← Chapters

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(ဂ)

Vol. 47 Ch. 712

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(ဂ)

Vol. 47 Ch. 712

“ သတ္တမမင်းသားရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရုံနဲ့ အဲ့ဒါက ထင်ရှားတယ်… သူ့မှာ နန်းမြို့တော်ကိုပြန်ဖို့ ရည်ရွယ်ချက်မရှိတဲ့ပုံပဲ… သူရောက်လာတဲ့အချိန်ကစပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို မင်းသတိထားမိလား… သူက ဖုန်းဟိုင်ဒေသငယ်ကို သူ့ရဲ့ကိုယ်ပိုင်နယ်မြေတစ်ခုလို သဘောထားနေတာ ”

ခေါင်းဆောင်သည် အလေးအနက် ပြောသည်။

“ ဒါက ကြီးမားတဲ့ စစ်တုရင်ကစားပွဲတစ်ခုပဲ… နောက်ဘာဆက်ဖြစ်မယ် ငါမသိပေမဲ့ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကောင်းကင်က ပြောင်းလဲသွားပြီ… ဒီတော့ ဂျူနီယာညီလေး အရမ်းခေါင်းမမာချင်စမ်းနဲ့… သေခြင်းတရားဆိုတာ ဒီကမ္ဘာမှာ ပုံမှန်ကိစ္စရပ်တစ်ခုပဲ… အသက်ရှင်ဖို့ကသာ အဓိကအရေးကြီးဆုံးပါ ”

“ ဒီအသားတုံးကိုပဲကြည့်… သူ့ပုံစံက ချက်ပြုတ်လို့မဖြစ်နိုင်ဘူး ထင်ရပေမဲ့ အချိန်ကြာကြာ ချက်လိုက်တဲ့အခါမှာတော့ နူးညံ့သွားတယ်… အဲ့ဒီလိုပဲ ဝမ်းနည်းမှုတွေနဲ့ စိတ်ခံစားမှုတွေကို အချိန်နဲ့ ကုစားရမယ်… တကယ်လို့ မပျောက်သေးဘူးဆိုရင် အဲ့ဒါက အချိန်အလုံအလောက် မကုန်ဆုံးသေးလို့ပဲဆိုတာ မှတ်ထားပါ ”

“ ဘိုးဘေးက သူမပြန်ခင် ကျင့်ကြံခြင်းမှာအာရုံစိုက်ဖို့ အချစ်အကြောင်းတွေ မစဉ်းစားဖို့ ငါ့ကို လာပြောသွားတယ်… အနာဂတ်မှာ ငါ့ရဲ့ကျင့်ကြံခြင်းက မြင့်မားလာတဲ့အခါ ဘယ်လိုမိန်းမမျိုးကိုမဆို ငါရနိုင်လိမ့်မယ်မဟုတ်လား… ဘိုးဘေးပြောတာကို ငါစဉ်းစားကြည့်တော့ အဲ့ဒါက အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတယ် ”

“ ဖုန်းဟိုင်ဒေသငယ်လည်း ထိုနည်းလည်းကောင်းပဲ… တကယ်လို့ အဲ့ဒါက ငါတို့အတွက် မသင့်တော်ဘူးဆိုရင် ထွက်သွားရုံပဲရှိတာပေါ့… အနာဂတ်မှာ ငါတို့သန်မာလာတဲ့အခါကျရင် ဒီကိုပြန်လာမယ်… အဲ့ဒီအခါ ဘယ်မျိုးနွယ်စုက ငါတို့ကို အာခံရဲမှာလဲ ”

ခေါင်းဆောင်သည် ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောသည်။ သူက အသားတုံးကြီးကို လှမ်းယူလိုက်ပြီး ရွှီချင်း၏ လက်ဝါးပေါ်သို့ တင်ပေးလိုက်သည်။

ရွှီချင်းသည် အသားတုံးကို ယူလိုက်ပြီး အားကြိုးမာန်တတ်ဖြင့် တစ်ကိုက်ပြီးတစ်ကိုက် စားလိုက်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် ဖုန်းဟိုင်ဒေသငယ်ကြားမှ စစ်ပွဲသည် ပြည်နယ်လေးခု၏ မီးတောက်များကြောင့် ရပ်တန့်သွားခဲ့သည်။ သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် နယ်မြေကျူးကျော်ဝင်ရောက်ခြင်းကို ယာယီရပ်စဲထားရန်မှတပါး တခြားရွေးချယ်စရာ မရှိပေ။ ထိုစဉ် သန့်စင်ရေလှိုင်းမျိုးနွယ်၏ အလယ်ဗဟိုရှိ သဲဖြူဖြင့်ဖုံးလွှမ်းနေသော မြင့်မြတ်နယ်မြေတွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြည့်အရှင်လေးပါးသည် ဘိုးဘေးအင်ပါယာ၏ ဘုံကျောင်းထဲတွင် ဒူးထောက်နေကြသည်။

သူတို့အရှေ့တွင် အထူးသွေးသလင်းကျောက်များဖြင့် ပြုလုပ်ထားသော ထိုင်ခုံတစ်လုံး ရှိသည်။

ထိုင်ခုံပေါ်တွင် ပုံရိပ်တစ်ခုထိုင်နေပြီး အမှောင်ထုက သူ့ကို လွှမ်းခြုံထားသည်။ သူ၏ ခန္ဓာကိုယ်သည် ဝေဝါးနေပြီး သူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ အနက်ရောင်အရှိန်အဝါ၏ အခိုးအငွေ့တချို့သာလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေပြီး သွေးသလင်းကျောက်များထဲသို့ ပေါင်းစပ်သွားနေလေရာ သွေးမျိုးစက်ကို သန့်စင်ပေးနေသည့်ဟန် ရသည်။

“ ဘိုးဘေး အားလုံးက အစီအစဉ်အတိုင်း သွားနေပါတယ် ”

“ ဒါပေမဲ့ ကောင်းကင်နက်မျိုးနွယ်က သံသယတချို့ရှိနေတဲ့ပုံပါပဲ ”

ဝိညာဉ်နီပြည့်ရှင်သည် ခန္ဓာကိုယ်အသစ်ကို ပြန်တည်ဆောက်ထားပြီး ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်နှာသည် ဖြူဖျော့နေလေရာ သူ၏ သွေးနှင့်ချီသည် ပြိုလဲပျက်စီးနေသော အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း ထင်ရှားသည်။ သူက တိုးညင်းစွာ ပြောသည်။

သူ၏ ဘေးမှ ကောင်းကင်လေ၊ လမြူခိုးနှင့် မြေပြည့်ရှင်တို့သည်လည်း ခေါင်းငုံ့ထားကြသည်။

အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်သံမှ မကြားရသည့်နောက် ကောင်းကင်လေပြည့်ရှင်က ပြောသည်။

“ ဘိုးဘေး ကျုပ်တို့သန့်စင်ရေလှိုင်းမျိုးနွယ်က ဒီစစ်ပွဲမှာ လူသန်းသုံးဆယ်ကျော်ကို ဆုံးရှုံးခဲ့ပါတယ်… လူသားဧကရာဇ်ရဲ့ သတ္တမသားတော်က အကြင်နာမဲ့ပြီး ဉာဏ်များပါတယ်… တကယ်လို့ ကျုပ်တို့နဲ့ ပူးပေါင်းထားတဲ့ အဲ့ဒီလူသာ…. သူသာ ကျုပ်တို့ကို ကလိမ်ကျသွားမယ်ဆိုရင် ဒါမှမဟုတ် သတ္တမမင်းသားက သဘောတူညီမှုကို ချိုးဖောက်သွားမယ်ဆိုရင်… ”

လမြူခိုးပြည့်ရှင်၏ ကြားဖြတ်ဝင်ပြောမှုကြောင့် ကောင်းကင်လေပြည့်ရှင်သည် စကားဆုံးအောင် မပြောနိုင်ခဲ့ပေ။

“ ကောင်းကင်လေ ဒါက ဘိုးဘေးအင်ပါယာချမှတ်ထားတဲ့ အစီအစဉ်ပဲ… ကျုပ်တို့က အဲ့ဒါကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပဲ လိုအပ်တာ… ခင်ဗျား အဲ့ဒီအတွေးတွေကို ကန့်သတ်ထားသင့်တယ် ”

တခြားပြည့်အရှင်နှစ်ပါးသည် နှုတ်ဆိတ်နေကြသည်။ သူတို့သည် မည်သည့်အမူအရာမှ ထုတ်ဖော်မပြကြပေ။

အချိန်တစ်ခဏအကြာမှာ သွေးသလင်းကျောက်ထိုင်ခုံပေါ်မှ ဝေးဝေးဝါးဝါး ပုံရိပ်သည် ရှေးခေတ်အသံဖြင့် ပြောသည်။

“ မင်းတို့လေးယောက် ငါ့ကို အစ်အောက်ကြည့်ဖို့မလိုဘူး… မင်းတို့ရဲ့ မတူကွဲပြားတဲ့ အတွေးတွေကို ငါသိတယ်… တစ်ယောက်က အဝေးကို ထွက်ပြေးပြီး လွတ်လပ်မှုကို လိုချင်တယ်… တစ်ယောက်က သူ့ကိုယ်သူ လူသားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ အခုထိ ယုံကြည်နေသေးတယ်… တစ်ယောက်က ငါ့နေရာကို မျက်စိကျနေတယ်… တစ်ယောက်က ပိုသန်မာတဲ့ သခင်ကို ရှာဖွေချင်တယ်… အတိတ်မှာတော့ မင်းတို့တွေ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါအလေးမထားခဲ့ဘူး… ဒါပေမဲ့ အခုချိန်မှာတော့ ငါ့အစီအစဉ်ပျက်အောင် ဘယ်သူလုပ်ရဲလဲ ငါ သူတို့ကို သတ်ပစ်ပြီး ပြည့်အရှင်တွေကို ပြောင်းလဲပစ်မယ် ”

ပြည့်အရှင်လေးပါးသည် ခေါင်းငုံ့လိုက်ကြသည်။

“ ဝိညာဉ်နီ ”

ဝိညာဉ်နီပြည့်ရှင်၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။

“ မင်း ဒီတစ်ကြိမ် အတော်လေး စတေးခဲ့ရတယ်… မျိုးနွယ်စုက မင်းအပေါ် မတရားမဆက်ဆံပါဘူး… မင်းရဲ့ တာအိုက ပျက်စီးသွားခဲ့တယ်ဆိုပေမဲ့ မင်းကိုကုသပေးဖို့ နည်းလမ်းတစ်ခု ငါရှာပေးမယ် ”

ဝိညာဉ်နီပြည့်ရှင်သည် ခန္ဓာကိုယ်တုန်ယင်သွားပြီး အလေးအနက် ဦးညွတ်လိုက်သည်။

“ ကောင်းကင်နက်မျိုးနွယ်ရဲ့ သံသယဝင်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး မင်းက ပြောတယ်… တကယ်တော့ ကောင်းကင်နက်မျိုးနွယ်ကို ပြောပြလိုက်တဲ့လူက ငါပဲ… ဘာပဲပြောပြော အမှန်တရားတစ်ခုထဲမှာ နောက်ထပ်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားတယ်ဆိုရင် အဲ့ဒီအမှန်တရားကို ကြာကြာဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး ”

အက်ရှရှအသံသည် ထိုင်ခုံပေါ်ရှိ ပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသည်။ ထိုစကားကိုကြားသောအခါ ပြည့်အရှင်လေးပါးသည် တစ်ယောက်တစ်မျိုးစီ အမူအရာပြောင်းသွားကြသည်။

“ ကောင်းကင်လေ ”

အက်ရှရှအသံသည် ထပ်မံပဲ့တင်ထပ်လာသည်။

ကောင်းကင်လေပြည့်ရှင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

“ မင်းစိုးရိမ်တာကို ငါနားလည်တယ်… ဒါပေမဲ့ အဲ့ဒီသတ္တမမင်းသားက သူရဲကောင်းဖြစ်ချင်နေတာ ရှင်းလင်းတယ်… ဘာပဲဖြစ်ဖြစ် ဒီလောကရဲ့အမြင်မှာတော့ အတိတ်မှာ သူဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ငါတို့သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ စစ်သည်တော်သန်းသုံးဆယ်ကျော်ကို သူက သေဆုံးစေခဲ့တယ်မဟုတ်လား… လူသားတွေ ဘယ်လောက်သေသွားတယ် ဘယ်သူတွေ သေဆုံးသွားကြတယ်ဆိုတာကိုတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး… လူသားမျိုးနွယ်က သူရဲကောင်းတွေကို လိုလားကြပြီး သူတို့မြင်ချင်ကြတာက ခမ်းနားတောက်ပြောင်တဲ့ ပုံရိပ်တစ်ခုပဲ… အဲ့ဒီထဲမှာ ဖြူသလား မည်းသလားဆိုတာရော အဲ့ဒီအရိပ်အောက်မှာ အရိုးစုတွေ ဘယ်လောက်မြှုပ်နှံထားတယ်ဆိုတာရော သေဆုံးသွားကြတဲ့ လူတွေနဲ့ပတ်သက်တဲ့လူတွေ သူတို့ရဲ့မိသားစုဝင်တွေကလွဲရင် တခြားဘယ်သူကမှ အဲ့ဒါကို ဂရုစိုက်ကြမှာမဟုတ်ဘူး ”

“ အနာဂတ်မှာ သူက နယ်မြေကိုတောင် ချဲ့ထွင်နိုင်ပြီး လူသားမျိုးနွယ်အတွက် နှစ်ထောင်သောင်းချီကြာအောင် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးနိုင်လောက်တယ်… ဒီလိုကောင်းမွန်တဲ့ အစီအစဉ်အတွက် တကယ်လို့ လူတွေအများကြီးရဲ့အသက်ကို စတေးရမယ်ဆိုရင်တောင် ဘယ်သူက ‘ မှားတယ် ’လို့ ပြောနိုင်မှာလဲ… စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ သူ့လက်အောက်က စစ်သည်တော်တစ်သောင်းရဲ့ သေဆုံးမှုကြောင့် ဖြစ်လာတာ ”

“ ဒါကြောင့် လူသားမျိုးနွယ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ အနည်းဆုံးတော့ သူမအောင်မြင်သေးခင်အထိ ငါတို့ကြားက သဘောတူညီမှုကို သူလုံးဝ ချိုးဖောက်မှာမဟုတ်ဘူး… သူက ငါတို့လိုအပ်တာကို အောင်အောင်မြင်မြင် လွှဲပြောင်းပေးလိမ့်မယ် ”

“ မင်းတို့တွေကတော့ ငါတို့မျိုးနွယ်ရဲ့ အနာဂတ်အတွက် တူညီတာကို လုပ်ဆောင်ကြရလိမ့်မယ်… ယာယီစတေးမှုကို ရှောင်လွှဲလို့မရဘူး… ငါတို့အစီအစဉ်ရဲ့ ပထမခြေလှမ်းက အောင်မြင်သွားပြီဆိုတော့ ငါတို့နဲ့ သတ္တမမင်းသားကြားမှာ ပေါင်းကူးထိုးပေးတဲ့ အဲ့ဒီလူက ကြီးမားတဲ့ ဒီစစ်တုရင်ကစားပွဲမှာ ဘယ်လိုဆက်ကစားမလဲ ငါတို့စောင့်ကြည့်ကြရမယ် ”

“ အဓိကအရေးကြီးဆုံးကတော့ အဲ့ဒီလူ ငါ့ကိုပေးတဲ့ နည်းလမ်းက အကျိုးသက်ရောက်မှုရှိတယ် ”

“ အရှင့်ရဲ့အမိန့်တော်အတိုင်းပါ ”

ဤသည်ကိုကြားသောအခါ ပြည့်အရှင်လေးပါးသည် စိတ်လှုပ်ရှားသွားကြပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။

All Chapters