← Chapters

ကြေးချွတ်သန့်စင်ဘုံ(က)

Vol. 46 Ch. 689

ကြေးချွတ်သန့်စင်ဘုံ(က)

Vol. 46 Ch. 689

ဘိုးဘေး၏ စကားကိုကြားသောအခါ ခေါင်းဆောင်သည် ခံစားချက်ဖြင့် ပြည့်နှက်သွားပြီး ရွှယ်လျန့်ကျစ်ကို မျက်ရည်စီးကျနေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

သူ၏ နှလုံးသားထဲတွင် တစ်ဖက်လူ၏ ပုံရိပ်သည် ဖော်မပြနိုင်အောင် ကြီးကျယ်မြင့်မြတ်လာပြီး နွေးထွေးမှုအလင်းရောင်ကို ပေးသည်။

ဤတစ်ကြိမ်တွင် သူသည် ပြည်နယ်နှစ်ခုမှ ကျင့်ကြံသူသန်းပေါင်းများစွာ၏ ဝိုင်းရံခံထားရခြင်းကြောင့် အမှန်တကယ် ကြောက်လန့်သွားခဲ့သည်။ ဘိုးဘေးသည် အရှေ့သို့ ရဲဝံ့စွာ တတ်လှမ်းပြီး တရားမျှတစွာ ဆုံးဖြတ်ပေးမှု၊ သူ့အပေါ် မှန်ကန်စွာ နားလည်ပေးမှုကြောင့် ခေါင်းဆောင်သည် ရင်ထဲထိသွားသည်။ ထိုအခါ သူ၏ ရင်ထဲမှ ခံပြင်းမှုသည် လေးနက်သော ကျေးဇူးတရားသို့ ပြောင်းလဲသွားသည်။

….

လူသားကမ္ဘာတွင် ကြင်နာနွေးထွေးမှုနှင့် စစ်မှန်သော ခံစားချက်တို့ ရှိနေသေးသည်ဟု သူခံစားမိသွားသည်။

သူသည် ဘိုးဘေးချစ်မြတ်နိုးဆုံး မြေးတပည့်ဖြစ်နေဆဲပင်။

ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်ချင်သောကြောင့် မျက်တောင်ကို အားတင်းပြီး ပင့်တင်လိုက်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူက ခေါင်းဆောင်၏ ဦးခေါင်းကို ကိုင်ထားလျက် ရွှီကျောက်ပြည်နယ်မှ ကျင့်ကြံသူများနှင့် မဟာအကြီးအကဲနှစ်ယောက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အတွင်းရေးမှူးဌာနက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ပြည်နယ်နှစ်ခုရဲ့ ကဒ်ဘေးက သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ သက်ဆိုင်နေတယ်… ဒါ့အပြင် အမှတ်(၂၁၄)အစီအရင်ခံမှုထဲမှာ ဝတ်ရုံတားမြစ်နယ်မြေနိုးထလာမှုက သူတို့လက်ချက်ကြောင့်ဆိုတာ အတည်ပြုထားပြီးပြီ ”

“ ပြီးတော့ ဝတ်ရုံတားမြစ်နယ်မြေရဲ့ ချိတ်ပိတ်ခြင်းလုပ်ငန်းစဉ်က အလောင်းကောင်တားမြစ်နယ်မြေထက် သိသိသာသာ အဆင်ပြေချောမွေ့နေတယ်… ပြည်နယ်နှစ်ခုကနေ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ တကယ်လို့ ရွှီကျောက်ပြည်နယ်က စစ်ကူမရရင်တောင် ဝတ်ရုံတားမြစ်နယ်မြေရဲ့ ကဒ်ဘေးကို ဖြေရှင်းဖို့ အများဆုံး အချိန်တစ်လလောက်ပဲ ယူရလိမ့်မယ်… ဒါပေမဲ့ တစ်ဖက်မှာ ယင်ဟွမ်ပြည်နယ်ကတော့ အချိန်အကြာကြီး ယူရလိမ့်မယ် ”

“ အတွင်းရေးမှူးဌာနမှာ ငါရှိနေတုန်း ဒီအချက်နဲ့ပတ်သက်ပြီး သံသယဖြစ်ခဲ့တယ်… အစကတော့ အလောင်းကောင်တားမြစ်နယ်မြေရဲ့ နတ်ဘုရားဂိတ်တံခါးက ချိပ်ပိတ်ဖို့ အများကြီး ပိုခက်ခဲတယ်လို့ ထင်ခဲ့တယ်… ဒါပေမဲ့ အခုကြည့်ရတာတော့ ဝတ်ရုံတားမြစ်နယ်မြေရဲ့ လှုပ်ရှားမှုက ချန်းအားညိုနဲ့ပတ်သက်နေတာ ဖြစ်လောက်တယ် ”

ခေါင်းဆောင်သည် နောက်တစ်ကြိမ် ခံစားချက်ပြင်းထန်သွားသည်။

သူက အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်တွင်းကျနေသော မျက်နှာနှင့် မရိတ်ရသေးသော မုတ်ဆိတ်မွှေးကြောင့် ခေါင်းဆောင်သည် အလွန်စိတ်ဆင်းရဲနေကြောင်း ပေါ်လွင်သည်။ ထိုအသွင်အပြင်ကြောင့် လူအနည်းနှင့်အများကို သူ့အား ယုံကြည်လက်ခံစေသည်။

ယုံကြည်ဖွယ်အကောင်းဆုံးအသံသည် အဝေးမှ ပျံ့လွင့်လာသည်။

“ ဝတ်ရုံတားမြစ်နယ်မြေရဲ့ ကဒ်ဘေးက လူသားမျိုးနွယ်က မိတ်ဆွေလေးနဲ့ ဘာမှမဆိုင်ပါဘူး… ဆန့်ကျင်ဘက်အနေနဲ့ သူက ငါတို့ကို အများကြီး ကူညီပေးခဲ့တယ် ”

လူတိုင်းသည် အဝေးသို့ ချက်ချင်း ကြည့်လိုက်ကြလေရာ အလောင်းအဝတ်စအောက်မှ ပျံသန်းထွက်လာကြသော ဝတ်ရုံများကို မြင်သွားသည်။ သူတို့သည် လေထဲတွင် အရောင်အမျိုးမျိုးသို့ ပြောင်းလဲသွားကြသည်။ သူတို့သည် ဝတ်ရုံမျိုးနွယ်မှလွဲ၍ တခြားမဟုတ်ပေ။

သို့သော်လည်း အသက်ရှင်ကျန်ရစ်သော ဝတ်ရုံမျိုးနွယ်ဝင်များသည် များများစားစား မရှိပေ။

စောစောက စကားပြောလိုက်သူသည် အရှေ့ဆုံးမှ ဧကရီဝတ်ရုံ ဖြစ်သည်။ အရေအတွက်များပြားသော ဝတ်ရုံအစောင့်အကြပ်များသည် သူ၏ အနောက်တွင် ရှိကြသည်။

ဤနေရာရှိ ကျင့်ကြံသူများသည် ချက်ချင်း လက်သီးဆုပ်လိုက်ကြပြီး နှုတ်ဆက်ကြသည်။ ဝတ်ရုံမျိုးနွယ်သည် ဝတ်ရုံတားမြစ်နယ်မြေကို ချိပ်ပိတ်ရာတွင် အများဆုံး ပေးဆပ်ခဲ့ရသည်။ ထို့ကြောင့် ဧကရီဝတ်ရုံ၏ စကားသည် လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ဝတ်ရုံမျိုးနွယ်ထွက်ပေါ်လာသည်ကို မြင်သောအခါ ခေါင်းဆောင်သည် အကြိမ်ရေအနည်းငယ် ပျို့တတ်လာသည်။ သို့သော်လည်း ယင်းက အလုပ်မဖြစ်ကြောင်း ခံစားမိသောအခါ သူက အလျှင်အမြန် ပြောသည်။

“ ချင်းလေး ငါ့ကိုကူညီပါ ”

ရွှီချင်းသည် အမူအရာကင်းမဲ့သည်။ သူက လက်ကို ခေါင်းဆောင်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ခဏအကြာ ဟိုရွှေ့သည်ရွှေ့လုပ်ပြီးနောက် သူသည် ခေါင်းဆောင်၏ ပါးစပ်ထဲမှ လက်အိတ်တစ်ခုကို ဆွဲထုတ်နိုင်သွားသည်။

ခေါင်းဆောင်သည် လက်အိတ်ကို မည်သို့ဖုံးကွယ်ထားခဲ့ကြောင်း မသိရပေ။ သို့သော်လည်း လက်အိတ်သည် လုံးခြေခံထားရပြီး တွန့်ကြေရာများဖြင့် ပြည့်နှက်နေသည်။ လက်အိတ်သည် အပြင်သို့ ထုတ်ခံရပြီးနောက် ခေါင်းဆောင်၏ လေမှုတ်ခြင်းခံလိုက်ရလေရာ မူလပုံသဏ္ဍာန်သို့ ပြန်ရောက်သွားသည်။

သူသည် လက်ငါးချောင်းသခင်မလေးသာ ဖြစ်ပေသည်။

လက်ငါးချောင်းသခင်မလေးသည် မိန်းမောတွေဝေစွာ နိုးလာသည်။ သူက အမူးမပြေခင်အထိ ခေါင်းဆောင်၏ ဦးခေါင်းကို ခဏကြာ လှည့်ပတ်ပျံသန်းလိုက်ပြီး ပျော်ရွှင်သော အမူအရာကို ထုတ်ဖော်ပြသည်။ သူက ခေါင်းဆောင်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ဝတ်ရုံမျိုးနွယ်ဆီသို့ ပျံသန်းသွားသည်။

လက်အိတ်ကိုကြည့်သော ခေါင်းဆောင်၏ အကြည့်သည် တစ်စုံတစ်ခု လွဲမှားနေကြောင်း ရွှီချင်း သတိထားမိသည်။ သူ၏ အကြည့်သည် အလွန် ညင်သာလွန်းသည်။ ရွှီချင်းသည် ခေါင်းဆောင်ထံမှ ထိုသို့အကြည့်မျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။

သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို မေးမြန်းရန် မသင့်တော်ကြောင်း သူသိသည်။ ထို့ကြောင့် သူက မည်သည့်စကားမှ မပြောပေ။

အလောင်းအဝတ်စက အနက်ရောင်ဈာပနဝတ်ရုံကို အပြည့်အဝ ဖုံးလွှမ်းသွားပြီးနောက် ဝတ်ရုံတားမြစ်နယ်မြေ၏ ချိပ်ပိတ်မှုသည် လုံးဝပြီးဆုံးသွားပြီးဟု သတ်မှတ်နိုင်ပေသည်။

နှစ်နာရီကြာပြီးနောက် ရွှီကျောက်ပြည်နယ် ဓားကိုင်ရုံးတော်သည် ပြည်နယ်ထဲမှ အရေအတွက်များပြားသော လူသားမျိုးနွယ်ကျင့်ကြံသူများကို ခေါ်ယူဖွဲ့စည်းလိုက်ပြီး ရှေ့တန်းကိုထောက်ပံ့ရန် ယင်ဟွမ်ပြည်နယ်၏ စစ်တပ်နှင့် ပူးပေါင်းစေသည်။

ပြည်နယ်နှစ်ခု၏ မဟာမိတ်စစ်တပ်သည် ဝတ်ရုံတားမြစ်နယ်မြေမှ အင်ပြည့်အားပြည့် ထွက်ခွာသွားကြသည်။

ငှက်ကြီးချင်းချင်းသည်တော့ မဟာမိတ်စစ်တပ်က ရွှီကျောက်ပြည်နယ် ဓားကိုင်ရုံးတော်မှ တာဝေးတည်နေရာပြောင်းရွှေ့အစီအရင်ကို အသက်သွင်းလိုက်သည့်အခါ ရွှီချင်းကို နှုတ်ဆက်ရန် ကျယ်လောင်စွာ အော်မြည်လိုက်သည်။

၎င်းသည် ၎င်းအကိုကြီး၏ ညွှန်ကြားမှုအတိုင်း ရွှီချင်းကို ကူညီပေးခဲ့သည်။ သို့သော်လည်း ယင်းသည် ၎င်းမှာ ကိုယ်ပိုင်အမြင်မရှိဟု မဆိုလိုပေ။ ၎င်းသည် ရွှီချင်းနောက်သို့ အမြဲလိုက်ပါနေမည်မဟုတ်ပေ။

၎င်းမှာ လူသားမျိုးနွယ်အပေါ် ဆိုးဝါးသောအမြင်မရှိပေ။ ထို့အတူ ကောင်းမွန်သောအမြင်လည်း မရှိပေ။ ထို့အပြင် မျိုးနွယ်စုများကြားမှ စစ်ပွဲကို ၎င်းသည် ဝင်မပါချင်ပေ။ ထို့ကြောင့် ၎င်းသည် ယခင်က ရုံးတော်သခင်၏ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ရွှီချင်းကို ပုဂ္ဂိုလ်ရေးအရကူညီရန် ဆန္ဒရှိသည်။ သို့သော်လည်း တခြားမျိုးနွယ်အား တိုက်ခိုက်ရန် လူသားမျိုးနွယ်ကို ၎င်းသည် မကူညီလိုပေ။

ငှက်ကြီးချင်းချင်းသည် တစ်ခါမှ နတ်ဘုရားအာရုံကို မပို့လွှတ်ဖူးပေ။ ၎င်းသည် အော်မြည်သံဖြင့်သာ ဆက်သွယ်ပြောဆိုသည်။ သို့သော် ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ဆိုလိုရင်းကို နားလည်ဟန် ရသည်။

“ ကျေးဇူးတင်ပါတယ် စီနီယာချင်းချင်း ”

ရွှီချင်းသည် ဧရာမမှော်ယာဉ်ပျံ၏ အပေါ်တွင် ရပ်နေလျက် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။

ငှက်ကြီးချင်းချင်းသည် ကောင်းကင်ပေါ်တွင် လှည့်ပတ်ပျံသန်းလိုက်ပြီး ၎င်း၏ ဦးခေါင်းသုံးလုံးဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ အဆုံးတွင် ၎င်းသည် ဆက်တိုက် အော်မြည်လိုက်သည်။

“ ဂူး ဂူး ဂူး… ”

၎င်းသည် အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်ပြီး ကောင်းကင်ထဲသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ရွှီချင်းသည် ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ ငှက်ကြီးချင်းချင်း၏ ပုံရိပ် လုံးဝပျောက်ကွယ်သွားပြီးနောက် ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။

“ ဒီအတောအတွင်း ကိစ္စတွေအများကြီး ဖြစ်ပျက်သွားမယ်လို့ ငါမမျှော်လင့်ထားဘူး ”

ခေါင်းဆောင်၏ ဦးခေါင်းအောက်တွင် သေးငယ်သော ခန္ဓာကိုယ်တစ်ခု ရှိသည်။ သူ၏ ဝဝကစ်ကစ် လက်ကလေးများသည် ချစ်စဖွယ်ကောင်းသော်လည်း မျက်နှာသည် လူကြီးအသွင်ဖြစ်နေသောကြောင့် အထူးအဆန်းပုံပေါ်သည်။

ရွှီချင်းသည် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေရာ ဤနေရာရှိ လူတိုင်းသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ဝင်ရောက်သွားကြကြောင်း မြင်သွားသည်။ ထို့ကြောင့် သူက ခေါင်းနှိမ့်လိုက်ပြီး ခေါင်းဆောင်ကိုကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ စီနီယာအကိုကြီး အထဲမှာ မင်းဘာလုပ်ခဲ့လဲ ငါ့ကို အမှန်ပြောပြပါ ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။

“ ငါ အရမ်းမကျေမနပ်ဖြစ်တယ်… ငါတို့ အင်မော်တယ်အူခွေသစ်ပင်ကနေ တည်နေရာပြောင်းရွှေ့ပြီးတော့ ငါက ဝတ်ရုံမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ပြန်ပေါ်လာတယ်… အဲ့ဒီမှာ ငါ့မိတ်ဆွေကောင်း ညီမလက်ငါးချောင်းနဲ့ တွေ့ခဲ့တယ်… ဒါကြောင့် သူ့ကို သူတို့မျိုးနွယ်က ပျော်စရာကောင်းတဲ့နေရာဆီ လိုက်ပို့ပေးဖို့ ငါက အကြံပေးတယ်… အဲ့ဒီထဲ ငါတို့ဝင်လိုက်တာနဲ့ ဝတ်ရုံတားမြစ်နယ်မြေက အသက်ဝင်လာလိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး ”

All Chapters