← Chapters

ဝိညာဉ်နီပြည့်အရှင်(ခ)

Vol. 46 Ch. 699

ဝိညာဉ်နီပြည့်အရှင်(ခ)

Vol. 46 Ch. 699

အဘယ့်ကြောင့်ဆိုသော် ဤကြိတ်ဆုံကျောက်မှ ထွက်ပေါ်လာသော တစ်ခုတည်းသောရလဒ်သည် သေကြေပျက်စီးခြင်းသာ ဖြစ်၏။ အနိုင်အရှုံးသည် အဓိကမကျပေ။

ရွှီချင်းသည် စစ်မြေပြင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

စစ်မြေပြင်ထက်မှ ကောင်းကင်ယံတွင် သိသာထင်ရှားသော အပြောင်းအလဲမရှိပေ။ ကောင်းကင်သည် မည်းမှောင်နေသည်။

….

နေ့အချိန်မှာပင် ကောင်းကင်သည် မည်းမှောင်နေလေရာ ညအချိန်တွင် အမှောင်ထုသည် ပိုမိုပြင်းထန်လာလိမ့်မည်။

အော်ဟစ်သံများ၊ သွေးနှင့် ဒြပ်နှောများသည် ထိုနေရာတွင် ပဓာနတေးသွားတစ်ပုဒ်ပမာ တည်ရှိနေသည်။ ထိုအကြင်နာမဲ့သော တေးသွားသည် မည်သည့်အချိန်ထိ ပြန်ပြန်ကျော့နေဦးမည်ကို မည်သူမှမသိကြပေ။

အကယ်၍ ထိုသို့အဆုံးမဲ့သတ်ဖြတ်ခြင်းသာ ဆက်လက် ဖြစ်ပွားနေမည်ဆိုလျှင် ဖိနှိပ်ခြင်းအသိသည် မည်မျှကြီးမားသွားနိုင်ကြောင်း တွေးဆကြည့်နိုင်ပေသည်။

ထိုသို့ဖိအားအောက်မှာ မည်သို့သော စိတ်ပျက်မှုက ထွက်ပေါ်လာမည်နည်း။

ရွှီချင်းသည် သူ၏ အကြည့်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် စစ်မြေပြင်မှ အသေးစိတ်အချက်အလက်များကို အကျယ်ချဲ့ပုံစံဖြင့် မြင်တွေ့ပြီးပြီ ဖြစ်သည်။ သတ်ဖြတ်ခြင်းသည် ဆက်လက်ဖြစ်ပွားနေသည်။ ဤသွေးလွှမ်းကြိတ်ဆုံကျောက်ပေါ်မှာ နှစ်ဘက်စလုံးသည် အမျိုးမျိုးသော နည်းလမ်းများကို ဆက်လက်ထုတ်ဖော်နေကြသည်။

သေဆုံးခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာသည်။

ရှင်သန်ခြင်းသည်တော့ ဆန်းကြယ်သောဖြစ်စဉ် ဖြစ်လာသည်။

သို့သော်လည်း ယခုအချိန်ထိ ရွှီချင်းသည် တပ်ပြေးစစ်သည်တော်များကို အများကြီး မမြင်တွေ့ခဲ့ပေ။

“ ပြန်ဆုတ်ဖို့ အခြေအနေမရှိဘူး ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူသည် စွန့်ပစ်ရုပ်သေးရုပ်တောင်ပေါ်မှာ မတ်တတ်ရပ်နေလျက် ခေါင်းလှည့်လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်ဆီသို့ ကြည့်လိုက်သည်။ ငယ်စဉ်ကတည်းက မရေမတွက်နိုင်သော အခက်အခဲများကို တစ်ဦးတည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော သူသည်ပင် ယနေ့တွင် တစ်စုံတစ်ရာကို စိုးရိမ်နေလေရာ တခြားသူများဆိုလျှင်တော့ ဆိုဖွယ်ရာမရှိပေ။

စိုးရိမ်ခြင်းသည် သက်ရှိတိုင်းတွင် ရှိသင့်သောအရာ ဖြစ်၏။

အချိန်ခဏကြာပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ဖုန်းဟိုင်ဒေသငယ်ဆီမှ ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ပေါ်မှ ပုံပျက်တွန့်လိမ်ခြင်းစွမ်းအားကို အစဉ်မပြတ် ထုတ်လွှတ်နေသော ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများဆီသို့ ကြည့်လိုက်သည်။

“ အဲ့ဒီဓမ္မရတနာတွေထဲမှာ အနီရောင်လရဲ့ စွမ်းအားတချို့ ရှိနေတယ် ”

ဤသည်မှာ ရွှီချင်းအာရုံခံမိသောအရာ ဖြစ်သည်။ တစ်ချိန်တည်းမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေသော အနက်ရောင်နှင်းသည်လည်း သူ့အား တူညီသော ခံစားမှုကို ပေးသည်။

သို့သော်လည်း သူသည် ထိုနေရာနှင့် အတန်ငယ် ဝေးကွာနေသဖြင့် ခံစားမှုသည် မရှင်းလင်းပေ။

ရွှီချင်းသည် စွန့်ပစ်ရုပ်သေးရုပ်တောင်ပေါ်မှ ထွက်မသွားမီ တစ်ခဏကြာ တွေးတောခဲ့သည်။ ထို့နောက် စစ်မြေပြင်ဆီသို့ ဦးတည်သွားလိုက်သည်။

သူက အမူအရာကင်းမဲ့စွာ ထိုင်နေသော အဖိုးအိုကို ဖြတ်ကျော်သွားစဉ် အဖိုးအိုသည် ရွှီချင်းကို လှမ်းအော်ပြောသည်။

“ အသက်ရှင်လျက်ပြန်လာခဲ့ပါ ”

အဖိုးအို၏ အသံသည် အက်ရှနေပြီး ကြည်လင်မှုမရှိပေ။

ရွှီချင်းသည် တစ်ဖက်လူထံမှ အော်သံကို မသဲမကွဲကြားသောအခါ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အဖိုးအိုကို လှမ်းကြည့်လိုက်သည်။

သူသည် အဖိုးအိုကို မသိပေ။ စောစောတုန်းကလည်း စကားမပြောခဲ့ကြပေ။ ဤသည်မှာ အဖိုးအိုက သူ့ကိုပြောသည့် ပထမဆုံးစကား ဖြစ်သည်။

အဖိုးအိုသည် နောက်ထပ်မပြောတော့ပေ။ သူက စစ်မြေပြင်ဆီသို့ ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူက သက်တံ့တစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ အရှေ့မှ ရွှေရောင်ပိုက်ကွန်ဆီသို့ ပျံသန်းသွားသည်။

သူသည် အနက်ရောင်နှင်းနှင့် ကောင်းကင်ပေါ်မှ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများကို အာရုံခံရန် စစ်မြေပြင်ဆီသို့ သွားရောက်ခြင်းဖြစ်သည်။ အကယ်၍ ထိုတည်ရှိမှုနှစ်ခုက အမှန်တကယ်ပဲ အနီရောင်လ၏ စွမ်းအားဖြင့် အသက်သွင်းခံထားရသည်ဆိုလျှင် ဤစစ်ပွဲမှာ သူသည် ကြီးမားသော အကူအညီပေးနိုင်လိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။

ထို့ကြောင့် သူသည် အလျင်အကုန်ကို ထုတ်လွှတ်လိုက်ပြီး ရွှေရောင်ပိုက်ကွန်ကို ချက်ချင်း ဖြတ်ကျော်သွားသည်။ ထို့နောက် သူသည် အသွေးအသားများ စုပုံနေသော မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ဤနေရာရှိ သွေးနံ့သည် ပိုက်ကွန်ကြီးထဲမှာထက် ပိုပြီးဆိုးဝါးသည်။ စိုစိစိလေလှိုင်းသည် အတားအဆီးမဲ့စွာ ပျံ့လွင့်လာပြီး ရွှီချင်း၏ မျက်နှာပေါ်သို့ သက်ဆင်းလာသည်။

လေသည် စိုထိုင်းပြီး စေးကပ်သည်။

သွေးအဆာဆုံး ပုဂ္ဂိုလ်သည်ပင် ဤအနံ့ကိုရသည့်အခါ အန်ချင်စိတ်ဖြစ်လာပြီး စိတ်မသက်မသာဖြစ်မှုကို ခံစားရလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သေဆုံးသွားသော လူအရေအတွက်သည် ကြောက်မခန်းလိလိ မြင့်မားသောကြောင့် ဖြစ်သည်။ ထို့အပြင် အလွန်အမင်း စိတ်ပျက်သောခံစားမှုက ဤနေရာရှိ လေထုထဲတွင် ကိန်းဝပ်နေသေးသည်။

ထိုခံစားမှု၏ လွှမ်းမိုးမှုအောက်တွင် လူတိုင်း၏ မျက်လုံးသည် ချက်ချင်း နီရဲသွားလိမ့်မည်။ ယင်းက စိတ်လှုပ်ရှားမှုကြောင့်ဖြစ်စေ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ သူတို့၏ မျက်လုံးထဲမှ အနီရောင်သည် ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် ထိုခံစားချက်နှစ်မျိုး၏ ရောထွေးမှုအောက်တွင် ဖြစ်သည်။

စစ်မြေပြင်သို့ ကိုယ်တိုင်ဝင်ရောက်ခြင်းသည် အဝေးမှ ကြည့်နေသော ခံစားမှုနှင့် မကူကွဲပြားသော ခံစားမှုအား ရွှီချင်းကို ပေးသည်။

ဤနေရာမှ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့အာရုံသည် အဝေးမှ ကြည့်နေခြင်းထက် အများကြီး ပိုအသက်ဝင်သည်။

နာကျင်နေသော မျက်နှာများ၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြေးလိုက်ခြင်းနှင့် ဆုတ်ခွာခြင်း၊ ရူးသွပ်မှုနှင့် စိတ်ရှုပ်ထွေးမှု အစရှိသည်တို့ကို ကောင်းကင်ဘုံမှ နာမည်ကျော် ပန်းချီဆရာတစ်ယောက်က အတူပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ် ဖန်တီးထားသယောင်ယောင်။ ထိုပန်းချီကားသည် ရွှီချင်း၏ မျက်စိအရှေ့တွင် အလွန်အသေးစိတ်ကျစွာ ပေါ်ထွက်လာနေသည်။

အမှန်မှာတော့ သူမသိလိုက်ခင်မှာပင် ပန်းချီဆရာသည် သူ့ကိုပါ ပန်းချီကားထဲသို့ ထည့်သွင်းလိုက်ပြီး ဤစစ်မြေပြင်မှ သေးနုတ်သော အမှတ်တစ်ခု ဖြစ်လာစေသည်။

ထိုအမှတ်၏ ဘေးတွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ပုံရိပ်တစ်ခုသည် အကြင်နာမဲ့ရက်စက်သော အမူအရာဖြင့် ဝှီးခနဲထွက်ပေါ်လာသည်။ ထိုလူသည် ရွှီချင်း၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။

အနက်ရောင်နှင်းမှ ဖြစ်ပေါ်လာသော ဓမ္မရတနာသည် တစ္ဆေတစ်ကောင်၏ လက်သည်းကဲ့သို့ အံ့ဖွယ်စွမ်းအားဖြင့် ထွက်ပေါ်လာသည်။ သို့သော်လည်း သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ရက်စက်သောအပြုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းသည် ပျောက်သွားသည်။

နောက်တစ်စက္ကန့်မှာ အနက်ရောင်ဓားမြှောင်သည် သူ၏ လည်မျိုကို လှီးဖြတ်သွားသည်။

သွေးသည် ရေပန်းသဖွယ် ဖြန်းခနဲ ပန်းထွက်လာပြီး ခေါင်းပြတ်သည် လေထဲသို့ မြှောက်တတ်သွားသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူသည် မသေခင် ခေါင်းမဲ့ခန္ဓာကိုယ်၏ ဘေးမှ ပုံရိပ်တစ်ခုကို မြင်သွားသည်။

ရွှီချင်းသည် သူ၏ ပါးစပ်နားတစ်ဝိုက်၌ ပြန့်ကျဲနေသော သွေးစက်များကို လျှာဖြင့်သပ်လိုက်သည်။ ငံကျိကျိအရသာသည် စစ်ပွဲကြောင့် အရောင်စွန်းသွားသော သူ၏ မျက်လုံးနီကို ပို၍တောက်ပသွားစေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပုန်းကွယ်နေသော အန္တရာယ်အရှိန်အဝါကို အတားအဆီးမဲ့ ထုတ်လွှတ်စေသည်။

ရွှီချင်းသည် အချိန်မဖြန်းချင်ပေ။ သူသည် ချက်ချင်း အရှေ့သို့ ပြေးသွားသည်။ တားမြစ်အဆိပ်စွမ်းအားသည် ပျံ့နှံ့ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သူဖြတ်သွားသည့်နေရာတိုင်း သူ၏ အနီးနားမှ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အားလုံး၏ ခန္ဓာကိုယ်များသည် တုန်ယင်လာကြသည်။ သူမကြားနိုင်သော သွေးပျက်ဖွယ်အော်သံများသည် သူတို့ထံမှ ပေါ်ထွက်လာကြပြီး စစ်ချပ်ဝတ်အောက်မှ သူတို့၏ ခန္ဓာကိုယ်များသည် ယိုယွင်းပျက်စီးသွားကြသည်။

ရွှီချင်းသည် တခြားလူများအား မတော်တဆ ဒဏ်ရာရစေမည်ကို မစိုးရိမ်ပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မြေပြင်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများ၏ အရေအတွက်သည် သိသိသာသာ ပိုများသောကြောင့် ဖြစ်သည်။ ထို့အပြင် အဆိပ်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာသာ လွှမ်းခြုံထားခြင်းဖြစ်ပြီး ယင်းသည် အတိုင်းအတာတစ်ခုထိ သူ၏ ထိန်းချုပ်မှုအောက်မှာသာ ရှိ၏။ လူသားကျင့်ကြံသူများ အဆိပ်မိနိုင်သော ဖြစ်နိုင်ခြေသည် မမြင့်မားပေ။

သူသည် အရှေ့သို့ ရွေ့လျားသွားနေရင်း စစ်မြေပြင်ပေါ်မှ နေရာတိုင်းတွင် ကျဆင်းနေသော အနက်ရောင်နှင်းပွင့်ချပ်များကို စစ်ဆေးလေ့လာလိုက်သည်။ အနက်ရောင်နှင်းကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားစေပြီး သူတို့ထဲမှ အနီရောင်လစွမ်းအားကို သေချာဂရုတစိုက် အာရုံခံကြည့်လိုက်သည်။

သို့သော်လည်း သူစစ်ဆေးလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသော နှင်းပွင့်ချပ်များသည် မတည်ငြိမ်သော လှိုင်းအတတ်အကျကို ထုတ်လွှတ်လိုက်သည်။ သူတို့၏ ဖွဲ့စည်းပုံသည် သူတို့ဘာသာအလိုအလျောက် ပြိုလဲပျက်စီးသွားသည်။

“ ဟုတ်တယ် ဒါပေမဲ့ မဟုတ်ဘူး… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ထိုနှင်းပွင့်ချပ်များတွင် အနီရောင်လ၏ စွမ်းအားတစ်စွန်းတစ်စသည် အမှန်တကယ် ပါရှိသည်။ သို့သော်လည်း ပမာဏသည် အလွန်အမင်း သေးငယ်ပြီး ထင်ရှားမှုမရှိပေ။

ထိုအထဲတွင် အဓိကအားဖြင့် ဖရိုဖရဲစွမ်းအားတချို့ ပါရှိသည်။ ရွှီချင်းသည် သေးငယ်သော အတိုင်းအတာမျှသာ လေ့လာစစ်ဆေးနိုင်သည်။ အမှန်မှာတော့ အကယ်၍ သူသာ အနည်းငယ် သတိမထားမိသည်နှင့် နှင်းပွင့်ချပ်သည် ပြိုလဲပျက်စီးသွားလိမ့်မည်။

အကယ်၍ သူက ယင်းကို အမှန်တကယ် ထိန်းချုပ်ချင်သည်ဆိုလျှင် လေ့လာစစ်ဆေးပြီး စမ်းသပ်မှုပြုလုပ်ရမည်။

ထိုအထဲတွင်ပါဝင်သော အဆိပ်သည်တော့ ရွှီချင်း၏ ကိုယ်ပိုင်အဆိပ်ရှေ့တွင် ဘာမှမဟုတ်ပေ။

All Chapters