တိုက်ပွဲ၏အထွပ်အထိပ်အခြေနေ......
Vol. 47 Ch. 651
ရွှေရောင်ဓားစွမ်းအင်ဖြင့် ဖန်တီးထားသော ရွှေလင်းယုန်သည် ကောင်းကင်တဝက်ခန့်ကို ဖုံးလွှမ်းသွားပြီး အောက်က ပုရိတ်သတ်များပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကျဆင်းလာကာ လော့လန်အိမ်တော်မှ လူများကို ထိတ်လန့်ခြောက်ခြားသွားစေသည်။
အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်........
ဖေဟောင်ရဲ့ အရည်အချင်းတွေ ဒီလောက်အထိ တက်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။
ဤအရာသည် ဖေဟောင်အား ယာယီခွန်အားမျိုးသာပေးစွမ်းနိုင်မှန်း လူတိုင်းသိကြသော်လည်း၊ ဤကဲ့သို့သော အယူအဆများသည် ဤအခြေအနေတွင် အရေးမကြီးတော့ပေ။
ဖေဟောင်၏အမူအရာက အလွန်စုတ်ပြတ်သတ်နေသော်လည်း အေးစက်ခက်ထန်နေသည်။ အခု သူ့ဝှက်ဖဲကို ထုတ်ပြလိုက်ပြီဆိုတော့ တွန့်ဆုတ်နေစရာ မလိုတော့ပေ ဓားကိုရှေ့ညွှန်လိုက်သောအခါ လင်းယုန်ငှက်ကြီးကလည်း စူးရှစွာအော်ဟစ်လိုက်ပြီး ၎င်းပတ်၀န်းကျင်ရှိ စွမ်းအင်များအားလုံးသည် ဆူနာမီလှိုင်းလုံးများကဲ့သို့ လီလော့ဆီ ဉီးတည်နေလေ၏။
ဓားစွမ်းအင်များ ရွေ့လျားသွားသည်နှင့်အမျှ ၎င်းပတ်ပတ်လည်ရှိလေဟာနယ် အပိုင်းပိုင်းပြတ်တောက်သွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားမည့် မရေမတွက်နိုင်သော လှိုင်းဂယက်များကို ချန်ထားခဲ့သည်။
ဤမြင်ကွင်းကြောင့် လီလော့၏အမူအရာလေးနက်လာသည်။ ဓားစွမ်းအင်၏ ပြင်းထန်သော စွမ်းအားများ သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားနေရသည်။
အရှိန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ပရိသတ်များ၏ ရင်တွင်း၌ တင်းမာမှုများ ခံစားလာရသည်။
ချိုင်ဝေက... "သခင်လေး...သတိထား!"
ဘန်းးးးးး
လီလော့နှင့် တိုက်မိတော့မည့် ဓားစွမ်းအင် အရှိန်ကြောင့် မိုးခြိမ်းသံများကြားရသော်လည်း သူ့ခန္ဓာကိုယ်မှ လျှပ်စီးတမ်းများထွက်ပေါ်လာကာ လျင်မြန်လွန်းလှသောအရှိန်ဖြင့် မီတာဆယ်ဂဏန်းအကွာကို ရွေ့လျားသွားခဲ့သည်။
အဆင့်နိမ့်နဂါးပညာရပ်.... လျှပ်စီးမိုးကြိုးကျင့်စဉ်.....
"ဟမ်?"
ဖေဟောင် အနည်းငယ် အံ့သြသွားပုံရပြီး သူ့အမူအရာ ပြောင်းသွားသည်။ လီလော့က ဘယ်လိုဖြစ်ပြီး လျှပ်စီးမိုးကြိုးကျင့်စဉ်ထုတ်သုံးနေရတာလဲ.....
လီလော့ပြသခဲ့သည့် ထက်မြက်မှုမှာ သူ၏ဓားစွမ်းအင်ထက် သာလွန်နေသည်။
သို့သော်လည်း ဖေဟောင် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။
"အလယ်အလတ်အဆင့် နဂါးပညာရပ်....စိတ်ဝိညာဉ်ကို ငြိမ်းသတ်နိုင်သော ဓားစွမ်းအင်!"
အတွေးတစ်ခုဖြင့် ဖေဟောင်၏ခန္ဓာကိုယ်တွင်းရှိ ရွှေရောင်ပဲ့တင်ထပ်သံစွမ်းအားများ ကောင်းကင်သို့ ပျံတက်သွားပြီး မီတာပေါင်းများစွာရှည်သော မီးခိုးရောင်ဓားတစ်ချောင်းအဖြစ်လျင်မြန်စွာ ပေါင်းစပ်လိုက်လေသည်။
ဤဓားစွမ်းအင်သည် အရောင်မှိုင်းမှိုင်းဖြစ်နေသော်လည်း ၎င်းကို စိုက်ကြည့်သူတိုင်း အန္တရာယ်ကို အလိုလို ခံစားနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဇာတိခန္ဓာကို မထိခိုက်စေနိုင်ဘဲ စိတ်ဝိဉာဉ်ကိုတိုက်ရိုက်ဝါးမြိုနိုင်သောကြောင့်ပင်.... အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ပညာရပ်တစ်ခုဖြစ်သည်။
ဖေဟောင်သည် မည်သည့်အရာကိုမျှ ထိန်ချန်ထားခြင်းမရှိတော့ဘဲ လီလော့ကို တိုက်ရိုက်သတ်ပစ်ရန် နည်းလမ်းအားလုံးထုတ်သုံးနေချေပြီ။
ဝုန်းးးးးးးး
စိတ်ဝိညာဉ်ကို ငြိမ်းသတ်နေသော ဓားစွမ်းအင် တုန်ခါသွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။
တစ်ဖက်တွင်မူ လီလော့သည် ဆံပင်မွှေးများ ထောင်လာသည်အထိ ထိန်လန့်နေသည်။ဖေဟောင်ရဲ့တိုက်ခိုက်မှုက အင်မတန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ဒါက သူ့ကို ကူကယ်ရာမဲ့ သက်ပြင်းချမိစေသည်။
ဖေဟောင်ကို ဖယ်ရှားရန် အဆင့်နိမ့်ကောင်းကင်ပဲ့တင်ထပ်သံစွမ်းအားလောက်နှင့် လုံလောက်မည်ဟု မူလက ထင်ခဲ့သော်လည်း အရာများသည် မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီ။
ထိုအခြေအနေကြောင့်ပင် သူသည် မည်သည့်အရာကိုမျှ မထိန်းသိမ်းနိုင်ခဲ့ပေ။
အမှန်မှာ အဆင့်နိမ့်ကောင်းကင်ပဲ့တင်ထပ်သံစွမ်းအားသည်သယ သူဘေးကင်းစွာ ခံနိုင်ရည်ရှိသော အရာဖြစ်သည်။ အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံစွမ်းအားကို အသက်သွင်းမည်ဆိုလျှင်၊ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ကောင်းကင်ဝံပုလွေ၏ နတ်ဆိုးစွမ်းအားကြောင့် ထိခိုက်မည်မှာ သေချာပါသည်။ ရှန့်ပိန်းတွေ့ဆုံပွဲတွင် ကျန်းချင်းအာ အချိန်မီ ကြားဝင်ဆောင်ရွက်ပေးခြင်းကြောင့်သာ မဟုတ်ပါက၊ ၎င်းကို အသုံးပြုပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ သတိလစ်သွားနိုင်သည်။
ယခု သူသည် နတ်ဆိုးနန်းတော်အဆင့်သို့ ဝင်ရောက်ပြီး ကောင်းကင်ဝံပုလွေနှင့် ငြိမ်းချမ်းရေးယူထားသောကြောင့် အကျိုးဆက်များ ပိုမိုအားနည်းလာဖွယ်ရှိသည်။
သက်ပြင်းမချခင် သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ပြေးလွှားနေခဲ့တယ်။ထို့နောက် ကောင်းကင်ဓမ္မတေးသံကို ရွတ်ဆိုကာ ခွန်အားအပြည့် ယူဆောင်လိုက်တော့သည်။
"အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရဲ့စွမ်းအားတွေပေးသနားပါ.....!"
အတွေးတစ်ခုဖြင့် သူ့လက်ကောက်ဝတ်ရှိ နီမြန်းသောလက်ကောက်သည် သွေးနီရောင်အလင်းတန်းများတောက်ပလာကာ ကြီးမားပြင်းထန်သော စွမ်းအင်ပမာဏများ လီလော့ ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က ဒီစွမ်းအင်ကို မခံနိုင်တော့တဲ့ နာကျင်မှုကို သိသိသာသာ ခံစားလိုက်ရပြီး အရေပြားများပင် တဖြည်းဖြည်း ကွဲအက်လာသည်။
လီလော့၏ မျက်လုံးများသည်လည်း အရေပြားများနည်းတူ နီမြန်းနေ၏။
ကျန်းစဲ့ယွီရှန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ရေပဲ့တင်ထပ်သံစွမ်းအားများကိုဆင့်ခေါ်လိုက်ရာ..ရေစွမ်းအားများက ဒီရေကဲ့သို့ လျှံထွက်ကာ ဓါးသွားတစ်ဝိုက် လျင်မြန်စွာ ရွေ့လျားနေသော အတားအဆီးတစ်ခုကို ဖန်တီးကာ ၎င်း၏ထက်ရှမှုကို နောက်တစ်ဆင့်တိုးသွားစေခဲ့သည်။
"ရေတစ်ထောင်ဓားစက်ဝန်း!"
လီလော့သည် သူ၏ညာဖက်ရှိ လေဟာနယ်ဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်လေသည်။ ထိုအချိန်တွင် မီးခိုးရောင်ဓားစွမ်းအင်သည်လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ တိုက်ခိုက်မှုနှင့် တိုက်ရိုက်ထိသွားသည်။
ဝုန်းးးးးးးး
ရိုက်ခတ်သည့်နေရာမှ ပဲ့တင်ထပ်သံစွမ်းအားများစွာ ထွက်ပေါ်လာပြီး တိုက်ပွဲကွင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာကွဲကြေစေခဲ့သည်။ ဤတိုက်ပွဲကိုမြင်သောအခါ ပရိသတ်အားလုံး တုန်လှုပ်ချောက်ချားစပြုလာပြီး၊ အချို့က နောက်ဆက်တွဲအရှိန်ရိုက်ခတ်မှုကို ထိန်းထားနိုင်စေရန် ၎င်းတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများကို အဆောတလျင် ထုတ်ဖော်ကာ ကာကွယ်နေရသည်။
လီလော့ထံမှ ထွက်ပေါ်နေသော အော်ရာအရ ၎င်း၏ခွန်အားသည် အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သ့အဆင့်သို့ ရောက်နေပြီဟု လူတိုင်း ရုတ်တရက် သဘောပေါက်သွားပုံရသည်။
လော့လန်အိမ်တော်၏ အသန်မာဆုံး ဘိုးဘေးရှုထျန်လင်းသည်လည်း လီလော့ကို မှုန်မှိုင်းစွာ စိုက်ကြည့်နေသည်။ အဆင့်တူနေသည့်တိုင် လီလော့က ပို၍ကြောက်စရာကောင်းနေသည်။
အစကတော့ ကျန်းချင်းအာကိုသာ အန္တာရာယ်အရှိဆုံးသူအဖြစ် ထင်ခဲ့မိသည်။ လီလော့ သည် ၎င်းတို့၏ အစီအစဉ်အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။
ရင်ပြင်ပေါ်တွင် ဖေဟောင်က လီလော့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
"မင်းကြည့်ရတာ အံ့သြနေပုံပဲ...."
လီလော့က မှတ်ချက်ပေးလိုက်သည်။
"မင်းရဲ့ ပြောင်မြောက်တဲ့ ဝှက်ဖဲနဲ့ ကျောထောက်နောက်ခံက မင်းအလိုရှိတဲ့ ဆိုးရွားလှတဲ့ အောင်ပွဲတွေကို မပေးနိုင်ဘူးဆိုတာ သဘောပေါက်သွားပြီမလား..."
ဖေဟောင်က..... "မင်းရဲ့ ခွန်အားက တကယ်ကို မမျှော်လင့်ထားမိလောက်အောင်ပဲ..... ပြင်ပအကူညီယူပြီးခွန်အားချေးငှားထားတာခြင်းတူပေမယ့် ငါက ကောင်းကင်ပုလဲအဆင့်ကို ရောက်နေပြီမို့ အချိန်ပိုကြာအောင် ခံနိုင်ရည်ရှိလိမ့်မယ်.... ဒါပေမယ့် မင်းမှာရော အဲ့လို အရည်အချင်း ရှိရဲ့လား"
လီလော့က ပြုံးပြသော်လည်း အဖက်လုပ်ပြီးငြင်းခုံမနေတော့ပေ။မည်သို့ပင်ဆိုစေ
သူ၏ကိုယ်ခန္ဓာပေါ်တွင် အက်ကွဲရာများ ပွထနေပြီး ဖေဟောင်ထက် အခြေနေပိုဆိုးနေသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူ့ခန္ဓာကိုယ်သည် ယခုအချိန်တွင် အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်၏ စွမ်းအားကို မခံနိုင်သေးပေ။
အကောင်းဘက်ကလှည့်တွေးမည်ဆို ကောင်းကင်ဝံပုလွေ၏ သဘောတူညီချက်ကို ရရှိထားသောကြောင့် ၎င်းသည် သူထုတ်ချေးထားသည့် စွမ်းအားအတွင်းမှ နတ်ဆိုးစွမ်းအင်ကို ထိန်းထားနိုင်ခဲ့သည်။ ထို့ကြောင့် လီလော့သည် ခွန်အား ချေးယူသောအခါ၊ ရက်စက်ကြမ်းကြုတ်သော ပြုစားခံရမှုများ လျော့နည်းသွားသည်။
သူ၏ မိုးကြိုးနတ်ဘုရားခန္ဓာကို အသက်သွင်းခြင်းဖြင့် ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ခုခံအား မြှင့်တင်ပေးနိုင်လိမ့်မည်။
"မိုးကြိုးနတ်ဘုရား!"
လီလော့ အတွေးလွန်နေသော်လည်း လျှပ်စီးကြောင်းများက ခန္ဓာကိုယ်အတွင်းပိုင်းအထိကနေ တရိပ်ရိပ်ပေါ်ထွက်လာပြီယ သူ့ခန္ဓာကိုယ်အနှံ့ မိုးခြိမ်းသံများ ထွက်လာသည်။လျှပ်စီးတစ်ခုစီလင်းလက်သွားတိုင်း သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်က တဟုန်ထိုး တက်လာလိမ့်မည်။
လီလော့၏ မျက်နှာသည် ကြက်သွေးရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သူ့မျက်လုံးများတွင် ဆိုးရွားသောအကြည့်တစ်ခု ပေါ်လာသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော သူ့ခန္ဓာကိုယ် ကွယ်ပျောက်သွားသည်။
ဖေဟောင် ၏ အမူအရာက အေးစက်နေပြီး ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများလည်း ပြင်းထန်စွာ ပြောင်းလဲနေသည်။ ဓားကိုဝှေ့ယမ်းလိုက်ပြီး ထောင်သောင်းမကသော ပုံရိပ်ယောင် ရွှေဓားရှည်များကို ဖန်တီးကာ လီလော့ကို တိုက်ခိုက်ခဲ့သည်။
ထိတ်လန့်မှုအပြည့်နဲ့နှစ်ယောက်သားရဲ့ ထိပ်တိုက်တွေ့မှုကို ကြည့်နေချိန်မှာ ဓားစွမ်းအင်ရဲ့ ကြောက်စရာကောင်းတဲ့ သရုပ်ပြမှုက အကြီးအကဲများကိုပင် အသက်ရှူမှားလောက်စေခဲ့သည်။
တစ်ဖက်တွင် လီလော့သည် တိုက်ခိုက်မှုများကိုကျင်းစဲ့ယွီရှန်း ဓားသွားဖြင့် ရွှေဓားစွမ်းအင်ကို လုံးလုံးလျားလျား ဖြိုခွဲပစ်လိုက်သည်။
နှစ်ယောက်သား လျှပ်စီးကြောင်းနှစ်ခု တိုက်မိသလိုမျိုး အပြန်အလှန် တိုက်ခိုက်နေကြသည်။
ပြင်းထန်သော ပေါက်ကွဲသံများကို တလစပ်ကြားနေရပြီး အချိန်တိုလေးအတွင်းမှာပင် နှစ်ဖက်စလုံးက အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်မှုတစ်ခုစီဟာ ရက်စက်ကြမ်းကြုတ်ပြီး အသေသတ်ပစ်ဖို့ကြံရွယ်ထားသည့်နှယ်........
ရက်စက်ကြမ်းကြုတ်သော ဤတိုက်ပွဲသည် ပရိသတ်ကို တုန်လှုပ်သွားစေခဲ့ပြီး အားလုံးကို အသက်ရှူမဝနိုင်အောင် ဖြစ်စေခဲ့သည်။
အိမ်တော်စုဝေးပွဲ အတွင်းမှာ ဒီလိုပြင်းထန်တဲ့ တိုက်ပွဲမျိုးဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
……...................
လော့လန်အိမ်တော်ရုံးချုပ်အပြင်ဘက်ရှိ မဏ္ဍပ်တစ်ခုတွင်...........
ဇူချင်းဟောင်သည် လီလော့တို့တိုက်ပွဲကို တည်ငြိမ်သောအမူအရာဖြင့် စောင့်ကြည့်နေသည်။ ထို့နောက် သူသည် ကြောက်မက်ဖွယ်ရာ ပဲ့တင်ထပ်သံ စွမ်းအားများပေါ်ထွက်လာသည့် မြို့တော်အတွင်း အခြားနေရာများစွာကို လှည့်လည်ကြည့်ရှုခဲ့သည်။
စွမ်းအားအတက်အကျနှင့် ထုတ်လွှတ်သော ဖိအားများသည် လီလော့ နှင့် ဖေဟောင် တို့၏ တိုက်ပွဲထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
"ဒူဇီယန်က စီချင်းကို တကယ်ပဲ တားဆီးနေတာလား......."
ဇူချင်းဟောင်၏ အကြည့်များ အနည်းငယ် ယိမ်းယိုင်သွားသည်။ ဒူဇီအိမ်တော်သည် လော့လန်အိမ်တော်ကို ဂျိယန်အိမ်တော် ကဲ့သို့ပင် မုန်းတီးနေသောကြောင့် ဒူဇီယန်၏လုပ်ရပ်က အံ့သြစရာပင်......
သို့သော် ထွေထွေထူးထူး ဂရုစိုက်နေစရာမလိုပေ။အခုချိန်မှာအရေးကြီးဆုံးက အခွင့်ရေးကို မလွတ်တမ်းဖမ်းဆုပ်နိုင်ဖို့ပင်.....
လော့လန်အိမ်တော်၏ ဌာနချုပ်ကို နောက်တစ်ကြိမ် လှည့်ကြည့်ရင်း သူ့ရှေ့ စားပွဲကို ပေါ့ပေါ့ပါးပါး ပုတ်လိုင်သည်။
"ရှန်ကျင်းရှောင်... ဒီလောက်ဆို လုံလောက်သင့်ပြီမဟုတ်လား...?"
…….................
လျှို့ဝှက်မြေအောက်ခန်းထဲတွင်..
ရှန်ကျင်းရှောင်သည် သူ့ရှေ့မှ ယဇ်ပလ္လင်အထက်တွင် လွင့်နေသော နှလုံးတစ်ဝက်ကို ငေးကြည့်နေသည်။ အထူးချိတ်ဆက်မှု၏အကူအညီဖြင့်၊ သူသည် လော့လန်အိမ်တော် အတွင်းရှိအရေးကြီးသောတိုက်ပွဲကိုကြည့်ရှုနိုင်ခဲ့သည်။
"လီလော့က တကယ်ကို အံ့အားသင့်စေတယ်။ သူ ဒီလောက် အံ့ဩစရာတွေ အများကြီး ဖန်တီးနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး......"
ရှန်ကျင်းရှောင်၏ အကြည့်များ တုန်လှုပ်သွားသည်။ ဖေဟောင်အတွက် စွမ်းအားများ ဖြည့်ဆည်းရန် နှလုံးတစ်ဝက်ကို အသုံးချနိုင်ခဲ့သော်လည်း ကန့်သတ်ချက်မှာ အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ဖြစ်သည်။ တစ်ဖက်တွင်၊ လီလော့သည် ၎င်း၏ကိုယ်ပိုင်နည်းလမ်းများဖြင့် တူညီသောအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး တိုက်ပွဲကို အတားအဆီးဖြစ်စေခဲ့သည်။
အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် ပိုကြမ်းသောအကွက်များကိုထုတ်သုံးရတော့မည်သာ....
ထိုအချိန်တွင် သူသည် လက်မနှင့် နှလုံးတစ်ဝက်ကို အသာအယာ ပွတ်ဆွဲလိုက်သည်။
နှလုံးတစ်ဝက်ကို နှစ်ပိုင်းခွဲပြီး လေးပုံတစ်ပုံက သူ့လက်ဖဝါးထဲသို့ ကျဆင်းသွားသည်။ ရှန်ကျင်းရှောင်သည် သူ့လက်ဖဝါးကို ပွတ်သပ်လိုက်ပြီးနောက် နှလုံးသား၏လေးပုံတစ်ပုံသည် အနက်ရောင်အရာတစ်ခုအဖြစ် အရည်ပျော်သွားသည်။ အနက်ရောင်အရည်များက သူ့လက်ချောင်းများကို စွန်းထင်းနေသဖြင့် ရှောင်တခင် ပွတ်ဆွဲလိုက်ကာ မှော်စာလုံးအချို့ကို ဖန်တီးပြီး လွင့်မျောနေသော နှလုံး၏ ကျန်လေးပုံတစ်ပုံဆီ တိုက်ရိုက်ဆင်းသက်စေခဲ့သည်။
"သနားစရာပဲ .....လီလော့.. မင်းရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ပြဇာတ်က မကြာခင် ပြီးဆုံးတော့မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တန်ဖိုးကြီးတဲ့ ပါရမီရှင်တစ်ဦးကို ကိုယ်တိုင်သတ်လိုက်တာနှမြောဖို့တော့ကောင်းသား....."