← Chapters

တချက်တည်းဖြင့်အနိုင်ယူခြင်း.....

Vol. 47 Ch. 647

တချက်တည်းဖြင့်အနိုင်ယူခြင်း.....

Vol. 47 Ch. 647

လော့လန်အိမ်တော်၏ဌာနချုပ်အတွင်းရှိ ကြီးမားသောစတုရန်းသဏ္ဍန်ကွင်းပြင်တွင်....

ပရိသတ်၏ စောင့်ကြည့်မှုအောက်တွင် လီလော့သည် ဖေဟောင်နှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်ကာ မျောက်တစ်ကောင်ကဲ့သို့ ရင်ပြင်အလယ်သို့ ပေါ့ပေါ့ပါးပါး ခုန်ဆင်းသွားခဲ့သည်။

ယွမ်ချင်း၊ ချိုင်ဝေ၊ လဲ့ကျန်း၊ ယန်လင်းချီနှင့် လီလော့ဘက်မှ အပေါင်းအသင်းများ၏ အမူအရာများ ခက်ထန်ပြင်းထန်လာသည်။နှစ်ဉီးသားကြားတွင် ခွန်အားနှင့် ကျင့်ကြံမှု

မှု သိသိသာသာကွာဟမှုရှိသည့်အတွက် အလွန်စိတ်ပူနေကြသည်။

လီလော့၏တိုးတက်မှုက လျင်မြန်သော်လည်း ၎င်းတို့နှစ်ဦးကြားရှိ ကွာခြားမှုကို လွယ်ကူစွာ ပေါင်းကူးနိုင်ခြင်းမရှိပေ။ လီလော့သည် နတ်ဆိုးနန်းတော်အဆင့်သို့ဝင်ရောက်ခဲ့သော်လည်း၊ ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖေဟောင် ရောက်ရှိခဲ့သည့်အဆင့်ဖြစ်သည်။

ဒီတိုက်ပွဲက စစချင်းမှာတင် တရားမျှတမှု မရှိခဲ့ပေ။

သို့သော် ဤအရာများကို အခြေတင်ဆွေးနွေးနေရမည့် အချိန်မဟုတ်ကြောင်း သူတို့သိသည်။ ဤသည်မှာ အိမ်တော်သခင် ရာထူးအတွက် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည်။ထို့ကြောင့် ဤအချိန်တွင် သမာသမတ်ကျမည်ကို မကျမည်ကို မည်သူမျှ စိုးရိမ်မည်မဟုတ်ပေ။ ဤအရာများသည် အားနည်းသူများအတွက် သီးသန့်ထားရှိသော ကလေးဆန်သောအတွေးများဖြစ်သည်။

ကောင်းတဲ့အချက်ကတော့ ကျန်းချင်းအာ က ဝင်လာနိုင်တာပင်....

လီလော့က ဖေဟောင်ကို ရှုံးနိမ့်ခဲ့သော်ငြား ကျန်းချင်းအာသည် အခြေနေကို ပြောင်းလဲနိုင်သေးသည်။ ရလဒ်အနေနှင့်၊ လီလော့၏ လုပ်ရပ်များသည် အတိုင်းအတာတစ်ခုအထိ သက်သာရာရစေသည့် အစီအစဉ်တစ်ခု၏ အစမျှသာဖြစ်သည်ဟု သူတို့အားလုံး ခံစားခဲ့ရသည်။

ကျန်းချင်းအာ ဝင်ပါခဲ့လျှင် မျက်နှာပျက်စရာတွေဖြစ်လာနိုင်ပေမယ့် ဖေဟောင်ကို ရယ်မောခွင့်ပေးတာထက် ပိုကောင်းလိမ့်မည်။

"သခင်လေး၊ မင်းဆီကနေ ဒီလို ရဲစွမ်းသတ္တိတွေ ထွက်လာတာကို ငါအံ့သြတယ်....."

ဖေဟောင်သည် လီလော့ကို လှောင်ပြောင်လိုက်ပြီး သူ၏ ရင့်ကျက်သော အပြုံးမျိုးပြုံးနေသည်။

"မင်းကိုယ်မင်းပိုင်လှပြီထင်နေတာလား.. "

"မင်းက တစ်နှစ်တာအချိန်တိုအတွင်းမှာ နတ်ဆိုးနန်းတော်အဆင့်ကို ဝင်နိုင်ခဲ့တယ်ဆိုတော့ အရှိန်မြန်သားပဲ .... မင်းသာ နောက်ထပ် နှစ်နှစ်လောက် အချိန်ရရင် ငါ့ထက် သာလွန်နေမှာ သေချာတယ်.... "

လီလော့ ပြုံးရုံသာပြုံးနေလိုက်တော့သည်။

"ဘာလဲ? မင်းငါ့ကိုမယုံဘူးလား"

ဖေဟောင်၏ အပြုံးက ပိုပီပြင်လာသည်။

"လီလော့၊ ဒီနှစ်တွေမှာ ငါ့ရဲ့ခွန်အားတွေ ရပ်တန့်သွားပြီလို့ မင်းတကယ်ထင်နေတာလား.... ငါကရောဘာမှ မတိုးတက်ဘူးလို့ထင်နေတာလား... မင်းရဲ့ခွန်အားတွေကို ဖုံးကွယ်ပြီး ထိန်းကျောင်းရမယ်ဆိုတာ မင်းသိသလို ငါလည်းသိတယ်..."

ပြောပြီးတဲ့နောက်မှာတော့ ဖေဟောင်က လက်တစ်ဖက်တည်း လှုပ်ရှားလိုက်သည့်အခါ သူ့ထံမှ ပဲ့တင်ထပ်သံစွမ်းအားများ လျှံထွက်လာကာ လှိုင်းထန်သော လေပြင်းများ ရင်ပြင်တစ်ခုလုံးကို တိုက်ခတ်သွားစေသည်။ သူ၏ ပဲ့တင်ထပ်သံစွမ်းအားသည် ရွှေအိုရောင်ဖြစ်ပြီး ၎င်းတွင် တုနှိုင်းမရသည့် ထက်မြက်မှုရှိသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို တစ်ချက်လှုပ်ရုံမျှဖြင့် ခွဲခြမ်းပစ်နိုင်သည့် မြဲမြံသောဓားတစ်လက်ဖြစ်သည်။

ထို့အပြင်၊ ပရိသတ်ကို အံ့အားသင့်ဆုံးအရာမှာ သူ့နောက်တွင် ကောင်းကင်ပုလဲနှစ်လုံးကို ပေါင်းစုထားကာ သူ့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်ကို ရေဝဲကဲ့သို့ အရူးအမူး စုပ်ယူနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။

ပြင်းထန်သည့် ပဲ့တင်ထပ်သံစွမ်းအားတွေ သူ့ဆီကနေ ထွက်လာပြီး လူတိုင်းကို ဖိအားတွေ ခံစားရစေသည်။

"ပုလဲနှစ်လုံး...?"

ယွမ်ချင်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

"ဖေဟောင် ကောင်းကင်ပုလဲအဆင့်ကို ရောက်သွားပြီလား?"

ချိုင်ဝေနှင့်ယန်လင်းချီတို့သည်လည်း အမူအရာပျက်ယွင်းနေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

လီလော့နှင့်ဖေဟောင်တို့သည် အစကတည်းက ကြီးမားစွာ ကွာခြားခဲ့ကြသော် ယခုအခါ ကွာဟချက်က သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး အခြေခံအားဖြင့် ခြားနားချက်ကို ပေါင်းကူးရန် မဖြစ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီ။

လီလော့၏ဘက်တော်သားများ အမူအရာပျက်နေသော်လည်း ဖေဟောင်တို့ဘက်က အပြုံးတွေနဲ့ ပြည့်နှက်နေသည်။

ကျန်းချင်းအာက ဒါကိုမြင်လိုက်တဲ့အခါ သူမရဲ့ ကြည်လင်တောက်ပသော ရွှေရောင်မျက်လုံးလေးတွေ လှုပ်ခါသွားပေမယ့် သူမရဲ့ ဖြူစင်တဲ့ ပါးပြင်ပေါ်မှာ အမူအရာ ပြောင်းလဲသွားတာကို မတွေ့ခဲ့ရပေ။

ဖေဟောင်ဟာ သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာ အံ့သြစရာဟုတ်မနေခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဖေဟောင်သည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင်ဖြစ်စေ၊ကောင်းကင်ပုလဲအဆင့်တွင်ဖြစ်စေ လီလော့နှင့် များစွာကွာခြားမှုမရှိပေ။

ရှန့်ပိန်းတွေ့ဆုံပွဲတွင် လီလော့သည် အဆင့်မြင့် ကောင်းကင်ကပ်ဘေးအဆင့်ကိုပင် ချေမှုန်းနိုင်ခဲ့သည်။ ယင်းက သူ၏ဝှက်ဖဲသည် ကောင်းကင်ပုလဲအဆင့်ထက်ထင်ရှားစွာ ကျော်လွန်သွားကြောင်း ထင်ရှားစေသည်။

ရင်ပြင်ပေါ်တွင် လီလော့သည် ဖေဟောင်၏ ပြင်းထန်သော ပေါက်ကွဲသံကြောင့် ထိတ်လန့်သွားပုံရသည်။ သူက ခေါင်းညိတ်ပြီး ချီးမွမ်းစကားဆိုလိုက်သည်။

"မဆိုးပါဘူး... မင်းဘာမှ တိုးတက်မလာဘူးလို့ထင်နေတာ..... အဲဒါက လော့လန်အိမ်တော်အတွက် အရမ်းရှက်စရာကောင်းပြီး ကဲ့ရဲ့စရာဖြစ်လာနိုင်တယ်... ဒီလို သနားစရာကောင်းတဲ့ အရည်အချင်းရှိသူမှ အိမ်တော်သခင် ဘယ်လိုအခွင့်အရေးရနိုင်မလဲ...."

ဖေဟောင်သည် လီလော့နှင့် ငြင်းခုံခြင်းမပြုဘဲ သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့နားကပ်တွင်ချိတ်ထားသည့် ရွှေဓားက သူ့လက်ထဲသို့ ရောက်လာသည်။ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် ရွှေဓားသဏ္ဍာန်နားကပ်ဘေးက သူ ခိုင်မြဲစွာကိုင်ဆောင်ထားသည့် ဓားရှည်အဖြစ် ပြောင်းလဲသွားသည်။

"လှုပ်ရှားလိုက်တော့ လီလော့....ငါ့အချိန်တွေကို မဖြုန်းတီးနဲ့....."

"ကောင်းပြီလေ..."

လီလော့က လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး... "ရှောင်စန်း.... အဆင့်နိမ့်ကောင်ကင်ပဲ့တင်ထပ်သံအဆင့်လောက်ထုတ်ပေး.... " ဟု စိတ်ထဲတွင် ပြောလိုက်သည်။

လက်ကောက်အတွင်းမှ မကျေနပ်ဟန်ဖြင့် အော်ဟစ်သံကို ကြားလိုက်ရသည်။ ထိုနာမည်ပြောင်ကြောင့် လုံးဝစိတ်မကြည်နေသည်မှာ သေချာသလောက်ပင်......

မကျေမနပ်ဖြစ်နေပါသော်လည်း ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာသည်။ထိုစွမ်းအားများသည် ကောင်းကင်ဓမ္မတေးသံကိုအသုံးပြုခြင်းဖြင့် လီလော့ ထိန်းချုပ်နိုင်သော စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အများအမြင်မှာတော့ သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင် မှော်စာလုံးများ ပေါ်လာပြီး မျက်ဆံနှစ်ခုကလည်း တဖြည်းဖြည်း နီမြန်းလာကြသည်။

သူသည် နတ်ဆိုးနန်းတော်အဆင့်သို့ဝင်ရောက်ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် သိုလှောင်နိုင်သည့် စွမ်းအင်ပမာဏသည်လည်း သိသိသာသာ တိုးလာခဲ့သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအင်သည် သူ့စိတ်အပေါ် ယိုယွင်းပျက်စီးစေသော အကျိုးသက်ရောက်မှုများ ရှိနေသေးသော်လည်း၊ သူ၏ အခြေအနေသည် ရှန့်ပိန်းတွေ့ဆုံပွဲကျင်းပသည့် အချိန်ထက် များစွာ ပိုကောင်းလာသည်။

"ဒါဆို ငါလည်း ယဉ်ကျေးမနေတော့ဘူး..."

ထိုစကားကို သူပြောပြီးသည်နှင့် ခြေတစ်ချောင်းကို မြှောက်လိုက်သည်။

ဘုန်းးးးးး

ကမ္ဘာမြေကြီး တုန်လှုပ်သွားပြီးနောက် လီလော့သည် ကြက်သွေးရောင် အလင်းတန်းတစ်ခုလို ထွက်လာပြီး သူ့ပတ်ဝန်းကျင်မှလေဟာနယ်ကိုပင် အရှိန်ပြင်းပြင်းဖြင့် ကွဲအက်သွားစေသည်။ သူ့ထံမှ ပေါက်ထွက်လာသည့် ကောင်းကင်ကို လှုပ်ခတ်သွားစေသည့် စွမ်းအားအတိုင်းအတာကိုစိုးစဉ်းမျှ ဖုံးကွယ်မနေဘဲ သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ဤ ထိတ်လန့်ဖွယ်ရာ ပြောင်းလဲမှုသည် ဖေဟောင် အပါအဝင် လူတိုင်း၏အသုံးအနှုန်းများကို ပြောင်းလဲစေခဲ့သည်။

လီလော့ ခုနက သရုပ်ပြခဲ့တဲ့ ခွန်အားဟာ ကောင်းကင်ပုလဲအဆင့်ကို ကျော်လွန်သွားခဲ့ပြီ။

"ဒါဆို..... ဒါက လီလော့ရဲ့ ဝှက်ဖဲလား?!"

ဖေဟောင်၏စိတ်ထဲတွင် ကမ္ဘာပျက်နေချေပြီ....

သူ့ပတ်ဝန်းကျင်က နေရာလွတ်တွေ ကွဲအက်သွားတော့ လီလော့ဟာ တစ္ဆေသရဲလို မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းတဲ့အရှိန်နဲ့ ဖေဟောင်ဆီကို ချဉ်းကပ်သွားခဲ့သည်။ သူသည် ကြီးမားသော သွေးနီရောင် စွမ်းအင်များဖြင့် ဖုံးအုပ်ထားသည့် လက်သီးချက်ကို ဖန်တီးကာ ကမ္ဘာဉီးဝံပုလွေတစ်ကောင်ကဲ့သို့ အစွယ်နှင့် ခြေသည်းများ ဆန့်ထွက်ကာ အော်ဟစ်နေလေသည်။

ဖေဟောင်လည်း တွန့်ဆုတ်မနေခဲ့ပေ။ သူ၏ ရွှေဓားကို လက်ထဲတွင် ကိုင်ထားပြီး၊ ဓားအလင်းနှင့် ပဲ့တင်ထပ်သံစွမ်းအင်တို့သည် သူ့လက်နက်ပေါ်တွင် ပေါင်းစပ်ကာ နောက်ဆုံးတွင် ဓားအစွန်းတစ်ခုထဲသို့ ပေါင်းစပ်သွားသည်။

ပြင်းထန်သော စွမ်းအားများကြောင့် ကြမ်းခင်းကြွေပြားပင် ရုတ်တရက် နှစ်ခြမ်းကွဲသွားခဲ့သည်။

ဘန်းးးးးးးးးး

ဓားအလင်းသည် အလွန်ရက်စက်ကြမ်းကြုတ်လွန်းပြီး သွေးနီရောင်စွမ်းအင်ကိုပင် ကျော်လွန်သွားပုံရသည့် ပြင်းထန်သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ လူနှစ်ယောက်သည် သွေးလိုနီရဲနေသော စွမ်းအင်ကို ဆန့်ကျင်သည့် ဓားအလင်းတန်းနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံခဲ့သော်လည်း လီလော့သည် ယခုအခါ အဆင့်နိမ့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဝံပုလွေ၏အကူအညီဖြင့် အသာစီးရနေသောအနေအထားတွင်ရှိသည်။

ဖေဟောင်သည် သူ၏ ကောင်းကင်ပုလဲအဆင့်၏ ပုလဲနှစ်လုံးစွမ်းအားနှင့်ပင် နှိုင်းယှဉ်၍မရနိုင်ပေ။

ဝုန်းးးးးးး

အချိန်နှစ်စက္ကန့်လောက်အတွင်းမှာပဲ ရွှေဓားအလင်းတန်းဟာ အစိတ်စိတ်အမွှာမွှာ သောင်းနဲ့ချီ ကွဲကြေသွားခဲ့ပြီး မြေပြင်မှာ မရေမတွက်နိုင်အောင် အပေါက်တွေ ဖြစ်ပေါ်စေခဲ့သည်။

ဖေဟောင်၏ အမူအရာ ပြောင်းသွားပြီး နောက်ဆုတ်ရန် ကြိုးစားသည်။

သို့သော်လည်း လီလော့ ဖန်တီးထားသော သွေးနီရောင်လက်သီးများက ပျောက်ကွယ်သွားခြင်းမရှိပေ။ ဖေဟောင်ပေါ်သို့ အကြင်နာမဲ့စွာ တလစပ်ကျဆင်းလာပြီ.....

ဝုန်းးးးးး

မရေမတွက်နိုင်သော တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များအားလုံးက တစ်ချက်တည်းဖြင့် ပျံသန်းလာသော ဖေဟောင်အပေါ်သို့ ကျရောက်လာသည်။ သူသည် အလွန်ကြီးမားသော ကျောက်စာတိုင်နှင့် တိုက်မိသွားလေသည်။ထိုတိုင်သည် ပြင်းထန်သောအရှိန်ကြောင့် အပိုင်းပိုင်းကွဲသွားကာ ဖေဟောင်သည်လည်း အပျက်အစီးများကြားတွင် နစ်မြုပ်သွားခဲ့သည်။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ.....

ချိုင်ဝေ၊ ယန်လင်းချီ၊ယွမ်ချင်းနှင့် ကျန်သူများသည် လီလော့ကို မေးရိုးပြုတ်ကျမတတ်ပါးစပ် အဟောင်းသားဖြင့် ကြည့်နေကြသည်။

အိမ်တော်စုဝေးပွဲရဲ့ နောက်ဆုံးတိုက်ပွဲက ဒီလိုပြီးဆုံးသွားခဲ့ပြီလား.....

……...........

လော့လန်အိမ်တော်ရဲ့ တိုက်ပွဲအစပြုနေချိန်တွင်...ရွှေနဂါးဘဏ်တိုက်၏ ဆွေးနွေးပွဲခန်းမတွင်.......

ယုဟုန်ရှီသည် လက်ရှိတွင် လုချင်းအာနှင့်အတူထိုင်နေသည်။

ယုဟုန်ရှီသည် ခန်းမထဲကို တည်ငြိမ်စွာ စူးစမ်းကြည့်သောအခါ သူမ၏ အကြည့်များသည် ညာဘက်ရှိ နင်းချွဲ့ မှစဆင့် တစ်ယောက်ပြီးတစ်ယောက်ဆီ ဖြတ်ကျော်သွားသည်။ ခဏအကြာတွင်.....“အကြီးအကဲ ဟန်လောင်း ဘယ်မှာလဲ” ဟု အေးစက်စွာ မေးခွန်းထုတ်ရင်း သူမရှေ့မှ စားပွဲကို ခပ်ပါးပါးလေး ပုတ်လိုက်သည်။

All Chapters