← Chapters

ပွဲစပြီ.....

Vol. 47 Ch. 656

ပွဲစပြီ.....

Vol. 47 Ch. 656

ရုတ်တရက်၊ လော့လန်အိမ်တော် ၏ ခံစစ်အစီအရီ ကောင်းကင်တွင် ပေါ်လာပြီး အတွင်းလူတိုင်း၏ အာရုံကို ဆွဲဆောင်နေခဲ့သည်။ ယွမ်ချင်းနှင့် ကျန်သူများသည် ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိသောကြောင့် ၎င်း၏လုပ်ဆောင်ချက်ကို နားမလည်နိုင်ဟန်ဖြင့်အကြောင်သာငေးကြည့်နေကြသည်။

အစီအရင်တွင် ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်းသည် အပြုသဘောဆောင်သည့်ကောင်းသောအရာမဟုတ်နိူင်မှန်း ခန့်မှန်းနိုင်ခဲ့ကြသည်။

လီလော့နှင့် ကျန်းချင်းအာတို့သည်လည်း မျက်မှောင်ကြုတ်ကာ အစီအရင်ကိုသာ အာရုံစိုက်နေကြသည်။

တစ်ဖက်တွင် ရှုထျန်လင်းနှင့်မိုချန်းတို့ကတော့ပျော်ရွှင်နေပုံရသည်။ နောက်ဆုံးတော့ သူတို့ရဲ့ ကျောထောက်နောက်ခံအင်အားစုတွေ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပါပြီ။

"လီလော့....ကျန်းချင်းအာ...မင်းတို့အတွက် အောင်ပွဲခံဖို့ အလှည့်မရောက်သေးဘူးထင်တယ်!" ရှုထျန်လင်းက အေးစက်သောအကြည့်ဖြင့် လီလော့တို့ကိုကြည့်နေသည်။

တစ်ချိန်တည်းမှာပင် သူသည် စိတ်လှုပ်ရှားနေသော အကြီးအကဲများနှင့် တပ်ဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ကာ....

"စိုးရိမ်စရာ မလိုတော့ဘူး.... ဒါက ကျုပ်တို့ရဲ့ အစီအစဉ်ပဲ.... အိမ်တော်စုဝေးပွဲရဲ့ အောင်နိုင်သူကို အခုထိ မဆုံးဖြတ်ရသေးဘူး...ကျုပ်တို့အပေါ် မင်းတို့ရဲ့သစ္စာစောင့်သိမှုကို ကတိပြုရင် လိုတာမှန်သမျှရစေရမယ် !"

ဤအရေးကြီးသောအခိုက်အတန့်တွင် ရှုထျန်လင်း ၏နှစ်သိမ့်စကားများကို နားထောင်ခြင်းသည် ဖေဟောင်ဘက်မှ အချို့သောသူများကို စိတ်အေးစေခဲ့သည်။

ကျန်းချင်းအာသည် ဤလူရွှင်တော်မျညယကို နှောက်ယှက်ခြင်းမရှိပေ။ ယင်းအစား သူမသည် လီလော့၏ နံဘေးသို့လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ အခြေအနေက မဆိုးသော်လည်း လီလော့ကိုကာကွယ်ပေးဖို့လိုအပ်နေဆဲပင်.....

"ကြည့်ရတာ အကောင်ကြီးကြီးတွေ ထွင်လာတော့မယ့်ပုံပဲ......"

လီလော့က ခြောက်ကပ်စွာ မှတ်ချက်ပေးလိုက်သည်။

ကျန်းချင်းအာက လီလော့ဘက်သို့ လှည့်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။

"နင် အခု အနားယူနိုင်ပြီ.... လော့လန်အိမ်တော်ကို မကာကွယ်နိုင်ရင်တောင် မြို့စားအဆင့်ကို ရောက်တာနဲ့ ရှင်းရှင်းလင်းလင်း စာရင်းရှင်းကြတာပေါ့......"

လီလော့လည်း ပြုံးလိုက်ပြီး....

"ဒီငတုံးတွေက ငါ့အဖေချန်ခဲ့တဲ့ ရတနာတွေကို တကယ်တပ်မက်နေတာပဲ..... ဒါပေမယ့် ငါ့အတွက်တော့ နင်ကသာ တကယ့်အဖိုးတန်ရတနာအစစ်ပါ...."

နှစ်ယောက်သား စကားစမြည်ပြောနေကြစဉ် လော့လန်အိမ်တော်ကို ကာကွယ်သည့်အစီအရင် ပိုမိုပြင်းထန်စွာ လှုပ်ခါသွားပုံရသည်။ လျင်မြန်သော အရှိန်ဖြင့် အားနည်းသွားသည်ကို လူတိုင်း ကွဲကွဲပြားပြား ခံစားရနိုင်သည်။

အစီအရင်က ပို၍ပင် ပုံရိပ်ယောင်ဆန်လာသည်။

အိုး!

ဤအခိုက်အတန့်တွင်၊ သဘာဝစွမ်းအင်များ ကောင်းကင်သို့ ပျံ့လွင့်လာပြီး လီလော့နှင့်ကျန်းချင်းအာတို့၏အကြည့်များမှေးမှိန်နေခဲ့သည်။ ကောင်းကင်မှ ဆင်းသက်လာသော ကြီးမားပြီး အနက်ရောင် ဥက္ကာပျံကြီးသည် ခံစစ်အစီအရင်နှင့် တိုက်ရိုက် တိုက်မိသွားသည်။

ဝုန်းးးးးးးး

ပေါက်ကွဲသံကြီးနှင့်အတူ ပဲ့တင်ထပ်သံ စွမ်းအားများ နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့သည်။ စူးရှသော ပေါက်ကွဲသံက ရှမြို့တော်တစ်ဝိုက်တွင် တဟုန်ထိုး တုန်ခါသွားကာ ကြောက်ရွံ့ထိတ်လန့်သော အကြည့်များက လော့လန်အိမ်တော်ဆီသို့ ဦးတည်သွားခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ လျှို့ဝှက်ဆန်းကြယ်သော အစီအရင် အနည်းငယ်ကွဲအက်သွားပုံရပြီး ကွာဟချက်တစ်ခုကို ဖော်ထုတ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်မီးတောက်များ အက်ကွဲကြောင်းတစ်လျှောက် ဖြာကျလာပြီး အနက်ရောင်မီးတောက်များအတွင်း လေထုအလယ်တွင် လူရိပ်တခုဖြစ်တည်လာသည်။

ထိုလူ၏ပုံသဏ္ဍာန်ရှင်းရှင်းလင်းလင်းရုပ်လုံးပေါ်လာပြီး သူ့အသံက နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

"ဟီးဟီး၊ လော့လန်အိမ်တော် ရဲ့ ဌာနချုပ်ကို ဝင်ရတာ တကယ်ကို နာကျင်တာပဲ....."

လီလော့တို့နှစ်ယောက်သား ရင်းနှီးနေသော အသွင်ကို ကြည့်နေသော်လည်း အံ့သြမှု လုံးဝမရှိပေ။

သူ၏ မီးတောက်နေသလိုနီရဲနေသော ဆံပင်များက ဒေါသတကြီး ခြင်္သေ့တစ်ကောင်ကို အမှတ်ရစေပြီး သားရဲဘုရင်တစ်ပါးလို လီလော့တို့ကို ငုံ့ကြည့်နေသည်။

၎င်းမှာ ဂျိယန်အိမ်တော်၏အိမ်တော်သခင် ဇူချင်းဟောင် ဖြစ်သည်။

သူ၏အသွင်အပြင်နှင့်အတူ၊ ကြီးကျယ်ခမ်းနားသော ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖိအားများ သူ့ထံမှ ထွက်ပေါ်လာပြီး ဌာနချုပ်အတွင်းရှိ လူတိုင်းကို အကြောက်တရားများ တိုးပွားစေသည်။ သူတို့အပေါ်၌ တောင်ကြီးတစ်ခု ဖိနှိပ်နေသလို ခံစားခဲ့ရပြီး ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကိုပင် လုံးလုံးလျားလျား ဖြိုခွင်းခဲ့သည်။

ဤသည်မှာ မြို့စားအဆင့်၏ စွမ်းအားဖြစ်သည်။

အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်နေသောယွမ်ချင်းသည်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ဇူချင်းဟောင်က လီလော့နဲ့ ကျန်းချင်းအာ တို့ကို ချန်လှပ်ထားခဲ့ပြီး အားလုံးကို ဖိအားပေးနေသည်။

"မင်း လုံးဝ ထိတ်လန့်သွားဘူးပဲ...." လို့ ဇူချင်းဟောင်က နှစ်ယောက်သားကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"အိမ်တော်သခင်ဇူ....ကျွန်တော့်

မိဘတွေရှိတုန်းက ရုံးချုပ်ကိုလာလည်ဖို့ ဧည့်သည်အဖြစ် ဖိတ်ကြားထားပေမယ့် ဘယ်တုန်းကမှ လက်မခံခဲ့ဘူးနော်...!"

ဇူချင်းဟောင် ပြုံးလိုက်သည်။

"ဟုတ်ပါတယ် အဲ့တုန်းက မလာရဲခဲ့ဘူး..... မင်းမိဘတွေရဲ့ ဒေါသကို ကောင်းကောင်းသိနေတာမို့ ဘာလို့ရန်စနေမှာလဲ......"

"ကောင်းပြီ...ဒါဆိုလည်း သူတို့ပြန်လာတာကို စောင့်လိုက်ပါ...အဲ့အခါကျရင် ခင်ဗျားကောင်းကောင်းကြီးဒုက္ခရောက်နေလောက်ပြီ....ကျွန်တော့်မိဘတွေရဲ့စိတ်နေသဘောထားကို ခင်ဗျားသိပြီးသားဖြစ်မှာပါ........ "

ဇူချင်းဟောင် ခေါင်းညိတ်လိုက်ပြီး....

"ဟားးးဟားးး.ငါ့ကိုရိုက်ဖို့ဆို မြင့်မြတ်တဲ့စစ်တလင်းကနေ အရင်ထွက်လာနိုင်မှဖြစ်မယ်...."

တစ်ချိန်တည်းမှာပင် သူသည် သနားနေဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

"လီလော့.....ဒီလို ခြိမ်းခြောက်တဲ့ စကားတွေပြောနေလို့လဲအပိုပဲ..... နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ဒီအစီအစဥ်က အကြောက်တရား အနည်းငယ်ကြောင့် ရပ်တန့်သွားလိမ့်မယ်လို့ မင်းထင်လား ....လီတိုင်ရွှမ်နဲ့လော့လန်အိမ်တော်ကို တကယ်ကြောက်ခဲ့ရင် ငါ အခုဒီမှာရှိနေမှာမဟုတ်ဘူး....."

လီလော့ သက်ပြင်းချလိုက်မိသည်။

"ဒါဆို သေခြင်းခရီးရှည်ကြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..."

ဇူချင်းဟောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ရိုးရိုးသားသား ပြောရရင် လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ကို တကယ် မနာလိုဖြစ်မိတယ်..... သူတို့သားလေးက သာမန်လူမဟုတ်သလို အချိန်တန်ရင် မင်း သူတို့ကို ကျော်လွန်သွားမှာသေချာတယ်.... "

ထိုသို့ပြောပြီးသောအခါ သူ့ အကြည့်တွေ ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ကျန်းချင်းအာနှင့်လီလော့တို့၏ စွမ်းအားကို မသိသူမရှိသလောက်ပင်..... သူသာ လော့လန်အိမ်တော်ကို အမှန်တကယ် ဖြိုဖျက်လိုပါက ဤပိုးမွှားများကို စနစ်တကျ ဖယ်ရှားပစ်ရပေမည်။ မဟုတ်ရင် တသက်လုံး စိတ်ဖြောင့်ဖြောင့်အိပ်စက်နိုင်မည်မဟုတ်ပေ။

အတွေးတစ်ခုဖြင့် လက်ကိုဆန့်ထုတ်လိုက်သည့်အခါ လေထုထဲတွင် အပူချိန်များ တဟုန်ထိုး မြင့်တက်လာပြီး လေဟာနယ်ထဲမှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာကာ ကြီးမားသော အနက်ရောင် လက်သီးချက်ဖြင့် နှစ်ယောက်သားဆီသို့ ဦးတည်တိုက်ခိုက်လိုက်လေသည်။

မီးတောက်နေသော လက်သီးများ ဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် အပျက်အစီးများကိုသာ ချန်ရစ်ခဲ့သည်။

ပူပြင်းသော အပူဒဏ်ကြောင့် မြေပြင်သည်ပင် အရည်ပျော်သွားသည်။

ယွမ်ချင်း နှင့် ကျန်လူများက ထိတ်လန့်စွာဖြင့် "သခင်လေး...သခင်မလေ... မြန်မြန်ပြေး....."

ဝါရင့် မြို့စားအဆင့်ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်သောအခါ ၎င်းတို့နှစ်ဦးကြား ကွာဟချက်က နှိုင်းစရာမရှိလောက်အောင် ခြားနားနေသည်။တုံ့ပြန်ရန် ကြိုးပမ်းမှုတိုင်းသည် မြင်းလှည်းကို ရပ်တန့်ရန် ကြိုးပမ်းနေသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ရှုထျန်လင်း၊ မိုချန်းတို့ကတော့ ရွှင်မြူးပြီး စိတ်လှုပ်ရှားနေပုံရသည်။

အကယ်၍ သူတို့နှစ်ဦးသေဆုံးသွားပါက လော့လန်အိမ်တော်သည် မလွှဲမရှောင်သာ အပိုင်းပိုင်းကွဲသွားမည်ဖြစ်သည်။

တစ်ဖက်တွင် လီလော့ နှင့် ကျန်းချင်းအာ တို့သည် ၎င်းတို့ရှိရာအရပ်တွင် ဆက်လက်ရပ်နေကာ မီးတောက်မီးလျှံများနှင့်ဖန်တီးထားသည့် လက်သီးတွေကိုသာ စိုက်ကြည့်နေသည်။

ဝုန်းးးးးး

ထိုလက်သီးချက်များ သူတို့နှစ်ယောက်နှင့် မီတာအနည်းငယ်အကွာသို့ရောက်လာသောအခါ လေခွင်းသံတစ်ခုနှင့် ထွက်ပေါ်လာသည်။

အနီရင့်ရောင်ဓားတစ်ချောင်းသည် လေဟာနယ်ကိုစုတ်ဖြဲ၍ သဘာဝစွမ်းအင်များကိုပင်ဖရိုဖရဲဖြစ်စေလောက်သောအရှိန်နှုန်းဖြင့် ပျံသန်းလာသည်။

ဓား၏အရှိန်က အလွန်လျင်မြန်သောကြောင့် မီးတောက်လက်သီးများကို ကျော်ဖြတ်ကာ ပုံရိပ်များကိုသာ ချန်ရစ်ခဲ့သည်။ တခဏအကြာတွင် မီးတောက်လက်သီးအပိုင်းပိုင်းကွဒကြေသွားပြီး အနက်ရောင်အမှုန်အမွှားများအဖြစ် ပျယ်လွှင့်သွားလေသည်။

ဤရုတ်တရက်ပြောင်းလဲမှုကြောင့် လူတိုင်းကို အံသြသင့်နေကြသည်။

"မင်းက လူယုတ်မာပဲ.... မင်း လော့လန်အိမ်တော်ဌာနချုပ်ကို နှစ်အတော်ကြာ တိတ်တဆိတ် သူလျှိုလုပ်နေတာ ငါသိတယ်....အဲဒီတုန်းကတော့ ကိုယ်ပွားတစ်ကောင်ကိုပဲ ထုတ်ပြဖို့ပဲ သတ္တိရှိတာ... နောက်ဆုံးတော့ ပေါ်ပေါ်တင်တင်လူလုံးထွက်ပြပြီပေါ့....."

ထေ့ငေါ့ရယ်မောသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ခြံဝင်းအတွင်းရှိ အမိုးပေါ်မှ ရုတ်တရက် ပေါ်လာသည့် အသွင်အပြင်ကို လှည့်ကြည့်လိုက်သည်။ လက်တစ်ဖက်တွင် ဝက်သတ်ဓားကိုကိုင်ဆောင်ကာ စားဖိုမှူးတစ်ယောက်လိုဝတ်ဆင်ထားသည့် ကတုံးပြောင်ပြောင်နှင့် လူတစ်ဉီးက ဇူချင်းဟောင်ကို စိုက်ကြည့်နေသည်။

သူသည် ခပ်ဝေးဝေးတွင် ရပ်နေသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများက သူ့ဆီမှ မုန်တိုင်းတစ်ခုလို ထွက်ပေါ်လာကာ ယနေ့သူရှိနေသည့် နေရာသို့ ရောက်ရန် မရေမတွက်နိုင်သော အလောင်းများကို ကျော်ဖြတ်ခဲ့သူတစ်ယောက်လို ရဲရင့်နေသည်။

ချိုင်ဝေ၊ယန်လင်းချီနှင့် ကျန်သူများ အံ့အားသင့်ကုန်ကြသည်။

မရေမတွက်နိုင်သော အရသာရှိသော ဟင်းလျာများကိုချက်ပြုတ်ပေးပြီး မကြာခဏ ပြုံးပြုံးရွှင်ရွှင်နှင့်စနောက်နေတတ်သော စားဖိုမှူးကြီးသည် ဤကဲ့သို့ ခမ်းနားသော အော်ရာဖြင့် ထိုနေရာတွင် ရပ်နေမည်ကို သူတို့ တွေးမထင်ခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် တခုခုကိုသေချာပေါက် နားလည်ခဲ့ကြသည်။

ဤသည်မှာ အမှောင်ထဲမှနေ၍ လော့လန်အိမ်တော်ကို လျှို့ဝှက်ကာကွယ်ပေးနေသူပင်......

All Chapters