← Chapters

တစ်ကိုယ်တည်းရပ်ခြင်း… ထာဝရသူရဲကောင်းများ(က)

Vol. 46 Ch. 706

တစ်ကိုယ်တည်းရပ်ခြင်း… ထာဝရသူရဲကောင်းများ(က)

Vol. 46 Ch. 706

ဝဲကတော့သည် တုန်ယင်လာသည်။ ၎င်းထဲမှ ထုတ်လွှတ်နေသော အအေးဓာတ်သည် သံမဏိကြိုးများကို ရေခဲအဖြစ် ပြောင်းလဲသွားစေသည်။ ကောင်းကင်ပေါ်မှ မှောင်ရီသောအလင်းသည် အနက်ရောင်ကြေးမုံတစ်ချပ်နှင့် ဆင်တူသည်။

ဝဲကတော့ထဲမှ ကြောက်မက်ဖွယ်တည်ရှိမှုသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာနေသည်။

ကြီးမားသော တာအိုခေါင်းလောင်းသည် ဝဲကတော့၏ အပြင်ဘက်တွင် မျောလွင့်နေသည်။ ၎င်း၏ ကိုယ်ထည်ပေါ်မှ မရေမတွက်နိုင်သော ရှေးဟောင်းမှော်သင်္ကေတများသည် အရောင်တောက်ပလာကြပြီး သာယာငြိမ့်ညောင်းသော ခေါင်းလောင်းသံကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ဝဲကတော့ထဲမှ တိုးထွက်လာနေသော အရှိန်အဝါသည် အလွန်အမင်း သန်မာသောကြောင့် ၎င်းသည် အပြည့်အဝ ဖိနှိပ်ခြင်းမခံရပေ။ တာအိုခေါင်းလောင်းသည် ၎င်း၏ ကိုယ်ထည်ပေါ်တွင် အက်ကွဲရာများ စတင်ထွက်ပေါ်လာသည်အထိ စွမ်းအားအကုန်ကို အသုံးပြုနေသော်လည်း ဒေသစစ်လက်နက်၏ သက်ဆင်းလာမှုကို မရပ်တန့်နိုင်ပေ။

ဖျက်ဆီးခြင်းလေလှိုင်းသည် ဝဲကတော့ထဲမှ အပြင်ဘက်သို့ ပျံ့လွင့်ထွက်လာသည်။ အဝေးမှကြည့်လျှင် လေလှိုင်းသည် လှည့်ပတ်နေသော ဘီးလုံးသဖွယ် ထင်ရသည်။ ယင်းသည် အကြမ်းပတမ်း လှည့်ပတ်နေလေရာ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားစေသည်။

မြူခိုးသည် မြေကြီးထဲမှ တိုးထွက်လာနေသည်။ မြေပြင်ပေါ်မှ အဆုံးမရှိသော အသားအပိုင်းအစများ၊ သွေးနှင့် အလောင်းများသည် အေးခဲသွားကြသည်။ လေတစ်ချက် တိုးဝှေ့သွားသည့်အခါတိုင်း သူတို့သည် ဖုန်မှုန့်သို့ ပြောင်းလဲသွားကြသည်။

အနက်ရောင်နှင်းသည် စတင်ကျဆင်းလာနေပြီး မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ မြူနှင်းထုအကာအကွယ်အလွှာတစ်ခုက အရာအားလုံးကို ဖုံးအုပ်သွားသည့်အလား။

မြေပြင်ပေါ်တွင် ပုံရိပ်တစ်ခုသာ လှုပ်ရှားနေသည်။ ထိုသူသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းပစ်ပြီး မြူနှင်းထုလောကထဲတွင် အထီးကျန်စွာ တစ်လှမ်းချင်းလျှောက်နေသည်။ ထိုသို့ဖြင့် သူသည် ပုံပျက်တွန့်လိမ်ပြီး အလွန်တရာ ချမ်းအေးသော ရေခဲကမ္ဘာထဲသို့ ဝင်ရောက်သွားနေသည်။

ထိုပုံရိပ်သည် ရွှီချင်းအပါအဝင် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူအားလုံး၏ မျက်လုံးထဲတွင် ထင်ဟပ်နေသည်။ ထိုပုံရိပ်သည် သူတို့၏ မျက်လုံးထဲမှ တစ်ခုတည်းသောပုံရိပ် ဖြစ်လာသည်။

သူသည် အနက်ရောင်စစ်ချပ်ဝတ်အစုံကို ဝတ်ဆင်ထားသည်။ သူ၏ ရှည်လျားသော မီးခိုးရောင်ဆံနွယ်သည် အသက်ဓာတ်ကို လောင်ကျွမ်းနေခြင်းကြောင့် အဖြူရောင်သို့ ပြောင်းလဲသွားသည်။

အေးစက်စက်လေတိုက်ခတ်နေစဉ် ရုံးတော်သခင်၏ အနောက်မှ ဝတ်ရုံသည် အလံတိုင်တစ်ခုပမာ ဘေးဘက်သို့ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

ဆီးနှင်းခဲနှင့် သဲသည် စစ်မြေပြင်ပေါ်တွင် နေရာအနှံ့ ပျံ့လွင့်နေလေရာ ရှေးဟောင်းအငွေ့အသက်ကို ပေးသည်။

“ ရုံးတော်သခင်… ”

ရွှီချင်းသည် ဝမ်းနည်းပူဆွေးခြင်းနှင့် ခံပြင်းဒေါသဖြင့် ပြည့်နှက်နေသည်။

နေဝင်ဆည်းဆာအောက်တွင် ထိုပုံရိပ်သည် ဝေးသထက် အဝေးသို့ လျှောက်သွားသည်။ သူ၏ အရှိန်အဝါ မြင့်တတ်သွားသည်နှင့် သူသည် လူတိုင်း၏ မျက်လုံးထဲတွင် တစ်ခုတည်းသောပုံရိပ် ဖြစ်လာရုံသာမက ကောင်းကင်နှင့်မြေပြင်၏ အာရုံကိုလည်း ဆွဲဆောင်သွားသည်။

ရုံးတော်သခင်၏ အရှေ့တွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ အလွန်ကြီးမားသော စစ်တပ်ကြီးရှိသည်။ စစ်တပ်သည် မျက်စိတစ်ဆုံး ရှည်လျားသည်။ ပြည့်အရှင်နှစ်ပါး၏ ဧရာမပုံရိပ်ကြီးနှစ်ခုသည် မိုးကုပ်စက်ဝိုင်းကို လွှမ်းမိုးထားလေရာ အမှောင်ထုနှင့် အတိတ်နိမိတ်ဆိုးသည် ကောင်းကင်အား လွှမ်းခြုံသွားသည်။ လေထုထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ပါဝင်နေပြီး အရာအားလုံးသည် မည်းမှောင်သွားသည်။

သူ၏ အနောက်ဘက် ပေတစ်သိန်းအကွာတွင် အမှတ်(၂)နှင့် အမှတ်(၃)စစ်တပ်ရှိပြီး အသက်ရှင်ကျန်ရစ်ခဲ့သော ဓားကိုင်ထောင်သောင်းများစွာလည်း ရှိသည်။

ရုံးတော်သခင်သည် တစ်ကိုယ်တည်း ရပ်နေခြင်းဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်နေရင်း လူသားကျင့်ကြံသူအားလုံးသည် ဝမ်းနည်းပူဆွေးသွားကြပြီး သူတို့၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ သူတို့၏ မျက်လုံးသည် အစောကြီးကတည်းက စစ်ပွဲကြောင့် အနီရောင်စွန်းထင်နေသော်လည်း ဤအခိုက်အတန့်တွင် သွေးရောင်သည် ပိုမိုထင်ရှားလာသည်။

ခုန်းရှန်းလုံသည်လည်း ခေါင်းမော့လိုက်ပြီး အဝေးမှ ထိုပုံရိပ်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မှိုင်တွေနေသော မျက်လုံးသည် တဖန်အလင်းရောင်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။

ခံစားချက်လှိုင်းများသည် လူတိုင်း၏ နှလုံးသားထဲမှာ မြင့်တတ်လာသည်။ ထိုအချိန်တွင် လက်ထောက်ရုံးတော်သခင်၏ ဝမ်းနည်းပူဆွေးသော အငွေ့အသက်ပါဝင်သည့် အက်ရှရှအသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

“ အားလုံးပဲ ”

“ ငါတို့… အနောက်ဆုတ်ကြမယ် ”

လက်ထောက်ရုံးတော်သခင်၏ စကားသံကိုမကြားခင်အထိ အားလုံးသည် တိတ်ဆိတ်နေကြသည်။

“ အဲ့ဒါက ရုံးတော်သခင်ရဲ့ အမိန့်ပဲ… ငါတို့လိုက်နာရမယ် ”

လက်ထောက်ရုံးတော်သခင်သည် အော်ပြောလိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အားကောင်းသော လေပွေကြမ်းကို ဆင့်ခေါ်လိုက်သည်။ ဓားကိုင်ရုံးတော်၏ စီမံခန့်ခွဲရေးမှူးများနှင့် စစ်တပ်နှစ်တပ်မှ မဟာအကြီးအကဲများသည် ရုံးတော်သခင်၏ အမိန့်အတိုင်း နောက်ပြန်ဆုတ်ရန် စီစဉ်ကြသည်။

သို့သော်လည်း သူတို့အားလုံးသည် ဆုတ်ခွာနေကြရင်း ခေါင်းလှည့်လိုက်ပြီး အနောက်သို့ ကြည့်လိုက်ကြသည်။ သို့သော်လည်း မည်သည့်အရာမှ သူတို့မမြင်တွေ့နိုင်တော့ပေ။

ထိုပုံရိပ်သည် အမှောင်ထုနှင့် ပေါင်းစပ်သွားဟန်ရသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ တောက်ပသော အလင်းတန်းတစ်ခုသည် ဖရိုဖရဲအခြေအနေကို ထိုးဖောက်သွားပြီး စစ်မြေပြင်အပေါ်မှ ကောင်းကင်ယံသို့ ပျံသန်းသွားသည်။

ကောင်းကင်သည် လှုပ်ခါသွားပြီး မြေပြင်သည် တုန်ယင်သွားသည်။ အဆုံးမဲ့သော ဓားဆန္ဒသည် လေနှင့် တိမ်တိုက်များကြားတွင် ပေါ်လျှိုးလာပြီး အမှောင်ထုကို ဖယ်ရှားပစ်လိုက်ကာ ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။

ဤသည်မှာ အင်ပါယာဓား၏ ဓားအလင်းဖြစ်သည်။

ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်တွင် စုစုပေါင်း အင်ပါယာဓားကိုးလက်ရှိသည်။ ဓားလေးလက်ကို အသုံးပြုထားခဲ့ပြီးပြီ ဖြစ်သည်။ ဤသည်မှာ ပဉ္စမမြောက်ဓားဖြစ်သည်။

ထိုအင်ပါယာဓားသည် ပေါ်ထွက်လာသည်နှင့်ချက်ချင်း မြူနှင်းထုကို ဆုတ်ဖြဲပစ်လိုက်ပြီး လေဟာနယ်ကို ပုံပျက်တွန့်လိမ်သွားစေသည်။ ဓားသည် စစ်မြေပြင်မှ ကောင်းကင်ယံသို့ ပျံတတ်သွားပြီး ကောင်းကင်တောင်ရိုးပေါ်မှ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြည့်အရှင်နှစ်ပါးထံသို့ ဦးတည်သွားသည်။

ဓားသည် ဧရာမနဂါးတစ်ကောင်သဖွယ် ၎င်း၏ လမ်းကြောင်းရှေ့တွင်ရှိသော အရာအားလုံးကို ဖောက်ထွင်းသွားသည်။

ဓား၏ အလင်းရောင်သည် မရေမတွက်နိုင်သော သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများ၏ ဖြူဖျော့နေသော အမူအရာကို ထွန်းလင်းပေးလိုက်သည်။ ၎င်း၏ စိတ်ဆန္ဒသည် ရန်သူအားလုံး၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားပြီး ခြိမ်းခြောက်လိုက်သည်။

“ ခုန်းလျန်ရှို့ အဖြေက ထွက်ပြီးနေပြီ… မင်းရဲ့အသက်ဓာတ်ကို လောင်ကျွမ်းပစ်တော့ရော ဘာအကျိုးရှိမှာလဲ ”

ကောင်းကင်တောင်ရိုးပေါ်မှ ဝိညာဉ်နီပြည့်ရှင်သည် လေးနက်သော အသံဖြင့် ပြောကြားပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ မြေပြင်ပေါ်သို့ သူ၏ ခြေဖဝါး ကျဆင်းသွားသောအခါ ကမ္ဘာသည် တုန်ယင်သွားသည်။

သူက ညာဘက်လက်ကို မြှောက်တင်လိုက်လေရာ မရေမတွက်နိုင်သော ကမ္ဘာငယ်များသည် ဘေးပတ်ဝန်းကျင်တွင် ပေါ်ထွက်လာကြသည်။ နောက်ဆုံးမှာတော့ ထိုကမ္ဘာငယ်များသည် သူ၏ လက်ဖဝါးပေါ်တွင် စုဝေးသွားကြသည်။

ကမ္ဘာငယ်များသည် သူ၏ လက်ဖဝါးပေါ်တွင် သုံးလက်မအရွယ်ရှိသော အတုယောင်မဟာလောကတစ်ခုသို့ ပြောင်းလဲသွားသည်။

ဤသည်မှာ ဗလာနတ္ထိစတုတ္ထအဆင့်၏ ဝိသေသလက္ခဏာဖြစ်သည်။

သူက အတုယောင်မဟာလောကကို ညင်သာစွာ ဖိလိုက်သည်။

ကမ္ဘာသည် တုန်ယင်လာပြီး အရာအားလုံးသည် နောက်တဖန် စတင်ဝေဝါးလာသည်။

တစ်ခါမှမဖြစ်ပေါ်ဖူးသော မုန်တိုင်းသည်သာလျှင် ပေါ်ထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ တိုက်ခတ်သွားလေရာ မရေမတွက်နိုင်သော အပိုင်းအစများကို ရေခဲမြေပြင်ပေါ်တွင် မြှောက်တတ်သွားစေသည်။ ယင်းတို့သည် ကောင်းကင်ယံမှ ကြွေကျလာသော ရေခဲဥက္ကာပျံများသဖွယ် နေရာတိုင်းသို့ ပျံ့နှံ့သွားကြသည်။

ကောင်းကင်တောင်ရိုးသည် အပြင်းအထန် တုန်လှုပ်လာပြီး မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများသည် ပြိုကျလာကြသည်။

အရာအားလုံး စတင်ကြည်လင်လာသည့်အခါ ရွှီချင်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်တောင်ရိုးပေါ်တွင် ပေတစ်သိန်းကျယ်ဝန်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်သွားကြသည်။

စစ်မြေပြင်၏ ဦးတည်ရာမှစတင်၍ ကီလိုမီတာရာပေါင်းများစွာ ရှည်ထွက်နေသော လျှိုမြောင်ကြီးတစ်ခုသည် ကောင်းကင်တောင်ရိုးကို ထိုးဖောက်သွားသည်။

ဝိညာဉ်နီပြည့်ရှင်သည် ကောင်းကင်တောင်ရိုး၏ အပြင်ဘက်သို့ တစ်လှမ်းချင်း အနောက်ဆုတ်သွားရသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူအားလုံးသည် တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့၏ အရှေ့တွင် မြေပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး ရုံးတော်သခင်၏ ပုံရိပ်သည် ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ အသက်ဓာတ်လောင်ကျွမ်းခြင်းမှ မီးလျှံသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေပြီး သူ၏ ကျင့်ကြံခြင်းအရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားနေသည်။ သူသည် တစ်လှမ်းချင်း လျှောက်နေလေရာ သူ၏ ခြေလှမ်းသည် မြဲမြံသည်။ သူ၏ ခြေလှမ်းနှင့်အတူ အက်ရှရှအသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

“ ဖုန်းဟိုင်ဒေသငယ် ဆက်ပြီးတည်ရှိနေမယ်ဆိုရင် ဒီလိုစတေးရတဲ့အတွက် ငါဘယ်တော့မှ နောင်တမရဘူး ”

ထိုစကားသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ ယင်းက လူသားကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ထွန်းလင်းတောက်ပသော ဒုတိယဓားအလင်းသည် ထိတ်လန့်ဖွယ်ကောင်းစွာ ပေါ်ထွက်လာသည်။

ဤသည်မှာ ဆဌမအင်ပါယာဓား ဖြစ်၏။

ထိုဓားပေါ်ထွက်လာသည်နှင့်ချက်ချင်း စစ်မြေပြင်ပေါ်မှ မြေကြီးသည် အက်ကွဲသွားသည်။ ကောင်းကင်လှုပ်ခါစေမည့် စူးရှသော ဓားအလင်းသည် ဤလောကအတွက် ကြေးချွန်သန့်စင်ဘုံပမာ ဝိညာဉ်နီပြည့်ရှင်ဆီသို့ ဦးတည်ပျံသန်းသွားသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရုံးတော်သခင်သည် အရှေ့သို့ ဆက်လျှောက်သွားနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆက်လက်လောင်မြိုက်နေစဉ် သတ္တမအင်ပါယာဓားနှင့် အဌမအင်ပါယာဓားသည်လည်း ပေါ်လျှိုးလာကြသည်။

All Chapters