← Chapters

ကောင်းကင်ဓား၀င်္ကပါ.....

Vol. 47 Ch. 652

ကောင်းကင်ဓား၀င်္ကပါ.....

Vol. 47 Ch. 652

ရှန်ကျင်းရှောင်သည် နှလုံး၏ လေးပုံတစ်ပုံကို အနက်ရောင်အနှစ်များအဖြစ် ချေမွလိုက်

သည်နှင့်အမျှ ဖေဟောင်၏ခန္ဓာကိုယ်သည် လီလော့နှင့်တိုက်ခိုက်နေရင်း ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူ ချက်ချင်းပြန်ဆုတ်သွားပြီး နဖူးမှာ အေးစက်နေတဲ့ ချွေးသီးတွေကျဆင်းလာကာ ပြင်းထန်သောနာကျင်မှုကြောင့် အော်ဟစ်လိုက်လေသည်။

သူ့နှလုံးသားကို ဆုပ်ကိုင်ထားရင်း မျက်လုံးအရောင်မှိန်ဖျော့လာသည်။

သူ့နှလုံးသားတစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ဒါဟာ ထာဝရဆုံးရှုံးမှုတစ်ခုဖြစ်ပြီး မဖြည့်စည်းနိုင်သောလစ်ဟာမှုကို ချန်ထားခဲ့ရမယ့် အရာတစ်ခုပင်... သူ့ရဲ့ကျင့်ကြံမှုအခြေခံအုတ်မြစ်ကိုတောင် ထိခိုက်သွားနိုင်သည်။

သို့သော်လည်း ဖေဟောင်သည် သူ့ကျောထောက်နောက်ခံပြုသူဘက်က စိတ်ရှည်သည်းခံမှု မရှိတော့ကြောင်း သိလိုက်သည်။ ဤသည်မှာ သူ၏ လက်ရှိ အကျပ်အတည်းကို အမြန်အဆုံးသတ်ရန် လှုံ့ဆော်သည့် နည်းလမ်းဖြစ်သည်။

ထို့ကြောင့် ဖေဟောင် လုံးဝကို အားကိုးရာမဲ့ ဖြစ်နေသည်။ သူ၏ကျောထောက်နောက်ခံအကူအညီဖြင့် ခွန်အားများ ရုတ်တရက်တိုးပွားလာသော်လည်း လီလော့ကိုအနိုင်ယူရန် မလုံလောက်သေးပေ။ သူ့ပြိုင်ဘက်မှာ ကိုအစွမ်းထက်တဲ့ ဝှက်ဖဲတွေရှိနေသည်မဟုတ်ပါလား.......

တကယ်တော့ ဒီရှာဖွေတွေ့ရှိမှုက ဖေဟောင် ရဲ့ စိတ်ပျက်အားငယ်မှုနဲ့ ဒေါသတွေကို ပို၍တိုးပွားလာစေခဲ့သည်။ လီလော့သည် လွန်ခဲ့သည့်တစ်နှစ်ခန့်က ဗလာနန်းတော်သာရှိသည့် တန်ဖိုးမရှိသော သခင်လေးတစ်ဦးမျှသာဖြစ်ကြောင်း မှတ်သားထားရမည်ဖြစ်သည်။ သူသည် စစ်မှန်သော အာဏာ သို့မဟုတ် သြဇာမရှိသော အမည်ခံသခင်လေးတစ်ပါးသာဖြစ်သောကြောင့် လုံးဝဂရုစိုက်နေစရာမလိုခဲ့ပေ။

ကျန်းချင်းအာရဲ့ကာကွယ်မှုသာမရှိလျှင် လီလော့ကို သတ်ပစ်ခဲ့သည်မှာအတော်ကြာနေလောက်ပြီ။

လီလော့သည် တစ်နှစ်တာအချိန်တိုအတွင်း အသစ်ပြန်လည်မွေးဖွားလာမည်ဟု မည်သူမျှော်လင့်ထားမည်နည်း။

ဒါတွေကို သာကြိုသိခဲ့လျှင် မကြီးထွားခင်ကတည်းကရှင်းပစ်လိုက်မည်သာ.....ဤအတိုင်းသာဆို အခုလိုအခြေနေမျိုးနှင့် ကြီးမားသောတန်ကြေးကိုလည်းပေးဆောင်နေစရာမလိုပေ။

ဖေဟောင်သည် လီလော့ကို အဆိပ်ပြင်းစွာ စိုက်ကြည့်ရင်း သူ့နဖူးပေါ်ရှိ သွေးပြန်ကြောများ တဆတ်ဆတ် တုန်နေကာ အတွင်းစိတ်ကလည်း ကမောက်ကမ ဖြစ်နေပုံကို ပြသနေသည်။

သို့သော် နှလုံးသား လေးပုံတစ်ပုံ ဆုံးရှုံးသွားသော်လည်း ကြောက်မက်ဖွယ် စွမ်းအားများစွာ သူ့ထံ စိမ့်ဝင်နေသည်ကို ခံစားနေရသည်။

ဤစွမ်းအားသည် မြို့စားအဆင့်အောက်တွင် အပြင်းထန်ဆုံး အသန်မာဆုံးသောစွမ်းအားဖြစ်သည်။

ဒီလောက်ဆို လီလော့ကို သတ်ပစ်နိုင်တာထက်ပင် ပိုနေလိမ့်မည်။ ထိုသို့တွေးရင်း သတ်ဖြတ်လိုစိတ်များ ဒီရေအလားတရိပ်ရပ်မြင့်တက်လာချေပြီ။

"လီလော့....ငါ ဒီလောက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရလို့ မင်းအသက်ကို လျော်ကြေးအဖြစ် ယူမယ်!" ဖေဟောင် စိတ်ထဲကနေ အော်ဟစ်ကြွေးကြော်နေသည်။

ပို၍ပင် အဆိပ်ပြင်းသော ရည်ရွယ်ချက်များ သူ့မျက်လုံးများထဲတွင် ပြည့်နှက်လာသည်နှင့်အမျှ လီလော့သည်လည်း အန္တရာယ်ရှိသော အခြေအနေကို အာရုံခံမိလိုက်သည်။ ဖေဟောင်ကို အနီးကပ်ကြည့်ရင်း လက်ထဲက

ဓားကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ဒီနေ့ တိုက်ပွဲအတွက် နှစ်ဖက်စလုံး ပြင်ဆင်မှုတွေ အများကြီး လုပ်ထားကြသည်။ အနိုင်ရဖို့သေချာစေရန်အတွက် လီလော့သည် ဖေဟောင်၏နောက်ခံအင်အားစုကိုပါ ကိုင်တွယ်ရန် အစီအစဉ်တစ်ခုကိုလည်း ရေးဆွဲခဲ့ရသည်။

ကျန်းချင်းအာက ဖေဟောင်ကိုသာ ဆက်လက် စောင့်ကြည့်နေခဲ့သည်။လက်သီးကိုကျစ်နေအောင်ဆုပ်ထားသော်လည်း ပဲ့တင်ထပ်သံစွမ်းအားများကို အချိန်မရွေးအသုံးပြုနိုင်ရန် ဆင့်ခေါ်ထားသည်။

ဖေဟောင်၏ ခွန်အားရုတ်တရက် မြင့်တက်လာသောကြောင့် ကြိုတင်ပြင်ဆင်ထားရမည်မဟုတ်ပေလော.....

ပရိတ်သတ်များ၏ ထိတ်လန့်သောအကြည့်များရှေ့တွင်၊ ဖေဟောင် ရက်စက်သောအပြုံးမျိုးပြုံးနေသည်။ နောက်တခဏမှာတော့ မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေက သူ့နောက်ကနေ ကောင်းကင်ပေါ်သို့တက်သွားခဲ့သည်။

အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်အဆင့်ရှိ ယွမ်ချင်းကဲ့သို့သောသူများသည် ရွှေရောင်တောက်နေသော အလင်းတန်းများကို တွေ့လိုက်သောအခါ ထိတ်လန့်သွားကာ သူတို့၏ အမူအရာများ ဆိုးရွားသွားခဲ့သည်။

သူတို့၏ ဗီဇအရ ရွှေရောင်အလင်းသည် နားမလည်နိုင်အောင် အန္တရာယ်များကြောင်း ခံစားနေရသည်။အလင်းတန်းတစ်ခုတည်းကပင် ၎င်းတို့၏ ခံစစ်များကို ထိုးဖောက်ဝင်ရောက်နိုင်သော်လည်း ထိုမျှများပြားလှသော အရေအတွက်ကို စုစည်းမိသောအခါတွင် ဖြစ်ပေါ်လာမည့်အဖျက်စွမ်းအားကို ခန့်မှန်းလို့ပင်မရတော့ချေ။

ဤအချက်က ဖေဟောင်သည် တိုက်ပွဲကိုအဆုံးသတ်ရန်အတွက် သူ၏နောက်ဆုံးလှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းပြင်ဆင်နေကြောင်း ၎င်းတို့အား နားလည်စေသည်။

သခင်လေး ခုခံနိုင်ပါ့မလား....

ရှုထျန်လင်းသည် ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေပြီး သူ့မျက်နှာပေါ်တွင် အပြုံးအခုရှိနေသည်။ ဖေဟောင်၏ လက်ရှိတိုက်ခိုက်မှုကို သူပင် တားဆီးနိုင်မည်မဟုတ်ပေ။ တိုက်ပွဲ မကြာမီ ပြီးဆုံးတော့မည် ဖြစ်သည်။

ဖေဟောင်၏ ခြေထောက်အောက်တွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများရစ်သိုင်းနေကပြီး လေပေါ်ပျံတက်လာနေသည်။ထို့အတူ လော့လန်အိမ်တော် ကောင်းကင်ယံတွင် ရွှေရောင်တိမ်တိုက်များ ဖုံးလွှမ်းနေချေပြီ။

သူ၏ ခံ့ညားသောအော်ရာနှင့် ဓားစွမ်းအင်များ အထွတ်အထိပ်သို့ တက်လာသောအခါ၊ သူသည် ဓားကို ဆုပ်ကိုင်ကာ ဓားသိုင်းထုတ်သုံးရန် စတင်ပြင်ဆင်နေပြီဖြစ်သည်။

"သခင်လေး...မင်း ငါ့ရဲ့ အပြင်းထန်ဆုံးကျင့်စဉ်ကို မြည်းစမ်းကြည့်လိုက်ပါဉီး.... အဆင့်မြင့် နဂါးကျင့်စဉ်၊ ကောင်းကင်ဓား၀င်္ကပါ...."

ဘန်းးးးးးးး

သူစကားပြောပြီးသည်နှင့် အနီးနားရှိ သဘာဝစွမ်းအင်များ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။ သူ့နောက်တွင် ဖြစ်ပေါ်လာသော ရွှေရောင်တိမ်တိုက်များသည် ယခုအခိုက်အတန့်တွင် ကွဲထွက်သွားပုံရပြီး ပရိသတ်များ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများရှေ့တွင် မီတာရာပေါင်းများစွာရှည်လျားသော ရွှေဓားတစ်လက်ပေါ်လာကာ လီလော့ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

လေခွင်းသံများ ဆက်တိုက်ထွက်ပေါ်လာသောအခါ ကောင်းကင်တစ်ခွင်လုံး ဓားများနှင့်ပြည့်နှက်နေသည်။

လေကို ဓားစွမ်းအင်အဖြစ် အသွင်ပြောင်းသွားသလိုပင်။ လူတိုင်း အဆုတ်အတွင်း စူးစူးရှရှ နာကျင်မှုကို ခံစားရနိုင်သည်။

လီလော့ ကိုယ်တိုင် ခံစားရသည့် ခံစားချက်ကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။

လီလော့သည် ဤအချိန်တွင် ခေါင်းမော့လိုက်ပြီး ရွှေဓားကို တိုက်ရိုက် စိုက်ကြည့်နေသည်။ ဖေဟောင်၏ စွမ်းအားမြင့် နဂါးကျင့်စဉ်နှင့် အတူ သူရင်ဆိုင်ရမည့် အလားအလာမှာ အလွန်ကြောက်စရာကောင်းသည်။

လီလော့၏အမူအရာ ပို၍ တင်းမာလာသော်လည်း သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ သူသည် ဖေဟောင်ကို ဘယ်တုန်းကမှ မထီမဲ့မြင်ပြုခဲ့ဖူးသော်လည်း၊ ဤသည်မှာ အိမ်တော်စုဝေးပွဲတွင် တိုက်ပွဲကို အဆုံးသတ်ရန် ပထမတုံးအကြိမ်အဖြစ် အသေအကြေတိုက်ခိုက်နေခြင်းမှန်း ကောင်းကောင်းကြီးနားလည်သည့်အတွက် မပေါ့ဆဝံခဲ့ပေ။

သူသည် ယနေ့အတွက် မရေမတွက်နိုင်သော အစီအစဉ်များနှင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ကောင်းကင်ယံ၌ ကြီးမားသော ရွှေဓားရှည်ကြီးသည် အောက်ဘက်သို့ ထိုးဆင်းသွားသည်။မြေပြင်နှင့် မထိခင်မှာပင် ဓား၏ စူးရှထက်မြက်မှုကြောင့် မြေပြင်ပေါ်တွင် မှန်တစ်ချပ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ရင်ပြင်အပြင်ဘက်တွင် လူတိုင်းက လော့လန်အိမ်တော်ဌာနချုပ်ကို ကာကွယ်ရန် ခံစစ်အတားအဆီးများကို ဖြန့်ကြက်နေကြရသည်။

ယွမ်ချင်း၊ ချိူင်ဝေနှင့် အခြားသူများက လီလော့အတွက် အလွန်စိုးရိမ်ကြောင်း သိသာလောက်အောင် အမူအရာပျက်ယွင်းနေကြသည်။

ဖေဟောင်ရဲ့ ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေကို လီလော့ ဘယ်လို တုံ့ပြန်မ မတွေးတတ်တော့ပေ။

"သခင်မလေး..... ငါတို့ ဆက်မထိန်းထားနိုင်တော့ဘူးထင်တယ်.... "

ယွမ်ချင်းက စိုးရိမ်တကြီးနဲ့ကျန်းချင်းအာကို ပြောလိုက်သည်။

ဖေဟောင်၏ လှုပ်ရှားမှုက ထူးထူးခြားခြား ကြောက်ရွံ့ဖွယ်ကောင်းသော်လည်း ယွမ်ချင်းသည် ကျန်းချင်းအာတွင် ထူးဆန်းသောယုံကြည်မှုနှင့် ယုံကြည်ချက်တစ်ခုရှိနေသည်ကိုနားလည်လိုက်သည်။ သူမ ဘာကိုပုံပြီးယုံကြည်နေတာလဲ........

တစ်ဖက်တွင်မူ.... ကျန်းချင်းအာသည် အလွန်ကြီးမားသော ရွှေဓားကြီး တဖြည်းဖြည်း ကျဆင်းလာသည်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

"ခဏလောက်စောင့်ရအောင်....."

သူမ၏ ရွှေရောင်မျက်လုံးများက ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်သော လူငယ်လေးကို စူးစိုက်ကြည့်နေသည်။သူမ လီလော့ကို အကြွင်းမဲ့ယုံကြည်သည်။ထိုသို့ယုံကြည်နိုင်အောင်လည်း လီလော့ သက်သေပြခဲ့ပြီးပြီ......

ဖေဟောင်သည် သူ၏ ခွန်အားကို မြှင့်တင်ရန် အတိအကျ မသတ်မှတ်နိုင်သော နည်းလမ်းများကို အသုံးချခဲ့သော်လည်း၊လီလော့ နှင့် မယှဉ်နိုင်ပေ။

ကျန်းချင်းအာ၏ စကားကို နားထောင်ရင်း ယွမ်ချင်း နှလုံးသားထဲတွင် လေးလေးနက်နက် သက်ပြင်းချကာ ဖြစ်စဉ်များကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

လီလော့ စတင်လှုပ်ရှားနေပြီ.....

လက်ဟန်အချို့ပုံဖော်လိုက်သည့်အခါ

ခန္ဓာကိုယိအတွင်းမှ စွမ်းအင်အားလုံး ဒီရေကဲ့သို့ လွင့်ထွက်လညပြီး သူ့မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့သွားခဲ့သည်။

“ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားသုံးစွဲမှု.....…”

သူ့ကိုယ်တွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားတွေ ခမ်းခြောက်သွားသလို ခံစားလိုက်ရသည့်အတွက် လီလော့ ရင်ထိတ်နေချေပြီ။ ဤသည်မှာ ထူးခြားသော ကျင့်စဉ်တစ်ခုကို ထုတ်သုံးသည့်အတွက်ပေးဆပ်ရမည့်တန်ဖိုးပင်....

ထို့အပြင်၊ ဤအထူးကျင့်စဉ်ကိုအသုံးပြုသောအခါ သဘာဝစွမ်းအင်အားလုံးကို လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်မျိုးဖြင့် တွန်းအားပေးထားပုံရပြီး၊ ကြီးမားသောစွမ်းအင်ရေဝဲကိုဖန်တီးနိုင်ရန်အသုံးပြုသူ၏ ခန္ဓာကိုယ်ကို အူတိုင်အဖြစ် ဖန်တီးထားသည်။

တခဏအတွင်းမှာပင် လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေလေသည်။

ထိုအချိန်တွင် လက်ချောင်းများကို ဆန့်ထုတ်လိုက်သည့်အခါ ပုံရိပ်ယောင်ဆန်သော အနက်ရောင်အလံတော်တစ်ခုကို လူတိုင်းမြင်လိုက်ရသည်။

ထိုအလံတော်ပေါ်လာသည်နှင့် ရင်ပြင်တစ်ခုလုံးအပေါ်သို့လျှို့ဝှက်ဆန်းကြယ်သောဖိအားတစ်ခု ဆင်းသက်လာချေပြီ......

All Chapters