မြို့စားအဆင့်များ၏တိုက်ပွဲ....
Vol. 47 Ch. 657
နွားသိုးကြီးပေါင်ပေါင် ပေါ်ထွက်လာသည်နှင့်ယွမ်ချင်းတို့တတွေ အံ့အားသင့်မှုနှင့်ပျော်ရွင်မှုကိုတပြိုင်နက်ခံစားနေရသည်။
"အိမ်သခင်နှစ်ယောက်က ကာကွယ်သူတစ်ယောက်ချန်ခဲ့တာပဲ..."
ယွမ်ချင်းက စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။ ကြိုတင်မှန်းဆထားပြီးသားဖြစ်သော်လည်း လက်တွေ့မြင်လိုက်ရသည့် ခံစားချက်က ထင်မြင်ယူဆချက်များနှင့် လုံးဝကွဲပြားနေခဲ့ပါသည်။
လော့လန်အိမ်တော် ၏ကောင်းကင်ယံတွင်......
ဇူချင်းဟောင်က အရင်ဆုံးလှုပ်ရှားလိုက်ပြီး နွားသိုးကြီးပေါင်ပေါင်ဆီသို့ ပြေးသွားခဲ့သည်။ ပေါင်ပေါင့်ဆီမှ ထွက်ပေါ်လာသော အော်ရာကြောင့် ပေါင်ပေါင်သည် ပါချီပါချက်မြို့စားအဆင့်မဟုတ်ကြောင်း နားလည်လိုက်သည်။
"မင်းလို ထူးချွန်တဲ့သူတစ်ယောက်က စားဖိုမှူးတစ်ယောက်လို နှစ်ပေါင်းများစွာ လျှို့ဝှက်နေနိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"
နွားသိုးကြီးပေါင်ပေါင်၏ ရှေ့တွင် တောက်ပပြောင်လက်နေသော ဝက်ခုတ်ဓားတစ်လက်ရှိနေသည်။အခုချိန်မှာ သူက လူတိုင်းသိတဲ့ ဖော်ရွေကြင်နာတတ်သော စားဖိုမှူးတစ်ယောက်မဟုတ်တော့ပေ။ သူ၏ မျက်ဆံများ နီမြန်းနေပြီး၊ မကောင်းဆိုးဝါးပူးကပ်နေသည့်နှယ် သူ့ထံမှ နတ်ဆိုးအငွေ့အသက်များလှိုင်လှိုင်ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် လီလော့ဘက်တော်သားများ အနည်းငယ် ထိတ်လန့်သွားကြသည်။ ဇူချင်းဟောင် နှင့်မတူဘဲ နွားသိုးကြီးပေါင်ပေါင်၏အသွင်အပြင်သည် သာမန်လူကြမ်းတစ်ယောက်၏အသွင်အပြင်နှင့်ပိုတူနေသည်။
"မင်း လော့လန်အိမ်တော်ရဲ့ ဌာနချုပ်ကို ဝင်လာရဲမှတော့ အကျိုးဆက်ကိုလည်း ခံနိုင်ရည်ရှိမှဖြစ်မယ်...."
နွားသိုးကြီးပေါင်ပေါင်၏ အသံက ပတ်ဝန်းကျင်တွင်ပဲ့တင်ထပ်နေပြီး တစ်ချိန်တည်းမှာပင် လေထုထဲတွင် သွေးနံ့များ စွန်းထင်းနေလေသည်။
ဇူချင်းဟောင်က "လူကြီးမင်း....ခင်ဗျားကအလယ်ပိုင်းကုန်းမြေက လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်.....လော့လန်အိမ်တော်မှာ ဘာကြောင့်သိုသိုသိပ်သိပ်နေနေလဲ ကျုပ် မသိပေမယ့် လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က မြင့်မြတ်တဲ့စစ်တလင်းဆီရောက်နေတာမို့ သူတို့ လွတ်မြောက်ဖို့ ဘယ်တော့မှ အခွင့်အရေး ရမှာ မဟုတ်ဘူး.... ဒါကြောင့် ခင်ဗျား ကျုပ်တို့နဲ့ လက်တွဲဖို့ ဆန္ဒ ရှိရင် လော့လန်အိမ်တော်ရဲ့ ဘဏ္ဍာတွေကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးမှန်သမျှကို မျှဝေပေးမှာပါ"
ဇူချင်းဟောင်သည် နွားသိုးကြီးပေါင်ပေါင် ကို ကိုင်တွယ်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလိုစိတ်ဖြင့် သစ္စာဖောက်ဖို့ လိမ္မာပါးနပ်စွာစည်းရုံးနေသည်။
ယွမ်ချင်း နှင့် ကျန်သူများက ဇူချင်းဟောင်ကိုစိတ်ထဲကနေ ကျိန်ဆဲနေကြသည်။ တစ်ချိန်တည်းမှာပင် စိုးရိမ်သောကလည်းရောက်နေကြသည်။ သူတို့သည် နွားသိုးကြီးပေါင်ပေါင်နှင့် မရင်းနှီးကြသောကြောင့် ဇူချင်းဟောင် သွေးဆောင်သည့်နောက် ပါသွားမည်ကိုစိုးရိမ်နေကြသည်။
သို့သော်လည်း လီလော့ နှင့် ကျန်းချင်းအာတို့ကတော့ စိတ်ပူခြင်းအလျင်းမရှိဘဲ ငြိမ်သက်နေသည်။ နွားသိုးကြီးပေါင်ပေါင်သည် သူတို့အတွက် အခုမှတွေ့ဖူးသော သူစိမ်းမဟုတ်ပေ။ သူသည် ငယ်စဉ်ကတည်းက သူတို့ကို ပြုစုစောင့်ရှောက်ခဲ့သော စီနီယာတစ်ဦးဖြစ်သည်။ပေါင်ပေါင်နှင့် လီလော့၏မိဘများကြားက သမိုင်းကြောင်းကို သူတို့မသိကြသော်လည်း နှစ်များတစ်လျှောက်လုံး အပြန်အလှန်ဆက်ဆံမှုများကြောင့် ပေါင်ပေါင်၏ စိတ်ရင်းမှန်ကို နားလည်နိုင်စေခဲ့သည်။ ထို့ကြောင့်၊ ဇူချင်းဟောင်၏ လက်လှမ်းမမီသော နည်းလမ်းများက အဓိပ္ပါယ်မဲ့ကြောင်း သူတို့ သိခဲ့ကြသည်။
"မင်း အခုလှည့်ထွက်သွားဖို့ ဆန္ဒရှိရင် မင်းဘယ်တုန်းကမှ မရှိခဲ့သလို သဘောထားပေးမယ်.... မဟုတ်ရင် ငါ့ရဲ့ ဒီဓားနဲ့ နောက်ထပ် စတုတ္တအဆင့်မြို့စားတစ်ယောက်ကို သတ်ပစ်ရလိမ့်မယ်" နွားသိုးကြီးပေါင်ပေါင် က စူးစူးဝါးဝါး ပြန်ဖြေလိုက်သည်။
ဇူချင်းဟောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး....
"မင်းတကယ်ပဲ အမှန်အတိုင်းပြောနေတာဖြစ်နိုင်တယ်... ဒါပေမယ့် မင်းအရင်ကဖြစ်ခဲ့တာကိုလည်း မမေ့နဲ့... မင်းရဲ့အထွတ်အထိပ်အခြေနေကို မရောက်နိုင်တော့ဘူးမလား..... မင်း လော့လန်အိမ်တော် ဌာနချုပ်ကနေ ခြေတလှမ်းမထွက်ဘဲ နှစ်အတန်ကြာအောင်နေခဲ့တာကိုကြည့်ရင် မင်းရဲ့ ခွန်အားတွေ ယုတ်လျော့သွားတယ်ဆိုတာ ထင်ရှားနေပြီ.....အရင်တုန်းက ပြင်းထန်တဲ့ ဒဏ်ရာတစ်မျိုးမျိုး ခံစားခဲ့ဖူးတာ ဖြစ်နိုင်တယ်....."
နွားသိုးကြီးပေါင်ပေါင် သည်လည်း အလားတူ ပြုံးပြကာ သူ့ကို ကြည့်နေလေသည်။ "ဘာလို့ မစမ်းကြည့်တာလဲ၊ ဒါဆို မင်းကိုယ်တိုင် သိလိမ့်မယ်....."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်ရင်း၊ နှစ်ဖက်စလုံးမှ စွမ်းအားများ ပြင်းထန်စွာ နိုးကြားလာကာ ကောင်းကင်ယံ၌ အသွင်သဏ္ဍာန်မရှိ ထိပ်တိုက်တွေ့ဆုံမှုမျိုးဖြင့် တွေ့ဆုံနေကြလေသည်။
ဇူချင်းဟောင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့နောက်တွင် လေဟာနယ်တစ်ခု ပွင့်လာပြီး အထဲမှာ ကြီးမားတဲ့ မြို့စားရဲတိုက်လေးခုကို တွေ့နိုင်သည်။ ၎င်းတို့အပေါ်ရှိ မှော်စာလုံးတစ်ခုချင်းစီကို ဇူချင်းဟောင်၏အသိစိတ်ဖြင့်ပုံဖော်ထုဆစ်ထားခြင်းဖြစ်သည်။
ရဲတိုက်လေးခု ပေါ်လာသည်နှင့် ပတ်ဝန်းကျင် ဧရိယာသည် ၎င်းတို့၏ ရှေ့မှောက်တွင် တုန်လှုပ်သွားပုံရသည်။
ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ထားသည့်စွမ်းအားသည် မြို့စားအဆင့်၏ အမှတ်အသားဖြစ်ပါက မြို့စားရဲတိုက် များသည် ၎င်းတို့၏ အခြေခံအုတ်မြစ်များ၏သရုပ်သကန်ဖြစ်သည်။
မြို့စားအဆင့်သို့ဝင်ရောက်ရန်၊ လူတစ်ဦးသည် ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားကို အစွန်းဆုံးအထိ ချုပ်နှောင်ကာ ဖိသိပ်ထားရမည်ဟု ဆိုထားသည်။ ထိုမှသာ မြို့စားရဲတိုက်များကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ဤအရာ ပြီးမြောက်သောအခါ၊ လူ၏ခန္ဓာကိုယ်သည် စိတ်ကူးမယဉ်နိုင်သော ပြောင်းလဲမှုများကို ထပ်မံကြုံတွေ့ရပြန်သည်။မြို့စားရဲတိုက်များသည် ၎င်းတို့၏ အခြေခံအုတ်မြစ်၏ အတိမ်အနက်ကို ပြသရုံသာမက၊ ၎င်းတို့၏ အစွမ်းထက်ဆုံး စွမ်းရည်များထဲမှ တစ်ခုလည်းဖြစ်သည်။
ဇူချင်းဟောင်သည် သူ၏ မြို့စားရဲတိုက်များကိုထုတ်ဖော်ပြသခဲ့သည့်အချက်မှာ နွားသိုးကြီးပေါင်ပေါင် မည်မျှအန္တရာယ်ရှိသည်ကို သက်သေပြခဲ့သည်။
ဇူချင်းဟောင်က နွားသိုးကြီးပေါင်ပေါင်ဆီသို့ အသာအယာလက်ညိုးညွှန်လိုက်သည်။
ဝုန်းးးးးး
ရဲတိုက်လေးခုဆီမှ အဆုံးမရှိသော အနက်ရောင်မီးတောက်များထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။ အကယ်၍ ၎င်းတို့ကို ပိုမိုသေချာစွာ ဆန်းစစ်ကြည့်မည်ဆိုလျှင် အနက်ရောင်မီးတောက်အတွင်းတွင် မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်သည်။ နှစ်ခုပေါင်းစပ်လိုက်သောအခါတွင် ၎င်းတို့သည် လွှမ်းမိုးကြီးစိုးနေသော ကျောက်သားချော်ရည်ပူများ ဖြစ်ပေါ်စေခဲ့သည်။
ဇူချင်းဟောင်သည် မီးပဲ့တင်ထပ်သံနှင့် ကျောက်တုံးပဲ့တင်ထပ်သံတို့ကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့နှစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် သူ၏ ထိုးစစ်စွမ်းရည်ကို နောက်ဆင့် တိုးလာစေခဲ့သည်။
အနက်ရောင်ကျောက်သားချော်ရည်ပူများသည် ကောင်းကင်ကို ဖုံးလွှမ်းနေသော သောင်းနှင့်ချီသော ရေစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ အပူချိန်များ တဟုန်ထိုးတက်လာကာ နွားသိုးကြီးပေါင်ပေါင်ဆီသို့ မရောက်မီ ပျက်ပြယ်သွားသည်။ ဤကြောက်စရာကောင်းသောတိုက်ခိုက်မှုသည် ရင်ပြင်ရှိလူအားလုံး၏ ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။မြို့စားအဆင့်များ၏နည်းလမ်းများကို အလွယ်တကူနားမလည်နိုင်သလို ခုခံကာကွယ်နိုင်ခြင်းလည်းမရှိပေ။
လေထုထဲတွင် ချော်ရည်ပူများ ဖိတ်စင်လာစဉ် နွားသိုးကြီးပေါင်ပေါင်က အေးစွာပြုံစလိုက်ပြီး ဓားမသုံးဘဲ လက်သီးဆုပ်ထားလိ်ုကသည်။ သူ့နောက်ကွယ်မှာ အံ့သြဖွယ်ကောင်းတဲ့သတ္တဝါနှစ်ကောင် ပေါ်လာသည်။
တစ်ကောင်က ဧရာမ ချိုလေးချောင်းရှိသော
အပြာရောင်နွားသိုးကြီးဖြစ်ပြီး နောက်တစ်ကောင်ကတော့ မျက်လုံးပြာရွှေရောင် ဝက်ဝံ..........
ချိုလေးချောင်းကောင်းကင်နွားသိုး ပဲ့တင်ထပ်သံ.....
မျက်လုံးပြာရွှေဝက်ဝံ ပဲ့တင်ထပ်သံ.....
ထိုမြင်ကွင်းကြောင့် လီလော့ ပြုံးလိုက်မိသည်။ ဦးလေးပေါင်သည် အမှန်တကယ်တွင် အခြေခံ သားရဲပဲ့တင်ထပ်သံနှစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် အကြမ်းဖက်မှု၏ အဆုံးစွန်သော သရုပ်ပြမှုပင်......
နွားသိုးကြီးပေါင်ပေါင်က လက်သီးတစ်ချက်နဲ့ တုံ့ပြန်လိုက်သည့်အခါ ရိုးရိုးရှင်းရှင်းနဲ့ မယုံကြည်နိုင်စရာလို့ထင်ရပေမယ့် ဖြတ်ကျော်သွားချိန်မှာတော့ အပျက်အစီးတွေကို အပြင်းအထန် ဖြိုခွဲလိုက်ရပြီး ချော်ရည်ပူတွေနဲ့ တိုက်ရိုက်တိုက်မိနေတာကို လူတိုင်းတွေ့မြင်နိုင်သည်။
ဘန်းးးးးးး
ထိတွေ့လိုက်သောအခါတွင် သဘာဝကပ်ဘေးတစ်ခု ၎င်းတို့၏မျက်စိရှေ့မှောက်တွင် ကျရောက်သွားသလိုပင်။ နောက်ဆုံးတွင် လော့လန်အိမ်တော်၏ ခံစစ်အစီအရင်၏ စုပ်ယူခြင်းမခံရမီတွင် ချော်ရည်ပူများ နေရာတိုင်းတွင် ပျံ့လွင့်သွားခဲ့သည်။
ထိတ်လန့်စရာကောင်းတဲ့ လက်သီးချက်က ဦးလေးပေါင်ရဲ့ မယိမ်းယိုင်တဲ့ သတ္တိကို ပြသနိုင်ခဲ့သည်။ ဇူချင်းဟောင်၏ အမူအရာ အေးစက်သွားသည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့်လည်း အံ့အားသင့်သွားခဲ့သည်။
ဤသည်မှာ ခွန်အားကို အထူးပြုသော သားရဲ ပဲ့တင်ထပ်သံ နှစ်ခုကို ပိုင်ဆိုင်ခြင်းကြောင့်ရရှိထားသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားလား.....
အတွေးတစ်ခုဖြင့် ဇူချင်းဟောင် နောက်ကွယ်မှ ရဲတိုက်လေးခု တုန်ခါသွားတော့သည်။ထို့နောက် ရဲတိုက်လေးခုစလုံး လော့လန်အိမ်တော်ဌာနချုပ်အထက် ကောင်းကင်သို့ ဆင်းသက်လာခဲ့သည်။
ရဲတိုက်တစ်ခုချင်းစီက ဖြိုဖျက်မရနိုင်သော တောင်ကြီးတစ်ခုနှင့်တူသည်။ အထက်ကောင်းကင်တွင် ဆိုင်းငံ့ထားသည့်ရဲတိုက်လေးခုကြောင့် မြေပြင်ပေါ်က လူတိုင်းအပေါ် ဖိအားအသစ်များ အသစ်တစ်ဖန် ဖြစ်ပေါ်လာသည်။
သဘာဝစွမ်းအင်များကို ရဲတိုက်များက အဆက်မပြတ်စုပ်ယူနေသောကြောင့်ညသဘာဝစွမ်းအင်များ ဆက်လက် လောင်ကျွမ်းနေပါသည်။
ဇူချင်းဟောင်၏ မြို့စားရဲတိုက်လေးခုစလုက နွားသိုးကြီးပေါင်ပေါင်ရှိသည့် နေရာကို တိုက်ရိုက် ရွေ့လျားနေချေပြီ။
ရဲတိုက်များကို နွားသိုးကြီးပေါင်ပေါင် ပေါ်တွင် နေရာချထားပြီးသည်နှင့် ဇူချင်းဟောင် ၏ အကြည့်များက ဖေဟောင်၏ အလောင်းပေါ်ကျရောက်သွားသည်။
"ရှန်ကျင်းရှောင်... ငါ့အပိုင်းပြီးသွားပြီ... နွားသိုးကြီးပေါင်ပေါင်ကို ထိန်းထားပြီးပြီဆိုတော် ကျန်တာ မင်းအတွက်ပဲ...."
.............
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နက်နဲသော အခန်းတစ်ခုအတွင်း...
ရှန်ကျင်းရှောင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ လော့လန်အိမ်တော် ရဲ့ ဌာနချုပ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တိုက်ရိုက် မြင်တွေ့နေရသည်။
"လော့လန်အိမ်တော်ရဲ့ ဌာနချုပ်မှာ ပုန်းအောင်းနေတဲ့ မြို့စားအဆင့်တစ်ယောက်ရှိနေတယ်.... သူ့မှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေလည်းရှိနေတယ်..."
သူ့မျက်နှာပေါ်တွင် မနာလိုသော အပြုံးတစ်ခု ပေါ်လာသည်။ ဤမြို့စားကို လောလောဆယ်တွင် ဇူချင်းဟောင်က ချုပ်နှောင်ထားသောကြောင့် လီလော့ ကွယ်လွန်ပြီး ကျန်းချင်းအာကို ထိန်းချုပ်နိုင်သရွေ့ သူ့အကြံအစည်အားလုံး လှပစွာပြီးမြောက်သွားပါလိမ့်မည်။
ရှန်ကျင်းရှောင်၏ အကြည့်များက လေးပုံတစ်ပုံသာရှိတော့သောနှလုံးဆီ ကျဆင်းသွားသည်။ ဖေဟောင်သည် ဒဏ်ရာပြင်းထန်စွာရပြီး မကြာမီ သေဆုံးသွားမည်ဖြစ်သည်။
ဖြားယောင်းသွေးဆောင်မှုတွေ ပြည့်နှက်နေတဲ့ ယုတ်မာတဲ့အသံနဲ့ စကားမစခင် သူ့မျက်နှာမှာ လိမ္မာပါးနပ်တဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဖေဟောင်... မင်းရဲ့နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားပြီ..... ဒါပေမယ့် မင်းရဲ့နှလုံးသားတစ်ဝက်ကို ပေးထားတဲ့အတွက် မင်းလိုချင်တောင့်တနေတဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်......."