← Chapters

တိုက်ပွဲ စလေပြီ

Vol. 30 Ch. 440

တိုက်ပွဲ စလေပြီ

Vol. 30 Ch. 440

ထိုစကားကို ကြားသောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

သူက ခွန့်တုံ့ပြန်မည်ပြုစဉ်မှာပင် နတ်ဆိုးကကျိက သူ့ဘေးနားကနေ ခြေဖျားထောက်၍ သူ့နားနားသို့ တိုးတိုးလေးကပ်ပြောလိုက်၏။

“လူသားဧကရာဇ်နန်းတော်က အခုမှ ဆင်းသက်လာကာစပဲ ရှိသေးတာ.. လူတိုင်းက ပလ္လင်အတွက် မဲနေကြတာ.. အင်မော်တယ်၊ မိစ္ဆာနဲ့ ဗုဒ္ဓဂိုဏ်းတွေက အလိုလို နားလည်မှုနဲ့ အပြင်လူတွေကို အရင်ရှင်းထုတ်ပစ်ကြလိမ့်မယ်”

“အခုနေ ရှင်က ကွဲထွက်နေရင် ရှင်တစ်ယောက်ထဲကို အကုန်လုံးက ဝိုင်းပြီးပစ်မှတ်ထားကြလိမ့်မယ်.. အခုနေမှာ မိစ္ဆာဂိုဏ်းနောက်ကို ဖောရှောလေးလိုက်လိုက်.. အဲ့ဒါ ရှင့်အတွက် အကျိုးမယုတ်ဘူးမလား”

တစ်ကယ်တော့ ဆူဇီမိုသည် ဒီနေရာကို ရောက်လာရတာ အကြောင်းပြချက်နှစ်ခု ရှိ၏။ တစ်ခုမှာ လူသားဧကရာဇ်နန်းတော်အတွက် ဖြစ်၏။ နောက်တစ်ခုမှာ ထိပ်သီးဂိုဏ်းကြီးများမှ ပြိုင်စံရှားလက်ရွေးစင်များက ဘယ်လောက်ထိထက်နိုင်လဲ သူစမ်းကြည့်ချင်လေသည်။

သူသည် ပစ်မှတ်ထားခံရမှာကို လုံးဝကြောက်မနေပေ။

သို့သော်လည်း နတ်ဆိုးမကျိ၏ ကလူတူတူညုတုတုအသံက သူ့နားထဲသို့ နီးကပ်စွာ ဝင်ရောက်လာ၏။ အပျိုစင်တစ်ယောက်၏ နူးညံ့သည့်အသံနှင့် ရနံ့အငွေ့အသက်က ဆူဇီမို၏ နုလုံးကို လှုပ်ခတ်သွားစေပြီး မငြင်းပယ်နိုင်သောစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ထို့နောက် ဆူဇီမိုသည် မိန်းမောနေရာမှ တုန်လှုပ်စွာနှင့် နိုးထလာပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။

“လက်ဖျားခါလောက်ပါရဲ့”

နတ်ဆိုးမကျိ၏ ညှို့ငင်ဓါတ်က နေရာတိုင်းမှာ ရှိနေပြီး သူမကို ခုခံကာကွယ်ဖို့က မဖြစ်နိုင်သလောက်ပင်။

မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက်အနေနှင့် သူမသည် ညှို့ငင်ဖမ်းစားဖို့အတွက် အထူးတလည် ပြုမူနေစရာ မလိုပေ။

သူမ၏ တည်ရှိနေမှုကပင် ညှို့ငင်ဖမ်းစားမှုပုံစံ ဖြစ်လေသည်။

စင်ကြယ်အပျိုစင်တစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မြင့်မားလာလေလေ သူတို့၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းကလည်း ကြောက်စရာကောင်းလာလေလေ ဖြစ်လေသည်။ အဆုံးမှာ အပြုံးတစ်ပွင့်၊ မျက်စတစ်ချက်ကပင် မည်သူကိုမဆို ပြန်လှည့်မလာနိုင်အောင် တွေဝေမိန်းမောသွားစေနိုင်လေသည်။

“ဟမ့်”

ဆူဇီမိုကို ခြေစခေါင်းဆုံးကြည့်ပြီး ပိုင်ယုက လှောင်ရယ်လိုက်၏။

“အဲ့ဒါက နင်ရှာတွေ့လာတဲ့ အချစ်တော်လေးပေါ့လေ.. သူက ငါတို့ မိစ္ဆာအမွေခံသူတွေနဲ့ ရင်ဘောင်တန်းရလောက်အောင် ဘာအဆင့်ရှိလို့လဲ”

“ဟီးဟီး”

နတ်ဆိုးကျိက ခနဲ့တဲ့တဲ့ ရယ်လိုက်၏။

“အရမ်းတွေလဲ မောက်မာပါမနေပါနဲ့ကွယ်.. အဲ့တုန်းက မြေအောက်ထဲမှာ ကြုံရာကနေ ငါခေါ်လာတဲ့ ငါ့မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ရှိလက်ရှိ အထုအထောင်းကို ခံခဲ့ကြတာ ဘယ်သူတွေများပါလိမ့်”

ထိုစကားကိုကြားသောအခါ ပိုင်ယု၏ မျက်နှာက ညိုမည်းသွားပြီး အခြားသော မိစ္ဆာအမွေခံသူများသည်လည်း မျက်စိမျက်နှာ ပျက်သွားကြ၏။

အဲ့ဒါသည် သူတို့ထဲက မည်သူမှ ပြန်လည်ထုတ်မပြောလိုသည့် အရှက်ရစရာကိစ္စ ဖြစ်လေသည်။

ဖန်းယွဲ့သည် နောက်ဆုံးကျင့်ကြံသူအချို့ကို သတ်ဖြတ်ပြီးနောက် သူ၏ သံမဏိလှံတံကြီးကို လွှဲရမ်းကာ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာလေသည်။

လှံတံ၏ ထိပ်ဖျားက မြေကြီးပေါ်မှာ တရွတ်ဆွဲလာပြီး မီးပွားများက အဘက်ဘက်သို့ ပျံ့လွင့်လာလေသည်။

“အဲ့စာပေကောင် အခု ဘယ်မှာလဲ”

နတ်ဆိုးမကျိရှေ့ကို ရောက်လာပြီး မျက်လုံးထဲမှာ တိုက်ခိုက်လိုစိတ်အပြည့်နှင့် သူက မေးလိုက်၏။

နတ်ဆိုးမကျိက သူမ၏ နှုတ်ခမ်းကိုဆူ၍ မျက်လုံးစွေကြည့်လိုက်၏။

“ကျမက ဘယ်လိုလုပ်ပြီး သိပါ့မလဲ”

ရုတ်တရက် ပိုင်ယုက ပြောလိုက်၏။

“သူလဲ ရှေးဟောင်းတိုက်ပွဲမြေထဲမှာ ရှိတယ်.. ငါမြင်လိုက်သေးတယ်”

“အို့”

ထိုစကားကို ကြားသောအခါ မိစ္ဆာအမွေခံသူအချို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က ထကြွလာပြီး သူတို့၏ အမူအယာများက ပြောင်းလဲသွားကြလေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် ပိုင်ယုက ခေါင်းခါပြလိုက်၏။

“ဒါပေမယ့်လို့.. သူ ဒီနေရာမှာ မရှိဘူးထင်တယ်.. ငါ သူ့အရိပ်အယောင်ကိုတောင် မမြင်ရဘူး”

ပိုင်ယုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်တွင် အရှက်တကွဲ သူရှုံးနိမ့်ခဲ့ရသည့်အကြောင်းကို သူ့ဘက်က စတင်ပြီး ပြန်ပြောပြလိမ့်မည် မဟုတ်ပေ။

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာအမွေခံသူက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်၏။

“အဲ့စာပေသမားက ဉာဏ်တော့ကောင်းသားပဲ”

“သူသာ ဒီနေရာမှာ ပေါ်လာပြရဲရင်.. ငါ့လှံတံနဲ့ သူ့ခန္ဓာကိုယ်ကို ဇကာပေါက်ဖြစ်အောင် လုပ်ပစ်လိုက်မယ်”

ဖန်းယွဲ့၏ အမူအယာက မောက်မာနေပြီး သူ့လှံတံကြီးကို မြေကြီးပေါ်သို့ ပစ်ဆောင့်ချလိုက်၏။ ချက်ချင်းပင် မြေပြင်မှာ အက်ကွဲကြောင်းများ တောက်လျှောက်ပေါ်လာပြီး သူ၏ သတ်လိုဖြတ်လိုအော်ရာက ကြောက်စရာကောင်းလာလေသည်။

ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး သူ့မျက်လုံးထဲတွင် မည်သည့်ဂယက်မှ ထမနေပေ။

ဖန်းယွဲ့က ဆူဇီမိုကို တစ်ချက်ချိန်ဆကြည့်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်၏။

“မဆိုးဘူး.. မင်းက သတ္တိတော့ ရှိသားပဲ.. မင်းက ငါတို့ မိစ္ဆာအမွေခံသူတွေနဲ့ ရင်ဘောင်တန်းရပ်ဖို့ အဆင့်မီတယ်ဆိုတာ ငါဝန်မခံချင်လဲ ဝန်ခံရတော့မှာပဲ”

တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုက သာမန်ကာလျှံကာ မှတ်ချက်ပြုလိုက်၏။

“ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ရွှယ်ယန်က ရောက်မလာဘူးဆိုတော့ လောလောဆယ် ဒီလူကို သူ့နေရာမှာ အကူအဖြစ် အစားထိုးရတော့မှာပဲ”

ရှန့်ကွမ်ယုက သူ့ခေါက်ယပ်တောင်ကို တဖျပ်ဖျပ်ခတ်၍ အေးဆေးညက်ညောသည့်ပုံပေါက်နေ၏။ သူက အခုလေးတင် ကျင့်ကြံသူတစ်ရာကျော်လောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူ့အဝတ်များနှင့် ဆံပင်က သေသေသပ်သပ် ရှိနေဆဲဖြစ်၏။

“ဟေ့.. မင်းနာမည်က ဘယ်လိုခေါ်လဲ”

ဖန်းယွဲ့က ဆူဇီမိုကို မျက်ခုံးအနည်းငယ်ပင့်၍ ကြည့်လိုက်၏။

“အရူးဓါးသွား” ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အရူးဓါးသွား.. ဟဟ”

ဖန်းယွဲ့က ရယ်မောလိုက်၏။

“မင်းက တော်တော် မောက်မာတာပဲ.. မင်းဆေဘာနည်းစနစ်က ဘယ်လိုမျိုးလဲ ငါတောင် သိချင်လာပြီ”

ပိုင်ယုက အေးစက်စွာ မှတ်ချက်ပြုလိုက်၏။

“ကျင့်ကြံရေးလောကမှာ သူတို့ကိုယ်သူတို့ အဲ့လိုဘွဲ့နာမည်တွေ လျှောက်ပေးထားတဲ့သူတွေက စွမ်းဆောင်ရည်မှာတော့ အသင့်အတင့်လောက်ပဲ ရှိကြတာ များပါတယ်ကွာ”

“သိချင်ရင် စမ်းကြည့်လိုက်လေ”

ဆူဇီမိုက မှင်သေသေနှင့်ပင် ပြန်ပြောလိုက်၏။

“ဘာလဲ မင်းက သေချင်နေပြီလား”

ပိုင်ယု၏ အမူအယာက ပြောင်းလဲသွားပြီး သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။

“မင်းက ခပ်ကြမ်းကြမ်းပဲ.. ကြိုက်တယ်ဟေ့”

ဖန်းယွဲ့က သူ၏သံမဏိလှံတံကို လွှဲ၍ ပိုင်ယုရှေ့မှာ ပိတ်ကာလိုက်ပြီး တည်တံ့သောအမူအယာနှင့် ခေါင်းခါပြလိုက်၏။

“မတိုက်ကြနဲ့ဦး.. အခြေအနေက မူမမှန်ဘူး”

အားလုံးသည် ဖန်းယွဲ့နောက်သို့ လိုက်ကြည့်လိုက်ကြ၏။

တိုက်ပွဲမြေက ရှင်းလင်းသွားပြီဖြစ်ပြီး ကျန်ရှိနေသေးသူများမှာ အင်မော်တယ်၊ မိစ္ဆာနှင့် ဗုဒ္ဓဝါဒီဂိုဏ်းများမှ အရိုက်အရာဆက်ခံသူများသာ ဖြစ်ကြလေသည်။

သူတို့ထဲတွင်.. ဓါးဂိုဏ်း၏ ဟန်ချိုးယွီနှင့် မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ အောင်းယွီရှောင်အပါအဝင် အင်မော်တယ်ဂိုဏ်းကိုးဂိုဏ်းမှ ခုနှစ်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူများ ရှိကြလေသည်။

ဗုဒ္ဓဝါဒီကျောင်းတော်ခြောက်ကျောင်းထဲမှ အရိုက်အရာဆက်ခံသူငါးယောက် ရှိကြလေသည်။ စိန်ကျောင်းတော်မှ ကိုယ်တော်ကြွယ်ချမ်းအပြင်.. လိုဏ်ခေါင်းကျောင်းတော်၊ ပုံသဏ္ဌာန်မဲ့ကျောင်းတော်၊ ပညာဉာဏ်လင်းကျောင်းတော်တို့မှ ကိုယ်တော်များနှင့် သန့်စင်နှလုံးသားသီလရှင်ကျောင်းမှ သီလရှင်တစ်ပါးတို့ ပါဝင်လေသည်။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းတွင်တော့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ရွှယ်ယန်က သေသွားနှင့်ပြီဖြစ်ပြီး လျှို့ဝှက်မရဏဂိုဏ်းမှ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက လူလုံးထွက်ပြလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုရယ် အခြားမိစ္ဆာအမွေခံသူလေးယောက်ရယ်နှင့် နတ်ဆိုးမကျိတို့ ရှိကြလေသည်။

ဤကျင့်ကြံသူနှစ်ဆယ်နီးပါးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ပြိုင်စံရှား အခြေတည်အဆင့်ကျင့်ကြံသူများဟု ပြောလို့ရလေသည်။

ဆူဇီမိုကလွဲလျှင် ကျန်သော ကျင့်ကြံသူများအားလုံးက မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။

မူမမှန်ဖြစ်နေရသည့်အကြောင်းရင်းမှာ အင်မော်တယ်ဂိုဏ်းမှ ပြိုင်စံရှားခုနှစ်ယောက်၊ ဘုန်းကြီးလေးပါးနှင့် သီလရှင်တစ်ပါးတို့က အတူပူးပေါင်းလိုက်ပုံရပြီး မိစ္ဆာအမွေခံသူများကို ဝိုင်းပတ်လိုက်ကြ၏။

“ဟန်ချိုးယွီ၊ အောင်းယွီရှောင်၊ ကြွယ်ချမ်း.. မင်းတို့ ဒါက ဘာသဘောလဲ” ဖန်းယွဲ့က မျက်စိကို မှေးကျဉ်း၍ ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဘာမှ မဟုတ်ပါဘူး”

ဟန်ချိုးယွီက သူ့နှုတ်ခမ်းကို ကွေးညွှတ်၍ သူ၏ သွယ်လျသော လက်ချောင်းလေးများကို လှုပ်ခါလိုက်၏။

“မိစ္ဆာဂိုဏ်းသားတွေကို အရင်နှိမ်နင်းဖျက်ဆီးပြီးမှ အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းတွေထဲကနေ လူသားဧကရာဇ်နန်းတော်အမွေအနှစ်ကို ဘယ်သူရမလဲ ဆက်ပြီးရွေးကြရုံပေါ့”

မိစ္ဆာအမွေခံသူများ မျက်မှောင်ကြုတ်လိုက်ကြ၏။

ဆူဇီမိုအပါအဝင် သူတို့မှာ ခြောက်ယောက်သာ ရှိလေသည်။

အင်မော်တယ်နှင့် ဗုဒ္ဓဝါဒီ ပူးပေါင်းအဖွဲ့မှာတော့ စုစုပေါင်း ဆယ့်နှစ်ယောက် ရှိလေသည်။

ပြောရမည်ဆိုလျှင် သူတို့တစ်ယောက်ချင်းစီက တစ်ဖက်ရန်သူနှစ်ယောက်စီလောက်နှင့် ရင်ဆိုင်ရပေတော့မည်။

ပဒေသရာဇ်နန်းတော်မှဖန်းယွဲ့ကို မိစ္ဆာအမွေခံသူများထဲတွင် အသန်မာဆုံးဟု အများက အသိအမှတ်ပြုထားကြလေသည်။

သို့သော်လည်း သူသည် ဟန်ချိုးယွီ၊ အောင်းယွီရှောင် သို့မဟုတ် ကြွယ်ချမ်းတို့ထဲမှ တစ်ယောက်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် အနိုင်ယူနိုင်သည်ဟု မပြောရဲပေ။ တစ်ခါတည်းနှင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရမည်ဆိုလျှင်တော့..

နတ်ဆိုးမကျိက အသံမြှင့်ပြောလိုက်၏။

“အခုလက်ရှိမှာ မတူညီတဲ့ မျိုးနွယ်သုံးခုက ကျင့်ကြံသူ ၁၈ယောက် ကျန်နေတာပဲ.. ငါတို့ တစ်တွဲ တစ်တွဲစီ တိုက်ခိုက်ပြီးမှ နောက်ဆုံးအနိုင်ရတဲ့သူကို လူသားဧကရာဇ်နန်းတော်အမွေအနှစ်ကို ရယူစေမယ်ဆိုရင်ရော.. အဲ့ဒါက တရားမျှတမှုရှိတယ် မဟုတ်ဘူးလား”

ကိုယ်တော်ကြွယ်ချမ်း၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်၍ ခဏမှ ရပ်တန့်သွားပြီးမှ နတ်ဆိုးမကျိ၏ မျက်နှာပေါ်သို့ ရောက်ရှိသွားကာ လှောင်ရယ်လိုက်၏။

“မိစ္ဆာဂိုဏ်းကို အရင်ဆုံး ဖျက်ဆီးလိုက်ရင် အခြေအနေက ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားလိမ့်မယ်”

“တရာမျှတမှု ဟုတ်လား”

အောင်းယွီရှောင်က ခေါင်းခါရမ်းလိုက်၏။

“လူသားဧကရာဇ်နန်းတော်အတွက် တိုက်ခိုက်တဲ့နေရာမှာ တရားမျှတမှုကို ထည့်ပြောစရာ မလိုဘူး.. နောက်ပြီး မိစ္ဆာတွေဆိုတာ ငါတို့နှိမ်နင်းပေးဖို့ သမိုင်းပေးတာဝန်ရှိတဲ့ မကောင်းဆိုးဝါးသက်ရှိတွေပဲ”

“ဆူဇီမို.. အခြေအနေက မဟန်တော့ဘူးထင်ရင်.. ခေါင်းမာမနေနဲ့နော်. ကိုယ်လွတ်သာ ရအောင်ရုန်းပြေး”

ရုတ်တရတ် နတ်ဆိုးမကျိက ဆူဇီမို၏ ခါးကို ကုတ်၍ တိုးတိုးလေး ကပ်ပြောလိုက်၏။

All Chapters