိမ်လာပြီး သူ၏ စိတ်ခွန်အားကို အများကြီး ပိုသန်မာစေလိမ့်မည်။

သူ၏ ဝိညာဉ်သည်လည်း ဤအတွေ့အကြုံဖြင့် နက်နဲစွာ ပုံသွင်းခံခဲ့ရသည်။

ထိုရိတ်သိမ်းမှုသည် တိုက်ရိုက်အကျိုးမရသော်လည်း ရွှီချင်းအတွက် ယင်းကို ခြေဖျက်ရန် အချိန်အတော်ကြာထိ ဖူလုံပေသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှေရောင်မျက်နှာကြီးကို ချိပ်ပိတ်ပြီးနောက် ယင်စည်းချအစီအရင်ထဲမှ ထွက်ပေါ်လာကြသော မဟာအကြီးအကဲနှင့် တခြားလူများကို ကြည့်လိုက်သည်။

All Chapters