← Chapters

ဒေါသူပုန်ထလာသောဒီရေ၊ ခပ်ဖျော့ဆဖျာ့ သတ်ဖြတ်လိုစိတ်

Vol. 30 Ch. 447

ဒေါသူပုန်ထလာသောဒီရေ၊ ခပ်ဖျော့ဆဖျာ့ သတ်ဖြတ်လိုစိတ်

Vol. 30 Ch. 447

အဲ့ဒါက တစ်ကယ့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲ ဖြစ်လေသည်။

တိုက်ပွဲမြေတွင် ကောင်းကင်တစ်ခွင် စိတ်ဝိညာဉ်အလင်းများက ပြည့်နေပြီး ဓါးချီများက ဆေဘာအလင်းနှင့် ရောယှက်၍ စိတ်ဝိညာဉ်စွမ်းအင်များက ကျယ်လောင်စွာ ထကြွပေါက်ကွဲလာလေသည်။

လူသားဧကရာဇ်နန်းတော်အောက်ရှိ တိုက်ပွဲကို ခပ်လှမ်းလှမ်း ‌စောင့်ကြည့်နေကြသော အတော်အတန် သတ္တိကောင်းသည့် ကျင့်ကြံသူအချို့ ရှိနေသေးလေသည်။

သူတို့သည် အတော်အတန် လှမ်းလှမ်းမှာ ရှိနေကြသောကြောင့် ပြိုင်စံရှားများ၏ ရုပ်ရည်သွင်ပြင်ကို သေချာခွဲခြား၍ မမြင်နိုင်ကြပေ။

သို့သော်လည်း ထူးဆန်းစွာ အားလုံးနှင့် ဆန့်ကျင်တိုက်ခိုက်နေသော စွမ်းအားကြီးမားသည့် လူတစ်ယောက်ကိုတော့ သူတို့ မြင်နေကြရလေသည်။ သူသည် ပြိုင်စံရှားရှစ်ယောက်၏ ဝိုင်းပတ်ဝိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရသော်လည်း သူက နည်းနည်းလေးမှ ကြောက်လန့်မနေပေ။

သည့်အရင်က ဓါးဂိုဏ်း၏ ဟန်ချိုးယွီနှင့် မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ အောင်းယွီရှောင်တို့သည် ဘယ်လိုပဲ နာမည်ကြီးခဲ့ပါစေ၊ ဘယ်လိုပဲ တောက်ပခဲ့ပါစေ.. ယခုအချိန် နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူနှင့် ရင်ဆိုင်အတွေ့တွင် သူတို့က မှိန်ဖျော့သွား‌ကြလေသည်။

ထိုသူကမှ တစ်ကယ်ပြိုင်စံရှားပင်!

ဘုန်း ဖုန်း ဖုန်း! ဝုန်း!

ထိတွေ့ရိုက်ခတ်ပစ်‌ဆောင့်သံများက တိုက်ပွဲထဲမှ ဆက်တိုက်ထွက်ပေါ်လာလေသည်။

ရှစ်ယောက်-တစ်ယောက် တိုက်ခိုက်နေရသော တိုက်ပွဲဖြစ်သော်လည်း ဆူဇီမိုသည် ကြာလေ‌ကြာလေ ပိုမိုကြမ်းတမ်း ပြင်းထန်လာလေဖြစ်၏။ ပြိုင်စံရှားရှစ်ယောက်၏ ဝိုင်း၀န်းတိုက်ခိုက်ခြင်းကို ခံနေရသော်လည်း သူ့ဘက်က အရေးနိမ့်ခြင်း မရှိပေ။

သူက အင်မော်တယ်ကျင့်ကြံခြင်း‌နှင့် သားရဲကျင့်ကြံခြင်းကို ကျင့်ကြံသည့်အပြင် ဒဏ္ဍာရီလာ ဆူနာမီသွေးအဆင့်ထိရောက်အောင်ပါ ကျင့်ကြံထားနိုင်သောကြောင့် သူက ကိုယ်ကာယက အရမ်းသန်မာ၍ ကြောက်စရာကောင်းလောက်သည့် သက်လုံအားကို ပိုင်ဆိုင်ထားလေသည်။ သူသည် အခြေတည်အဆင့်မှာဆို ဘယ်လိုသန်မာသည့် ရန်သူကိုမဆို အမှောက်သိပ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို မဆိုထားနှင့် လူသားဧကရာဇ်နန်းတော်၏ အပြင်ဘက်အစပ်ကနေ ကြည့်နေကြသော ချိတ်ပိတ်ထားသူများပင်လျှင် ကြောင်အကုန်ကြ၏။

သူက အရမ်းကို သန်မာလွန်းလေသည်။

ဆူဇီမို၏ ခွန်အားက ကြောက်စရာကောင်းလှသည့်အပြင် သူ၏ သက်လုံအားကလည်း အသူရာချောက်နက်ကြီးကဲ့သို့ အဆုံးမရှိပေ။

ထိုအချက်က အလွန်အမင်းကို ကြောက်ဖို့ကောင်းလေသည်။

နတ်ဖီးနစ်ကျွန်းက ဒီလိုပြိုင်ဘက်ကင်း ပါရမီအလားအလာနှင့် မွန်းစတားတစ်ကောင်ကို ဘယ်လိုများ မွေးထုတ်ပေးလိုက်ပါလိမ့်။

ချိတ်ပိတ်ထားသူများက မှင်သေသေနှင့်ပင် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့အားလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ဖြတ်ပြေးသွားသော သတ်ဖြတ်လိုစိတ်ကို ဖမ်းမိလိုက်ကြလေသည်။

ဒီလူက အခုလို ငယ်ရွယ်စဉ်ကတည်းက ပြိုင်ဘက်ကင်းအော်ရာနှင့် ကြောက်စရာကောင်းလွန်းနေမှတော့ နောက်အနာဂတ်မှာ သူ့ကို ဘယ်သူကများ ရပ်တန့်နိုင်ပါဦးမည်နည်း။

သူတိူ့သည် ဤပါရမီရှင်လေးကို သတ်ဖြတ်ရပေမည်။

ထိုအခိုက်အတန့်၌ ချိတ်ပိတ်ထားသူများ အားလုံးထံတွင် တူညီသော စိတ်ကူးက ဖြစ်ပေါ်လာလေသည်။

သို့သော်လည်း သူတို့အားလုံးက ချိတ်ပိတ်ထားသူများဖြစ်ပြီး တိုက်ခိုက်မှုပြုပြီးသည်နှင့် သူတို့က သေရပေမည်။ သူတို့သည် ရွေးချယ်စရာ လုံးလုံးမရှိတော့သည့် အခြေအနေသို့ မရောက်မချင်း တိုက်ခိုက်မှုကို အရမ်းကာရော စတင်ကြလိမ့်မည် မဟုတ်ပေ။

...

တိုက်ပွဲမြေတွင်..

ပြိုင်စံရှားရှစ်ယောက်သည် ယခင်ကကဲ့သို့ ပေါ့ပါးဖျတ်လတ်မှု မရှိကြတော့ပေ။

ကိုယ်တော်ကြွယ်ချမ်းသည် အစကတည်းက ဒဏ်ရာအသေးများ ရရှိထားပြီးဖြစ်၏။ ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင် အားပြိုင်ပြီးနောက် သူ၏ အတွင်းဒဏ်ရာများက ထပ်မံဟပြဲလာပြီး မျက်စိမျက်နှာ ပျက်လာလေသည်။ သူသည် ပင့်သက်ကို လုပြီး ရှူလိုက်သောအခါ ခပ်ဖျော့ဖျော့ သွေးရနံ့ကပင် ပါလာလေသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက ‌ဗြောင်းဆန်ကုန်လေပြီ။

ဆူဇီမိုကတော့ မာန်တပြင်းပြင်း သတ်ဖြတ်လိုစိတ်နှင့် လှုပ်ရှားတက်ကြွမြဲ ဖြစ်လေသည်။

တိုက်ပွဲက ဒီအတိုင်းသာ ဆက်သွားနေလျှင် ဆူဇီမိုက မောပန်းမလာခင် သူ့ကိုယ်တွင်းအင်္ဂါများက စုတ်‌ပြဲပေါက်ထွက်၍ သူက အရင် ‌သေရပေတော့မည်။

အခြား‌‌သော ပြိုင်စံရှားများသည်လည်း စတင်ပြီး ဖြူဖတ်ဖြူရော်ဖြစ်၍ မောပန်းလာကြလေပြီ။

ရုတ်တရတ် ဓါးဂိုဏ်းမှ ဟန်ချိုးယွီက ရုတ်တရက် အော်ပြောလိုက်၏။

“မိစ္ဆာဂိုဏ်းက တာအိုရောင်းရင်းတို့.. လူသားဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်က တစ်ယောက်ပဲ ရနိုင်မှာနော်။ အခု ဒီလူက ဘယ်လောက်တောင် သန်မာလဲ ခင်ဗျားတို့လဲ မြင်နေတာပဲ။ ခင်ဗျားတို့‌တွေ အခုနေ စပြီး မတိုက်ကြသေးဘူးဆို ကျုပ်တို့ကျရှူံးပြီးတာနဲ့ ခင်ဗျားတို့လဲ နှိမ်နင်းခံရမှာပဲ!”

ထိုစကားကို ကြားရသောအခါ ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် တုန်လှုပ်ကြောင်အကုန်ကြ၏။

ထိုတိုက်ပွဲတွင် မိစ္ဆာအမွေခံသူများပါ ၀င်ပါလာပါက သူတို့သည် သူတို့နှင့် ကျင့်ကြံမှုအဆင့်တူမှာရှိသော ကျင့်ကြံသူတစ်ယောက်တည်းကို အင်မော်တယ်၊ ဗုဒ္ဓဝါဒီနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများက အတူပူးပေါင်း၍ ဝိုင်းတိုက်ကြသလို ဖြစ်မနေဘူးလား။

ရှေးဟောင်းခေတ်က ဧကရာဇ်များပင်လျှင် ထိုသို့ပြုမူဆက်ဆံခြင်း ခံခဲ့ရပါ့မလား။

မိစ္ဆာအမွေခံသူအချို့က ဇဝေဇဝါ ဖြစ်ကုန်ကြ၏။

သို့သော်လည်း စဉ်းစားကြည့်လျှင် ဟန်ချိုးယွီ၏ စကားများက အဓိပ္ပါယ်ရှိလေသည်။

အင်မော်တယ်နှင့် ဗုဒ္ဓဝါဒီဂိုဏ်းများမှ ပြိုင်စံရှားများ ကျသွားပြီဆိုလျှင် သူတို့ထဲမှ ဘယ်သူကများ ထိုပုဂ္ဂိုလ်ကို ယှဉ်နိုင်ပါဦးမည်နည်း။

ထိုအခါ ထိုသူကသာ လူသားဧကရာဇ်နန်းတော်၏ အမွေအနှစ်ကို ရယူသွားဖို့ များလေသည်။

ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့သည် အစကတည်းက တိုက်ခိုက်ရတာကို သဘောကျနှစ်ခြိုက်သူ ဖြစ်လေသည်။ ဆူဇီမိုလိုမျိုး သန်မာအားကောင်းသည့်သူကို မြင်တွေ့ရချိန်တွင် သူသည် တိုက်လိုခိုက်လိုစိတ်များ တဖွားဖွားနှင့် တိုက်ပွဲထဲမှာ ၀င်ပါချင်နေမိလေသည်။

ထိုသို့အတွေးများနှင့် မိစ္ဆာအ‌‌မွေခံသူအချို့သည် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ သို့သော် တုံ့ဆိုင်းနေကြဆဲဖြစ်၏။

သူတို့ထဲမှာမှ ဆုံးဖြတ်ချက် ချပြီးသော လူတစ်ယောက်တော့ ရှိနေလေသည်။

သူကတော့ အထွတ်အထိပ်ဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူ ပိုင်ယု ဖြစ်လေသည်။

နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူက အစိမ်းရောင်၀တ်ကျင့်ကြံသူနှင့် တစ်နည်းတစ်ဖုံ ပတ်သတ်ဆက်နွယ်မှု ရှိနေရမည်ဟု သူခံစားမိနေလေသည်။

ရုတ်တရက် တိုက်ပွဲမြေမှ ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာလေသည်။

“ဒေါမာန်ပြင်းထန် ဒီရေ!”

သူ့စကားသံနောက်ကနေ ကြီးမားသော ဒီရေလှိုင်းများက ကြောက်စရာကောင်းလောက်သည့် ပုံစံနှင့် ကမ်းခြေကို ရိုက်ခတ်လိုက်သည့်အလား ဝုန်းကနဲ မြည်သံကြီးက ကပ်ပါထွက်ပေါ်လာလေသည်။

တိုက်ပွဲမြေ၏ အလယ်တွင် ဆူဇီမိုသည် ဆေဘာကြီးကို ကိုင်စွဲ၍ လေထဲမှာ စက်ဝိုင်းပုံစံ လှည့်နေ၏။ သူ့ဆေဘာ ဖြတ်သန်းသွားရာ နေရာတိုင်းမှ ကြီး‌မားသည့် ဒီရေလှိုင်းကြီးများက ဖြစ်ပေါ်လာသည်ဟု ထင်ရပြီး အဲ့ဒါက ပြိုင်စံရှားရှစ်ယောက်ဆီသို့ ဒေါမာန်အဟုန် ပြင်းထန်စွာနှင့် တလိပ်လိပ် တက်လာလေသည်။

ဆေဘာအား!

ပြိုင်စံရှားရှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှ အံ့မခန်းဖိအားက သက်ရောက်လာပြီး အဲ့ဒါက နောက်ဆုံး ဆူဇီမိုကို တည်ငြိမ်ပင်လယ်ကျမ်း၏ ဒေါသဒီရေကို နားလည်သဘောပေါက်ဖို့ ဖြစ်လာစေခဲ့လေသည်။

တစ်ဦးချင်း တိုက်ခိုက်ရာ၌ တန်ပြန်စီးကြောင်းက အမာကြောဆုံး ဆေဘာနည်းစနစ် ဖြစ်လေသည်။

သို့သော် အဘက်ဘက်မှ တိုက်ခိုက်နေ‌သော ရန်သူများနှင့် ရင်ဆိုင်ရာတွင် ဒေါသဒီရေက အသင့်တော်ဆုံး ဖြစ်လေသည်။

ထိုခုတ်ပိုင်းချက်နှင့်အတူ ဒေါမာန်ပြင်းထန်သော ဒီလှိုင်းများက ဖြစ်ပေါ်လာပြီး တဝေါဝေါ မြည်သံနှင့်အတူ အရာရာတိုင်းကို ဆွဲယူနစ်မြုပ်နိုင်သော ခြိမ်းခြောက်နိုင်စွမ်းအားနှင့် အရပ်ရှစ်မျက်နှာသို့ ခွဲထွက်သွားလေသည်။

ဆူဇီမို၏ နောက်ထပ်ဆေဘာအားက ပြိုင်စံရှားရှစ်ဦးအပေါ် လွှမ်းခြုံသွားပြီး ဒီရေသံ တဝုန်းဝုန်းနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။

ချက်ချင်းပင် ပြိုင်စံရှားရှစ်ဦးက အန္တရာယ်များသည့် အခြေအနေသို့ ကျဆင်းသွားလေသည်။

“ဒီလောက်ဆို တော်သင့်ပြီ”

ဆေဘာအား၏ တရစပ်တိုက်ခိုက်ခြင်းကို ခုခံနေရာမှ ဟန်ချိုးယွီ၏ သတ်ဖြတ်လိုစိတ်အပြည့်နှင့် အေးစက်စက် အသံက ထွက်ပေါ်လာလေသည်။

“ဖျက်ဆီးစမ်း”

သူက မာန်မဲ၍ သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ ရတနာဦးရစ်တစ်ခု ပျံထွက်လာလေသည်။ အဲ့ဒါက လေထဲမှာ ပျံဝဲလာပြီး ကျိန်းစပ်သော ရောင်ခြည်အလင်းများက ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာလေသည်။

“စိတ်ဝိညာဉ်အင်းကွက် တစ်ခု၊ နှစ်ခု …ခြောက်ခု!

အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက် တစ်ခုပင်!

အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အား မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ပေးအပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဓါးဂိုဏ်းက ဟန်ချိုးယွီကို ဘယ်လောက်တောင် တန်ဖိုးထားကြောင်း သိနိုင်လေသည်။

အဲ့ဒါက ‌သူ၏ နောက်ဆုံးဝှက်ဖဲတစ်ချပ် ဖြစ်၏။ အစကတော့ သူသည် လူသားဧကရာဇ်နန်းတော်အတွက် နောက်ဆုံးပိတ် တိုက်ပွဲမှာ အဲ့ဒါကို ထုတ်သုံးပြီး လူတိုင်းကို ဖိနှိမ်နိုင်ဖို့ ရည်ရွယ်ထားလေသည်။

သို့သော် လက်ရှိအခြေအနေအရ သူ့မှာ အဲ့ဒါကို ထုတ်သုံးရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။

“မိုးခရမ်းပြာကောင်းကင် ခုတ်ပိုင်းခြင်း!”

ဒေါသဒီရေများနှင့် ရင်ဆိုင်ရချိန်တွင် အောင်းယွီရှောင်းသည်လည်း ဆက်လက်ထိန်ချန်မနေနိုင်တော့ဘဲ မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်လိုက်ရလေသည်။

ခရမ်းရောင်ချီများ လွှမ်းခြုံ၍ အလွန်တရာ ထက်ရှသော ခရမ်းရောင်ဓါးကြီးက လေထဲမှာ စုဖွဲ့ဖြစ်တည်လာပြီး ၀င်ရောက်လာသော ဒေါသဒီရေလှိုင်းများကို ပြင်းထန်ကြမ်းကြုတ်စွာ လှီးဖြတ်လိုက်လေသည်။

“မဖျက်ဆီးနိုင်သောစိန်”

ကိုယ်တော်ကြွယ်ချမ်း၏ လက်နှစ်ဖက်ကလဲ အဆက်မပြတ် လှုပ်ရှားသွားပြီး လေးနက်သိမ်မွေ့သော မန္တန်များကို မန်းမှုတ်ကာ လက်ဟန်ချိတ်စည်းတစ်ခုကို ဖော်ဆောင်လိုက်လေသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ပေါ်တွင် မြင့်မြတ်ထည်၀ါသော ရောင်ခြည်အလင်းလွှာတစ်ခုက ဖြစ်ပေါ်လာပြီး ပြိုးပြိုးပြက်ပြက် တောက်ပစွာ လင်းလက်လာလေသည်။

ဒေါသဒီရေများက သူ့အပေါ် အုပ်မိုးလွှမ်းခြုံသွား‌သော်လည်း ကိုယ်တော်ကြွယ်ချမ်းက မျက်လုံးနှစ်ဖက်ကို မှိတ်၍ မလှုပ်မယှက် မယိမ်းမယိုင် တည်ငြိမ်နေလေသည်။

သူတို့သုံးယောက်သာလျှင်မဟုတ်၊ အခြားသော ပြိုင်စံရှားငါး‌ယောက်သည်လည်း သူတို့၏ နောက်ဆုံးဝှက်ဖဲများကို တစ်ယောက်ပြီးတစ်‌ယောက် ထုတ်ဖော်လိုက်ကြလေသည်။

သူတို့ထဲမှ အချို့က ပကတိအဆင့် ခုခံရေးလက်နက်များကိုထုတ်၊ အချို့က ကာကွယ်ရေးအဆောင်များကို ချိုးဖျက်၊ တချို့က တစ်မူထူးခြားဆန်းပြားသည့် လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။ အစွမ်းအစရှိသည့်သူများ ဖြစ်ကြသည်မှာ သိသာလေသည်။

တစ်ချိန်တည်းမှာပင် အထွတ်အထိပ်ဂိုဏ်းမှ ပိုင်ယုက ဖျတ်ကနဲ ရွေ့လျားသွားပြီး သူ၏ စိတ်ဝိညာဉ်ဆေဘာကို ကိုင်စွဲကာ အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမို၏ နောက်ကျောဘက်သို့ ခုန်၀င်သွားလေသည်။

“ပိုင်ယု.. နင်….”

ထိုသည်ကို မြင်သောအခါ နတ်ဆိုးမကျိသည် အံ့အားတသင့် ရေရွတ်ပြီး ပိုင်ယုကို ဟန့်တားချင်မိလေသည်။

သို့သော်လည်း နှင်းပုံတောင်ကြားမှ လင်းဟန်၏ ဓါးပျံက မြန်သထက်မြန်လာပြီး နတ်ဆိုးမကျိကို နေရာကနေ မရွေ့နိုင်အောင် ချုပ်ထိန်းထားလေသည်။

တိုက်ပွဲမြေတွင် အခြေအနေများက လျှင်မြန်စွာ ပြောင်းလဲနေ၏။ ဆူဇီမို၏ ဒေါသဒီရေက ကျယ်ပြန့်ကားထွက်သွားပြီး ပြိုင်စံရှားရှစ်ယောက်ကို မကြာခင် အနိုင်ယူ‌တော့မည့်ပုံပင်။

ထိုအချိန်တွင် ပြိုင်စံရှားရှစ်ယောက်သည် သူတို့၏ ဝှက်ဖဲများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှတ်၍ ဒေါသဒီရေများကို ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်ကြ၏။

ဒါ့အပြင် ဟန်ချိုးယွီနှင့် အောင်းယွီရှောင်တို့က တန်ပြန်တိုက်လိုက်မှုများကို ပြုလုပ်နိုင်ခဲ့သည့်အပြင် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပင် ထွက်ပေါ်လာခဲ့လေသည်။

ဆေဘာနှင့် ဓါးအလင်းတန်းများ ရှုပ်ယှက်ခတ်နေစဉ်တွင် တစ္ဆေ‌တစ်ကောင်လို မသိလိုက်မသိဘာသာနှင့် မသိသာမထင်ရှားသော ပုံရိပ်တစ်ခုက ခိုးကြောက်ခိုးဝှက်နှင့် ဆူဇီမိုဆီသို့ ရွေ့လျားသွားနေ၏။

ခပ်ဖျော့ဖျော့ သတ်ဖြတ်လိုစိတ်က ပေါ်ထွက်လာလေသည်။

All Chapters