← Chapters

အထက်ဆင့်နန်းတော်အတွင်းမှပဋိပက္ခများ.......

Vol. 47 Ch. 649

အထက်ဆင့်နန်းတော်အတွင်းမှပဋိပက္ခများ.......

Vol. 47 Ch. 649

ကြယ်တာယာခရီးရှည်ကောလိပ်၏ အထက်ဆင့် နန်းတော်တွင်....

ဒုကျောင်းအုပ်ကြီး စုရှင်းသည် လက်တစ်ဖက်ဖြင့် မျက်ခုံးနှစ်ခုကြားကို ပင်ပန်းစွာ နှိပ်နယ်ကာ နုတ်ထွက်စာတစ်စောင်ကို ကိုင်ဆောင်ထားသည်။

"လက်ထောက်ကျောင်းအုပ်ကြီး....နည်းပြချီချန်းရဲ့ လုပ်ရပ်တွေက သိပ်ကိုစည်းလွတ်ဝါးလွတ်နိုင်လွန်းတယ်.... နှုတ်ထွက်စာတင်ခဲ့ပေမယ့် ကောလိပ်နဲ့ သူ့ရဲ့ပက်သတ်မှုတွေအားလုံးကို ဘယ်လို ဖယ်ရှားနိုင်မလဲ?ရှပြည်ထောင်စုရဲ့ ဂိုဏ်းကွဲတွေက ငါတို့ကို ကြားနေပါတီအဖြစ် သတ်မှတ်မှာမဟုတ်တော့ဘူး...."

အထက်ဆင့်နန်းတော် အတွင်းရှိ စားပွဲရှည်ကြီး၏ အဆုံးတစ်ဖက်မှ ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ခရမ်းအဆင့်နည်းပြများသည် အသံကြားရာ အရင်းအမြစ်ဘက်သို့ လှည့်ကာ ထိုမှတ်ချက်ကို ထုတ်ပြောလိုက်သော ရှန်ကျင်းရှောင်ကို ကြည့်နေကြသည်။

သူ့စကားများကို နည်းပြများက လျင်မြန်စွာ ထောက်ခံလိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်ကြသည်။

နည်းပြချီချန်းသည် သူမ၏ နည်းပြ

ရာထူးကို စွန့်လွှတ်လိုက်နိုင်သော်လည်း ကောလိပ်နှင့် သူမ၏ ပေါင်းသင်းဆက်ဆံရေးမှာ အလွယ်တကူ ဖျောက်ဖျက်မရနိုင်သောအရာဖြစ်နေသည်။

ထို့အပြင်၊ သူမသည် ရိုးရှင်းစွာ နှုတ်ထွက်ပြီး လော့လန်အိမ်တော်ကို စစ်ကူပေးနေမည်သာ......

လူတိုင်းကို ကောလိပ်ဘက်မှ ရှင်းရှင်းလင်းလင်း ရှင်းပြရန် လိုအပ်ပေလိမ့်မည်။

ဒုကျောင်းအုပ်စုရှင်းက....

"ဒါဆို နည်းပြရှန်ကျင်းရှောင်က ဘယ်လိုလုပ်ဖို့ အဆိုပြုချင်သလဲ"

ရှန်ကျင်းရှောင်က... " ခရမ်းအဆင့်နည်းပြ နည်းပြတချို့ကိုအမိန့်ပေးပြီး နည်းပြချီချန်းကို ကောလိပ်ကို ပြန်ပို့ဖို့ အကြံပြုချင်ပါတယ်.... သူမ နှုတ်ထွက်ချင်ရင်၊ လော့လန်အိမ်တော်ရဲ့ အိမ်တော်စုဝေးပွဲပြီးမှပဲ နှုတ်ထွက်ခွင့်ပြုလိုက်ပါ ......"

သူ၏ ကြေငြာချက်ကြောင့် အထက်ဆင့် နန်းတော်တလျှောက် တီးတိုးသံများ ထွက်ပေါ်လာသည်။ အချို့က သဘောတူကြပြီး၊ အချို့က ကန့်ကွက်ကြသဖြင့် ငြင်းခုံမှုများမှာ အချိန်အတော်ကြာအောင် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။

"လူယုတ်မာ.... တစ်ယောက်ယောက်က နှုတ်ထွက်ပြီးတာနဲ့ ကောလိပ်နဲ့ ဆက်နွယ်မှု မရှိတော့ဘူး.... ကောလိပ်ဆိုတာ ဘာလဲ၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဓားပြတွေနေထိုင်တဲ့ တွင်းကြီးလား....ဝင်ခွင့်ပဲရှိပြီး ဘယ်တော့မှ ထွက်သွားလို့မရဘူးလား..."

ထိုအချိန်တွင် ဒေါသတကြီး အော်ဟစ်သံ ထွက်လာသည်။ နည်းပ ဟောင်ရှုသည် ရှန်ကျင်းရှောင်၏အဆိုပြုချက်ကို တိုက်ရိုက်ငြင်းဆိုခဲ့သည်။

ရှန်ကျင်းရှောင် မျက်မှောင်ကြုတ်လိုက်ပြီး....

"နည်းပ ဟောင်ရှု.. ကျန်းချင်းအာက မင်းရဲ့တပည့်မှန်း ငါသိပါတယ်..... ဒါပေမယ့် လက်ရှိအခြေအနေက တည်ငြိမ်အေးချမ်းဖို့ငိုအရင်ဉီးစားပေးရမယ်.... ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေက ငါတို့လုပ်ရပ်တွေကို လွှမ်းမိုးနိုင်မှာမဟုတ်ဘူး....."

"ကောလိပ်မှာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်..... အဲဒါကို သေချာနားလည်ထားရမယ်... ဒါပေမယ့် လူတိုင်းမှာ နုတ်ထွက်ခွင့်ရှိတယ်ဆိုပေမယ့်... မင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ဖို့ ဒီလို မဆီမဆိုင်တဲ့ အဖြေကို သုံးစရာ မလိုဘူး...."

ဟောင်ရှုက ဒုကျောင်းအုပ်စုရှင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း အေးစက်စွာ ဟစ်အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် နုတ်ထွက်စာတစ်စောင်ကို စုရှင်းဆီသို့ လွှင့်ပစ်လိုက်သည်။

"ဒုကျောင်းအုပ် စုရှင်း...ငါလည်း နှုတ်ထွက်မယ်..!"

ဤမြင်ကွင်းသည် အခြား ခရမ်းအဆင့်နည်းပြများကို လုံးဝ အံသြသွားစေသည်။ နည်းပြနှစ်ဦးသည် ထိုနေ့တွင် နုတ်ထွက်ရန် ရွေးချယ်ခဲ့သည်။ ကောလိပ်မှာ နုတ်ထွက်စာ တစ်စောင်တောင် မတွေ့ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ........

ရှန်ကျင်းရှောင် ချက်ချင်းပင် မျက်နှာပျက်သွားပြီး.... " နည်းပြ ဟောင်ရှု.... မင်းက တကယ့်ကို စိတ်အနှောက်အယှက်ပေးတဲ့သူပဲ!"

"ငါ့ဘာသာ ဘာပဲဖြစ်ဖြစ် နင့်အပူတပြားသားမှမပါဘူး...." ဟောင်ရှုက ချက်ချင်းပင် မိုးခြိမ်းသံလို ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ငါ့ကိစ္စမဟုတ်ဘူးတဲ့လား.....မင်းသရုပ်ဆောင်တဲ့ပုံစံက ငါတို့ကောလိပ်ရဲ့ နာမည်ကောင်းကို ချနင်းနေတာပဲ...ကောလိပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘာမှမပြောဘဲနေလို့ရမလား.....!"

"နင်က လီလော့နဲ့ ကျန်းချင်းအာကို ပစ်မှတ်ထားပြီး လော့လန်အိမ်တော် ပြိုလဲသွားတာကို စောင့်ကြည့်ချင်နေတာမလား..."

"မင်းနဲ့ ချီချန်းက သူတို့ရဲ့ စွမ်းရည်ကို တန်ဖိုးထားတဲ့အတွက် ဒီလိုလုပ်နေကြတာမလား.... သူတို့တွေ ဘုရင်အဆင့်ကို ရောက်နိုင်မယ်လို့ ထင်ပြီး မျိုးစေ့ကြဲချင်တာလား...."

ရှန်ကျင်းရှောင်က ပြတ်ပြတ်သားသား စွပ်စွဲလိုက်သည်။

"ငါလုပ်ချင်တာကိုလုပ်မယ်....!"

ခရမ်းအဆင့်နည်းပြမြောက်မြားစွာသည် ရန်ဖြစ်သူ နှစ်ဦးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါနေကြသည်။

"တော်လောက်ပြီ... တိတ်တိတ်နေကြ!"

ထိုအချိန်တွင်၊ ဒုကျောင်းအုပ် စုရှင်းသည် တစ်စုံတစ်ဦးကို အေးခဲသွားစေလောက်အောင် အေးစက်သောအကြည့်ဖြင့် စားပွဲကို ရိုက်ချလိုက်သည်။

အများအားဖြင့် နူးညံ့သိမ်မွေ့သော ဒုကျောင်းအုပ်ကို အခုလိုမြင်လိုက်ရသဖြင့် ဒေါသထွက်နေသော ဟောင်ရှုပင် ငြိမ်သွားပြီး ထိုင်နေလိုက်ရသည်။

ရှန်ကျင်းရှောင်လည်း အလားတူပင်.....

"နည်းပြဟောင်ရှု.... နုတ်ထွက်တာကို ငါလက်မခံဘူး.....မင်းမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိပေမဲ့ ငါမင်းကို တားလို့မရဘူး၊ ဒီသတင်းတွေ ပျံ့သွားတယ်ဆိုရင် ငါတို့ကောလိပ်က ကြားနေဝါဒီဆိုတာကို ဘယ်သူက ယုံကြည်မှာလဲ" လို့ ဒုကျောင်းအုပ်စုရှင်းက လေသံခပ်မာမာနဲ့ မေးလိုက်သည်။

ဟောင်ရှုက နားထောင်နေပေမယ့် တခုခုပြောတော့မယ့်အချိန်တွင် ရင်းနှီးနေသော

နည်းပြတစ်ယောက်က သူမကို အချိန်မှီလှမ်းတားလိုက်သည်။

ရှန်ကျင်းရှောင်က သက်ပြင်းချကာ.....

"ဒါဆို နည်းပြချီချန်းရဲ့ ပြဿနာက ဘယ်လိုလဲ၊ ဘယ်လို ဖြေရှင်းကြမလဲ....."

စုရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး. ....

" နည်းပြချီချန်းက ကောလိပ်က ထွက်သွားပြီဆိုတော့ ဒီအတိုင်းထားလိုက်တော့. သူ့ကို ဖမ်းဖို့ အဖွဲ့တွေ စေလွှတ်မှာ မဟုတ်ဘူး.... အဲ့လိုလုပ်လိုက်ရင် ငါတို့အပေါ် ဘယ်လောက်ဆိုးဆိုးရွားရွား ထင်ဟပ်စေမလဲသိရဲ့လား..... ဘယ်လိုပဲဖြစ်ဖြစ် ရာထူးက နုတ်ထွက်မယ့် ကိစ္စကို ရပ်ဆိုင်းထားမယ်... "

ရှန်ကျင်းရှောင်သည် နောက်ဆုံး ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ဤသည်မှာ ဒုကျောင်းအုပ်ကြီးစုရှင်း ၏ဆုံးဖြတ်ချက်ဖြစ်သောကြောင့် သဘောတူလိုက်ရသည်။

"ရှမြို့တော်ရဲ့ အခြေအနေကြောင့် နည်းပြတွေကို ကောလိပ်ကနေ ထွက်ခွာခွင့်မပြုဘူး" ဟု ဒုတိယကျောင်းအုပ်စုရှင်းက ထပ်မံသတိပေးခဲ့သည်။

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကောလိပ်၏ စည်းကမ်းများကို သိထားသည့်အပြင် လော့လန်အိမ်တော်၏အရှုပ်ထွေးများတွင် ဝင်ပါဖို့ စိတ်မဝင်စားကြပေ။

နောက်ဆုံးတွင် ဒုကျောင်းအုပ် စုရှင်း ၏အကြည့်သည် ရှန်ကျင်းရှောင် ထံရောက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ခေါင်းသာညိတ်ပြနိုင်ခဲ့သည်။

အားလုံးကို ထပ်မံသတိပေးပြီးနောက် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တော့သည်။

ခရမ်းအဆင့်နည်းပြများ အထက်ဆင့် နန်းတော်မှ ထွက်ခွာသွားသောအခါ ဒုတျောင်းအုပ်စုရှင်းသည် လက်ထဲမှ နုတ်ထွက်စာလွှာကို ကြည့်ကာ ကူကယ်ရာမဲ့သော ခံစားမှုတစ်ခုနှင့် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရပြီး သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်သည်။

" ရှန်ကျင်းရှောင်ရဲအဆောင်ကို လျှို့ဝှက် စောင့်ကြည့်ထားပါ... သူ့ကို ကောလိပ်ကနေ ထွက်သွားဖို့ လုံးဝ တားမြစ်ထားရမယ်......"

သူမစကားပြောပြီးနောက်တွင် သူမ၏နောက်ကွယ်ရှိ လေဟာနယ် တုန်ခါသွားပြီး လူစုခွဲသွားသည်။

ထို့နောက် သူမ သက်ပြင်းချကာ အထက်ဆင့် နန်းတော်အပြင်ဘက်မီတဆင့် ရှမြို့တော်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ကောလိပ်၏ စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး လုပ်ထားပြီးဖြစ်သည်။ လီလော့နှင့်ကျန်းချင်းအာ တို့အပေါ် သူမ အတတ်နိုင်ဆုံးကူညီခဲ့သည်။ ဒီလိုမှမဟုတ်ရင် ချီချန်း အသံမထွက်ဘဲ ကောလိပ်ကနေ လွယ်လွယ်နဲ့ ထွက်သွားနိုင်မည် မဟုတ်ပေ။

ချီချန်း ထွက်ခွာနိုင်မှုသည် သူမဘက်မှ တိတ်တဆိတ် သဘောတူညီမှုတစ်ခုဖြစ်သည်။

ဒီကလေးနှစ်ယောက် လော့လန်အိမ်တော်ကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်......

.........................

ရှန်ကျင်းရှောင်သည် အထက်ဆင့် နန်းတော်မှ ထွက်ခွာပြီးနောက်တွင် သူနေထိုင်ရာသို့ ပြန်သွားခဲ့သည်။

အခန်းထဲဝင်လာပြီးသည်နှင့် လက်ဟန်အချို့ပြုလုပ်ကာ စည်းချလိုက်သည်။ ထို့နောက် မှော်စာလုံးများက အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အခန်းထဲတွင် ဖြစ်ပျက်နေသည့်အရာများကို မည်သူတစ်ဦးတစ်ယောက်မှ စူးစမ်းလေ့လာခြင်းမပြုနိူင်တော့ပေ။

ထို့နောက် အရိပ်များစွာဆီသို့ ပြတင်းပေါက်မှ လှမ်းကြည့်ကာ ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။

မှောင်ရိပ်များအတွင်း လှုပ်ရှားသွားလာနေသော စွမ်းအင်လှိုင်းများကို ခံစားရပြီး တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း ထင်ရှားစေသည်။ ၎င်းသည် လော့လန်အိမ်တော်၏အိမ်တော်စုဝေးပွဲကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဒုကျောင်းအုပ်စုရှင်း၏ စီစဉ်မှုတစ်ခုဖြစ်ရမည်။

"ဒုကျောင်းအုပ်.... ဒုကျောင်းအုပ်..... မင်းငါ့ကို လျှော့တွက်လွန်းနေပြီ...." ရှန်ကျင်းရှောင် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် မြေအောက်လျှို့ဝှက်ခန်းသို့ ဆင်းသွားခဲ့သည်။

လျှို့ဝှက်ခန်းတခုလုံး မည်းမှောင်နေပြီး အလွန်စိတ်ပျက်ဖွယ်ကောင်းလှသည်။

ရှန်ကျင်းရှောင်သည် အခန်းတွင်းရှိ အနက်ရောင် ယဇ်ပလ္လင်တစ်ခုဆီသို့ လျှောက်သွားကာ ၎င်းရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့လက်ဖဝါးကို မြှောက်လိုက်သည်နှင့် ယဇ်ပလ္လင် နှစ်ခြမ်းကွဲသွားပြီး အတွင်းမှ ကျောက်စိမ်းသေတ္တာတစ်လုံး တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ လုံခြုံစွာ သိမ်းဆည်းထားတဲ့ နှလုံးတစ်ခုကို မြင်လိုက်ရသည်။

ထိုအရာသည် ပြီးပြည့်စုံတဲ့ နှလုံးသားမဟုတ်ပေမယ့် ထက်ခြမ်း ခြမ်းထားသောနှလုံးသားဖြစ်သည်။

ရှန်ကျင်းရှောင်သည် လက်တစ်ဖက်ဖြင့် နှလုံးကိုကိုင်ထားပြီး နှလုံးတစ်ခြမ်းခုန်နေသည့်အပေါ် အာရုံစိုက်ခဲ့သည်။ကျန်လက်တစ်ဖက်ဖြင့် မှိုင်းမှုန်သော ရောင်ခြည်များကိုဖန်တီးလိုက်သောအခါ သူ၏လက်ချောင်းထိပ်များမှ အလင်းတန်းများ ထွက်လာပြီး တခြမ်းပဲ့နှလုံးအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။

သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ရယ်မောနေခဲ့သည်။

"လီလော့က အံ့ဩစရာတွေ ပြည့်နှက်နေတဲ့သူပဲ.... အဲ့ဒါက ချေးငှားထားတဲ့ ပြင်ပစွမ်းအားမဟုတ်လား... သူ့ရဲ့ဝှက်ဖဲ ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ...မှန်းစမ်း...ဒီစွမ်းအားတွေက နတ်သားရဲတစ်ကောင်ရဲ့စွမ်းအားတွေမလား....ရင်းနှီးနေသလိုပဲ....."

ရှန်ကျင်းရှောင် မျက်မှောင်ကြုံ့ပြီး စက္ကန့်အနည်းငယ်ကြာအောင် တွေးနေမိသည်။

"ဒါ...အရိပ်လှိုဏ်ဂူထဲမှာ ပိတ်လှောင်ခံထားရတဲ့ အမြီးသုံးဆချာင်း ကောင်းကင်ဝံပုလွေပဲ.... ဒါဆို ကျောင်းအုပ်ကြီးရဲ့လက်ချက်ပေါ့....."

ဝိညာဉ်သားရဲရဲ့ စွမ်းအားကို အလကား ချေးယူလို့မရပေ။ ၎င်းကို လူသားတို့အသုံးပြုနိုင်သည့်အရာအဖြစ် ပြောင်းလဲရန် အံ့ဖွယ်နည်းပညာတစ်ခု လိုအပ်ပြီး ကျောင်းအုပ်တစ်ဦးတည်းသာ ဤစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

"ဖေဟောင် ... ဖေဟောင်... မင်းတကယ်ကို အသုံးမဝင်ဘူးပဲ.... ငါတို့သာ မင်းကို အားကိုးရရင် ကျန်းချင်းအာကိုမပြောနဲ့ လီလော့ကိုတောင်နိုင်မှာမဟုတ်ဘူး... မင်းဘက်မှာ ငါတို့ရှိနေလို့ ငါကံကောင်းသွားတယ်မှတ်ပါ....

ရှန်ကျင်းရှောင်သည် လက်ချောင်းထိပ်မှ သွေးအဆီအနှစ်တစ်စက်ကို ထုတ်နေရင်း ရယ်မောလိုက်သည်။ သွေးအဆီအနှစ်သည် တွန့်လိမ်သွားကာ သူ့ရှေ့မှ နှလုံးတစ်ခြမ်းထဲသို့ ချက်ချင်းမနစ်မြုပ်မီ သွေးနီရောင်ကျိန်စာ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"အခု မင်းကို ငါ့ရဲ့ခွန်အားနည်းနည်း ပေးမယ်..."

ရှန်ကျင်းရှောင်၏ အေးစက်သောရေရွတ်သံများသာ အခန်းထဲတွင် တိတ်တဆိတ် ပျံ့လွင့်နေသည်။

All Chapters