← Chapters

ကူယွဲ့ကျန်းကန်

Vol. 47 Ch. 714

ကူယွဲ့ကျန်းကန်

Vol. 47 Ch. 714

ဒေသငယ်မြို့တော်သည် ဈပနာအခမ်းအနားကို ရှေးဘုရင်ရွှမ်ယုံ၏ ရင်ဘက်အရှေ့တွင် ကျင်းပသည်။ ရုပ်တု၏ ဘေးပတ်ဝန်းကျင်တွင် အလွန်ကျယ်ပြောသော မြေကွက်လပ်တစ်ခု ရှိသည်။

ထိုမြေကွက်လပ်သည် လူတစ်သန်းဝင်ဆံ့သည်။ ကြမ်းပြင်ကို အစိမ်းရောင် ကျောက်ပြားများဖြင့် ခင်းကျင်းထားသည်။ အပေါ်တွင် လှေကား(၉၉)ထစ်ဖြင့် ဆက်သွယ်ထားသော ယစ်ပလ္လင်တစ်ခု ရှိသည်။ နဂါးထောက်တိုင် (၉၉၉)တိုင်သည် နေရာတိုင်းမှ ထောင်မတ်နေကြသည်။

ဤအခိုက်အတန့်မှာ ကျင့်ကြံသူတစ်သိန်းကျော်သာလျှင် ယစ်ပလ္လင်၏ အောက်မှာ စုဝေးရောက်ရှိရန် ခွင့်ပြုချက်ရရှိကြသည်။

….

လူတစ်သိန်းကျော်သည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့သည် ဓားကိုင်များ၊ တရားရေးရုံးတော်၊ ပြည်ထဲရေးရုံးတော်နှင့် ဒေသလွှတ်တော်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာပေါ်မှာ ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေကြသည်။

သူတို့၏ ရင်ဘက်ပေါ်တွင် အနက်ရောင်ပန်းပွင့်တစ်ပွင့်ကို ထိုးစိုက်ထားကြသည်။

ရွှီချင်းနှင့် ခုန်းရှန်းလုံ၏ ရောက်ရှိလာမှုသည် အကြည့်တချို့ကို ဆွဲဆောင်သွားသည်။ ထိုအကြည့်ထဲမှာ ဝမ်းနည်းမှု၊ ရှုပ်ထွေးမှုနှင့် လွမ်းဆွေးမှုတို့ ပါရှိသည်။

ဓားကိုင်ရုံးတော်၏ အုပ်စုဆီသို့ရောက်ရှိသွားသောအခါ သူတို့အရှေ့မှ ဓားကိုင်များသည် သူတို့အတွက် အရှေ့သို့ သွားနိုင်ရန် လမ်းကြောင်းတစ်ခု ဖယ်ပေးလိုက်ကြသည်။ ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။

ခုန်းရှန်းလုံသည် မည်သည့်အမူအရာမှမပြဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။ အရှေ့သို့ ရောက်ရှိသွားသောအခါ သူက ခေါင်းငုံ့လိုက်ပြီး လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေလိုက်သည်။

ရွှီချင်းသည် အရှေ့သို့ မသွားခဲ့ပေ။ သူက ခေါင်းဆောင်၏ ဘေးတွင် ဝင်ရပ်လိုက်သည်။

ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူတို့နှစ်ယောက်သည် ဝမ်းနည်းဖွယ်ကောင်းသော လေထုထဲမှာ တိတ်ဆိတ်လျက် စောင့်ဆိုင်းနေကြသည်။

တိတ်ဆိတ်မှုသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ဝမ်းနည်းပူဆွေးသော အငွေ့အသက်သည်သာ လူတစ်သိန်းကြားထဲတွင် ဆက်လက်စုဝေးသွားသည်။ ယင်းသည် မြို့တော်တစ်လျှောက် ပျံ့နှံ့သွားပြီး ရုံးတော်သုံးခုအတွင်းသို့ သက်ဆင်းလာသည်။ ထို့နောက် ဒေသငယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကောင်းကင်သည် တိမ်တိုက်များ၊ မြူနှင်းနှင့်အတူ တလိပ်လိပ်ထကြွလာသည်။ ဤနေရာမှ ဝမ်းနည်းပူဆွေးမှုကြောင့် ကောင်းကင်သည်ပင် အုံ့မှိုင်းသွားပြီး မိုးရွာသွန်းလာသည်။

မိုးရေသည် ကျောက်ပြားများပေါ်သို့ ကျဆင်းလာပြီး တပေါက်ပေါက်မြည်သံကို ထုတ်လွှတ်လိုက်သည်။ ဤနေရာရှိ လူတိုင်းသည် ရွှဲရွှဲစိုသွားကြသည်။

မည်သူမှ မိုးရေကို မတားဆီးကြပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ရွာကျစေပြီး ရွှဲစိုစေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် မိုးခြိမ်းသံ မြည်ဟိန်းထွက်လာပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် တိမ်မည်းတိမ်စိုင်များကြားတွင် လင်းလက်သွားကြသည်။ ပုံရိပ်အများအပြားသည် မြေကွက်လပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေကြပြီး လှေကားအပေါ်သို့ တတ်သွားကြသည်။

ထိုလူများ၏ ရောက်ရှိလာမှုသည် ဤနေရာရှိ ကျင့်ကြံသူတစ်သိန်းကျော်ကို ခေါင်းငုံ့သွားစေသည်။

ထိုပုံရိပ်များထဲတွင် ဓားကိုင်ရုံးတော်၊ တရားရေးရုံးတော်နှင့် ပြည်ထဲရေးရုံးတော်မှ လက်ထောက်ရုံးတော်သခင်များ ပါရှိကြသည်။ ထို့အပြင် သာမန်အရပ်သားအသွင် ပြောင်းလဲဝတ်ထားကြသော သက်လတ်ပိုင်းလူကြီးသုံးယောက်လည်း ရှိကြသည်။ သူတို့သည် သာမန်အရပ်ဝတ်ဖြင့် ရှိနေကြသည့်တိုင် သူတို့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခပ်ရေးရေး ထုတ်လွှတ်နေကြသည်။

လက်ထောက်ဒေသငယ်အကြီးအကဲသည်လည်း သူတို့အထဲတွင် ပါရှိသည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် လျှောက်လာသည်။

ထိုလူအုပ်ကြီး၏ အရှေ့တွင် ဝတ်ရုံအဝါကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရှိသည်။

အနက်ရောင်ဆံပင်သည် သူ၏ ပခုံးပေါ်သို့ လျှောကျနေသည်။ သူ၏ အသားအရေသည် ဖြူဖွေးပြီး စူးရှသော မျက်နှာအသွင်အပြင် ရှိသည်။ ဓားပမာ ဖြောင့်တန်းသော သူ၏ မျက်ခုံးအောက်တွင် ကြယ်များအသွင် တလက်လက်တောက်ပသော မျက်လုံးတစ်စုံရှိသည်။ ထိုလူသည် ရုပ်ရည်ချောမောရုံသာမက ဖော်မပြနိုင်သော တော်ဝင်မြင့်မြတ်အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

လောကသည် သူ၏ အရှေ့တွင် မှေးမှိန်သွားဟန် ရသည်။

အားလုံးသည် သူ၏ အနောက်တွင် လိုက်ပါလာရမည့်အလား သူက အရှေ့ဆုံးမှ ဦးဆောင်လျှောက်နေသည်။

သူသည် လူသားဧကရာဇ်၏ သတ္တမသားတော်ဖြစ်ပြီး ဖုန်းဟိုင်ဒေသငယ်၏ အန္တရာယ်ကို ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။ သူသည် ဖုန်းဟိုင်ဒေသငယ်ကို ကျူးကျော်ဝင်ရောက်လာသော မကောင်းဆိုးဝါးအင်အားစုများကို တိုက်ခိုက်နှိမ်နင်းခဲ့ပြီး မျိုးနွယ်အားလုံးကို သူ့အား ထောက်ပံ့လာရန် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် ဖုန်းဟိုင်ဒေသငယ်၌ ယနေ့ဈာပနအခမ်းအနားကို ဦးစီးဆောင်ရွက်ရန် သူတစ်ဦးတည်းသာ အရည်အချင်းပြည့်မီသည်။

ထိုအခိုက်အတန့်၌ သူ၏ ဘေးမှ လူတိုင်း၏ အရိုအသေပေးမှုအောက်မှာ သတ္တမမင်းသားသည် လှေကားပေါ်သို့ တစ်ထစ်ချင်းတတ်သွားပြီး အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

သူတစ်ဦးတည်း ထိုနေရာတွင် ရှိသည်။

သူတစ်ဦးတည်း ထိုနေရာတွင် ရပ်ရန် အရည်အချင်း ပြည့်မီသည်။

သတ္တမမင်းသားသည် မြေကွက်လပ်၏ အမြင့်ဆုံးနေရာပေါ်တွင် မတ်တတ်ရပ်နေရင်း ခေါင်းမော့လိုက်ပြီး သူ၏ အရှေ့မှ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကို ကြည့်လိုက်သည်။ ကြည်ညိုလေးစားသော အရိပ်အမြွက်သည် သူ၏ မျက်လုံးထဲတွင် ပေါ်ထွက်လာသည်။ ထို့နောက် သူသည် ခေါင်းငုံ့လိုက်ပြီး ရုပ်တု၏ အရှေ့တွင် ဒူးထောက်လိုက်သည်။

“ (၃၉၁၅)ကြိမ်မြောက် နောင်သားမျိုးဆက် ကူယွဲ့ကျန်းကန်က အင်ပါယာဘိုးဘေးရဲ့ အကာအကွယ်နဲ့ ကောင်းချီးပေးခြင်းကို ရိုသေကျိုးနွံစွာ တောင်းခံပါတယ် ”

သူဒူထောက်လိုက်သည်နှင့်ချက်ချင်း လက်ထောက်ဒေသအကြီးအကဲ၊ စစ်ဗိုလ်ချုပ်များ၊ တပ်မှူးများ၊ လက်ထောက်ရုံးတော်သခင်များနှင့် တခြားလူများသည်လည်း အတူလိုက်ပါ အရိုအသေပေးလိုက်ကြသည်။

စင်အောက်မှ ကျင့်ကြံသူတစ်သိန်းကျော်သည်လည်း ရိုသေးလေးစားစွာ အရိုအသေပေးကြသည်။

သူတို့သည် ဒူးထောက်ရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် သတ္တမမင်းသားဒူးထောက်ပြီးနောက် သူနှင့်အတူ ဒူးထောက်ရန် မည်သူမှ အရည်အချင်းမပြည့်မီသောကြောင့် ဖြစ်သည်။

သတ္တမမင်းသားသည် ကိုးကြိမ်ကိုးခါ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် မတ်တတ်ပြန်ရပ်လိုက်ပြီး အနောက်သို့လှည့်ကာ စင်အောက်မှ လူများကို ကြည့်လိုက်သည်။

မိုးရေစက်ကြားထဲတွင် သူ၏ ပုံရိပ်သည် အနည်းငယ် ဝေဝါးနေသည်။ သူ၏ အနောက်မှ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုသည်သာ ပိုပြီးရှင်းလင်းလာပြီး ပိုပြီးလေးနက်လာသည်။

အချိန်အတော်ကြာပြီးနောက် ဝမ်းနည်းဖွယ်ကောင်းသော အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ လေကြမ်းက တဝုန်းဝုန်းတိုက်ခတ်ပြီး ဒီရေက ဝေါခနဲ မြှောက်တတ်လာတယ်… ရေလွှမ်းမိုးခြင်းက နဂါးကို ကိုယ်စားပြုတယ်… မီးတောက်က ဖီးနစ်ကို ကိုယ်စားပြုတယ် ”

“ ကျုပ်တို့က အင်ပါယာဘိုးဘေးနဲ့ လက်ရှိအင်ပါယာရွှမ်ကျန်းကို ကိုယ်စားပြုပြီး ဒီရောက်လာတာ… ကျုပ်တို့လူသားမျိုးနွယ်က ဖုန်းဟိုင်ဒေသငယ်ရဲ့ အကျိုးစီးပွားကို ရာစုနှစ်ရှစ်စုကြာအောင် ကာကွယ်စောင့်ရှောက်ပေးပြီး နောင်လာမျိုးဆက် ဆယ်ဆက်ကြာအောင် ငြိမ်ချမ်းစေခဲ့တယ် ”

“ ရုံးတော်သုံးခုကနေ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေကို မွေးထုတ်ပေးခဲ့တယ် ”

“ ပြည်ထဲရေးရုံးတော်သခင်က ဉာဏ်ပညာနဲ့ပြည့်စုံပြီး အဆင့်နိမ့်လူတန်းစားတွေအပေါ် သနားငဲ့ကွက်တာကြောင့် လေးစားဖို့ ထိုက်တန်တယ်… တရားရေးရုံးတော်သခင်က ရဲစွမ်းသတ္တိနဲ့ပြည့်စုံတယ်… ဓားကိုင်ရုံးတော်သခင်က ဘယ်တော့မှလက်မလျော့မယ့် သစ္စာတရားကို နောင်လာနောင်သားတွေ အတုယူနိုင်အောင် ရှေ့ဆောင်လမ်းပြခဲ့တယ် ”

“ ဖုန်းဟိုင်ဒေသငယ်က သူရဲကောင်းဝိညာဉ်တွေရဲ့ ကြီးမြတ်တဲ့ အရှိန်အဝါကြောင့် နေနဲ့လတောင် မှေးမှိန်သွားရတယ်… ကျုပ်တို့ဘိုးဘေးတွေက ဒေသငယ်ရဲ့ အကျိုးစီးပွားအတွက် များပြားလှတဲ့ ဂုဏ်ကျက်သရေနဲ့ အစော်ကားခံရမှုတွေကို တွေ့ကြုံခဲ့ရတယ်… အောင်ပွဲတွေများစွာရှိခဲ့သလို ရှုံးနိမ့်မှုတွေလည်း များစွာရှိခဲ့တယ် ”

“ ဝမ်းနည်းပူဆွေးမှုက ကျုပ်တို့အပေါ် သက်ဆင်းလာပြီး ကြယ်တွေက ငိုကြွေးမြည်တမ်းကြတယ်… အသက်တွေက ဆုံးရှုံးသွားပေမဲ့ မှတ်ဉာဏ်တွေကတော့ ထာဝရရှင်သန်နေလိမ့်မယ်… မျက်ရည်က ကျုပ်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို သက်သေထူနေလိမ့်မယ်… ကြီးမားတဲ့ ဝမ်းနည်းမှုက ကျုပ်တို့ကို လွှမ်းမိုးသွားတယ်… ဝမ်းနည်းမှုရဲ့ ထွေးပွေ့မှုကို ကျုပ်တို့ မငြင်းဆန်နိုင်ကြဘူး ”

သတ္တမမင်းသားသည် ခဏရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးထဲ၌ ဝမ်းနည်းခြင်းဖြင့် ပြည့်နှက်သွားသည်။

မြေပြင်ပေါ်မှ လူတိုင်းသည် ဝမ်းနည်းခြင်းဖြင့် ပြည့်နှက်နေကြသည်။ မြေကွက်လပ်ပေါ်တွင် ငိုကြွေးသံများပင် ပျံ့လွင့်ထွက်လာသည်။

“ ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ မီးတောက်က ဘယ်တော့မှ ငြိမ်းသတ်မသွားဘူး… လူသားမျိုးနွယ်ရဲ့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဝိညာဉ်က အမြဲတမ်းတည်ရှိနေလိမ့်မယ်… ဖုန်းဟိုင်ဒေသငယ်က သူရဲကောင်းဝိညာဉ်တွေကို ဝိညာဉ်ဘုံကျောင်းမှာ တရိုတသေ ဌာပနာထားခွင့်ရဖို့ ဧကရာဇ်ဆီ ကျုပ်အသနားခံမယ်… သူတို့က အမွှေးနံ့သာတွေနဲ့ အမြဲပူဇော်ခံရမယ်… ထာဝရ ငြိမ်းချမ်းခြင်းကို ရရှိမယ် ”

“ သူရဲကောင်းတွေ ပေါ်ထွန်းလာပြီး ဆက်လက်ပေါ်ထွန်းလာဦးမယ့် တောက်ပတဲ့ ဒီလမ်းစဉ်ကို ရှေးဘိုးဘေးတွေက ချမှတ်ခဲ့ကြတယ်… ကောင်းကင်က ဆက်လက်ရွေ့လျားနေမှာဖြစ်သလို ကျုပ်တို့လည်း အမြဲတမ်း ကြိုးစားအားထုတ်နေရမှာ ဖြစ်တယ်… မြေကြီးရဲ့ သည်းခံနိုင်စွမ်းကို ကျုပ်တို့တွေ အတုယူကြရမယ် ”

“ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေက လူသန်းပေါင်းများစွာရဲ့ ရိုသေလေးစားမှုကို ခံကြရတယ်… သူတို့ရဲ့မူဝါဒတွေက ထာဝရ တည်မြဲနေလိမ့်မယ် ”

“ နောင်လာနောင်သားတွေက သူတို့ကို ဘယ်တော့မှမေ့မှာ မဟုတ်ဘူး ”

သတ္တမမင်းသား၏ ဝမ်းနည်းကြေကွဲသော အသံသည် လောကတစ်ခွင်သို့ ပျံ့လွင့်သွားသည်။ ထိုအခိုက်အတန့်မှာ ပြည်နယ်အသီးသီးမှ ခေါင်းလောင်းသံသည် ဖုန်းဟိုင်ဒေသငယ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဒေသငယ်တစ်ခုလုံး ဝမ်းနည်းပူဆွေးနေသည်။

ဒေသငယ်မြို့တော်မှ ရုံးတော်သခင်များကို ကိုယ်စားပြုသော မြေပြင်ပေါ်ရှိ အမြင့်ဆုံးဓားအိမ်ယာများသည် ပြိုလဲပျက်စီးသွားကြပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားကြသည်။

ကျင့်ကြံသူတစ်သိန်းကျော်ထံမှ ငိုကြွေးသံများသည် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ထွက်ပေါ်နေသည်။ သူတို့၏ မျက်ရည်သည် မိုးရေစက်နှင့် ပေါင်းစပ်သွားသည်။

ရွှီချင်း၏ အမြင်အာရုံသည် အနည်းငယ် ဝေဝါးလာသည်။ ဤသည်မှာ သူ၏ နှလုံးသားထဲမှ ဝမ်းနည်းမှုကြောင့်လော မိုးရွာခြင်းကြောင့်လော မပြောနိုင်ပေ။ ရုံးတော်သခင်၏ ပုံရိပ်က ထိုနေရာတွင် နောက်တဖန် မတ်တတ်ရပ်နေသည်ကို ဝိုးတိုးဝါးတား သူမြင်နေရဟန် တူသည်။

ထိုပုံရိပ်သည် အဆုံးအစမဲ့ရှည်လျားပြီး ကြီးကျယ်မြင့်မြတ်သည်။ ဒေသအကြီးအကဲသေဆုံးသွားပြီးနောက် ထိုပုံရိပ်သည် ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်ကို ထမ်းပိုးထားခဲ့သည်။

ဝမ်းနည်းမှုသည် သူ၏ နှလုံးသားထဲတွင် ဗြောင်းဆန်စွာ ထွက်ပေါ်လာသည်။ အတိတ်တုန်းက နတ်မိမယ်ကျစ်ရွှမ်း ပြောခဲ့ဖူးသော စကားကို ရွှီချင်း ရုတ်တရက် သတိရသွားသည်။

“ ရွှီချင်း ဒီအဖွဲ့အစည်းနဲ့ ဒီထဲကလူတွေကို နင်စတင်လေးစားလာတဲ့အခါ အဖြေကို ရှာတွေ့လာလိမ့်မယ် ”

ထိုအချိန်တုန်းက ရွှီချင်းသည် ဇဝေဇဝါဖြစ်ခဲ့သည်။ သူသည် ဓားကိုင်များ၏ အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီး တကယ် ဘဝင်မကျခဲ့ပေ။ ယခု မိုးရွာနေစဉ် သူ၏ နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုထဲတွင် နက်ရှိုင်းသော ရိုသေလေးစားမှုတို့ ရှိသည်။

ကံမကောင်းစွာဖြင့် မိုးရေထဲမှ ပုံရိပ်သည် သူ၏ မှတ်ဉာဏ်များထဲမှာသာ ထာဝရရှိနေနိုင်တော့သည်။ ရုံးတော်သခင် သူ့အား ချန်ထားခဲ့သည့် တစ်ခုတည်းသော ရုပ်ဝတ္ထုပစ္စည်းသည် ရုံးတော်သခင်၏ တုံကင်ဖြစ်သည်။

ရုံးတော်သခင်သေဆုံးမှုနှင့် ဓားကိုင်ရုံးတော်၏ အခွင့်အာဏာများကို သတ္တမမင်းသား၏ စစ်ဗိုလ်ချုပ်က သိမ်းယူသွားသောကြောင့် တုံကင်ထဲမှ အခွင့်အာဏာအားလုံးသည် ဆုံးရှုံးသွားခဲ့သည်။ ရုံးတော်သခင် အသက်ရှင်ခဲ့စဉ်က ပေးအပ်နှင်းခဲ့သော ဒေသငယ်၏ တားမြစ်ဓမ္မရတနာကို တစ်ကြိမ်အသုံးပြုနိုင်သည့် အခွင့်အရေးသာလျှင် တုံကင်ထဲမှာ ကျန်ရှိတော့သည်။

ဤလောကကို ဝမ်းနည်းပူဆွေးမှုက အချိန်အတော်ကြာအောင် လွှမ်းခြုံသွားပြီးနောက် သတ္တမမင်းသား၏ အသံသည် ထပ်မံထွက်ပေါ်လာသည်။

ဤတစ်ကြိမ် သူ၏ လေသံထဲ၌ ဝမ်းနည်းမှုမရှိတော့ပေ။ ယင်းအစား ခိုင်မြဲသော စိတ်ဓာတ်ပြတ်သားမှုနှင့် ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာ ရှိသည်။ ယင်းသည် ကောင်းကင်ပေါ်တွင် လျှပ်စီးများလက်သွားပြီး မိုးထစ်ချုန်းသွားစေသည်။ လက်သည်းလေးခုရွှေရောင်နဂါးသည်လည်း အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်ခြင်းကို ထုတ်လွှတ်လိုက်သည်။

“ ဒေသအကြီးအကဲသေဆုံးမှု၊ စစ်ပွဲကဒ်ဘေးကျရောက်လာမှု၊ ရုံးတော်သုံးခုရဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သွေးကြွေးကို ကျုပ်တို့တွေဆပ်ရမယ်… အဲ့ဒီအတွက် ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်ကတရားခံကို ကျုပ်ဖော်ထုတ်နိုင်ပြီဆိုတဲ့အကြောင်း ကြေညာပါရစေ ”

ရွှီချင်းသည် ဆက်ခနဲ ခေါင်းမော့လိုက်သည်။

“ လူသားမျိုးနွယ်ရဲ့ နောင်သားမျိုးဆက်တစ်ယောက်ဖြစ်တဲ့ အမတ်ယောင် ယောင်ထျန်းယန်က မျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်… သူက မျိုးနွယ်ခြားတွေကို အမြဲတမ်း ကာကွယ်ပေးခဲ့တဲ့အပြင် ဒေသအကြီးအကဲကို သတ်ဖြတ်ဖို့ သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ ပူးပေါင်းခဲ့တယ်… ဖုန်းဟိုင်ဒေသငယ်ကို စစ်မီးတောက်ထဲ တွန်းချပစ်ခဲ့တယ်… သူက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို ဆုံးရှုံးစေခဲ့တယ် ”

“ ကျုပ်စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ သူက မြောက်ဘက်ခံတပ် ကျရှုံးသွားမှုရဲ့ အဓိကတရားခံဆိုတာ ပေါ်ထွက်လာခဲ့တယ်… သူက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုအများကြီးကို ကျူးလွန်ခဲ့တယ်… ဒါကြောင့် ကျုပ်က အမတ်ယောင်ကို ရာဇဝတ်သားအဖြစ် ကြေညာတယ်… ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို မြေလှန်ပြီး သူ့ကို လိုက်ဖမ်းဆီးမယ်… ဒါ့အပြင် ကျုပ်က ဧကရာဇ်ဆီ ဒီသတင်းကို တင်ပြပြီး သူ့ကို လူသားမျိုးနွယ်ရဲ့ ပိုင်နက်အားလုံးမှာ လိုက်လံဖမ်းဆီးစေဖို့ အမိန့်တော်ကို တောင်းခံမယ် ”

ထိုစကားသံထွက်လာသည်နှင့်ချက်ချင်း အလွန်ပြင်းပြသော ဒေါသစိတ်ဆန္ဒသည် စင်အောက်ရှိ လူတစ်သိန်းကျော်ထံမှ ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ မြို့တော်ထဲမှ သေမျိုးများသည်ပင် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားကြသည်။

ဤနှစ်များတွင် အမတ်ယောင်လုပ်ဆောင်ခဲ့သော အရာအားလုံးသည် လူသားအများအပြားကို မကျေမနပ်ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် လူသားများ၏ ကျိန်ဆဲခြင်းကို အမြဲခံခဲ့ရသည်။

မျိုးနွယ်ခြားများအပေါ် အလေးပေးဆက်ဆံခြင်း၊ သူ၏ လူများကို မျိုးနွယ်ခြားများနှင့် လက်ဆက်ပေးခြင်း သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသော ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ သူ၏ လုပ်ဆောင်မှုအားလုံးသည် လူသားမျိုးနွယ်အပေါ် သစ္စာဖောက်ပြီး တရားမျှတမှန်ကန်မှုကို မျက်နှာလွှဲခဲပစ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မျိုးနွယ်ခြားများကို ခယဝပ်တွားခဲ့သည်။

ထို့ကြောင့် သူ့အပေါ် ကျိန်ဆဲမှုများသည် နှစ်ပေါင်း(၈၀၀)ကြာသည်အထိ မရပ်တန့်သွားခဲ့ပေ။

အမတ်ယောင်၏ မျက်လုံးထဲတွင် မျိုးနွယ်ခြားများ၏ အကျိုးစီးပွားသည် အရေးကြီးဆုံးဖြစ်သည်ဟု အများက ထင်မြင်ခဲ့ကြသည်။ သူ့အတွက် မျိုးနွယ်ခြားများ၏ ဂုဏ်သိက္ခာသည် အရေးကြီးဆုံး ဖြစ်သည်။

ထိုအရာများနှင့် နှိုင်းယှဉ်လျှင် လူသားမျိုးနွယ်သည် သူ့အတွက် အရေးမပါလှပေ။

ဤသည်မှာ ဒေသငယ်မြို့တော်ထဲမှ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် နှစ်ပေါင်း(၈၀၀)ကျော် စုပုံတည်ရှိနေခဲ့သော မကျေမနပ်မှု ဖြစ်သည်။ ယခုတော့ ထိုမကျမနပ်မှုသည် ကြီးမားသော ဒေါသသို့ ပြောင်းလဲသွားသည်။ ဒေသငယ်မြို့တော်ဆီသို့ ပထမဆုံးအကြိမ် ရွှီချင်းရောက်လာစဉ်တွင် သူ၏ ဘေးမှ လူများက အမတ်ယောင်အပေါ် ကျိန်ဆဲခြင်းကို တစ်ကြိမ်ထက်မနည်း ကြားခဲ့ရသည်။

ထို့ကြောင့် အမတ်ယောင်ကို သစ္စာဖောက်သမားဟု ပြောသည့်အခါ ယုတ္တိရှိပေသည်။

အမှန်မှာတော့ ဒေသအကြီးအကဲသေဆုံးပြီးနောက် နောက်ကွယ်က တရားခံသည် အမတ်ယောင်ဖြစ်မည်ဟု ကောလဟာလသတင်းများပင် ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်မှာ ရုံးတော်သုံးခုဆီမှ ကျင့်ကြံသူများ၏ မျက်လုံးသည် ဖော်မပြနိုင်အောင် နီရဲနေကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဖော်မပြနိုင်အောင် ပေါ်လျှိုးထွက်လာသည်။

ရုံးတော်သခင်၏ သေဆုံးမှုသည် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များ၏ နှလုံးသားထဲတွင် နစ်ဝင်နေသော ဆူးတစ်ချောင်းပမာ ရှိသည်။ ရုံးတော်သခင်အတွက် လက်စားချေရန်သည် သူတို့အားလုံးအတွက် တူညီသော တာဝန်တစ်ရပ် ဖြစ်သည်။

“ အမတ်ယောင်ကို သတ်ပစ် ”

“ ရုံးတော်သခင်အတွက် လက်စားချေမယ် ”

“ ဒေသအကြီးအကဲအတွက် လက်စားချေမယ် ”

“ ဖုန်းဟိုင်ဒေသငယ်အတွက် အသက်စတေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် လက်စားချေမယ် ”

“ ယောင်တစ်မိသားစုလုံးက သေဖို့ထိုက်တန်တယ် ”

ပြင်းပြသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မြေပြင်ပေါ်ရှိ စစ်တပ်မှ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော စစ်သည်တော်များသည် တစ်ညီတာတစ်ညာတည်း သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသောအခါ ရွာသွန်းနေသော မိုးသည် ရပ်တန့်သွားသည်။

လူအုပ်ကြားထဲမှ ယောင်ယွင်ဟွေ့သည် ခန္ဓာကိုယ်တုန်ယင်လာပြီး ဝမ်းနည်းခြင်းက သူ၏ မျက်လုံးထဲတွင် ပေါ်လျှိုးလာသည်။ သူ၏ ဘေးမှ လူများသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြပြီး အဝေးသို့ နောက်ဆုတ်သွားကြသည်။ သူတို့က သူ့ကို ရွံစရာဟု မြင်နေသည့်အလားပင်။

ဟောင်ယွင်ဟွေ့သည် တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်ခဲ့ပေ။

ကျန်းစီယွမ်သည်လည်း ထို့အတူပင်။ မကြာမီ အမေနှင့်သားကို နန်းမြို့တော်မှ စစ်သည်တော်များက လာရောက်ဖမ်းခေါ်သွားကြသည်။

စင်မြင့်ပေါ်မှ သတ္တမမင်းသားသည် လူအုပ်ကြားထဲမှ မူမမှန်သော လှုပ်ရှားမှုအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ သူ၏ အကြည့်သည် ကျန်းစီယွမ်ထံသို့ သာမန်ကာလျှံကာ ဖြတ်ကျော်သွားသည်။ သူ၏ မျက်လုံးထဲတွင် သတိမထားမိနိုင်သော အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

ထိုအခိုက်အတန့်မှာ ယောင်ဂေယာထဲတွင် အမတ်ယောင်၏ ညီမဖြစ်သူ ယောင်ဖေးဟယ်သည် တိတ်ဆိတ်စွာ ငိုကြွေးနေသည်။ မျက်ရည်စက်သည် သူ၏ သန့်ရပ်စွာဝတ်ဆင်ထားသော အဝတ်အစားပေါ်သို့ ကျဆင်းသွားသည်။

“ အကိုကြီး… အဲ့ဒါ ထိုက်တန်ရဲ့လား ”

ယောင်ဖေးဟယ်သည် မျက်လုံးမှိတ်လိုက်သည်။ သိပ်မကြာမီ သတ္တမမင်းသား၏ စစ်သည်တော်များ ဂေဟာထဲသို့ အတင်းအဓမ္မဝင်ရောက်လာမှုကြောင့် ဂေဟာသည် အပြင်းအထန် လှုပ်ခါသွားသည်။ ထို့နောက် ဂေဟာထဲတွင် ရှိနေကြသော လူကြီး၊ လူရွယ်နှင့် ကလေးများအားလုံးသည် ဖမ်းဆီးခံလိုက်ရကြသည်။

ယောင်ဖေးဟယ်သည် မခုခံပေ။ စစ်သည်တော်များ၏ ဖမ်းဆီးခြင်းကို အသာတကြည် လက်ခံလိုက်သည်။

ယောင်ဂေယာထဲမှ ယောင်မိသားစုဝင်များဖြစ်ကြသော အမျိုးသမီးများ၊ လူကြီးလူငယ်များနှင့် ကလေးများအားလုံးကို အပြင်သို့ ဖမ်းဆီးခေါ်ထုတ်လာကြသည့်အခါ ဂေယာအရှေ့မှ လူအုပ်ကြီးသည် သူတို့ကို လက်ညှိုးငေါက်ငေါက်ထိုး၍ မရပ်မနား ကျိန်ဆဲကြသည်။ သူတို့၏ မျက်လုံးထဲတွင် ပြင်းထန်သော အမျက်ဒေါသက ရှိနေလေရာ သူတို့က ယောင်မိသားစုဝင်များကို အရှင်လတ်လတ် ဝါးစားချင်နေဟန် တူသည်။

လီရှီထောင်သည် ခြေတစ်လှမ်းနောက်ကျပြီးမှ ရောက်ရှိလာသည်။ သူသည် ထိုနေရာတွင် မတ်တတ်ရပ်နေလျက် ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသဖြင့် ကြည့်နေသည်။ သို့သော်လည်း သူတတ်နိုင်သောအရာ ဘာမှမရှိပေ။

ဒေသငယ်ထဲမှ မရေမတွက်နိုင်သော လူများ၏ ဒေါသသည် တခြားအသံအားလုံးကို ဆွဲချပစ်နိုင်သည်။

All Chapters