အတော်ဆုံးသူများတိုက်တဲ့ပွဲ
Vol. 30 Ch. 446
အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းမှ မဟာပြိုင်စံရှား သုံးယောက်က အုပ်စုဖွဲ့ပူးပေါင်း၍ လူတစ်ယောက်တည်းကို ဝိုင်းတိုက်နေကြ၏။
ဤသတင်းကသာ ကျင့်ကြံရေးလောကတွင် ပျံ့နှံ့သွားလျှင် အကုန်လုံး အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြပေတော့မည်။
“အား!”
ဆူဇီမိုက အသက်ပြင်းပြင်းရှိုက်လိုက်၍ သူ့ရင်အုပ်က မို့မောက်တက်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ထိုစဉ်မှာပင် သူ့မျိုးဆက်သွေးက ကျယ်ပြန့်လာပြီး တစ်ချိန်တည်းမှာ သုံးချက်ဆက်တိုက်ဆင့်၍ ခုတ်ပိုင်းလိုက်၏။
ခုတ်ချက် တစ်ချက်ချင်းစီမှာ သွက်သွက်ခါလောက်သော တုန်ခါလှိုင်းများက ထွက်ပေါ်လာလေသည်။
ဘုန်း! ဘုန်း! ဝုန်း!
ပထမခုတ်ချက်က ရင်သပ်ရှုမောဓါးပေါ် ကျရောက်သွားပြီး ဟန်ချိုးယွီကို နောက်လန်ထွက်သွားစေလေသည်။
ဒုတိယခုတ်ချက်က ခရမ်းပြာဓါးကို ရိုက်ခတ်လိုက်၏။ ၎င်းဓါးနှင့် ချိတ်ဆက်ထားသော အောင်းယွီရှောင်ပတ်လည်ရှိ ခရမ်းရောင်ချီများက ပြင်းထန်စွာ တုန်ခါသွားပြီး အတော်များများက ပျက်ပြယ်ကုန်လေသည်။
နောက်ဆုံးခုတ်ချက်က စိန်တောင်ဝှေးနှင့် ထိခတ်သွားပြီး ကိုယ်တော်ကြွယ်ချမ်းသည် ခပ်သဲ့သဲ့ အော်ညည်းလိုက်ရ၏။ သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်သို့ ထပ်တလဲလဲ ဆုတ်လိုက်ရလေသည်။
မဟာပြိုင်စံရှားသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ဆူဇီမိုက အကြောက်အလန့် မရှိပေ။ ထို့အစား သူ့ဆီက ထွက်ပေါ်လာသော စွမ်းအားများက ပို၍ ကြောက်စရာကောင်းလာပြီး သူ့အော်ရာက ပို၍ ပြင်းထန်လာလေသည်။ သူ့က သူ့ရှေ့မှာ ပေါ်လာသမျှ အရာရာတိုင်းကို ဖိနှိမ်နိုင်သော စွမ်းအားများရှိနေသည့်အလားပင်။
သူတို့သုံးယောက်သာလျှင်မဟုတ်၊ စောင့်ကြည့်နေကြသော ပြိုင်စံရှားများ အားလုံးသည်ပင် တုန်လှုပ်ကြောင်အသွားကြလေသည်။
နတ်ဖီးနစ်ကျွန်းက ဒီလိုမျိုး လူတစ်ယောက်ကို ဘယ်လိုများ ဖန်တီးလိုက်ပါလိမ့်။
သူသည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်မှာကတည်းက ဒီလောက်ကြီးမားသည့် ခွန်အားကို ပိုင်ဆိုင်နေလျှင် မရီးဒါန်ရှစ်ခုအဆင့် ရောက်ပြီးပါက ဘယ်သူကများ သူ့ကို တားဆီးနိုင်ပါဦးမည်နည်း။
နတ်ဖီးကျွန်းက သူ့ကို ရှေးဟောင်းတိုက်ပွဲမြေသို့ တစ်ယောက်တည်း စေလွှတ်ရဲသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဒီလိုမျိုး အရိုက်အရာဆက်ခံသူ တစ်ယောက်က ရပ်တန့်လို့မရသော သက်ရှိတစ်ဦး ဖြစ်လာပေလိမ့်မည်။ ဆိုးဆိုးရွားရွား မှားယွင်းလွဲချော်တာမျိုး ရှိမလာခဲ့လျှင် ဒီလူက နောက်အနာဂတ်မှာ ဧကရာဇ်ဘွဲ့ကို သေချာပေါက် ပိုင်ဆိုင်လာပေလိမ့်မည်။
များစွာသော ပြိုင်စံရှားများ၏ အတွေးမဆုံးသေးခင်မှာပင် ဆူဇီမို၏ နောက်ထပ်ပြောလိုက်သောစကားက လူတိုင်း၏ ရင်ကို ကြီးကြီးမားမား လှုပ်ခတ်သွားစေခဲ့လေသည်။
မဟာပြိုင်စံရှားသုံးယောက်ကို ဆက်တိုက်ခုတ်ချက် သုံးချက်ဖြင့် နောက်လန်သွားအောင် ဖိအားပေးပြီးနောက် သူ့အော်ရာက တစ်ဟုန်ထိုး တက်လာပြီး မိုးကြိုးကဲ့သို့ သူ့အကြည့်က ပြိုင်စံရှားပေါ်သို့ ဖြတ်သန်းကျရောက်သွား၏။
ဒီနေရာမှာ လူသားဧကရာဇ်နန်းတော်အတွက် ရှိနေကြသူတိုင်းသည် ထိပ်သီးဂိုဏ်းကြီး၏ လက်ရွေးစင်များ ဖြစ်ကြပြီး အတ္တမာန နှင့် ပလွှားမှုများ ကိုယ်စီရှိကြလေသည်။ ဆူဇီမိုက အလွန်တရာ သန်မာပြီး ထိန်းမနိုင်သိမ်းမနိုင်သည့် နည်းစနစ်များ ရှိနေသည်ဟု သူတို့ ထင်မိကြလျှင်တောင် သူတို့သည် နဖူးတွေ့ဒူးတွေ့ တိုက်မကြည့်ဘဲနှင့်တော့ ဒီအတိုင်း အရှုံးပေးလိုက်ကြမည် မဟုတ်ပေ။
ပြိုင်စံရှားအားလုံးသည် အဲ့ဒါကို စမ်းသပ်ကြည့်ချင်စိတ်ဘရှိကြလေသည်။
“အေး အေး ကောင်းတယ် ကောင်းတယ်!”
ဆူဇီမိုက ခေါင်းတဆတ်ဆတ်ညိတ်ရင်း သူ့မျိုးဆက်သွေးများက ရုန်းကန်ထွက်ပေါ်လာနေ၏။ သူ့အရိုးနှင့် အရွတ်များမှ အသံဗလံများက ထွက်ပေါ်လာပြီး သူက ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
“ကဲ ကဲ အချိန်တွေ ကြာတယ်ကွာ၊ တစ်ခါထဲ ကိစ္စပြတ်သွားအောင် မင်းတို့အကုန်လုံး အတူပေါင်းလာခဲ့ လာ! အရိုက်ခံရမှ အမှတ်ရှိမယ့်ကောင်တွေ!”
ဆူဇီမို၏ အသံက ဧရာမခေါင်းလောင်းထိုးသံကြီးလို လူတိုင်း၏ စိတ်အာရုံထဲမှာ အတန်ကြာသည့်အထိ မြည်ဟည်းနေသွားလေသည်။
ထိုသို့ သူပြောလိုက်ချိန်တွင် လက်ရှိလူအကုန် တုန်လှုပ်သွားကြလေသည်။
ဒါက ဘာကို ပြောချင်တာလဲ။
အင်မော်တယ်နဲ့ ဗုဒ္ဓဝါဒီဂိုဏ်းက ပြိုင်စံရှားတွေ အကုန်လုံးကို သူတစ်ယောက်တည်းနဲ့ ရင်ဆိုင်တိုက်ခိုက်မယိလို့ ဆိုလိုလိုက်တာ မဟုတ်ဘူးလား!”
သူ့၏ မာနနှင့် သတ္တိမျိုးက သမိုင်းတစ်လျှောက်မှာတောင် လွန်စာ ရှာမှရှားဖြစ်ပြီး ဧကရာဇ်များနှင့်တောင် နှိုင်းယှဉ်လို့ ရလေသည်။
ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့က တည့်တံ့လေးနက်စွာ ရေရွတ်လိုက်၏။
“အရူးဓါးသွားဆိုတဲ့ သူ့နာမည်က အလကားသက်သက် ရလာတာ မဟုတ်ဘူးပဲ.. သူက တစ်ကယ်ကို ရူးလောက်အောင် မိုက်ရဲတာပဲ!”
ထိုအချိန်တွင် သူက ထိုလူထက် သတ္တိဗျတ္တိနှင့် မိုက်ရဲသည့်နေရာမှာ နိမ့်ကျသေးကြောင်း ဖန်းယွဲ့ပင်လျှင် ၀န်ခံလိုက်ရလေသည်။
တိုက်ပွဲရလဒ်က ဘယ်လိုပဲ ဖြစ်လာပါစေ.. သူသာဆိုလျှင် ထိုသို့ စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။
သူသာလျှင်မဟုတ်၊ ဟန်ချိုးယွီနှင့် အောင်းယွီရှောင်းတို့ အပါအ၀င် မညိသည့်ပြိုင်စံရှားမှ ထိုသို့ ပြောဆိုစိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။
အဲ့ဒါက အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများအပေါ် လုံး၀ မထီမဲ့မြင် ဂရုမစိုက်သည့်သဘောပင်!
“သံမဏိတောင် အရမ်းမာထန်လွန်းရင် ကျိုးပဲ့တတ်တယ်တဲ့.. ဒီလူက သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးလို စိတ်ကြီး၀င်နေတာပဲ!”
တိမ်လွှာမိုးစက်ဂိုဏ်းက ရှန့်ကွမ်ယုက လှောင်ရယ်လိုက်၏။
“မင်းကိုယ်မင်း အခြေတည်အဆင့်တစ်ယောက်ဆိုတာလဲ သတိရဦး! ဒီအရူးဓါးသွားက အင်မော်နဲ့ဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းတွေက ပြိုင်စံရှားတွေ အကုန်လုံး သူတစ်ယောက်ထဲနဲ့ ဖိနှိမ်နိုင်မယ်လို့ ငါတော့ မယုံဘူးကွာ!”
“အမှန်ပေါ့”
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာအမွေခံသူက သဘောတူ ခေါင်းညိတ်လိုက်၏။
“ဟန်ချိုးယွီနဲ့ တခြားသူတွေ အိတ်ကပ်ထဲမှာ ဝှက်ဖဲတွေ သေချာပေါက် ရှိဦးမှာပဲ.. ပြိုင်စံရှားတွေ အကုန်လုံးကသာ သူတို့ရှိသမျှ အစွမ်းကုန်ထုတ် သဲမဲပြီး တိုက်ကြမယ်ဆိုရင် အဲ့လူက သေမှာပဲ”
. . .
တိုက်ပွဲမြေတွင်..
နှင်းပုံတောင်ကြားမှ လင်းဟန်က ရှေ့သို့ အရင်တက်သွားပြီး သူမက အေးခဲနေသော အမူအယာနှင့် အေးစက်စက် ကြေညာလိုက်လေသည်။
“နင်က စောစောက နှင်းပုံတောင်ကြားက လျှို့ဝှက်ပညာရပ်ကို အထင်သေးနေတာမလား.. ငါ နင့်ကို ထပ်ပြီးတော့ မြည်းစမ်းကြည်ခိုင်းရမှာပေါ့”
“ဒီလိုသာဆို ကစင့်ကလျားအမြုတေဂိုဏ်းက ကျုပ် ချန်ယီကျီကလဲ နတ်ဖီးကျွန်းရဲ့ ထူးခြားတဲ့အကွက်တွေကို ကြည့်ပေးရသေးတာပေါ့”
ဟန်ချိုးယွီ၊ အခြားသူများနှင့်အတူ နောက်ထပ် ပြိုင်စံရှားတစ်ယောက်က အတူလိုက်ပါရပ်လိုက်၏။
ထိုအချိန်မှာပင် နောက်ထပ်ပြိုင်စံရှားတစ်ယောက်ကလည်း ရှေ့သို့ ခုန်တက်လာပြီး ပြောလိုက်လေသည်။
“ကျုပ် မိုးကြိုးလေပြေဂိုဏ်းက ....”
“တော်စမ်းပါကွာ”
ဆူဇီမိုက လက်ကာ၍ စိတ်မရှည်နိုင်တော့စွာ ဖြတ်အော်လိုက်လေသည်။
“မင်းတို့ တိုက်ခိုက်ချင်တာ မဟုတ်ဘူးလေ.. လာတိုက်လေ.. မင်းတို့ သောက်ကြောင်းတွေ ငါစိတ်မဝင်စားဘူး”
“မင်း...”
ဖြတ်အော်ခံလိုက်ရသည့်အတွက် မိုးကြိုးလေပြေဂိုဏ်းမှ အရိုက်အရာဆက်ခံသူ၏ မျက်နှာက မည်းမှောင်သွားပြီး ဒေါသဖြင့် အံကိုကြိတ်လိုက်လေသည်။
တစ်ခဏအတွင်းမှာပင် ဟန်ချိုးယွီတို့ သုံးယောက်အုပ်စု၊ နှင်းပုံတောင်ကြားကလင်းဟန်၊ ကစင်ကလျားအမြုတေဂိုဏ်က ချန်ယီကျီ၊ မိုးကြိုးလေပြေဂိုဏ်းက အရိုက်အရာဆက်ခံသူ၊ ရှင်းသန့်လေပြေနန်းတော်က အရိုက်အရာဆက်ခံသူ၊ ပုံသဏ္ဌာန်မဲ့ကျောင်းနှင့် ပညာဉာဏ်လင်းကျောင်းတော်က ကိုယ်တော်တို့သည် တိုက်ပွဲထဲသို့ ဝင်ရောက်လာကြလေသည်။
ပြိုင်စံရှားသုံးယောက်သည် စိမ်းသက်သောအမူအယာနှင့် ဖြည်းဖြည်းချင်း ရွေ့လျား၍ ဆူဇီမိုကို အလယ်မှာထားကာ ဝိုင်းပတ်လိုက်ကြလေသည်။
ထိုသည်ကိုကြည့်ပြီး နတ်ဆိုးမကျိသည် ချက်ချင်းပင် အထိတ်တလန့် ဖြစ်လာလေသည်။ သူမ၏ ဘေးပတ်လည်က မိစ္ဆာအမွေခံသူများကို ကြည့်ပြီး သူမက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ရှင်တို့တွေ ဒီအတိုင်းပဲ ရပ်ကြည့်နေကြဦးမှာလား.. အရူးဓါးသွားသာ ရှုံးသွားရင် အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းက အရိုက်အရာဆက်ခံသူတွေက ကျမတို့ဘက်ကို လှည့်လာကြမှာပဲ.. အဲ့အချိန်ကျရင် ကျမတို့က အရေးနိမ့်နေတုန်းပဲ”
“ဟဲဟဲ အဲ့ဒါက သူ့ကိုယ်တိုင် တောင်းဆိုလိုက်တာပဲလေ”
တိမ်လွှာမိုးစက်ဂိုဏ်းက ရှန့်ကွမ်ယုက ရယ်မောလိုက်၏။
“နောက်ပြီး ဘယ်သူက ပြောနိုင်မှာလဲ.. နတ်ဖီးနစ်ကျွန်းက တာအိုရောင်းရင်းက ပြိုင်စံရှားကိုးဦးကို တစ်ယောက်ထဲနဲ့ ချေမှုန်းပြီးတော့ တိုက်ပွဲတစ်ပွဲထဲနဲ့ ကမ္ဘာကျော်ရင် ကျော်သွားမှာပေါ့”
ဖန်းယွဲ့နှင့် အခြားသူများက တည်ငြိမ် နှုတ်ဆိတ်နေကြ၏။ သူတို့သည် ဝင်ပါဖို့ စိတ်ကူး မရှိသည်မှာ သိသာလေသည်။
အခြေအနေသည် ဘယ်ဘက်က အလေးသာသွားမလဲ သေချာမသိရသေးဘဲနှင့် သူတို့သည် ဝင်ပါစရာ အကြောင်းမရှိပေ။
အထွတ်အထိပ်ဂိုဏ်းမှ ပိုင်ယု၏ မျက်နှာအမူအယာက ကောက်ကျစ်တော့မည်ပုံ ပေါက်လာလေသည်။ ရုတ်တရက် သူက မရေမရာပုံစံနှင့် ဝင်ပြောလိုက်၏။
“ငါ ဝင်ပါမိရင်တော့ ဘယ်ဘက်ကနေ ရပ်တည်မိမလဲ ငါ့ကိုယ်ငါတောင် အာမ မခံနိုင်ဘူး”
တိုက်ပွဲက စနေပြီဖြစ်တာကြောင့် နတ်ဆိုးမကျိသည် ပိုင်ယုစကား၏ နောက်ကွယ်က လေးနက်သည့် အဓိပ္ပါယ်ကို အာရုံမစိုက်နိုင်တော့ပေ။
“ကဲ အဲ့လောက်ထိ တက်ကြွနေကြမှတော့ ငါလဲ ဝင်ပါရတော့မှာပေါ့”
နတ်ဆိုးမကျိက ဣန္ဒြေတုနှင့် ဟက်ကနဲ တစ်ချက်ရယ်ပြီး တိုက်ပွဲမြေထဲ ဝင်ရောက်လိုက်၏။
သူမ၏ ခွန်အားအရ အများဆုံး သူမ တတ်နိုင်သည်မှာ ပြိုင်စံရှားတစ်ယောက်ကို ဟန့်တား၍ ဆူဇီမို၏ ဝန်ထုပ်ဝန်ပိုးအချို့ကို ဖဲ့ယူရုံသာ ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် သူက ပြိုင်စံရှားရှစ်ယောက်ကို သူ့ဘာသာသူ ရင်ဆိုင်ရပေဦးမည်။
နှင်းပုံတောင်ကြားမှ လင်းဟန်က မျက်မှောင်ကြုတ်၍ တိုက်ပွဲထဲက ခွဲထွက်လိုက်ကာ နတ်ဆိုးမကျိနှင့် ရင်ဆိုင်လိုက်လေသည်။ အလှပဂေးမလေးနှစ်ဦးက တိုက်ပွဲ၏ ထောင့်တစ်နေရာသို့ ရွေ့လျားသွားကြပြီး ကြော့ရှင်းသပ်ရပ်စွာနှင့် ရင်သပ်ရှုမောဖွယ် တိုက်ခိုက်လိုက်ကြ၏။
သူတို့သည် ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်မိကြခြင်း ဖြစ်သော်လည်း ပြိုင်စံရှားရှစ်ဦး၏ ပူးပေါင်းလှုပ်ရှားမှုက အတော်လေး အချိတ်အဆက် မိနေလေသည်။
ဓါးဂိုဏ်း၏ ဟန်ချိုးယွီနှင့် စိန်ကျောင်း၏ ကိုယ်တော်ကြွယ်ချမ်းတို့က အတူလက်တွဲ၍ ဆူဇီမိုကို အနီးကပ် ဝင်လုံးလိုက်ကြ၏။
အခြားသော ပြိုင်စံရှားခြောက်ဦးကတော့ ဆူဇီမိုနှင့် အကွာအဝေးတစ်ခု ခွာထားပြီး စိတ်ဝိညာဉ်လက်နက်များကို အသုံးပြု၊ စိတ်ဝိညာဉ်တိုက်ကွက်များကို ထုတ်ဖော်ကာ ခပ်လှမ်းလှမ်းကနေ တိုက်ခိုက်လိုက်ကြလေသည်။ စိတ်ဝိညာဉ်အလင်းများနှင့် ဓါးချီများက ကောင်းကင်တစ်ခွင်မှာ ကူးလူးယှက်ဖြာ၍ ပြည့်နှက်သွားလေသည်။
ဘုန်း.. ဘုန်း..
ဆူဇီမိုက နှစ်ဆက်ဆင့်ခုတ်၍ ရင်သပ်ရှုမောဓါးနှင့် စိန်တောင်ဝှေးတို့နှင့် ပြင်းထန်စွာ ထိခတ်စေလိုက်လေသည်။
ဟန်ချိုးယွီနှင့် ကိုယ်တော်ကြွယ်ချမ်းတို့သည် တသိမ့်သိမ့် တုန်သွားကြပြီး နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရလေသည်။
ဆူဇီမိုက ထိုထိတွေ့မှုမှ တန်ပြန်ကန်အားကို သုံး၍ မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်ကာ နောက်သို့ ခုန်ထွက်လိုက်လေသည်။ သူ့ခန္ဓာကိုယ်က မြေပြင်မှာ ဝပ်ဆင်းသွားပြီး များစွာသော စိတ်ဝိညာဉ်လက်နက်များနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်နိုင်လေသည်။
သူ့ထံသို့ ချဉ်းကပ်လာသော ဆူဇီမိုကိုကြည့်ပြီး အောင်းယွီရှောင်က တည်ငြိမ်နေဆဲဖြစ်၏။ သူ့က ဓါးပျံကို စီးနင်း၍ နောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်လေသည်။
ကစင်ကလျားအမြုတေဂိုဏ်းမှ ချန်ယီကျီ၏ မျက်လုံးများက တောက်ပစွာ တဖျပ်ဖျပ်ဖြစ်သွား၏။
“အဲ့လူရဲ့ သွေးက ဆူနာမီအဆင့်ကို ရောက်နေပြီ.. သူ့ကိုယ်ကာယနဲ့ အနီးကပ်တိုက်ခိုက်အားက အရမ်းကြောက်ဖို့ ကောင်းနေပြီ.. အားလုံးပဲ သူနဲ့ ထိပ်တိုက်ဆိုင်တိုက်စရာ မလိုဘူး.. ကျုပ်တို့သူနဲ့ အကွာအဝေးတစ်ခုပဲ ခွာထား.. ကျုပ်တို့ သူ့ကို သေချာပေါက် ခြေကုန်လက်ပန်းကျသွားအောင် လုပ်လို့ရတယ်”
ပြိုင်စံရှားများသည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း တစ်ယောက်ကိုတစ်ယောက် ထောက်ကူလိုက်ကြ၏။ သူတို့ဘက်မှာ ရှစ်ယောက်တောင် ရှိနေတာကြောင့် သူတို့သည် ဆူဇီမိုကို အနားကပ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်ဆီသို့ ချဉ်းကပ်လိုက်သည်နှင့် အခြားသူများက သူ့ကို ရှေ့သို့ ဆက်တက်လို့ မရအောင် ဝိုင်းပြီးတိုက်ခိုက်ကြလိမ့်မည် ဖြစ်လေသည်။
ဟန်ချိုးယွီနှင့် ကိုယ်တော်ကြွယ်ချမ်းတို့ နှစ်ယောက်ကတော့ ဆူဇီမိုနောက်သို့ ထပ်ကြပ်မကွာလိုက်၍ ဖိအားပေးနေကြ၏။
တိုက်ပွဲမြေရှိ စိတ်ဝိညာဉ်ချီများက ဆူပွက်နေလေပြီ။
ပြိုင်စံရှားရှစ်ဦးသည် အတူပူးပေါင်း၍ သူတို့၏ ပုံရိပ်များက ကူးလူးယှက်ဖြာသွားပြီး ထပ်ကာထပ်ကာ တည်နေရာရွှေ့ပြောင်းနေကြရင်း ဆူဇီမိုကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရအောင် ချုပ်ထားကြ၏။
ထိုသို့ဆိုလျှင်တောင် သူတို့ရှစ်ယောက်ထံမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုလှိုင်းများက ဆူဇီမို၏ ခံစစ်ကို မထိုးဖောက်နိုင်သေးပေ။ သူက ဆေဘာတစ်လက်နှင့် အကုန်လုံးကို ပိတ်ကာ ရိုက်ထုတ်ပစ်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ ပြိုင်စံရှားရှစ်ဦးသည် သတိထားထိတ်လန့်ကြလာကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များက သိပ်သည်းစုဖွဲ့လာကြ၏။
သူတို့သာ ဆူဇီမို၏ နေရာမှာဆိုလျှင် ဒီလိုများ တိုက်ခိုက်မှုများ အကြား၌ အသက်ဆယ်ရှိုက်စာထက် ပိုခံနိုင်မည် မဟုတ်ကြောင်း သူတို့စိတ်ထဲကနေ ဝန်ခံလိုက်ကြရလေသည်။
သူတို့သည် တိုက်ခိုက်မှုအားလုံးကို ခုခံကာကွယ်နိုင်လျှင်တောင် အဲ့ဒါက သူတို့၏ ခွန်အားကို များစွာကုန်ဆုံး ယုတ်လျော့စေလိမ့်ပေမည်။
ရွှေအမြုတေများတောင်မှ အဲ့ဒါကို တောက်လျှောက်ရင်ဆိုင်နေဖို့ လုံလောက်သည့်သက်လုံအား ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အခုဆို တိုက်ခိုက်ချိန်က ၁၅မိနစ်ကို ကျော်လာခဲ့ပြီ ဖြစ်လေသည်။
နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူက ပင်ပန်းနွမ်းလျလာမှု မရှိရုံသာမက.. သူ့မျက်လုံးထဲမှ တိုက်ပွဲဝင်စိတ်က ပိုမိုသိပ်သည်းလာပြီး သူ့အကြည့်က ပိုမိုတောက်ပလာလေသည်။ သူ့အော်ရာတစ်ခုလုံးကလည်း ဆက်တိုက်မြင့်တက်လာနေ၏။
သည်အတိုင်းသာ ဆက်သွားနေလျှင် ရလဒ်ကို ကြိုတင်တွက်ဆလို့ ရတော့မည် မဟုတ်ပေ။