ပို၍ပြင်းထန်လာခြင်း.....
Vol. 47 Ch. 654
ဖေဟောင်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ လော့လန်အိမ်တော်၏ ဌာနချုပ်အတွင်းမှ လူတိုင်းသည် ဤမြင်ကွင်းကြောင့် မှင်သက်နေကြသည်။
ဤရလဒ်မျိုးကို ကျန်းချင်းအာကလွဲရင် ဘယ်သူမှမျှော်လင့်မထားကြပေ။
ကောင်းကင်ပုလဲအဆင့် ဖေဟောင်က နတ်ဆိုးနန်းတော်အဆင့် လီလော့ဆီမှာ ခွေးတစ်ကောင်လို အရိုက်ခံခဲ့ရသည်မှာ ယုံကြည်ရန်ခက်ခဲ့သောဖြစ်ရပ်မျိုးပင်.....
အံ့သြစရာအကောင်းဆုံးမှာ လီလော့သည် လွန်ခဲ့သောတစ်နှစ်ခန့်က ဗလာနန်းတော်သာရှိပြီး ကျင့်ကြံရေးလမ်းကြောင်းပေါ် ခြေမချန်ိုင်သေးပေ။
၎င်းတို့နှစ်ဦးကြားရှိ ကွာခြားချက်ကို တစ်နှစ်တာအချိန်တိုအတွင်းပင် ဖြည့်ဆည်းလိုက်နိုင်ပြီလား......ပါရမီရှင်ဆိုတာ ဒါမျိုးလား......
ဤအချိန်တွင် လီလော့ သို့မဟုတ် ဖေဟောင် ကို ထောက်ခံသူများပင်ဖြစ်စေ အားလုံး တုန်လှုပ်နေကြသည်။
"သခင်လေး နိုင်ပြီ!"
လီလော့ကို ပံ့ပိုးပေးသူများ၏ စိတ်လှုပ်ရှားစွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ယွမ်ချင်း၊ ချိုင်ဝေ၊ ယန်လင်းချီ နှင့် ကျန်သူများသည် တောက်ပပြီး သက်တောင့်သက်သာရှိသော အပြုံးများ ပွင့်လန်းနေကြသည်။
ဖေဟောင်၏အဖွဲ့သားများကတော့ တိတ်ဆိတ်နေကြသည်။
ပျော်ရွှင်စွာအော်ဟစ်အားပေးသံများကြောင့် ရှုထျန်လင်း၊ မိုချန်းတို့ ထိတ်လန့်တုန်လှုပ်သွားကာ အမူအရာပျက်ယွင်းနေကြချေပြီ။
ဖေဟောင် ရှုံးသွားပြီ......
ရှုထျန်လင်း နှင့် မိုချန်းတို့သည် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် လျင်မြန်စွာ ကြည့်လိုက်ကြသည်။
ဖေဟောင်၏ ကျရှုံးသွားပြီဖြစ်သည်အတွက်အိမ်တော်သခင်ရွေးချယ်ပွဲပြီးဆုံးခဲ့ပြီဖြစ်သည်။ အကယ်၍များ ဤနည်းအတိုင်းသာ ဆက်သွားပါက၊ လီလော့ကသာ အိမ်တော်သခင်ရာထူးကိုစစ်မှန်စွာ ဆက်ဆံတော့မည်။
မဖြစ်နိုင်ဘူး!
ယနေ့အတွက် ပြင်ဆင်ထားသည့်အစီအစဉ်များတွင် ဖေဟောင်သည် အရေးပါသော ကဏ္ဍဖြစ်သော်လည်း၊ သူ၏ ရှုံးနိမ့်မှုသည် အစီအစဉ်၏ အဆုံးသတ်မဟုတ်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ အခုမှသာ အမှန်တကယ် စတင်တော့မည်ဖြစ်သည်။
ရှုထျန်လင်းက လီလော့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ယခု လီလော့သည် မြို့စားအဆင့်ကျင့်စဉ်ကို ထုတ်သုံးခဲ့သဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေပေလိမ့််မည်။
တိုက်ပွဲတွင်အောင်နိုင်သူလည်း သေဆုံးခဲ့မည်ဆို လော့လန်အိမ်တော်တစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။
ထို့ကြောင့် လီလော့ သေကိုသေရလိမ့်မည်။
လီလော့သည် သူ၏ အကန့်အသတ်မရှိသော စွမ်းရည်များကို ပြသခဲ့ပြီးဖြစ်သောကြောင့် သူ့နှလုံးသားကို အေးခဲသွားစေခဲ့သည်။လီလော့သာ အသက်ရှင်နေလျှင် ဒုတိယမြောက်လီတိုင်ရွှမ်ဖြစ်လာလိမ့်မည်။အချ်ိန် လုံလောက်စွာရရှိပါက လီလော့ မြို့စားအဆင့်သို့မလွဲမသွေရောက်ရှိမည်ဖြစ်ပြီး ထိုအချိန်တွင်၊ သူ(မိုချန်း)သည် စွန့်ပစ်ခံရမည်ဖြစ်သည်။
မလွဲမသွေရောက်လာမည့် ဆိုးရွားလှသော အနာဂတ်ကို တွေးတောရင်း ရှုထျန်လင်းနှင့် မိုချန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဘာလုပ်ရမယ်ဆိုတာ သိနေတာကြောင့် သူတို့ရဲ့ မျက်လုံးတွေက ရက်စက်မှုကြောင့် တဖြတ်ဖြတ်တောက်ပနေ၏။
ဘန်းးးးးးးးးး
ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ထိုစွမ်းအားများက သတ်ဖြတ်လိုစိတ်ပြင်းပြစွာဖြင့် လီလော့ဆီသို့ ဉီးတည်နေကြသည်။
ရှုထျန်လင်းနှင့် မိုချန်း၏ရုတ်တရက် လှုပ်ရှားမှုကြောင့် လူတိုင်းတုန်လှုပ်နေကြသည်။ ဤရူးသွပ်သောသတ္တဝါများ၏ လုပ်ရပ်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပေ။ထိုသူများက စည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်နေကြချေပြီ။
"ရှုထျန်လင်း၊ မိုချန်း! မင်းတို့ သတ္တိသိပ်ကောင်းနေတယ်ပေါ့....?"
ယွမ်ချင်း ဒေါသတကြီး အော်လိုက်သည်။ ထို့အတူ သူသည် ထိုနှစ်ယောက် ပိတ်ဆို့ရန် ကြံရွယ်ပြီး စွမ်းအားများကိုအစွမ်းကုန် ထုတ်သုံးနေသည်။
သို့သော် ရှုထျန်လင်းနှင့် မိုချန်းတို့က သူ့ထက်အားကောင်းနေသည်။ ခဏအကြာတွင် နှစ်ယောက်စလုံးသည် လီလော့ ရှေ့သို့ ရောက်နေပြီဖြစ်သည်။
"သခင်လေး၊ မင်းက ဖေဟောင်ကိုသတ်ပြီးသွားပြီဆိုတော့ အခု မင်းကို သူနဲ့အတူမရဏလမ်းကိုပို့ပေးမယ်....!"
ရှုထျန်လင်းက ရက်စက်ကြမ်းကြုတ်စွာပြောလိုက်သည်။
လီလော့သည် သူ့မူလနေရာ၌ပင် ရပ်နေပြီး လူသတ်သမားဘိုးဘေးနှစ်ဦးကို အေးစက်စွာ ငေးကြည့်နေရုံသာ။
ပဲ့တင်ထပ်သံစွမ်းအားကုန်ခမ်းနေသော်လည်း လီလော့သည် ကြောက်ရွံ့ခြင်း သို့မဟုတ် တည်ငြိမ်မှုကင်းမဲ့ပုံမပေါ်ပေ။
ပြင်းထန်သောလက်သီးချက်နှစ်ခုကျဆင်းလာသေယအခါ လီလော့ ရှေ့မှာ အလင်းပဲ့တင်ထပ်သံစွမ်းအားဖြင့် ပြုလုပ်ထားတဲ့ မှန်တစ်ချပ်ရှိနေခဲ့သည်။
ဝုန်းးးးးးးးး
လက်သီးနှစ်လုံးက ရောင်ပြန်မျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး အလင်းမှန် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ နောက်ဆုံးတွင်မှိန်ဖျော့သွားခဲ့သည်။
တိုက်ခိုက်မှု နှစ်ခုစလုံးပျက်ပြယ်ခဲ့ချေပြီ။
အလင်းစွမ်းအင်များကို စိုက်ကြည့်ရင်း ရှုထျန်လင်းနှင့် မိုချန်းတို့ တုံ့ဆိုင်းသွားကြသည်။ စွက်ဖက်ဖို့ ရွေးချယ်ခဲ့တာကို သဘာဝကျကျ သိခဲ့ကြပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ အင်အားအပြည့် တိုက်ခိုက်မှုတွေကို ပညာရပ်တစ်ခုတည်းနဲ့ ဘယ်လို တားဆီးနိုင်ခဲ့သလဲဆိုတာ သူတို့ နားမလည်ခဲ့ကြပေ။
ကျန်းချင်းအာက ကောင်းကင်ပုလဲတပိုင်းအဆင့်မဟုတ်ဘူးလား......
သူတို့နှစ်ယောက် ကျန်းချင်းအာကို အမြန်လှည့်ကြည့်လိုက်သည်။
သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ကျန်းချင်းအာသည် သူမ၏ လေးလံသော ဓားကို လက်ထဲတွင် ကိုင်ထားပြီး၊ သူမ၏ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ အလင်းတန်းများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်၊ ပုံရိပ်ယောင်အဖြစ်သာရှိနေသော ကောင်းကင်ပုလဲသည် သူတို့၏မျက်စိရှေ့တွင် လျင်မြန်စွာ ပုံသဏ္ဍာန်ထင်ရှားလာသည်။
ကျန်းချင်းအာ၏နောက်ကျောဘက်ရှိ ကောင်းကင်ပုလဲတစ်လုံးထဲသို့ သဘာဝစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသည်။
ယခုအခါ ပုလဲတစ်ပိုင်းသည် ကောင်းကင်ပုလဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ကျန်းချင်းအာသည် နောက်ဆုံးတွင် ကောင်းကင်ပုလဲအဆင့်သို့ အမှန်တကယ်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အကယ်၍သာ ၎င်းသည် သာမန် ကောင်းကင်ပုလဲအဆင့်ကျွမ်းကျင်သူ ဖြစ်ပါက၊ ရှုထျန်လင်းနှင့် မိုချန်းတို့ကို ထိုကဲ့သို့ နှောက်ယှက်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ကျန်းချင်းအာထံမှ ထွက်လာသော အော်ရာများက ကောင်းကင်ပုလဲအဆင့်ထက်ပင်ကျော်လွန်နေသည်။
ကျန်းချင်းအာ၏ ပကတိအလှသည် ကျောက်စိမ်းကဲ့သို့ တောက်ပြောင်ပြီး ကြည်လင်ပြတ်သားသော အသားအရည်နှင့် လှပစွာ ခြားနားနေသည်။ တဖြည်းဖြည်း မှိန်ဖျော့သွားပုံရသော လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးအချို့ သူမ၏ မျက်ခုံးကြားတွင် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လူတိုင်းကို အံ့အားသင့်စေခဲ့သည့်အရာမှာ ကောင်းကင်ပုလဲများသည် သူမနောက်တွင် တစ်လုံးပြီး တစ်လုံး ဖြစ်ပေါ်လာသည်။
"ဒီလို စွမ်းအားမျိုးကို ဘယ်လို ပိုင်ဆိုင်ထားတယလဲ...."
"သူ့ကိုယ်သူ ဖိနှိပ်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.... သူက မယုံနိုင်စရာကောင်းတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေခဲ့တယ်လေ.... "
ရှုထျန်လင်းက စိတ်ပျက်လက်ပျက်နဲ့မိုချန်းကို ပြန်ဖြေလိုက်သည်။
"ဟမ့် ကောင်းကင်ပုလဲအဆင့်ကို ခြေတစ်လှမ်းနဲ့ တက်လှမ်းနိုင်စေမယ့် လျှို့ဝှက်ကျင့်စဉ်ဆိုတာ ငါမယုံဘူး!"
မိုချန်း သူ့ကိုယ်သူ ဖြေသိမ့်ရင်း အံကြိတ်လိုက်ကြုံးဝါးလိုက်သည်။
နှစ်ယောက်သား စကားစမြည်ပြောကြသည့်အခိုက်အတန့်လေးတွင် ကျန်းချင်းအာက နှစ်ယောက်စလုံးကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ ယခုတွင် သူတို့သည် လီလော့
ဆီသို့ ၎င်းတို့၏ အစွယ်များကို စိုက်ထားသောကြောင့် သူမ ထိုဘိုးဘေးနှစ်ယောက်စလုံးကို ဘယ်နည်းနဲ့မှ အလွတ်ပေးမည်မဟုတ်တော့ပေ။
"လီလော့ ရဲ့အလှည့်ပြီးသွားပြီ...ဒီတစ်ခါကျွန်မ အလှည့်ပဲ!"
ကျန်းချင်းအာသည် အရိုးခိုက်လောက်အောင် အေးစက်သော အသံဖြင့် ကြေငြာလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမ၏လေးလံသောဓားသည်လည်း မြင့်မြတ်သောမီးတောက်များဖြင့် လောင်ကျွမ်းသွားသည်။ သူမ၏ဓားကို တစ်ကြိမ်သာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ မီတာရာပေါင်းများစွာ ရှည်လျားသော ဓားစွမ်းအင်မျညး ထွက်ပေါ်လာပြီး ဘိုးဘေးနှစ်ဦးဆီသို့ ပျံ့လွင့်သွားသည်။
ဓားစွမ်းအင်သည် ကောင်းကင်သို့ ဖြာထွက်နေသော မြင့်မြတ်သော မီးတောက်များကို ထုတ်လွှတ်ကာ ၎င်းတို့ဖြတ်သန်းသွားသမျှတိုင်းကို သန့်စင်စေသည်။
ထို့ကြောင့်၊ ရင်ပြင်တစ်ခုလုံးကိုဓားစွမ်းအင် ဖြတ်ကျော်သွားသည်နှင့်အမျှ ဧရိယာတစ်ခုလုံး သန့်ရှင်းသွားသလိုပင်......
လေထုထဲက မြင့်မြတ်တဲ့ဓားအလင်းကို စိုက်ကြည့်ရင်း၊ ရှုထျန်လင်းနဲ့ မိုချန်းတို့ရဲ့ အမူအရာတွေက ဆိုးရွားနေကြသည်။ ဤပညာရပ်သည် သူတို့အတွက်ပင် အန္တရာယ်ရှိသည်ဟု ကွဲကွဲပြားပြား ခံစားနိုင်သည်။ သူမ၏ ခွန်အားသည် အဆင့်တူများထက်ပင် သာလွန်နေသေးသည်။
ရှုထျန်လင်း နောက်မဆုတ်ဝံ့တော့ဘဲ လက်ကို အလျင်အမြန် မြှောက်လိုက်သည်။ ချက်ချင်းပင်၊ သူ၏ကိုယ်ခန္ဓာမှ အေးစက်သောရေခဲစွမ်းအင်များထွက်ပေါ်လာသည်။
"အဆင့်မြင့်နဂါးပညာရပ်...အေးစက်သောလိပ်ခွံဒိုင်း.... !"
အေးခဲနေသော ပဲ့တင်ထပ်သံစွမ်းအင်များက သူ့ရှေ့တွင် တဖျပ်ဖျပ်တောက်တောက် တောက်ပနေသော လိပ်ခွံဒိုင်းတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင်လျှို့ဝှက်ဆန်းကြယ်သောမှော်စာလုံးများ ပေါ်လာသည်။
မိုချန်းသည်လည်း အလားတူ စွမ်းအားများကို လွှင့်တင်ကာ ကြီးမားသော အတားအဆီးတစ်ခုကို ဖန်တီးခဲ့သည်။
တောက်လောင်နေသော ဓားအလင်းက လိပ်ခွံဒိုင်းကာနှင့်မိုချန်း၏အတားအဆီးတို့ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ရှုထျန်လင်း နှင့် မိုချန်းတို့သည် ကျန်းချင်းအာ၏ခွန်အားက သူတို့စိတ်ကူးထားသည်ထက် ပို၍ ပြင်းထန်ရက်စက်သည်ကို သိရှိလိုက်သောကြောင့် ထိတ်လန့်နေကြသည်။
ရှုထျန်လင်း၏ ဒိုင်းကာ အခုထိမပျက်စီးသေးသောကြောင့် တတ်နိုင်သမျှ ဆုတ်ခွာရန် အချိန်ဆွဲနိုင်ခဲ့သည်။
မိုချန်းကတော့ ရှုထျန်လင်းထက် သိသိသာသာ အားနည်းသောကြောင့်အတားအဆီး ပျက်စီးသွားခဲ့ပြီး သူပြန်မဆုတ်မီတွင် ဓားအလင်းက သူ့ပုခုံးတစ်ဖက်ကို ဒေါင်လိုက်လှီးဖြတ်သွားခဲ့သည်။
“အားးးးးးးး!”
မိုချန်၏ပါးစပ်မှ စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာသည်။
သူ့လက်တစ်ဖက် လှီးဖြတ်ခံလိုက်ပြီး သွေးတွေမြင်မကောင်းအောင်စီးကျနေသည်။
ရင်ပြင်တစ်ခုလုံး ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ကျန်းချင်းအာ၏ ကြင်နာမှုကင်းသော လှုပ်ရှားမှုတစ်ခုကြောင့် ဘိုးဘေးတစ်ဦး ဆုတ်ခွာသွားကာ အခြားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
အိမ်တော်သခင်စုံတွဲသည် အနှိုင်းမဲ့ ခမ်းနားထည်ဝါသော သက်တန့်ကဲ့သို့ တောက်ပစွာ ထွန်းလင်းတောက်ပနေသည်သာ......