← Chapters

ဇူချင်းဟောင်၏နည်းလမ်းများ....

Vol. 47 Ch. 655

ဇူချင်းဟောင်၏နည်းလမ်းများ....

Vol. 47 Ch. 655

ကျန်းချင်းအာ၏ ထိုးနှက်ချက်က လျင်မြန်ပြီး ပြင်းထန်လှသည်။

ပရိတ်သတ်များ သတိထားမိသောအခါ၊ ရှုထျန်လင်း နောက်ပြန်ဆုတ်သွားကာ မိုချန်း ကို လက်တဖက်ဖြတ်ပြီးနေသဖြင့် အဖြစ်မှန်များက သူတို့ကို တုန်လှုပ်စေခဲ့သည်။

တောက်ပနေသော ကျန်းချင်းအာကို အားလုံး ထိတ်လန့်စွာ ကြည့်နေကြသည်။ လေးလံကြီးမားသော ဓားရှည်ကို အေးစက်သော

ဟန်ပန်ဖြင့် ကိုင်ဆောင်ထားသည်မှာ ဆွဲဆောင်မှုရှိသောစစ်နတ်ဘုရားမတစ်ပါးသဖွယ်ပင်.....

သူမ၏ ကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းမှာ သူမ၏ လုပ်ရပ်များ မဟုတ်သော်လည်း သူမ၏ နောက်ကွယ်တွင် စုစည်းနေသော များပြားလှသော စွမ်းအင်ပမာဏ ဖြစ်သည်။ ခဏတာအတွင်း သူမနောက်တွင် ကောင်းကင်ပုလဲသုံးလုံး ထင်ရှားပေါ်လွင်နေပြီဖြစ်သည်။

သူမ၏ ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးမြင့်လာသည်။

အဆိုးဆုံးမှာ ၎င်းသည် ယာယီအားဖြည့်မှုမဟုတ်ဘဲ အမှန်တကယ်ပင် အရှိန်အဟုန်ဖြင့် အဆင့်များကို ဖြတ်ကျော်နေခြင်းဖြစ်သည်။

ကျန်းချင်းအာသည် သူမ၏ ထူးကဲသော စွမ်းရည်ကို ထုတ်ဖော်ပြသပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားသည့် ဖိနှိပ်ထားသော မီးတောင်နှင့်တူသည်။

ရှုထျန်လင်းနှင့်မိုချန်းတို့မှာ ကြောက်ရွံ့ထိတ်လန့်မှုအပြည့်နှင့် ရင်ဆိုင်နေရသည်။ ကျန်းချင်းအာသည် ကောင်းကင်ပုလဲအဆင့်သို့ ယခုပင် ချိုးဖျက်လိုက်သော်လည်း သူမအမိန့်ပေးနိုင်သည့် ပဲ့တင်ထပ်သံစွမ်းအားများက သူတို့သိဖူးသမျှထက် များစွာသာလွန်နေပေပြီ။

အမှန်မှာ၊ ၎င်းသည် အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်မှ ထုတ်လွှတ်သော စွမ်းအင်နှင့် နှိုင်းယှဉ်နိုင်သည်။

"ရှုထျန်လင်း....မင်းက အိမ်တော်စုဝေးပွဲ ရဲ့ မြင့်မြတ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖျက်တယ်ဆိုတော့ ပုန်ကန်ဖို့ စီစဉ်နေတာလား။"

လီလော့ အန္တရာယ်မရှိကြောင်း သေချာပြီးနောက် ယွမ်ချင်းက မိုးခြိမ်းသံလိုအသံဖြင့် မိုချန်းကိုအော်ဟစ်လိုက်သည်။

"အကြီးအကဲလဲ့ကျန်း.... !"

ယွမ်ချင်းရဲ့ တိုက်တွန်းချက်ကို နားထောင်ရင်း လဲ့ကျန်း ထိုင်နေရာက အမြန်ထရပ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအချက်ကြောင့် လော့လန်အိမ်တော် ဌာနချုပ်အတွင်းရှိ အမျိုးသားများအားလုံး မတ်တပ်ရပ်ပြီး ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကို ဖြန့်ကျက်ကာ အေးစက်နေသော လက်နက်များကို ကိုင်ဆောင်ကာ ဖေဟောင် ဘက်မှ လူများဆီသို့ ပြေးသွားကြသည်။

သူတို့အားလုံး နှိုင်းပြစရာမရှိအောင် ဒေါသထွက်နေကြသည်။ ရှုထျန်လင်းနှင့်မိုချန်းတို့၏ လက်လွတ်စပယ် ထိုးနှက်ချက်နှင့်အတူ အိမ်တော်စုဝေးပွဲ၏ စည်းမျဥ်းစည်းကမ်းများကို နာခံရန် ဟန်ဆောင်မှုမှန်သမျှကို လုံးလုံးလျားလျား ဖယ်ထုတ်ပစ်လိုက်ကြချေပြီ။

အကယ်၍ ပြိုင်ဘက်များက စည်းမျဉ်းများကို လိုက်နာရန် အစီအစဉ်မရှိပါက၊ သူတို့သည်လည်းကျင့်ဝတ်ကိုစောင့်ထိန်းရန် မလိုအပ်တော့ပေ။

လီလော့က ဘိုးဘေးနှစ်ယောက်ကို သနားစိတ်ဖြင့် စိုက်ကြည့်နေသည်။

"ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး နှစ်ခု ပေးခဲ့တယ်....ဘာလို့လဲဆိုတော် အိမ်တော်မှာ အချင်းချင်းသတ်ဖြတ်ရတာမျိုးတွေမဖြစ်စေချင်လို့ပဲ....ကြည့်ရတာ ကျုပ် တကယ်ကိုမိုက်မဲမိခဲ့ပြီ....."

ရှုထျန်လင်းက ရွဲ့စောင်းသော တုံ့ပြန်မှုဖြင့်သာတုံ့ပြန်ခဲ့သည်။

"အပိုစကားတွေပြောမနေနဲ့.... အိမ်တော် လုံးဝ ပရမ်းပတာဖြစ်သွားတာနဲ့ အိမ်တော်ရဲ့ အလုံးစုံ ကြံ့ခိုင်မှုကို ထိခိုက်ပြီး အဲဒီနေရာကို ကာကွယ်ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစစ်အစီအရင် ထိခိုက်သွားမှာကို မင်း စိတ်ပူနေခဲ့တာမလား....."

"ကြည့်ရတာ ခင်ဗျားလည်း လျှို့ဝှက်ချက်တစ်ချို့ကို သိနေပုံပဲ..."

လီလော့က သူ့ကို စိုက်ကြည့်နေသည်။

ရှုထျန်လင်း အေးစက်စွာ ရယ်မောလိုက်ပြီး.....

"သခင်လေး... ဒီတိုက်ပွဲက ပြီးသွားပြီလို့ မင်းတကယ်ထင်နေတာလား..... မဟုတ်ဘူး၊ အခုမှ စမှာ... !"

လီလော့၏ အကြည့်များ အေးစက်သွားသည်။ ဖေဟောင်ကို အနိုင်ယူခြင်းသည် နောက်တစ်ဆင့် ပွဲစဉ်တွေရဲ့ ရှေ့ပြေးဖြစ်မည်မှန်း ကြိုသိထားသည်။ ဖေဟောင်သည် အလွယ်တကူထိုးကျွေးခံရသော နယ်ရုပ်တစ်ခုမျှသာ.....ဖြစ်သည်။ အမှန်မှာ၊ ကန့်လန့်ကာနောက်ကွယ်မှ ကြိုးဆွဲနေသူနှင့်ယှဉ်လျှင် မျက်လုံးဖြူဝံပုလွေသည် ခြိမ်းခြောက်မှုပင်မဟုတ်ခဲ့ပေ။

လော့လန်အိမ်တော်ကို မက်မောသော တပ်ဖွဲ့များသည် ဖေဟောင်ကို ထောက်ခံခဲ့ပြီး အိမ်တော်သခင် ဘွဲ့ကို ဆက်ခံစေချင်သည်။အိမ်တော်ကို သိမ်းပိုက်ပြီးသည်နှင့် ၎င်းတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ နောက်ဆုံးအနေနဲ့ဖေဟောင်

အောင်မြင်ခဲ့မယ်ဆိုရင် ခံစစ်ကို အားနည်းသွားအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

ဒါက သူတို့ရဲ့ နောက်ဆုံးရည်မှန်းချက်ပင်....

အခု ဖေဟောင် ကျရှုံးသွားတော့ သူတို့ဘာဆက်လုပ်ကြမလဲ.......

သူသည် ကျန်းချင်းအာ ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်များထဲတွင် သတိပေးချက်များပါဝင်နေသည်။

…….........................

"အထင်ကြီးစရာကောင်းသားပဲ.... လီတိုင်ရွှမ် နဲ့ တန်တိုင်လန်တို့ရဲ့သားနဲ့ချွေးမက ထင်ထားတာထက်တောင်ပိုတော်နေသားပဲ....."လို့ ဇူချင်းဟောင် က မဏ္ဍပ်တစ်ခုပေါ်ကနေ ဌာနချုပ်အပြင်ဘက်က အခြေအနေကို စောင့်ကြည့်ပြီး ခြောက်ကပ်ကပ် ချီးကျူးလိုက်သည်။

ဒီနှစ်ယောက်နဲ့ နှိုင်းယှဥ်လိုက်ရင် သူ့သား ဇူရွှမ်းဟာတကယ်ကို အမှိုက်သဖွယ် ဖြစ်နေပုံရသည်။

ဖခင်တစ်ယောက်အနေနှင့် ဇူချင်းဟောင်က လီတိုင်ရွှမ်ကို မနာလိုဖြစ်ခဲ့မိသည်။

"ထင်ထားတဲ့အတိုင်း ဖေဟောင်ကို အားကိုးတာက ထိရောက်မှု မရှိဘူး.....ရှန်ကျင်းရှောင်... မင်းရဲ့လှုပ်ရှားမှုတွေ အလဟသာဖြစ်ကုန်ပြီ.... ဒီလိုဆိုမှတော့ ငါ့ရဲ့ မူရင်းအစီအစဉ်တိုင်း ဆက်သွားကြတာပေါ့...."

သူသည် လော့လန်အိမ်တော်ဌာနချုပ်ကို ဆက်လက်ကြည့်ရှုခဲ့သည်။ သူ့အားသာချက်ကြောင့် သာမန်လူတွေ မမြင်နိုင်တဲ့ အရာတစ်ခုကို သူမြင်နိုင်ခဲ့သည်။ ဒါဟာ အိမ်တော်တခုလုံးကို ဖုံးလွှမ်းနေသည့် ကြီးမားသည့်အစီအရင်တစ်ခုပင်... လော့လန်အိမ်တော် ၏ဌာနချုပ်ကို ကာကွယ်သည့် ခံစစ်အစီအရင်ကို ဖန်တီးရန်အတွက် မရေမတွက်နိုင်သော အံ့သြဖွယ်အလင်းတန်းများက အလွှာတိုင်းတွင် ရောယှက်နေသည်။ ၎င်းသည် စေ့စေ့ခံစားနိုင်သည့် ပြင်းထန်သော ဖိအားကိုထုတ်လွှင့်နေသည်။

"လီတိုင်ရွှမ်... မာနကြီးလိုက်တဲ့ကောင်.... ဒီလိုကောင်မျိုး ရှပြည်ထောင်စုမှာ ဘယ်တုန်းကမှ ပေါ်မလာသင့်ဘူး..... တကယ်တော့ မင်း အဲဒီရတနာရဲ့တည်ရှိမှုကို ဘယ်တော့မှထုတ်မပြောခဲ့သင့်ဘူး......ဒီလိုထုတ်ပြောလိုက်တာကြောင့် လူတွေကို မနာလိုဝန်တိုစိတ်တွေ တိုးပွားစေတယ်... မင်းရဲ့အစီအရင်ကို အားဖြည့်ပေးဖို့ လော့လန်အိမ်တော်ရဲ့ စွမ်းအားကိုချေးငှားပြီး မြို့စားအဆင့်တွေကို အတိအကျ ပစ်မှတ်ထားဖိနှိပ်နိုင်တယ်.... ဒါက တုနှိုင်းမရတဲ့ စွမ်းအားတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီနှစ်တွေအတွင်းမှာ ငါလည်း သေချာ စုံစမ်းနေခဲ့တယ်..... အခုဆို အချို့သော နိယာမတွေကိုတောင်နားလည်နေပြီ....."

"ရှပြည်ထောင်စုအနှံမှာ လော့လန်အိမ်တော်ရဲ့ အမာခံစခန်း ၉၈ ခုရှိတယ်...ဒါက နည်းနည်းထူးဆန်းနေပုံရပေမယ့် ဒီလျှို့ဝှက်ချက်နေရာတွေထဲမှာ မင်းရဲ့အံ့ဖွယ်ကောင်းတဲ့အစီအရင်ကို ဝှက်ထားတဲ့ ဆုံမှတ်တွေရှိတယ်....အဲ့ဒီနေရာတွေကို ငါကိုယ်တိုင်စစ်ဆေးပြီးပြီ...အဲ့ကနေ အကျိုးအမြတ်အချို့တောင်ရခဲ့သေးတယ်...ဟားးးဟားးးး"

ဇူချင်းဟောင်က ပြုံးပြီး လက်ကို မြှောက်လိုက်သည့်အခါ သလင်းကျောက်တစ်လုံး ပေါ်လာပြီး လေထဲတွင် လွင့်မျောနေသည်။

သလင်းကျောက်ထဲတွင်မရေမတွက်နိုင်သော ရွေ့လျားနေသည့် ပုံသဏ္ဍာန်များကို မြင်တွေ့နိုင်သည်။ ဤသလင်းကျောက်အတွင်းမှ လူရိပ်တိုင်းသည် ကြီးမားသော မီးတောက်များ လျှံတက်နေသည့် အဆောက်အအုံတစ်ခုကို ပုံဖော်ထားသည်။ အနီးနားရှိ လူများသည် တိုက်ပွဲများနှင့် သတ်ဖြတ်မှုများတွင် ပါဝင်နေသည်ကို မသိမသာ မြင်တွေ့နိုင်သည်။ သို့သော် အရေးအကြီးဆုံးမှာ၊ အဆိုပါ အဆောက်အအုံနှင့် မဏ္ဍပ်တစ်ခုစီတွင် "လော့" ဟူသော စာလုံးပါသော မီးတောက်နေသော အလံတစ်ခုစီရှိနေသည်။

ဒါတွေက လော့လန်အိမ်တော် ရဲ့ အမာခံနယ်မြေတွေပင်..... ထို့ထက် ပိုအရေးကြီးသည်မှာ ၎င်းတို့ အသီးသီးသည် အတွင်းပိုင်းခံစစ်အစီအရင်၏ ဆုံမှတ်တစ်ခုဆီကို ကိုင်ဆောင်ထားနိုင်သည်။

ထိုလူများထဲမှ အချို့သည် အစီအရင်၏ အရေးကြီးသော ဆုံမှတ်များ မဟုတ်သော်လည်း၊ သူတို့ကို ဖျက်ဆီးလိုက်တာက ပိုကောင်းပေလိမ့်မည်။

ဇူချင်းဟောင်သည် သလင်းကျောက်ကို စစ်ဆေးပြီးနောက် ခေါင်းကို မော့ကာ လော့လန်အိမ်တော်၏ ခံစစ်အစီအရင်ကို ဆက်လက်စောင့်ကြည့်နေကာ....

"အခု နှစ်တွေတစ်လျှောက်လုံး ငါ့ရဲ့ ပြင်ဆင်မှုတွေကနေ အသီးအနှံတွေ ဖြစ်ထွန်းလာမလားဆိုတာ စောင့်ကြည့်ရတော့မယ်....."

…….............

ရုံးချုပ်အတွင်းတွင်.....

လီလော့နှင့်ကျန်းချင်းအာတို့ အချိန်အတော်ကြာအောင် သတိထားနေခဲ့သည်။ ဒါပေမယ့် ဘာမှ ပြောင်းလဲသွားပုံမရပေ။ လီလော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး....

"ရှုထျန်လင်းနဲ့ မိုချန်းတို့က အိမ်တော်စုဝေးပွဲရဲ့ မြင့်မြတ်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြတယ်....အခုချိန်ကစပြီး စည်းမျဉ်းတွေ

အတိုင်း နှစ်ဉီးစလုံးကို လော့လန်အိမ်တော်ရဲ့ ဘိုးဘေးတွေအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီ....."

ဘိုးဘွားများ၏ အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့် ဤစကားများက ကြားရသူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။ အရင်တုန်းကတော့ ဘိုးဘေးများက အိမ်တော်သခင် နှစ်ယောက်ထက် တဆင့်သာနိမ့်သည့်အတွက် အကြီးအကဲများကပင် ရိုသေလေးစားစွာဆက်ဆံခဲ့ကြသည်။

သာမန်အခြေအနေတွင်၊ ၎င်းတို့ကို အိမ်မှထုတ်ပစ်ခြင်းသည် ရှည်လျားသောလုပ်ငန်းစဉ်တစ်ခု လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင်၊ ၎င်းတို့နှစ်ဦးသည် အိမ်တော်စုဝေးပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး လော့လန်အိမ်တော်၏ အဓိကအချက်ကို ကျော်ဖြတ်ခဲ့သည်။ ထို့ကြောင့် အခုလို အလျင်စလို ထုတ်ပယ်လိုက်ခြင်းကို အားလုံး လက်ခံကြသည်။

ဖေဟောင်ကို ထောက်ခံအားပေးခဲ့သော အကြီးအကဲ သုံးဦးသည်လည်း ကျောက်ရုပ်သဖွယ်တောင့်တင်းနေကြချေပြီ။ အခုတော့ အိမ်တော်ရဲ့အခွင့်အာဏာသည် လီလော့နဲ့ ကျန်းချင်းအာတို့ဆီ ရောက်ရှိသွားပြီး ဖေဟောင်နဲ့ ဘိုးဘေးတွေရဲ့ ပံ့ပိုးကူညီမှုဟာ မသေချာတာကြောင့် သူတို့ကံမကောင်းနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။

သူတို့တွေ ထိတ်လန့်သွားပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြသည်။

ရှုထျန်လင်းနှင့် မိုချန်းတို့က လီလော့ ၏ကြေငြာချက်ကို ဂရုမစိုက်ဘဲ တပြန်ချိန်းခြောက်နေပြန်သည်။

"မင်းတို့နှစ်ယောက် ဒီမှာ ငြိမ်ငြိမ်ထိုင်ပြီး ဖမ်းခံမလား ဒါမှမဟုတ် အဆုံးထိ ခုခံမှာလား. ...

လီလော့က ထိုနှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ထိုသို့ အော်ဟစ်နေစဉ် ရှုထျန်လင်း၏ အမူအရာက အလွန်အမင်း ရှက်ရွံ့နေပုံရသည်။ မည်သို့ပင် မာန်တင်းနေပါစေ ကျန်းချင်းအာကိုရင်ဆိုင်ဖို့အထိတော့ သတ္တိမရှိသေးပေ။

သူ့နောက်ကလူတွေက ဘာလို့မလှုပ်ရှားသေးတာလဲ......

လီလော့က ကယ်မရတော့သောရှုထျန်လင်းကို ဖျောင်းဖြမနေတော့ဘဲ လက်ကိုဝှေ့ယမ်းကာ သတ်ရန် အမိန့်ပေးလိုက်သည်။

သို့သော် ယခုအခိုက်အတန့်တွင်၊ ကျန်းချင်းအာနှင့် သူ၏အမူအရာများ ပြောင်းလဲသွားလေသည်။

လော့လန်အိမ်တော်အထက် ကောင်းကင်ယံမှာ ကြီးမားတဲ့ စွမ်းအင် အတက်အကျ ဖြစ်ပေါ်လာတာကြောင့် အလိုလိုခေါင်းမော့ကြည့်လိုက်ကြသည်။ကောင်းကင်ယံတွင် သာယာလှပသော အစီအရင်တစ်ခုသည် တဖြည်းဖြည်းရုပ်လုံး ပေါ်လာသည်။

ခံစစ်အစီအရင် ဘာကြောင့် အသက်ဝင်လာတာလဲ......

တကယ်တော့ နှစ်ယောက်သား နှလုံးသားတစ်ခုလုံး နစ်မြုပ်နေသလို ခံစားလိုက်ရသည်။ ခံစစ်အစီအရင်တဖြည်းဖြည်း အားနည်းလာသည်ကို ထင်ထင်ရှားရှား အာရုံရနေသည်။

တစ်ယောက်ယောက်က အစီအရင်ကို ဖျက်ဆီးနေတာလား.........

All Chapters