မတည်ငြိမ်သောအခြေနေ....
Vol. 47 Ch. 648
"အကြီးအကဲဟန်လောင်း ဘယ်မှာလဲ နောက်တခွန်းထပ်မမေးရစေနဲ့......"
ယုဟုန်ရှီ ၏ အေးစက်သောအသံသည် ဆွေးနွေးပွဲခန်းမတစ်ဝိုက်တွင် အေးစက်စွာပဲ့တင်ထပ်နေသည်။ တီးတိုးစကားသံများ ချက်ချင်းရပ်သွားကာ ရွှေနဂါးဘဏ်မှ အကြီးတန်းအရာရှိများ မတ်တတ်ထရပ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"သူ မေ့သွားလို့နေမှာပါ.... ဟိုးလွန်ခဲ့တဲ့ တစ်လခွဲလောက်က အနောက်ဘက်က ဌာနခွဲကို ပစ္စည်းတချို့ပို့ဖို့ ထွက်သွားတာဆိုတော့ အခုနေ လမ်းမှာပဲရှိဉီးမယ်ထင်တယ်....."
ယုဟုန်ရှီက ဒုဉက္ကဌနင်းချွဲ့ထံသို့ လှည့်ကြည့်လိုက်သည်။
သူမက သူ့ကို စူးရှသောအမူအရာဖြင့် စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်က....
"သူ အချိန်မီ ပြန်မလုပ်နိုင်တာလား... ဒါမှမဟုတ် သူ့မှာ တခြားကိစ္စရှိလို့လား"
ဒုဉက္ကဌ နင်းချွဲ့ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
"တခြားဘာကိစ္စများရှိနိုင်မှာလဲ...."
ယုဟုန်ရှီက ဝေ့ဝိုက်မနေတော့ဘဲ....
"ဒီနေ့က လော့လန်အိမ်တော်ရဲ့အိမ်တော်စုဝေးပွဲနေ့မို့ ရွှေနဂါးဘဏ်က ဘယ်သူ့ကိုမှ ဝင်မပါစေချင်ဘူး.... ငါတို့က ကြားနေအဖွဲ့ဖြစ်တာမို့ ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးဖမ်းဖို့ ကြိုးစားချင်တယ်ဆို. ရွှေနဂါးဘဏ်တိုက်ကိုပါ ဒုက္ခတောထဲဆွဲသွင်းသလိုဖြစ်ကုန်လိမ့်မယ်...."
သူမ၏ အေးစက်သော စကားလုံးများကို နားထောင်လိုက်ခြင်းဖြင့် အကြီးတန်း အမှုဆောင် အများအပြား၏ နှလုံးသားများ အေးခဲသွားကာ စကား လုံးဝ မပြောနိုင်တော့ပေ။
ယုဟုန်ရှီသည် ရှပြည်ထောင်စုရှိ ရွှေနဂါးဘဏ်ကို နှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပြီး သူမ၏ဂုဏ်သိက္ခာနှင့် ဩဇာသည် အဖွဲ့ဝင်များ၏ နှလုံးသားထဲတွင် ကောင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။
တစ်ဖက်တွင် နင်းချွဲ့သည် စိတ်မပျက်ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး.....
“အခု ဉက္ကဌက အဲဒီလို ကြေငြာပြီးပြီဆိုရင် ဘယ်သူက ဒီလို လုပ်ဝံ့မှာလဲ။ ဒါပေမယ့် ရွှေနဂါးဘဏ်ဟာ ကြားနေ ပါတီတစ်ခု ဆိုတာကို သတိပြုရမယ်....ဉက္ကဌက လော့လန်အိမ်တော်ကို ဘက်လိုက်လွန်းနေတယ်....."
ဒုဉက္ကဌ၏စွပ်စွဲချက်ကို ကြားလိုက်ရသဖြင့် အခြားအမှုဆောင်များ၏ စိတ်နှလုံးကို ထိတ်လန့်သွားစေသော်လည်း ငြိမ်နေကြဆဲပင်.. ယုဟုန်ရှီသည် ဤနေရာတွင် ထင်ရှားသော ဂုဏ်ဒြပ်ရှိသော်လည်း နင်းချွဲ့သည်လည်း အာဏာရှိသူဖြစ်သည်။နင်းချွဲ့သည် ယခင်ကတည်းက သူမနှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိသူ တစ်ဦးတည်းသူဖြစ်ပြီး ရွှေနဂါးဘဏ် ဌာနချုပ်တွင်လည်း အလားတူ ကျောထောက်နောက်ခံ ရှိခဲ့သည်။
ယုဟုန်ရှီက ဒါကို စိတ်မ၀င်စားဟန်ဖြင့်....
“ဒုဉက္ကဌက ကျွန်မရဲ့ နည်းလမ်းတွေဟာ ဘဏ်ရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့ မညီဘူးလို့ ထင်ရင် ရုံးချုပ်ကို တိုင်ကြားလိုက်ပါ.... ”
" ငါ ရိုးရိုးမေးခွန်းလေးပဲ မေးတာပါ...စိတ်မဆိုးပါနဲ့.... "
နင်းချွဲ့ သူမနှင့် ထပ်ပြီးစကားနိုင်မလုရဲတော့ပေ။
လုချင်းအာ၏ လှပသော
မျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင်များ ရှိနေသည်။ အကြီးအကဲ
ဟန်လောင်း ပျောက်ဆုံးမှုက တိုက်ဆိုင်လွန်းနေသည်။
တကယ်တော့ သူမ ဒီဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ထိုအကြီးအကဲသည် ဘဏ်အတွင်း သိုသိုသိပ်သိပ်နေတတ်သူဖြစ်ပြီး သူမ၏မိခင်နှင့် နင်းချွဲ့တို့ကြားအာဏာလုပွဲတွင် အမှန်တကယ်ပါဝင်ပတ်သက်ခြင်းမရှိသည့် ကြားနေသမားအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
ထိုသို့သော အရေးကြီးသော အချိန်ကာလအတွင်း ကုန်ပစ္စည်း ပို့ဆောင်ခြင်းအတွက် အပြင်ထွက်ရခြင်းသည် အမှန်တကယ်ပင် သံသယဖြစ်စရာပင်။
၎င်း၏ ကြားနေ ရပ်တည်ချက်နှင့်သိိုသိုသိပ်သိပ်နေတတ်ခြင်းတို့သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတစ်ခုဟု ထင်ရသည်။ သူသည် နင်းချွဲ့နှင့်လျှို့ဝှက်စွာ ပူးပေါင်းနေနိုင်ဖွယ်ရှိသည်။
"ဘယ်လောက်တောင် ကောက်ကျစ်လိုက်တဲ့ မြေခွေးအိုကြီးလဲ..." လုချင်းအာ အေးစက်စွာ ဟစ်အော်လိုက်သည်။
“အမေ” ဟု ပေါ့ပေါ့ပါးပါး ခေါ်လိုက်သော်လည်း ယုဟုန်ရှီက အကြောင်းမပြန်ဘဲ အစည်းအဝေးကို ဆက်လက်ကျင်းပနေခဲ့သည်။
............................
မြို့တော်နှင့်အတော်အတန်ဝေးကွာသော တောအုပ်ထဲတွင်.......
လူအများအပြားသည် မီးပုံနားတွင် ဝိုင်းဖွဲ့ ထိုင်နေကြပြီး အနီးနားရှိ မြေပြင်တွင် စိုက်ထားသည့် ရွှေနဂါးဘဏ်နဖူးစည်းစာတန်းတစ်ခုရှိသည်။
အဖွဲ့ထဲမှာ မြသားရောင်ဝတ်စုံဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်ရှိနေပြီး ထိုသူက သူ့ပတ်ဝန်းကျင်က လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားတွေပြောရင်း လူတွေက သူ့ကို လေးလေးစားစား လေးလေးစားစား ဆက်ဆံနေကြသည်။
၎င်းတို့အဖွဲ့သည် ညပိုင်းအိပ်စက်အနားမယူခင် စကားစမြည်ထွေရာလေးပါးပြောဆိုနေကြခြင်းဖြစ်သည်။
ထို့နောက် အဖိုးအိုက ခေါင်းကို မော့ကာ အပေါ်မှ မှောင်မိုက်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ အချိန်တန်ပြီဟု သိလိုက်ရသဖြင့် သူ့လက်ထဲရှိ အသားကင်တစ်ပိုင်းကို ဖြည်းညှင်းစွာချထားကာ သူ့တဲဆီသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။
အားလုံး အိပ်ပျော်သွားတော့ ပတ်ဝန်းကျင်တခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ဤအခိုက်အတန့်တွင်၊ မှုန်ဝါးသောရုပ်ပုံသဏ္ဍာန်တခုသည် စခန်းချထားရာတောထဲမှ အသံမထွက်ဘဲ ရှမြို့တော်ရှိရာဆီ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်။
သို့ပေမယ့် သူ လှုပ်ရှားလိုက်သည်နှင့် မနီးမဝေးတွင် ရယ်မောသံကို ကြားလိုက်ရသည်။ "ဟီးဟီး...ဒါက အကြီးအကဲကန်လောင်း မဟုတ်ဘူးလား....ခင်ဗျားတစ်ယောက်တည်း ထွက်သွားဖို့ စီစဉ်နေတာလား....ကျန်တဲ့အဖွဲ့သားတွေကရော.... " မှု
ဟန်လောင်းက အသံ၏ ဦးတည်ရာဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် ရပ်နေသောသူတစ်ယောက်က ရယ်မောကာ သူ့ကို စိုက်ကြည့်နေသည်။
"ရုံးခွဲဥက္ကဌလုချောင်? မင်းဘာလို့ဒီကိုရောက်နေတာလဲ...."
ဟန်လောင်း မျက်စိပျက်မျက်နှာပျက်ဖြး်နေချေပြီ။ဤသည်မှာ သူနှင့် ယခင်က တွေ့ဆုံခဲ့ဖူးသော ဌာနခွဲဥက္ကဋ္ဌဖြစ်သည်။ သူဘာလို့ဒီမှာရှိတာလဲ........
"ဟဲ..ဟဲ... ကျုပ်က အကြီးအကဲဟန်လောင်းတို့ အဖွဲ့နဲ့တွေ့ရင် အစီရင်ခံစာတင်ဖို့ ရှမြို့တော်ကို ပြန်သွားသင့်တယ်လို့ ဉက္ကဌယုရဲ့ အမိန့်ကို လက်ခံရရှိထားလို့ပါ" ဟု ဌာနခွဲဥက္ကဋ္ဌလုချောင်က အသေအချာ ရှင်းပြသည်။
အဘိုးကြီးဟန်လောင်း၏မျက်နှာ ညိုမှိုင်းလာသည်။ ဤဌာနခွဲဥက္ကဋ္ဌသည် ရွှေနဂါးဘဏ်အတွင်း သိသာထင်ရှားသော အာဏာရှိသူဖြစ်ပြီး ခွန်အားအရာ၌လည်း သူ့ထက် အားနည်းသူမဟုတ်ပေ။
ထိုသူ အချိန်ကိုက်ရောက်လာခြင်းသည် ယုဟုန်ရှီ၏ အစီအစဉ်များနှင့် ဆက်စပ်နေမည်ဖြစ်သည်။
သူ့တာဝန်ကို သူမ သိသာထင်ရှားစွာ သိပြီး သူ့သရုပ်ဆောင်မှုက သူမကို လမ်းလွဲစေသည်ဟုပင် ထင်ခဲ့မိသည်။သို့သော် ထိုသို့ဟုတ်မနေခဲ့ပေ။
ထိုအမျိုးသမီးသည် နားမလည်နိုင်အောင်ထက်မြက်သူပင်ဖြစ်သည်။
" အကြီးအကဲဟန်လောင်း....ခင်ဗျား ရှမြို့တော်ကို အမြန်ပြန်ဖို့ ပြင်နေတလား...ဒါဆိုကျုပ်လဲအတူလိုက်ခဲ့မယ်လေ ...." ဟု ဌာနခွဲဥက္ကဌလုချောင်က စိတ်ရင်းမှန်ဖြင့် ကမ်းလှမ်းခဲ့သည်။
ဟန်လောင်း ကတုန်ကယင်ဖြင့် နောက်ဆုံးတွင် အားတင်းပြုံးပြလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး... ငါ့တဲထဲမှာ နေရတာ လှောင်ပိတ်နေသလို ခံစားရလို့ လေညှင်းခံဖို့ထွက်လာတာပါ....."
"အိုး..ဒါဆို.." လုချောင်က သူ့အနားကို လမ်းလျှောက်လာရင်း ပြုံးလိုက်သည်။
"အင်း၊ ညတာက ရှည်လျားပြီး ငြီးငွေ့စရာကောင်းတယ်.... ခင်ဗျား ငြီးငွေ့မှုတချို့ ပြေပျောက်သွားအောင် စကားစမြည်ပြောကြမယ်လေ......."
ဟန်လောင်း အံကြိတ်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် သဘောတူလိုက်ရလေသည်။
ယုဟုန်ရှီတွင် နက်နဲသော အကြံအစည်များ ရှိသည်။ သူသည် လဝက်ကျော် ကြိုပြီးထွက်ခွာလာခဲ့သော်လည်း သူ၏ အကြံအစည်ကို ယခုတိုင် ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် အမိန့်များကို လုံးဝလိုက်နာကြောင်း သေချာစေရန် နည်းလမ်းများကိုပင် အသုံးချခဲ့သည်...
……...............
ကြယ်တာယာခရီးရှည်ကောလိပ်တွင်......
စိမ်းလန်းစိုပြေသော သစ်ပင်ရိပ်များကြားတွင် အနက်ရောင် အရိပ်တစ်ခုသည် နယ်မြေကျွမ်းကျင်သော ကြောင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည်။ လရောင်သည် ထူထပ်သော တောအုပ်ကို ဖြတ်၍ တိုက်ဆိုင်စွာ ဖြာကျနေသဖြင့် အနက်ရောင်ဝတ်စုံကို ခေါင်းမှ ခြေဖျားအထိ တင်းတင်းကျပ်ကျပ် ၀တ်ဆင်ထားသည့် လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ထင်သာမြင်သာရှိစေသည်။
သူမ၏ အရိပ်သည် သစ်ပင်များမှတဆင့် သူမ၏ ဦးတည်ရာဆီသို့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားခဲ့သည်။ ဤပုဂ္ဂိုလ်သည် လှပသော်လည်း အေးစက်သောမျက်နှာထားကို ပိုင်ဆိုင်ထားသည့် ဓူဝံအဖွဲ့ဝင် ရဲ့ချန်ယင်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ကောလိပ် တံခါးဝသို့ ရောက်သောအခါတွင် သူမ ခေတ္တရပ်ကာ ရှေ့ဆက်မတိုးတော့ပေ။ ထိုအစား သူမသည် အရိပ်များဆီသို့ အေးစက်စွာ ကြည့်လိုက်မိသည်။
"နင့်ရဲ့ သနားစရာကောင်းတဲ့ ခွန်အားလောက်နဲ့ ငါ့ရှေ့မှာ ပုန်းနေရဲတာလား...."
တစ်ချိန်တည်းမှာပင် အရိပ်များထဲမှ လူတစ်ယောက်ထွက်ပေါ်လာသည်။
ရှင်းဖူ.........
သူသည် ရဲ့ချန်ယင်းကို ကြည့်ပြီး ဖြူဖျော့သော မျက်နှာဖြင့် ခါးသီးသော အပြုံးမျိုးပြုံးလိုက်ကာ... "အစ်မရဲ့....ဒီည တရားစီရင်မှုမှာ ဝင်မပါပါနဲ့....."
"ဒါက အိမ်တော်ရဲ့အမိန့်ဆိုတာ နင် မသိဘူးလား။"
"အဲ့လိုဆိုရင်တောင် အစ်မ မသွားရဘူး.... "
"ဟားးးဟားးး နင် ငါ့ကို ထိန်းထားနိုင်မယ်လို့ ထင်လား"
ရဲ့ချန်ယင်းသည် သူမ၏လက်ထဲတွင်ရှိသော ဓားမြှောင်ကို မြှောက်လိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုက ၎င်းကို ဖုံးလွှမ်းသွားသည်။ သူမစကားပြောပြီးသည်နှင့် အမြန်ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းဖူ ရှေ့တွင် ပြန်ပေါ်လာကာ လည်ပင်းကိုဓားဖြင့်ထောက်ထားသည်။
ဓားသွားသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။ တွန်းလိုက်ရုံဖြင့် သူ့လည်ပင်းကို ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။
သို့သော်လည်း ရှင်းဖူသည် မတုန်မလှုပ်ဘဲ သူမကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
"ဟမ့်.. နင့်ကို မသတ်ရဲဘူးထင်နေတာလား.... အိမ်တော်သခင်ရဲ့ အမိန့်ကိုတားရဲတဲ့အတွက် သေရင်တောင် ငါ့ကို အပြစ်မတင်နဲ့" ဟု ရဲ့ချန်ယင်းက အေးစက်စွာပြောလိုက်သည်။
"...လီလော့က ငါ့သူငယ်ချင်းပါ...."
ရှင်းဖူ လေးလေးနက်နက် တွေးတောပြီးနောက် ရေရွတ်လိုက်သည်။
"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လန်လင်းအိမ်တော်မှာ တကယ်ပဲ ရိုးဖြောင့်တဲ့ သခင်ငယ်တစ်ယောက် ရှိနေတာလား..."
ရဲ့ချန်ယင်းက ရွဲ့စောင်းလှောင်ပြောင်လိုက်သည်။
"အင်း....ငါက တရားမျှတမှုအဖွဲ့ထဲကပါ..." လို့ ရှင်းဖူးက သူမကို လေးလေးနက်နက် မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ငါ လန်လင်းအိမ်တော်ကို မကြိုက်ဘူးဆိုတာ အစ်မလည်း သိပါတယ်.... သူတို့ရဲ့ စိတ်ခံစားမှုမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စည်းမျဉ်းတွေကို မကြိုက်ဘူး.....အဲဒီနှစ်က ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နှင်းရေး ပြိုင်ဆိုင်မှုမှာ အစ်မကို ခေါ်လာနိုင်ဖို့ အဖေ့ဆီမှာ အသတ်ခံရလုနီးပါးဖြစ်ခဲ့ဖူးတယ်...အခုတော့ ငါ့ကိုမျက်တောင်တချက်မခတ်ဘဲ သတ်တော့မယ်ပေါ့....."
သတ်ဖြတ်လိုစိတ်ပြင်းပြသော သူမ၏ ကရုဏာကင်းသော အကြည့်ထဲတွင် စိတ်ခံစားမှု အရိပ်အယောင်အချို့ ထွက်ပေါ်လာသည်။ ထိုစကားကြားပြီးနောက် သူမသည် အနက်ရောင်ဓားမြှောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ရဲ့ချန်ယင်းသည် နောက်ဆုံးတွင် ရှင်းဖူ ၏လည်ချောင်းမှ သူမ၏ဓားမြှောင်ကို ဖယ်ရှားလိုက်ကာ.....
"ဒါဆို နင့်သူငယ်ချင်းတွေအားလုံးကို ခေါ်ထုတ်လိုက်ပါ.... ကြယ်တစ်ပွင့် ကျောင်းသားအုပ်စုက ငါ့ကို တားနိုင်မလားကြည့်ကြသေးတာပေါ့..... ဒီအခြေအနေကို ကိုင်တွယ်နိုင်မယ်လို့ နင့်မှာ ဘယ်လိုယုံကြည်ချက်တွေရှိနေတာလဲ...."
ရှင်းဖူ၏နောက်ဘက်ရှိ တောအုပ်ငယ်ကို သူမ စိုက်ကြည့်လိုက်သည်။
ထိုတောအုပ်ထဲမှ လူရိပ်များ ဆက်တိုက်ထွက်လာသည်။
ယုလန်၊ ပိုင်မျန်မျန်၊ ချင်ဇူလု၊ ပိုင်တုတု၊ ကျောက်ခွော်နဲ့ လူတချို့ပါ ပါလာသေးသည်။
ယုလန် ပြုံးလိုက်ပြီး...
"ရှင်းဖူ ..အစ်မရဲ့က မင်းရဲ့အသိအကျွမ်းဟောင်းဆိုတာ ငါတို့ကို စောစောကပြောဖူးတယ်မဟုတ်လား မင်းရဲ့စကားတွေက ငါ့နှလုံးသားကို လုံးဝထိတ်လန့်စေတယ်.....!"
ရဲ့ချန်ယင်း၏ မျက်လုံးများသည် တောထဲမှ ထွက်ပေါ်ခဲ့သော နောက်ဆုံးလူရိပ်ကို မတွေ့ခင်အထိ ယုလန်တို့အဖွဲ့ အပေါ် အေးစက်စွာ လှည့်ပတ်နေသည်။
"ချောင်ယု?"
နားရှည်ရှည်၊ ငွေရောင်ဆံပင်ရှည်နှင့် ရိုးရိုးဝတ်ထားသော မိန်းကလေးတစ်ဦးသည် ရဲ့ချန်ယင်းရို အနည်းငယ် ထိတ်လန့်သွားအောင် လုပ်ခဲ့သူဖြစ်သည်။ ချောင်ယုသည် ဓူဝံအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ဤအချိန်တွင် သူမ ဤနေရာတွင် ပေါ်လာမည်ဟု လုံးဝကို မထင်ထားခဲ့ပေ။
"နင့်ရဲ့ပြင်ဆင်မှုတွေ လုံလောက်နေပြီထင်တယ်... နင်က ချောင်ယုကိုတောင် အပါခေါ်ထားသေးတာပဲ...."
ရဲ့ချန်ယင်းက ရှင်းဖူကို စိုက်ကြည့်နေသည်။ စေ့စပ်ညှိနှိုင်းမှု ပျက်သွားပါက သူ့ကို ကျောထောက်နောက်ခံပြုရန် အကြမ်းဖက်မှုများ ရှိနေမည်ဖြစ်သည်။
ချောင်ယုက ရဲ့ချန်ယင်းကို လုံးဝလျစ်လျူရှူထားပြီး ယင်းအစား ပိုင်မျန်မျန် ကို မျက်နှာမူကာ လှည့်ကြည့်လိုက်သည်။
"ဟေး ငါ့အလုပ်ပြီးပြီ။ လစာတိုးပေး!"
...
ရှင်းဖူတိ့တတွေ ရဲ့ချန်ယင်းကို ဟန့်တားနေသကဲ့သို့ ကောလိပ်အပြင်ဘက်တွင်.....
နည်းပြချီချန်းသည် သာမာန် ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီး လက်ရှိတွင် ကျောင်း၏ ကျောက်လှေခါးများအောက်သို့ ဆင်းလာနေပါသည်။
အေးစိမ့်သော ညလေ တိုက်ခတ်လာသဖြင့် သူမ၏ မျက်နှာဖုံးကို လှုပ်ခါစေပြီး ဖြူဖွေးနူးညံ့သော မျက်နှာအစိတ်အပိုင်းအချို့ကို မြင်နေရသည်။
သူမသည် ရှမြို့တော် သို့မ၀င်ဘဲ အနောက်တောင်ဘက်သို့သွားခဲ့သည်။
လန်လင်းအိမ်တော်၏ ဌာနချုပ်သည် ထိုနေရာရှိ တောင်တန်းအတွင်း နက်ရှိုင်းစွာကွယ်ဝှက် တည်ရှိနေသောကြောင့်ပင်........