ကြေကွဲဖွယ်ရာသတင်း(က)
Vol. 46 Ch. 702
မြေပြင်ပေါ်မှ စစ်ပွဲသည် ပို၍ပရမ်းပတာဖြစ်လာသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်၏ တိုက်ခိုက်မှုသည် ကြမ်းကြုတ်သော်လည်း ရွှေရောင်ပိုက်ကွန်၏ အကူအညီနှင့် မရေမတွက်နိုင်သော ဓမ္မရတနာများ၏ ထစ်ချုန်းမှုကြောင့် လူသားမျိုးနွယ်၏ စစ်တပ်သည် အစီအစဉ်တကျ ပြန်ဆုတ်သွားကြသည်။
ကျင့်ကြံသူအများအပြား၏ ထိန်းချုပ်ခြင်းခံထားရကြသော စစ်ရုပ်သေးရုပ်များသည်လည်း အရှေ့သို့ ပြေးထွက်လာကြပြီး စစ်ကူပေးကြသည်။
ထိုရုပ်သေးရုပ်များသည် အရွယ်အစားအမျိုးမျိုး ရှိကြသည်။ အကြီးဆုံး ရုပ်သေးရုပ်သည် ပေတစ်သောင်းရှိပြီး အသေးဆုံးသည် ပေတစ်ရာခန့် ရှိသည်။ ရုပ်သေးတစ်ရုပ်စီတွင် စည်းချအစီအရင်အများအပြား ပါရှိသည်။ ရုပ်သေးရုပ်၏ အရွယ်အစားပေါ်မူတည်၍ အထဲတွင်ပါရှိသည့် ကျင့်ကြံသူအရေအတွက်သည် မတူညီကြပေ။
အများဆုံးအနေဖြင့် လူတစ်သောင်းရှိပြီး အနည်းငယ် လူတစ်ရာရှိသည်။
ထိုစစ်ရုပ်သေးရုပ်များသည် စောစောတုန်းက ရိတ်သိမ်းသူများကို သတ်ဖြတ်ခဲ့ကြသူများ ဖြစ်ကြသည်။
အထဲမှ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို စစ်ရုပ်သေးရုပ်နှင့် တစ်သားတည်းပေါင်းစပ်စေပြီး ဝိညာဉ်သိုက်အဆင့် တိုက်ပွဲစွမ်းအားကို ပေါက်ကွဲထွက်စေသည်။
မကြာမီ လူသားမျိုးနွယ်စစ်တပ်သည် ရွှေရောင်ပိုက်ကွန်ဆီသို့ ချဉ်းကပ်ရောက်ရှိသွားပြီး အလျှင်အမြန် အနောက်ဆုတ်သွားကြသည်။
တစ်ချိန်တည်းမှာ ဝိညာဉ်နီပြည့်ရှင်သည် ရုံးတော်သခင်ကို ကြည့်လိုက်ပြီး ကောင်းကင်စွမ်းအားဖြင့် ထပ်မံပြောသည်။
“ ခုန်းလျှန်ရှို့ အခု လူသားမျိုးနွယ်က ကောင်းကင်နက်မျိုးနွယ်နဲ့ တိုက်ခိုက်နေတယ်… အဲ့ဒီစစ်ပွဲရဲ့ အတိုင်းအတာက ဒီမှာထက် အဆပေါင်းအများကြီး သာလွန်တယ်… ဒါကြောင့် လူသားမျိုးနွယ်ရဲ့ မဟာနန်းမြို့တော်ဒေသကြီးက အင်အားမဲ့နေပြီး စစ်ကူပေးနိုင်မှာမဟုတ်ဘူး… ဒီတော့ မင်းစောင့်နေလဲအလကားပဲ ဘယ်စစ်ကူမှရောက်လာမှာမဟုတ်ဘူး ”
“ မဟာနန်းမြို့တော်ဒေသကြီးက စစ်ပွဲကို ဝမ်ကူးကုန်းမြေက တခြားမျိုးနွယ်စုကြီးတွေက စောင့်ကြည့်နေကြတယ်… မင်းတို့လူသားမျိုးနွယ်က စစ်ရှုံးမယ့်အရိပ်အယောင် အနည်းငယ်ပြတာနဲ့ အဲ့ဒီမျိုးနွယ်စုကြီးတွေက လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ကြလိမ့်မယ် ”
“ ဘာကြောင့် ဒါတွေအားလုံးဖြစ်လာတာလဲ မင်းသိလား ”
ဝိညာဉ်နီပြည့်ရှင်သည် တည်ငြိမ်စွာ မေးသည်။
“ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းလေးသိန်းကြာ တည်မြဲနေခဲ့တဲ့ မီးလျှံလမင်းရွှမ်ကောင်းကင်ပြည်ထောင်ရဲ့ အမဲလိုက်ပွဲတော်က နီးကပ်လာနေလို့ပဲ… ရှေးခေတ်က သဘောတူညီမှုကလည်းပဲ အဆုံးသတ်ကို ရောက်ခါနီးနေပြီ… ဘယ်မျိုးနွယ်ကမှ သူတို့ရဲ့သားကောင် ဖြစ်မလာချင်ကြဘူး… ဒါကြောင့် အခုလိုအချိန်မှာ ဒေသစစ်လက်နက်မရှိတဲ့ လူသားမျိုးနွယ်က စတေးခံဖို့ အသင့်တော်ဆုံးပဲ… မင်းတို့ကို ပေးအပ်တာက တခြားမျိုးနွယ်တွေကို နောက်ထပ်အနှစ်တစ်သိန်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်စေလိမ့်မယ် ”
“ ဒီတော့… ခုန်းရှန်လျှို့ အခြေအနေတွေက ပြောင်းလဲသွားပြီ… မင်းမှာ အချိန်အများကြီး မကျန်တော့ဘူး… ငါတို့ရဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ဆီမှာ အညံ့ခံဖို့ မင်းကို အခွင့်အရေးပေးမယ်… ဒီနည်းကပဲ မင်းရဲ့ ဖုန်းဟိုင်ဒေသငယ်ကို ကာကွယ်ပေးနိုင်မှာ ”
ဝိညာဉ်နီပြည့်ရှင်၏ ပါးစပ်မှ ထွက်ကျလာသော စကားလုံးများသည် ရုံးတော်သခင်တစ်ဦးတည်းဆီသို့ ဦးတည်သွားခြင်းမဟုတ်ပေ။ ယင်းသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ယင်းသည် ရွှေရောင်ပိုက်ကွန်ကိုပင် ထိုးဖောက်သွားပြီး ထိုနေရာရှိ လူသားကျင့်ကြံသူအားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။
ဤသည်မှာ ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။
နောက်တစ်စက္ကန့်မှာ ထိုစကားကိုကြားသည့်လူတိုင်းသည် အသိစိတ်လှုပ်ခါသွားကြသည်။ ဝိညာဉ်နီပြည့်ရှင်၏ စကားတွင် မှော်ဆန်သော စွမ်းအားတစ်မျိုးပါဝင်နေသည့်အလား သူတို့၏ နှလုံးသားထဲတွင် စိတ်ပျက်မှုသည် ထိန်းချုပ်မရအောင် မြင့်တတ်လာသည်။
“ ငါ့ဖုန်းဟိုင်ဒေသငယ်ရဲ့ ခိုင်မြဲတဲ့စိတ်ဓာတ်ကို ဖျက်ဆီးပစ်ချင်လို့ မင်းက ဧကရာဇ်ခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီလိုအဓိပ္ပာယ်မဲ့တဲ့ စကားတွေ လာပြောနေတာလား… ဝိညာဉ်နီပြည့်ရှင် မင်းက စိုးရိမ်နေတာပဲ ”
ရုံးတော်သခင်၏ အသံသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ မည်သည့်လှိုင်းအတတ်အကျမှ မရှိပေ။ သူသည် ဧရာမကျောက်ဆောင်ကြီးတစ်ခုနှယ် ရှိသည်။ ဆူနာမီလှိုင်းလုံးကြီးများက မည်မျှအားကောင်းပါစေ သူသည် ပင်လယ်ထဲတွင် မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။
ရုံးတော်သခင်၏ အသံပျံ့လွင့်သွားသည်နှင့် ဖုန်းဟိုင်ဒေသငယ်မှ လူသားကျင့်ကြံသူများသည် အလျှင်အမြန် စိတ်ငြိမ်သွားကြသည်။
နောက်အခိုက်အတန့်မှာ ရုံးတော်သခင်၏ ပုံရိပ်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်သည်နှင့် သူ၏ ဘေးမှ အင်ပါယာဓားသည် အရောင်တောက်ပလာပြီး လှံရှည်တစ်ချောင်းသို့ ပြောင်းလဲသွားသည်။ ရုံးတော်သခင်သည် လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဝိညာဉ်နီပြည့်ရှင်ထံသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
သူတို့၏ လှုပ်ရှားမှုသည် အလွန်အမင်း မြန်ဆန်သောကြောင့် မြေပြင်ပေါ်မှ ကျင့်ကြံသူများသည် သူတို့၏ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အားလှိုင်းအတတ်အကျသည် အလွန်အမင်း ပြင်းထန်သည်။
စစ်မြေပြင်ပေါ်မှ သတ်ဖြတ်မှုသည် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
လူသားစစ်တပ်အားလုံး နောက်ပြန်ဆုတ်သွားကြသည်နှင့် ဒေသငယ်သည် တားမြစ်အလင်းဖြင့် တောက်ပလာသည်။ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၏ ဂိုဏ်းအသီးသီးမှ တားမြစ်ဓမ္မရတနာများသည် ရွှေရောင်ပိုက်ကွန်ပေါ်တွင် လက်နက်ဝိညာဉ်များသို့ ပြောင်းလဲသွားကြသည်။ သူတို့သည် အပြည့်အဝ ပေါက်ကွဲထွက်လာကြပြီး သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် ဝှီးခနဲ ပျံသန်းသွားကြသည်။
သို့သော်လည်း မည်သို့ဖြစ်စေ ဖုန်းဟိုင်ဒေသငယ်သည် ဒေသငယ်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် ဒေသကြီးတစ်ခုလုံးကို အုပ်ချုပ်ထားသော သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျပေသည်။ ထို့ကြောင့် တိုက်ပွဲ၏ အရှိန်အဟုန်သည် သန့်စင်ရေလှိုင်းမျိုးနွယ်ဘက်တွင် အမြဲရှိနေသည်။
ယခု သူတို့သည် ဝိညာဉ်နီပြည်ထောင်တစ်ခုတည်းဖြင့် ရင်ဆိုင်နေရသည့်တိုင် ခုခံတားဆီးရန် အခက်တွေ့နေပေသည်။ သူတို့သည် ထိန်းထားနိုင်ရုံသာ တတ်စွမ်းကြပြီး စစ်ကူရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြရသည်။
အချိန်သည် ထိုသို့ဖြင့် တရွေ့ရွေ့ ကုန်လွန်သွားသည်။
မကြာမီ ခုနစ်ရက် ကုန်ဆုံးသွားသည်။
နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ကျယ်လောင်သော ပေါက်ကွဲသံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ရုံးတော်သခင် ပြန်ရောက်မလာသော်အလည်း လက်ထောက်ရုံးတော်သခင်နှင့် ဓားကိုင်ရုံးတော်ခွဲများမှ မဟာအကြီးအကဲများ၏ အမိန့်အောက်တွင် အားလုံးသည် အစီအစဉ်တကျ သွားနေဆဲဖြစ်သည်။ ခံစစ်ဧရိယာသည် များစွာသော ပြိုလဲပျက်စီးမှုကို တွေ့ကြုံပြီးနောက် နောက်ဆုံးတွင် တောင့်ခံနိုင်သွားသည်။
ဤနေရာနှင့် (၅၀၀၀)ကီလိုမီတာ ဝေးကွာသော ပဉ္စမခံစစ်ဧရိယာ၏ နယ်မြေထက်ဝက်ကျော်တွင် အဆောက်အဦးများကို ဆောက်လုပ်ထားပြီးပြီ ဖြစ်သည်။ ရွှီချင်းသည် စစ်မြေပြင်ဆီသို့ တစ်ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး စစ်မြေပြင်နှင့် သူ့ကိုယ်သူ နေသားကျစေသည်။ စစ်တပ်အမျိုးမျိုးမှ အပြောင်းအလဲများကိုလည်း သူရင်းနှီးလာသည်။ သူသည် ရန်သူအမြောက်အများကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာအများအပြားလည်း ရရှိခဲ့သည်။
သူ့ဆီမှာ ကိုယ့်ကိုယ်ကို ပြန်လည်ကုသရန် ခရမ်းသလင်းကျောက်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းလျမှုကတော့ ကျန်ရှိနေဆဲ ဖြစ်သည်။ ယင်းသည် သူ၏ ရင်ဘက်ထဲတွင် စုပုံသွားပြီး မွန်းကျပ်မှုကို ခံစားရစေသည်။ သူသည် စစ်မြေပြင်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူများနှင့်ပင် တွေ့ဆုံခဲ့သည်။
ကံကောင်းစွာဖြင့် သူသည် အတွင်းပိုင်းထဲသို့ မသွားခဲ့ပေ။ ထို့ကြောင့် သူသည် ကပ်သီးလေး လွတ်မြောက်နိုင်ခဲ့သည်။ သို့သော်လည်း တစ်ကြိမ်တွင်တော့ သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး သေခြင်းရှင်ခြင်းကဒ်ဘေးဖြင့် ရင်ဆိုင်ခဲ့ရသည်။ အဆုံးမှာတော့ သူသည် ခုန်းရှန်းလုံဖြင့် တွေ့ဆုံခဲ့ပြီး သူ၏ အဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်ခဲ့သည်။ သူသည် ရှန်းဟယ်အပါအဝင် တခြားကျင့်ကြံသူတစ်ရာကျော်ဖြင့် အတူတကွ ပူးပေါင်းပြီး စစ်ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်ကာ စစ်မြေပြင်ထဲသို့ ဝင်ရောက်ခဲ့သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် ဖုန်းဟိုင်ဒေသငယ်သည် ဤခုနစ်ရက်လုံးတွင် အနားယူရန် အချိန်လုံးဝမရှိခဲ့ပေ။ တိုက်ပွဲရက်ရှည်ကို ဆင်နွှဲထားရသောကြောင့် လူတိုင်းသည် မောပန်းနွမ်းနယ်နေကြသည်။
ရက်ဆက်တိုက်ပွဲရှည်ပြီးသွားတိုင်း တစ်ခဏတာ အနားယူရန် အချိန်ရရှိလိမ့်မည်။ ထိုအချိန်သို့ရောက်သည့်အခါ ခုန်းရှန်းလုံသည် မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ပြီး ကောင်းကင်ပေါ်သို့ မိန်းမောတွေဝေစွာ စိုက်ကြည့်လေ့ရှိသည်။ သူသည် မည်သည့်စကားမှ မပြောပေ။ ရှန်းဟယ်သည်လည်း ထို့အတူပင်။ သူသည် ပုံမှန်အားဖြင့် သေရည်သောက်ရသည်ကို မကြိုက်နှစ်သက်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူသည် ထိခိုက်ပျက်စီးနေသော ဧရာမစစ်ရုပ်သေးရုပ်ကို ကျောမှီထားလျက် သေရည်ကို အရူးအမူး သောက်နေသည်။
သူသည် အသက်ငယ်ရွယ်သေးသော်လည်း ယခု သူ၏ မျက်နှာပေါ်တွင် လောကဓံ၏ ခါးသီးသော အတွေ့အကြုံဖြင့် ပြည့်နှက်နေသည်။ ရွှီချင်းသည် ဝမ်ချန်း၏ သတင်းကို ကြားမိသည်။ ဝမ်ချန်းသည်လည်း လွန်ခဲ့သော လဝက်လောက်က ညဝိညာဉ်သေဆုံးပြီး သုံးရက်အကြာမှာ သေဆုံးသွားခဲ့သည်။