← Chapters

စတင်လာသော အိပ်မက်ဆိုး

Vol. 30 Ch. 441

စတင်လာသော အိပ်မက်ဆိုး

Vol. 30 Ch. 441

“ငါ ရုပ်ဖျက်ထားတာ ပေါ်သွားပြီလား”

ဆူဇီမိုသည် အပေါ်ယံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ ကြိတ်ပြီးတုန်လှုပ်သွား၏။

“မငြင်းစမ်းပါနဲ့.. ရှင်ဆိုတာ ကျမ သိပါတယ်”

နတ်ဆိုးမကျိက ထပ်မံတိုးကပ်၍ တီးတိုးပြောလိုက်၏။

“ရှင် ကျမကို ဖုံးကွယ်ထားလို့ မရပါဘူး.. ကျမရဲ့ ဆဋ္ဌမမြောက်အာရုံက အရမ်းထက်တာ”

“မင်းဘာတွေ ပြောနေတာလဲ ငါမသိဘူး”

ဆူဇီမိုက မှင်သေသေနှင့် ပြန်ဖြေလိုက်ပြီးနောက် သူ့အကြည့်က လူသားဧကရာဇ်နန်းတော်ဝန်းကျင်၏ အပြင်ဘက်အစပ်ရှိ လူဆယ်လေးငါးယောက်ဆီသို့ ရောက်သွား၏။

ထိုကျင့်ကြံသူများအားလုံးက ဆံပင်ဖြူဖြူနှင့် အသက်ကြီးကြီးများ ဖြစ်ကြ၏။

သူတို့၏ မျက်လုံးများက ထိုင်းမှိုင်း၍ အိုစာနေပြီဟု ထင်ရသော်လည်း သူတို့ထံမှ ကြောက်စရာကောင်းသည့် အော်ရာများက ထွက်ပေါ်နေဆဲဖြစ်၏။

သူတို့က ချိတ်ပိတ်ထားသူများပင်..

နတ်ဆိုးမကျိက ပြောလိုက်၏။

“စိတ်မပူနဲ့ ချိတ်ပိတ်ထားသူတွေက တော်တန်ရုံနဲ့ ဝင်ပါမှာ မဟုတ်ဘူး”

အင်မော်တယ်ဂိုဏ်းများနှင့် ဗုဒ္ဓကျောင်းတော်များမှ ကျင့်ကြံသူ ဆယ့်နှစ်ယောက်က နှစ်တန်းခွဲ၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူတို့၏ မျက်လုံးများက ဆူဇီမိုအပါအဝင် မိစ္ဆာဂိုဏ်းများဘက်က လူခြောက်ယောက်ကို မမှိတ်မသုန် စိုက်ကြည့်ထားကြ၏။

ဓါးဂိုဏ်းကဟန်ချိုးယွီသည် ပဒေသရာဇ်နန်းတော်က ဖန်းယွဲ့ကို ပစ်မှတ်ထားလေသည်။

မိုးခရမ်းပြာကောင်းကင်ဂိုဏ်းက အောင်းယွီရှောင်သည် ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းက မိစ္ဆာအမွေခံသူအပေါ် ပစ်မှတ်ထားလေသည်။

ပြင်းထန်သောတိုက်ပွဲက စတော့မည်ဖြစ်၏။

နှင်းပုံတောင်ကြားအင်မော်တယ်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူသည် အဖြူရောင်ဝတ်စုံနှင့် အေးစက်စက် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက အေးစက်တောင့်တင်းနေသော အော်ရာနှင့် ငွေရောင်အပ်ကလေးတစ်ခုကို ထိန်းချုပ်ပြီး အဲ့ဒါက ကာကွယ်ရေးအဆောင်များနှင့် ကိုယ်ကျပ်ချပ်ဝတ်များကို ထိုးဖောက်ရာ၌ အထူးပြုထားလေသည်။

သန့်စင်နှလုံးသားကျောင်းမှ သီလရှင်ကတော့ အေးစက်စွာနှင့် တောက်ပနေသော ဓါးရှည်တစ်လက်ကို ကိုင်စွဲထားလေသည်။

အင်မော်တယ်ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော်မှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် နတ်ဆိုးမကျိကို မမှိန်မသုန် စိုက်ကြည့်ထားကြ၏။

“ကြည့်ရတာ ငါကတော့ ဘယ်သူမှန်းမသိတဲ့လူကို ကိုင်တွယ်ပေးရတော့မယ် ထင်တယ်ဟေ့”

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ သူ့အင်္ကျီလက်စကို လှုပ်ခါလိုက်သောအခါ စိတ်ဝိညာဉ်အလင်းငါးခုနှင့် တောက်ပနေသော ဓါးပျံတစ်လက်က လေကိုဖြတ်၍ ပျံသန်းကာ ဆူဇီမို၏ ဦးခေါင်းတည့်တည့်သို့ ဦးတည်သွားလေသည်။

ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးများ ဆိုသည့်အတိုင်းပင်။ အကုန်လုံးက စွမ်းအားကြီးမားသော အခြေခံအုတ်မြစ်များနှင့် သူတို့၏ ပြိုင်စံရှားလက်ရွေးစင်များအားလုံးလိုလိုက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်များကို လက်ဝယ်ပိုင်ဆိုင်ထားကြလေသည်။

ဆူဇီမိုသည် နည်းနည်းလေးမှ ပျာယာခတ်သွားခြင်း မရှိဘဲ သူ့သို့လှောင်အိတ်ကို ပုတ်လိုက်သောအခါ သူ့လက်ထဲတွင် ဆေဘာတစ်လက်က ပေါ်လာလေသည်။

ချွင်..

သူ့ဆေဘာက တုန်ခါ၍ စိတ်ဝိညာဉ်အင်းကွက်လေးခုက တောက်ပလာ၏။

အဲ့ဒါသည် ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနယ်မြေကနေ သူရလာခဲ့သော ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဆေဘာတစ်လက် ဖြစ်လေသည်။

သူသည် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ဖို့ ရည်ရွယ်ထားသောကြောင့် သူ၏ အမှတ်သညာသင်္ကေတဖြစ်သော သွေးသောက်သူကို ထုတ်သုံးလိမ့်မည် မဟုတ်ပေ။ ထုတ်သုံးမိပါက နတ်ဆိုးမကျိနှင့် ပိုင်ယုတို့က ချက်ချင်းတန်းပြီး မှတ်မိသွားပေလိမ့်မည်။

ဆူဇီမိုသည် သွေးသောက်သူကို ထုတ်သုံးမည် မဟုတ်သော်လည်း တည်ငြိမ်ပင်လယ်ကျမ်းမှ သိုင်းကွက်ငါးကွက်ကိုတော့ ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိပေ။

အကြောင်းမှာ ကျင့်ကြံရေးလောကတွင် ထိုသိုင်းကွက်ငါးကွက်ကို တတ်မြောက်ထားသော နောက်ထပ်အရိုက်အရာဆက်ခံသူတစ်ယောက် ရှိသေးကြောင်း သူသိထားလို့ ဖြစ်လေသည်။

ဝှီး..

စိတ်ဝိညာဉ်အလင်းငါးခုနှင့် တောက်ပနေသော ဓါးပျံက လေထုကို ခွင်း၍ ဖြတ်သန်းလာ၏။ အလျှံငြီးငြီးတောက်လောင်နေသော နေတစ်စင်းလို ကြယ်တာရာချီနှင့် ပြည့်နေပြီး ထိုဓါးပျံက ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ ချက်ချင်း ရောက်ရှိလာ၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်ချီများက အရူးအမူး ရုန်းကြွကာ သူ့ဝတ်ရုံအောက်တွင် စိတ်ဝိညာဉ်မရီးဒါန်ခုနှစ်ခုက တောက်ပလာလေသည်။

“ဟက်.. လက်စသတ်က မင်းက အမှိုက်တစ်စပဲကိုး”

ဆူဇီမိုကို ကြည့်ပြီး ပိုင်ယုက မနေနိုင်တော့ဘဲ လှောင်ရယ်လိုက်၏။

အခြားသော မိစ္ဆာအမွေခံသူများသည်လည်း စိတ်ပျက်လက်ပျက်ပုံ ပေါက်သွားကြ၏။

တစ်ဖက်မှာတော့ အင်မော်တယ်နှင့် ဗုဒ္ဓဝါဒီဂိုဏ်းများမှ ပြိုင်စံရှားများသည် စိတ်အေးသက်သာ ဖြစ်သွားကြ၏။

ကျင့်ကြံရေးလောကတွင် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူများကို ရှားရှားပါးပါး ပါရမီရှင်များဟု ပြောလို့ရပြီး မဟာကျိုးအင်ပါယာမှာဆိုလျှင် သူတို့လိုလူမျိုးများက ပိုလို့တောင် ရှားပါးသေးလေသည်။

သို့သော်လည်း ယခုကဲ့သို့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ပြိုင်စံရှားလက်ရွေးစင်များချည်း ရှိနေကြချိန်တွင် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်များက အမှိုက်သာသာဖြစ်ပြီး တစ်ကယ့်တိုက်ပွဲမှာ အသက်ဆယ်ရှိုက်စာထက် ပိုခံလိမ့်မည် မဟုတ်ပေ။

အခြားသောဂိုဏ်းများမှ ကျင့်ကြံသူများသည် မရီးဒါန်ရှစ်ခု အခြေတတည်အဆင့်သို့ ရောက်နေလျှင်ပင် ထိပ်သီးဂိုဏ်းကြီးများမှ အရိုက်အရာဆက်ခံသူများနှင့် ယှဉ်လျှင် အတော်လေး အားနည်းလေသည်။ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများဆိုလျှင်တော့ ပြောနေစရာကို မလိုတော့ပေ။

မိစ္ဆာအမွေခံသူများသည် အစကတည်းက အခြေအနေက မဟန်လှသောကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေကြချိန် ဤအချင်းအရာကို မြင်သောအခါ ပို၍ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုက သူ့ခေါက်ယပ်တောင်ကို ဖြန့်၍ ဝင်ရောက်လာသော ဓါးပျံနှစ်လက်ကို ခုခံရင်း လှောင်ရယ်လိုက်၏။

“နတ်ဆိုးမကျိ.. နင်အကဲဖြတ်တာ ဒီတစ်ခါတော့ တော်တော်လေး ဆိုးသွားပြီ”

လက်ရှိပြိုင်စံရှားများကြားထဲတွင် အထင်အမြင်သေးမှုကို မပြတာ နှစ်ယောက်သာ ရှိလေသည်။

တစ်ယောက်က နတ်ဆိုးမကျိဖြစ်ပြီး အခြားတစ်ယောက်ကတော့ ကိုယ်တော်ကြွယ်ချမ်း ဖြစ်လေသည်။ ကိုယ်တော်ကြွယ်ချမ်းသည် သည့်အရင်က ဆူဇီမို၏ လက်ထဲမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ဖူး၏။

ချွမ်း..

ကျယ်လောင်စူးရှသော သတ္တုချင်းခတ်သံက လေထဲမှာ ထွက်ပေါ်လာ၏။

ဆူဇီမိုက ဝင်ရောက်လာသော ဓါးပျံနှစ်လက်ကို သူ၏ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေဘာနှင့် လွှဲခတ်လိုက်သောကြောင့် မီးပွားများက လွင့်စင်ထွက်သွား၏။ ဓါးပေါ်ရှိ ကြယ်တာရာချီက ချက်ချင်းပင် ကြေမွပျက်ပြယ်သွားလေသည်။

ဇီ..

ဓါးက မတည်မငြိမ်နှင့် တုန်ခါသွားပြီး ပြုကျတော့မည့် လက္ခဏာပြလာလေသည်။

“အမ်” “ဟင်”

ပြိုင်စံရှားအချို့၏ အမူအယာက ပြောင်းလဲကုန်ကြ၏။

“ဒါက..”

“တစ်ခုခုတော့ လွဲနေပြီ”

“ဒီလို ပေါက်ကွဲစွမ်းအား.. သတိထားကြဟေ့.. အဲ့လူက ခန္ဓာမီးဆေးကျင့်ကြံသူပဲ”

ရွှက်..

ဆူဇီမိုသည် ခြေနှစ်လှမ်းသုံးလှမ်းနှင့် နေရာကနေ ပျောက်သွားပြီး ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူရှေ့သို့ ရောက်လာ၏။ သူ့မျက်လုံးများက ထကြွလာသော သတ်ဖြတ်လိုစိတ်နှင့် တောက်ပနေပြီး သူ့လက်ထဲက ဆေဘာနှင့် အပေါ်အောက် ခုတ်ပိုင်းချလိုက်၏။

ဓါးသွားက လေဟာနယ်ကို အလွန်တရာ လျှင်မြန်စွာ ဖြတ်သန်းလာပြီး ဆေဘာထံမှ အပူလှိုင်းက ဖြာထွက်လေသည်။

“မြန်လိုက်တာ”

ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူသည် အခြေအနေက မဟန်တော့ဆိုတာကို နားလည်လိုက်ပြီး ခေါင်းမွေးများ ထောင်ထကာ သူ့ငယ်အိမ်က တင်းကျပ်သွား၏။

သူသည် အရမ်း နမော်နမဲ့ နိုင်လွန်းလေသည်။

ထိုသို့ နမော်နမဲ့ ဖြစ်သွားသည့် အခိုက်မှာပင် သူသည် စဦးအသာစီးရယူနိုင်မှုကို ဆုံးရှုံးသွားပြီး တစ်ဖက်လူက အမြတ်ထုတ်ကာ သူသည် အန္တရာယ်များသည့် အခြေအနေကို ရောက်သွားလေပြီ။

ရွှစ်..

သူသည် သိုလှောင်အိတ်ထဲကနေ ရွှေညိုရောင်ဒိုင်းကာတစ်ခုကို ဆွဲထုတ်၍ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။ အဲ့ဒါက ပြန့်ကားလာပြီး သူ့ခေါင်းပေါ်သို့ ပင့်မြှောက်ခံလိုက်၏။

ခွမ်း..

ဆေဘာက ဒိုင်းကာပေါ်သို့ ကျရောက်လာသောအခါ နောက်ထပ်ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာလေသည်။

“အက်း”

ဆူဇီမို၏ ဆေဘာက စိတ်ဝိညာဉ်အလင်းကို ဖြတ်တောက်လိုက်သလို ဒိုင်းကာပေါ်ရှိ အလင်းက မှိန်ကျသွား၏။ ခပ်အုပ်အုပ် အီသံတစ်ချက်ပြုပြီး ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူသည် မြေပေါ်သို့ ဒူးထောက်လုနီးပါး ခွေကျသွား၏။

သူက ဒိုင်းကာကို လက်တစ်ဖက်နှင့်မ၊ အခြားလက်တစ်ဖက်ကနေ လက်သီးဆုပ်၍ ကြယ်တာရာချီများကို ထုတ်ဖော်ကာ ဆူဇီမို၏ ရင်အုပ်ဆီသို့ လှံတစ်စင်းလို ပစ်သွင်းလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် သူက အင်မော်တယ်ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်သော ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူ ဖြစ်လေသည်။

လက်ရှိ သူ့အခြေအနေက မဟန်လှသော်လည်း ပြန်လည်ခုခံတိုက်ခိုက်နိုင်သေးလေသည်။

“မလုပ်နဲ့”

ရုတ်တရက် ကိုယ်တော်ကြွယ်ချမ်း၏ အသံက ထွက်လာ၏။

သို့သော်လည်း အဲ့ဒါက နောက်ကျသွားလေပြီ။

ကောင်းကင်ဇင်ယော်ဂိုဏ်၏ အရိုက်အရာဆက်ခံသူက လက်သီးနှင့် ပစ်ထိုးလိုက်သည်ကို တွေ့သောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။ သူက ဝင်ရောက်လာသော လက်သီးချက်ကို တူညီစွာပင် လက်သီးဆုပ်၍ တန်ပြန်ထိုးနှက်လိုက်၏။

ဖောင်း..

လက်သီးနှစ်လုံးက ထိတွေ့သွား၏။

ကြယ်တာရာလေက စုတ်ပြဲသွားပြီး ဒီရေများက တလိပ်လိပ်တက်လာလေသည်။

ချက်ချင်းပင် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူ၏ မျက်နှာက သွေးရောင်မဲ့သွားပြီး သူ့နဖူးမှ ချွေးသီးကြီးများက လိမ့်ဆင်းကျလာလေသည်။

ဖျောက်.. ဖျောက်.. ဗျစ်..

အရိုးကျိုးသံများက ထွက်ပေါ်လာလေသည်။

ပြိုင်စံရှားအချို့သည် အသံထွက်လာရာသို့ အလိုလို ကြည့်မိသွားပြီး သူတို့၏ အမူအယာက ပြောင်းလဲသွားကြလေသည်။

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူ၏ လက်ဝါးက မရှိတော့ဘဲ ထိုနေရာတွင် ပျော့တွဲတွဲ အသားပျော့ဖတ်ကြီးတစ်ခုက တွဲလောင်းကျနေလေသည်။

သူ့လက်တံတစ်ခုလုံးက အထူးတဆန်းပုံနှင့် တွန့်လိမ်စုတ်ပြဲသွားပြီး အရိုးများက အသားကြားထဲကနေ ပြူထွက်လာကာ တွဲလောင်းကြီးကျနေ၏။ သူ့အရိုးများပေါ်တွင် အသားစများက တိုးလို့တွဲလောင်းရှိနေပြီး ကြည့်ရသည်မှာ ကြောက်စရာကောင်းနေလေသည်။

“အား”

ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူသည် နာကျင်စွာ အော်ဟစ်၍ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ ကြောက်ရွံ့တုန်လှုပ်စွာနှင့် တဆတ်ဆတ် တုန်ယင်နေ၏။

ခုတ်ချက်နှစ်ချက်နှင့် ထိုးချက်တစ်ချက်ဖြင့် ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူက ဒုက္ခိတဖြစ်သွားလေပြီ။

လက်ရှိပြိုင်စံရှားများ တုန်လှုပ်သွားရုံသာမက.. စောင့်ကြည့်နေကြသော ချိတ်ပိတ်ထားသူများပင်လျှင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

“ခြင်္သေ့ချင်း တိုက်ခိုက်တဲ့ တိုက်ပွဲမှာ သူတို့က ခွန်အားအကုန်ကို ထုတ်ထားသင့်တယ်.. သူက သူ့ပြိုင်ဘက်ကို အထင်သေးမိမှတော့ အခုလို ဖြစ်လာတာ ဘယ်သူ့ကိုမှ သွားပြီးအပြစ်တင်လို့ မရတော့ဘူး”

“အဲ့ဒါက တစ်ကယ်ပဲ .. ပြိုင်ဘက်ကို အထင်သေးမိရုံကြောင့် ဟုတ်ပါ့မလား”

ချက်ချင်းပင် တိုက်ပွဲ၏ အခြေအနေက အလှည့်အပြောင်း ဖြစ်ပေါ်လာ၏။

တစ်ကွက်နှစ်ကွက် ဖလှယ်ရုံရှိသေးသည်.. ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူက ဆိုးဆိုးဝါးဝါး အခြေအနေသို့ ကျဆင်း၍ လက်တစ်ဖက်ဆုံးရှုံးသွားရလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြပေ။

အဲ့ဒါသည် ပြိုင်စံရှားတစ်ယောက်က လူသားဧကရာဇ်နန်းတော်အမွေအနှစ်အတွက် တိုက်ခိုက်ခွင့်ကို ဆုံးရှုံးသွားပြီး ပြိုင်ပွဲမှ နှုတ်ထွက်သွားရပြီဟု ဆိုလိုလေသည်။

အခြားသောပြိုင်စံရှားများသည် ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူကို သနားစဖွယ် ကြည့်လိုက်ကြ၏။

သူတို့ကို နှစ်ပေါင်းများစွာ ခြောက်လှန့်နေမည့် အိပ်မက်ဆိုးကြီးက အခုမှ အစပြုရုံသာ ရှိသေးသည်ကို ထိုပြိုင်စံရှားများ အခုချိန်ထိတော့ နားမလည်ကြသေးပေ။

အချိန်ကျလို့ အခြားသောသူများနှင့်ယှဉ်လျှင် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူ၏ ကံကြမ္မာက တော်သေးသည်ဟု ဆိုရပေလိမ့်မည်။

All Chapters