← Chapters

ကြေးချွတ်သန့်စင်ဘုံ(ဃ)

Vol. 46 Ch. 692

ကြေးချွတ်သန့်စင်ဘုံ(ဃ)

Vol. 46 Ch. 692

အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင် အသက်ဝင်လာသောအခါ ယင်းထဲမှ ဖိနှိပ်အားတစ်ခု ထုတ်လွှတ်လာသည်။ အစီအရင်၏ ကိုယ်ပိုင်ဖိအားအပြင် တည်နေရာပြောင်းရွှေ့လာကြသော လူများထံမှ ဖိအားလည်း ပါဝင်သည်။

သို့မှသာလျှင် တည်နေရာပြောင်းရွှေ့ခြင်းနှင့်ပတ်သက်ပြီး မည်သည့်ပြဿနာမှမရှိကြောင်း အာမခံချက်ရှိလိမ့်မည်။

ဝတ်ရုံနက်အစောင့်အရှောက်များ အရှေ့သို့ ပြေးတတ်သွားကြပြီး တရားရေးရုံးတော်မှ ကျင့်ကြံသူများ၏ တားဆီးခြင်းခံနေကြရစဉ် ကမ္ဘာတုန်ဟီးစေမည့်အသံသည် အစီအရင်ထဲမှ ဝုန်းခနဲ မြည်ထွက်လာသည်။ ကျယ်လောင်သောမြည်သံ ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် လူတစ်သိန်းကျော်၏ ပုံရိပ်များသည် အစီအရင်ထဲမှ ထွက်ပေါ်လာကြသည်။

….

ဝတ်ရုံနက်အစောင့်အရှောက်ခေါင်းဆောင်၏ ခန့်မှန်းမှုတွင် အမှားအမှန် နှစ်ခုစလုံးပါဝင်သည်။ ကျင့်ကြံသူတစ်သိန်းကျော်က တည်နေရာပြောင်းရွှေ့လာကြသည်မှာ အမှန်ဖြစ်၏။ သို့သော်လည်း ပထမအသုတ်သည် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများ ဖြစ်နေကြမည်ဟု သူတို့ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်သိန်းကျော်၏ ဆင်းသက်လာမှုသည် ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကြမ်းတဟူးဟူး တိုက်ခတ်လာစေသည်။ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည် တုန်ခါလာပြီး အက်ကွဲရာများသည် မြေပေါ်တွင် ပျံ့နှံ့သွားကြသည်။

ဝတ်ရုံနက်အစောင့်အရှောက်များသော်လည်းကောင်း တရားရေးရုံးတော်သည်လည်းကောင်း မျိုးနွယ်ခြားများမှ မဟာမိတ်စစ်တပ်သည်လည်းကောင်း ထိုအခိုက်အတန့်မှာ သူတို့အားလုံးသည် မျက်လုံးပြူးကျယ်သွားကြပြီး သူတို့၏ နှလုံးထဲတွင် အဆုံးမရှိသော ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားကြသည်။

“ ဘု… ဘုရားရေ… ”

“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

“ လူသားမျိုးနွယ်ရဲ့ စစ်ကူလား ”

ဝတ်ရုံနက်အစောင့်အရှောက်အားလုံးသည် သူတို့၏ ဦးရေပြားက ပေါက်ကွဲတော့မည့်နှယ် ခံစားသွားကြရသည်။ သူတို့အားလုံး၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ သူတို့သည် အနောက်သို့ ဆုတ်ခွာသွားနေကြစဉ် စိတ်ထဲ၌ တဝီဝီမြည်သံများ ထွက်ပေါ်လာကြသည်။ တစ်ဖက်တွင် တရားရေးရုံးတော်မှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြသည်။

“ လူသားမျိုးနွယ်စစ်ကူ ”

“ လူသားမျိုးနွယ်စစ်ကူ ရောက်လာပြီဟေ့ ”

“ နောက်ဆုံးတော့ စစ်ကူရောက်လာပြီ ”

သူတို့သည် ရှေ့တန်းတွင် ရှိမနေကြသော်လည်း ဤနေရာသည် စစ်မြေပြင်ဒေသအတွင်းမှာ ရှိနေသေးပေသည်။ သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြသော်လည်း ပြီးခဲ့သောလများတွင် များစွာသော ပင်ပန်းဆင်းရဲမှုဒဏ်ကို တွေ့ကြုံခံစားခဲ့ရကြောင်း သူတို့၏ မျက်နှာကိုကြည့်ရုံဖြင့် သိနိုင်ပေသည်။ သူတို့သည် ထိုပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်ရှိရန် သူတို့၏ နှလုံးသားထဲ၌ အမြစ်တွယ်နေသော စိတ်ပျက်အားငယ်စိတ်ကို အမြဲမပြတ် ဖိနှိပ်ထားခဲ့ရသည်။

တချို့လူများဆိုလျှင် စတင်အော်ငိုကြပြီး စိတ်လှုပ်ရှားသော အော်သံများကို ထုတ်ဖော်လိုက်ကြသည်။

ယောင်ယွင်ဟွေ့သည်လည်း စိတ်လှုပ်ရှားသွားသည်။ မိန်းမောသော အမူအရာသည် သူ၏ မျက်နှာပေါ်တွင် အတိုင်းသား ထွက်ပေါ်နေသည်။

အစကတော့ သူသည် မည်သည့်စစ်ကူမှ ရောက်လာလိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ ဤစစ်ပွဲသည်လည်း စိတ်ပျက်စွာ အဆုံးသတ်သွားလိမ့်မည်ဟု တွေးထင်ခဲ့သည်။

အကယ်၍ သူတို့သည်ပင် ထိုမျှစိတ်လှုပ်ရှားကြလျှင် ရှေ့တန်း၌ ရန်သူများနှင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသော စစ်သည်တော်များဆိုလျှင် စစ်ကူရောက်ရှိလာသည်ကို မြင်သည့်အခါ သူတို့ထက် အဆပေါင်းများစွာ ပိုပြီးစိတ်လှုပ်ရှားသွားကြမည်မှာ အသေအချာပင်။

နောက်တစ်စက္ကန့်တွင် ရွှီကျောက်ပြည်နယ်နှင့် ယင်ဟွမ်ပြည်နယ်၏ ဂိုဏ်းအမျိုးမျိုးမှ ဘိုးဘေးများသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျံသန်းထွက်လာကြသည်။ သူတို့ထဲမှတစ်ယောက်က လက်ဝှေ့ယမ်းလိုက်သည့်အခါ ကမ္ဘာကြီးသည် ပြိုလဲပျက်စီးတော့မည့်ဟန် ရသည်။ ဝတ်ရုံနက်အစောင့်အရှောက် တစ်ထောင်ကျော်သည် ပျက်စီးလွယ်သော စာရွက်ဖြူပမာ တိုက်ရိုက်ပျက်စီးသွားကြပြီး ပေါက်ကွဲထွက်သွားကြသည်။ သွေးနှင့် အသားတုံးများသည် ပန်းပွင့်များနှယ် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

အဝေးမှကြည့်လျှင် လူသားမျိုးနွယ်၏ စစ်ကူရောက်ရှိလာခြင်းကို သွေးပန်းပွင့်များက ကြိုဆိုနှုတ်ခွန်းဆက်နေသည့်အလားပင်။

ထို့နောက် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည် အရပ်ရှစ်မျက်နှာသို့ ပျံသန်းသွားကြပြီး တည်နေရာပြောင်းရွှေ့အစီအရင်ကို စစ်ဆေးလိုက်ကြသည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှမရှိကြောင်း သေချာအတည်ပြုပြီးနောက် စိတ်လှုပ်ရှားနေကြသော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်သည် နောက်တစ်ကြိမ် တုန်ယင်လာသည်။

မကြာမီ စစ်သည်တော်တစ်သိန်းကျော်သည် ဆင်းသက်လာကြသည်။ သူတို့ထွက်ပေါ်လာသည့်အခါ အလွန်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ မိုးထစ်ချုန်းသံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး အရပ်ရှစ်မျက်နှာဆီသို့ ဆက်လက်ပေါက်ကွဲသွားကာ ကမ္ဘာသည် တုန်ယင်လာသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ စစ်သည်တော်တစ်သိန်းကျော် အလျှင်အမြန် စုဝေးသွားသည့်အခါ အစီအရင်သည် ထပ်မံတောက်ပသွားပြီး အရေအတွက်ပိုများသော နောက်ထပ်ကျင့်ကြံသူအသုတ် ဆင်းသက်လာပြန်သည်။

ကောင်းကင်နှင့် မြေကြီးသည် တုန်ယင်သွားသည်။

ခေါင်းဆောင်အပါအဝင် စစ်သည်တော်သန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ပြည်နယ်နှစ်ခုမှစစ်တပ်သည် စုစည်းရောက်ရှိလာသည်။ ထိုအခိုက်အတန့်မှာ အစီအရင်သည် ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး နောက်ဆုံးကျန်ရှိသောပုံရိပ် ထွက်ပေါ်လာနေသည်။

ထိုပုံရိပ် ဆက်လက်ဖြစ်ပေါ်လာနေစဉ် တည်နေရာပြောင်းရွှေအစီအရင်ပေါ်မှ လူတိုင်းသည် ထွက်ခွာရန်ပြင်ကြသည်။ ခေါင်းဆောင်သည် သူတို့ထဲတွင် ပါရှိသည်။

အစီအရင်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားပြီးနောက် ကောင်းကင်ပေါ်ရှိ ပြည်နယ်နှစ်ခုမှ ကျင့်ကြံသူသန်းပေါင်းများစွာသည် မဟာအကြီးအကဲနှစ်ယောက်၏ အကြည့်အောက်မှာ အလိုအလျောက် တည်ကြည်သွားကြသည်။ သူတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ကြည့်လိုက်ကြပြီး အထဲမှ ထွက်ပေါ်လာမည့်ပုံရိပ်ကို စောင့်ဆိုင်းနေကြသည်။

ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်ရှိ တရားရေးရုံးတော်မှ ကျင့်ကြံသူများကို တည်ကြည်လေးနက်သွားစေသည်။ သူတို့ကို သွားရောက်နှုတ်ဆက်ရန် အရှေ့သို့ လျှောက်သွားသော ယောင်ယွင်ဟွေ့၏ ခြေလှမ်းသည် တုံ့ခနဲရပ်သွားသည်။ သူက အစီအရင်ထဲမှ တစ်ဦးတည်းကျန်ရှိနေသော ပုံရိပ်ကို လှမ်းမကြည့်ဘဲမနေနိုင်ချေ။

ထိုပုံရိပ်သည် သူနှင့်အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု ဝိုးတိုးဝါးတား ခံစားမိသည်။

ထိုအခိုက်အတန့်မှာ အစီအရင်သည် အဆုံးစွန်တောက်ပသွားပြီး အထဲမှ ပုံရိပ်သည် အလျှင်အမြန် ကြည်လင်ထင်ရှားလာသည်။

ရွှီချင်းသည် ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည့်အခိုက် မဟာအကြီးအကဲနှစ်ယောက်အပါအဝင် ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူသန်းပေါင်းများစွာသည် လက်သီးဆုပ်လိုက်ကြပြီး ရွှီချင်းကို အရိုအသေပေးကြသည်။

သူတို့သည် မည်သည့်စကားမှမပြောဘဲ အရိုအသေသာ ပေးကြသည်။

သို့သော်လည်း ကျင့်ကြံသူသန်းပေါင်းများစွာ၏ အရိုအသေပေးမှုသည် အားကောင်းသော အရှိန်အဝါတစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေသည်။ ကောင်းကင်လေသည် အကြမ်းပတမ်း တိုက်ခတ်လာပြီး မိုးခြိမ်းသံသည် အရပ်ရှစ်မျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။

အမှန်မှာတော့ ကံတရားနှင့် ကံကြမ္မာစွမ်းအားသည်ပင် ဤနေရာသို့ စုဝေးရောက်ရှိလာသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။

သူ၏ သံတော်ဆင့်သရုပ်သည် ယခုကဲ့သို့ အရိုအသေပေးမှုခံယူရန် မသင့်တော်ကြောင်း သူသိသည်။

သို့သော်လည်း ယခုအချိန်မှာ သူသည် ရုံးတော်သခင်ကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် သူသည် ထိုသို့အရိုအသေပေးမှုကို ခံယူရန် အရည်အချင်းပြည့်မီသည်ဟု ဆိုနိုင်ပေသည်။

ပိုပြီးအရေးကြီးသည်မှာ ယင်ဟွမ်ပြည်နယ်နှင့် ရွှီကျောက်ပြည်နယ်မှ ကျင့်ကြံသူများသည် သူ၏ စီမံဦးဆောင်မှုအောက်မှာ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

သို့ဖြစ်၍ သူသည် အရိုအသေပေးမှုခံယူရန် ထိုက်တန်ပေသည်။

ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး သူတို့ကို ပြန်လည်အရိုအသေပေးလိုက်သည်။

“ သံတော်ဆင့်ရွှီ ကျေးဇူးပြုပြီး ကျုပ်တို့ကို ရုံးတော်သခင်ကိုယ်စား အမိန့်ပေးပါ ”

ယင်ဟွမ်ပြည်နယ်မှ မဟာအကြီးအကဲသည် လေးနက်သော အသံဖြင့် ပြောသည်။

“ ယင်ဟွမ်ပြည်နယ်နဲ့ ရွှီကျောက်ပြည်နယ်က စစ်ကူတွေ အရှိန်အဟုန်အပြည့်နဲ့ အနောက်ဘက်စစ်မြေပြင်ဆီ ဦးတည်ထွက်ခွာကြပါ ”

ရွှီချင်းသည် ရုံးတော်သခင်၏ တုံကင်ကို မြင့်မြင့်ကိုင်မြှောက်ထား၍ ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

“ ကျုပ်တို့ အမိန့်တော်ကို နာခံပါတယ် ”

လူသန်းပေါင်းများစွာ၏ အော်သံသည် တစ်ညီတစ်ညာတည်း ပေါ်ထွက်လာသည်။

အဝေးမှ ယောင်ယွင်ဟွေ့သည် ဆွံ့အသွားသည်။ သူ၏ စိတ်ထဲတွင် တဝီဝီမြည်သွားပြီး အသိစိတ် ဟာလာဟင်းလင်းဖြစ်သွားသည်။ သူ၏ အရှေ့မှ လူတိုင်းသည် ပျောက်ကွယ်သွားဟန်ရပြီး လူသန်းပေါင်းများစွာ၏ အရိုအသေပေးခြင်းခံရသော အစီအရင်ထဲမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုသည်သာ ကျန်ရှိတော့သည်။

ယင်းသည် သူ့အား လေးနက်သောအမြင်ကို ချန်ထားစေသည်။

ယင်ဟွမ်ပြည်နယ်နှင့် ရွှီကျောက်ပြည်နယ်မှ လူသားမျိုးနွယ် စစ်ကူများသည် ယုထျန်းပြည်နယ်တွင် အချိန်ကြာကြာ မနေကြပေ။ ရုံးတော်သခင်ကိုယ်စား ရွှီချင်းက အမိန့်ပေးသည်နှင့် ကျင့်ကြံသူသန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စစ်တပ်သည် စတင်ရွေ့လျားသွားကြသည်။

သူတို့သည် အနောက်ဘက်စစ်မြေပြင်ဆီသို့ အလျှင်အမြန် ဦးတည်သွားကြသည်။

ယောင်ယွင်ဟွေ့နှင့် တရားရေးရုံးတော်မှ ကျင့်ကြံသူအုပ်စုသည် သူတို့ဆီမှာ ကိုယ်စီတာဝန်များရှိနေသောကြောင့် လိုက်မသွားကြပေ။ သို့သော်လည်း စစ်တပ်ထွက်ခွာသွားသည့်တိုင် ဤနေရာရှိ လူတိုင်း၏ နှလုံးသားထဲမှ အံ့ဩထိတ်လန့်မှုသည် မပျောက်ကွယ်သွားသေးပေ။

အထူးသဖြင့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ နောက်ဆုံးထွက်လာသောပုံရိပ်က ကျင့်ကြံသူသန်းပေါင်းများစွာ၏ အရိုအသေပေးခြင်းခံရသော မြင်ကွင်းသည် သူတို့၏ စိတ်ထဲတွင် သံမှိုရိုက်ထားသကဲ့သို့ စွဲမြဲနေသည်။

All Chapters