← Chapters

ဓားကျိုးသက်စောင့်မီးအိမ်(က)

Vol. 47 Ch. 721

ဓားကျိုးသက်စောင့်မီးအိမ်(က)

Vol. 47 Ch. 721

ရွှီချင်းသည် ခေါင်းဆောင်ကို ဖြေဆေးပေးလိုက်ပြီး သူ့ကို အဆိပ်ဖြေပေးလိုက်သည်။

ခေါင်းဆောင်သည် မက်မွန်သီးတစ်လုံးကို ဝမ်းသာပျော်ရွှင်စွာ ကိုက်စားလိုက်ပြီး ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။

“ ငါတို့ အဲ့ဒါကို ဘာမှစိုးရိမ်စရာမလိုဘူး… ဆရာက ငါတို့ထက် ပိုပြီး အတွေ့အကြုံများတယ်… ငါတို့က ဒီအတိုင်းလေး အကျိုးအမြတ်တွေကို လိုက်သိမ်းရုံပဲ ”

“ ဒါနဲ့ ချင်းလေး… ငါ့ကိုကူညီပြီး လူအိုကြီးခုန်းကို ပြောပေးစမ်းပါ… ဒီနေ့ ငါ့မိတ်ဆွေကောင်းတစ်ယောက်ကို သူ့နေရာဆီ ခေါ်လာမယ်လို့ ”

“ မင်းက အကိုခုန်းနဲ့ သွားတွေ့မှာမဟုတ်ဘူးလား… ဘာလို့ ငါ့ကို သူ့ဆီ သွားနှုတ်ဆက်ခိုင်းတာလဲ… မင်းက ဘယ်သူ့ကို ခေါ်လာမှာမို့လို့လဲ ”

ရွှီချင်းသည် ခေါင်းဆောင်၏ ပါးစပ်ထဲမှ မက်မွန်သီးကိုကြည့်လိုက်ပြီး အတွေးနက်သွားသည်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။ သူက ဘေးဘီကို စစ်ဆေးကြည့်ပြီးနောက် တိုးညင်းစွာ ပြောသည်။

“ မနေ့က ငါသူ့ဆီ သွားခဲ့တယ်… အဲ့ဒီလူအိုကြီးခုန်းက အရမ်းအမြင်ကျဉ်းတယ်… အတိတ်တုန်းကဆို ရှန်းဟယ်ကို ဆွဲဆောင်နိုင်အောင် သူ့ကို ငါကူညီပေးခဲ့တာကို… ဟွန့် ငါက မင်းရဲ့ စီနီယာအကိုကြီးဖြစ်နေတာကို သူက မနာလိုဖြစ်နေတာဖြစ်မယ်… ဒါကြောင့် သူက ငါ့ကို သဘောမကျတာ… ဟူး ငါစိတ်ထိခိုက်ရတယ်… တကယ်လို့ သူ့မှာ အစွမ်းအစရှိတယ်ဆိုရင် ငါတို့ဆရာကိုလိုက်ရှာပြီး ဆရာတင်လိုက်ပါလား ”

“ ဘယ်သူ့ကို ငါခေါ်လာမှာလဲဆိုတော့ ဘယ်သူရှိမှာလဲ… ဒါပေါ့ ငါ့အချစ်ကလေး ထောင်ထောင်လေ ”

ခေါင်းဆောင်သည် တည်ငြိမ်သော အမူအရာကို အတင်းထုတ်ဖော်ထားသော်လည်း သူ၏ မျက်နှာပေါ်တွင် ဘဝင်မြင့်သော အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။

“ မင်းတို့နှစ်ယောက် တွေ့ပြီးသွားပြီလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ဒါပေါ့… လွန်ခဲ့တဲ့တစ်ရက်တုန်းက ထောင်ထောင်ကို ဟောင်ဂေဟာရဲ့ အပြင်ဘက်မှာ မမျှော်လင့်ဘဲ ငါတွေ့လိုက်တယ်… အဲ့ဒီအချိန်မှာ ငါသတိထားမိသွားတယ် သူ့ရဲ့ဟာက အတော်လေးကြီး… အဟန့်… သူ့ရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းခြင်းနဲ့ စိတ်သောကတွေ ရှိနေတာကို ငါသတိထားမိသွားတယ်… ချင်းလေး အဲ့ဒီအချိန်မှာ ငါ့နှလုံးက နာကျင်သွားတယ်… ဒါကြောင့် သူ့ဆီ ငါသွားပြီး ငါ့မှာ မင်းကို ယောင်မိသားစုနဲ့ တွေ့ပေးနိုင်တဲ့နည်းလမ်းရှိတယ်လို့ နှစ်သိမ့်ပေးလိုက်တယ် ”

ခေါင်းဆောင်သည် စကားဆုံးအောင်ပြောပြီးနောက် ရွှီချင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ သူက မက်မွန်သီးကို နောက်ထပ်တစ်ကိုက် ကိုက်လိုက်သည်။

“ ဂျူနီယာညီလေး ငါက စကားကြီးစကားကျယ် ပြောပြီးသွားပြီ… အဲ့ဒါက မင်းစီနီယာအကိုကြီးရဲ့ လက်ထပ်ပွဲနဲ့ ဆိုင်တဲ့ကိစ္စပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အမိန့်တော်ဓားကို ထုတ်လိုက်ပြီး ခုန်းရှန်းလုံဆီသို့ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင်သည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး စိတ်မရှည်စွာ ထွက်သွားသည်။

ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း စစ်ပွဲကြောင့် သူ၏ နှလုံးသားထဲတွင် စုပြုံလာသော ခံစားမှုအမျိုးမျိုးသည် ပုံမှန်ထက် အနည်းငယ် လျော့နည်းသွားသည်ဟု ရွှီချင်း ခံစားမိသွားသည်။

“ စီနီယာအကိုကြီးက ပြောတယ်… ကိုယ့်ကိုယ်ကို ပိုသန်မာလာအောင် လုပ်တာက အဓိကအုတ်မြစ်တဲ့ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးပိတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အလင်းသည် ယခင်ကဲ့သို့ တည်ငြိမ်လာသည်။ သူက ဓားအိမ်ယာမှ ထွက်လျှောက်သွားပြီး ဓားကိုင်ရုံးတော်ဆီသို့ သွားလိုက်သည်။

သူက တိုက်ပွဲကုသိုလ်များဖြင့် သက်စောင့်မီးအိမ်တစ်ခုကို လဲလှယ်ရန် လိုလားနေခြင်း ဖြစ်သည်။

သူ့အတွက် ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို အမြန်ဆုံး တိုးမြှင့်နိုင်သောနည်းလမ်းသည် သက်စောင့်မီးအိမ် ဖြစ်၏။

“ အခု ငါ့မှာရှိတဲ့ နတ်နန်းတော်ဆယ်ခုထဲမှာ ခုနစ်ခုက ကျင့်ကြံခြင်းကနေ ဖွဲ့စည်းထားတာ… ကျန်သုံးခုကတော့ သက်စောင့်မီးအိမ်ကနေ ဖွဲ့စည်းထားတာ ”

“ နတ်နန်းတော်ကျင့်ကြံသူတွေအတွက် သူတို့ပေါင်းစပ်နိုင်တဲ့ သက်စောင့်မီးအိမ်အရေအတွက်က သူတို့ရဲ့ အသက်မီးတောက် အရေအတွက်အပေါ် မူတည်တယ်… ငါ့မှာ အသက်မီးတောက်ဘောလုံး ငါးလုံးရှိတယ်… ဒီတော့ အများဆုံး ငါက သက်စောင့်မီးအိမ်ငါးခုနဲ့ ပေါင်းစပ်နိုင်တယ် ”

ရွှီချင်းသည် စဉ်းစားတွေးတောနေရင်း ဓားကိုင်ရုံးတော်၏ ရတနာခန်းမဆီသို့ ရောက်ရှိလာသည်။

ရတနာခန်းမသည် စစ်ရေးအကျိုးပြုအမှတ်များနှင့် ပစ္စည်းများကို လဲလှယ်ပေးသော အဓိကဌာနဖြစ်သည်။ စစ်ပွဲကာလအတွင်းတွင် အမှတ်များကို ခွဲဝေပေးခဲ့သောကြောင့် အသက်ရှင်လျက်ပြန်ရောက်လာကြသော ဓားကိုင်များသည် ဤနေရာသို့ ရောက်လာကြပြီး သူတို့လိုအပ်သော ပစ္စည်းများကို လဲလှယ်ကြသည်။ ရတနာခန်းမထဲသို့ ရွှီချင်းရောက်ရှိသွားသောအခါ ရင်းနှီးသော မျက်နှာတချို့ကို သူမြင်လိုက်သည်။

မဟာနန်းမြို့တော်ဒေသကြီးမှ စစ်သည်တော်တချို့လည်း ရှိသည်။ သူတို့သည် ဓားကိုင်များမဟုတ်ကြသော်လည်း ရုံးတော်သုံးခုထဲတွင် ပစ္စည်းများလဲလှယ်ရန် အရည်အချင်းပြည့်မီကြသေး၏။ သို့သော်လည်း ဒေသငယ်မှ ဓားကိုင်များနှင့် နှိုင်းယှဉ်လျှင် သူတို့၏ ပမာဏအချိုးသည် အနည်းငယ် လျော့နည်းသွားသည်။

ဤကိစ္စသည် လက်ထောက်ရုံးတော်သခင်နှင့် တခြားလူများက သတ္တမမင်းသားထံသို့ အကြံပြုလျှောက်တင်ခဲ့သောအရာ ဖြစ်သည်။ နောက်ပိုင်းတွင် အစီအရင်သည် အကောင်အထည်ဖော်လာသည်။

ရတနာခန်းမသည် စစ်ရေးအကျိုးပြုအမှတ်များနှင့် ပစ္စည်းများကို လဲလှယ်ပေးရုံသာမက အမျိုးမျိုးသော ရတနာပစ္စည်းများကိုလည်း လက်ခံစုဆောင်းသေးသည်။ ဓားကိုင်အားလုံးသည် စစ်ပွဲအတွင်းမှ သူတို့ရရှိလာသော အကျိုးအမြတ်များကို ရတနာခန်းမဆီသို့ ပေးပို့ကြပြီး စစ်ရေးအကျိုးပြုအမှတ်များနှင့် လဲလှယ်ကြသည်။

ဤသည်မှာ သံသရာတစ်ပတ်လည်နေသကဲ့သို့ပင်။ ရတနာခန်းမထဲတွင် နက်နဲသိမ်မွေ့သော မပြည့်မစုံစာလိပ်များသာမက အဆင့်မြင့် ကျင့်ကြံခြင်းအတတ်ပညာများနှင့် အစွမ်းထက် ဓမ္မရတနာများလည်း ရှိသည်။ သူတို့မှာ သက်စောင့်မီးအိမ်နှစ်ခုပင် ရှိသည်။

ထိုသက်စောင့်မီးအိမ်နှစ်ခုကြားတွင် အဆင့်ကွာခြားမှုမရှိပေ။ သူတို့ပိုင်ဆိုင်သော စွမ်းအားသည်သာ ခြားနားကြခြင်း ဖြစ်သည်။ ထိုနှစ်ခုထဲမှ သက်စောင့်မီးအိမ်တစ်ခုကို တစ်စုံတစ်ယောက်က လဲလှယ်သွားခဲ့ပြီဖြစ်၍ ယခု တစ်ခုသာလျှင် ကျန်ရှိတော့သည်။

သက်စောင့်မီးအိမ်တစ်ခုနှင့် လဲလှယ်ရန် များပြားလှသော စစ်ရေးအကျိုးပြုအမှတ်များကို လိုအပ်ရုံသာမက အဆင့်နှစ်တိုက်ပွဲကုသိုလ်ကိုလည်း လိုအပ်သေးပေသည်။ ရွှီချင်း၏ လက်ရှိစစ်ရေးအကျိုးပြုအမှတ်များဖြင့်ဆိုလျှင် သက်စောင့်မီးအိမ်တစ်ခုကိုသာ သူလဲလှယ်နိုင်သည်။

ရွှီချင်းသည် မလဲလှယ်ခင် သက်စောင့်မီးအိမ်ကို အချိန်အတော်ကြာ လေ့လာခဲ့သည်။ သူသည် ဓားအိမ်ယာဆီသို့ ပြန်မရောက်ခင်အထိ သတိကြီးစွာထားခဲ့သည်။ သို့သော်လည်း လမ်းတစ်လျှောက်တွင် သူသည် မည်သည့်အတားအဆီးနှင့် မတော်တဆမှုကိုမှ မတွေ့ကြုံခဲ့ပေ။

ယင်းသည် လွန်ခဲ့သောတစ်ရက်က သူ့အား ခုန်းရှန်းလုံပြောခဲ့သော စကားကို ပြန်အမှတ်ရစေသည်။ ဤသည်မှာ သတ္တမမင်းသားက စစ်ဥပဒေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားသောကြောင့် ဖြစ်သည်။

အမှန်မှာတော့ တာအိုသစ်သီးများဖြင့် စစ်ရေးအကျိုးပြုအမှတ်များကို လဲလှယ်ခြင်းဖြစ်စေ သို့မဟုတ် တခြားကိုယ်ရေးကိုယ်တာနှင့်ဆက်စပ်သော အကျိုးကိစ္စများတွင် ရွှီချင်း သို့မဟုတ် ခုန်းရှန်းလုံဖြစ်စေ ဖုန်းဟိုင်ဒေသငယ်ထဲမှ ယခင်ဓားကိုင်အားလုံးသည် တမင်တကာ အနှောင့်အယှက်ပေးခံရခြင်းသော်လည်းကောင်း ပစ္စည်းလုယက်ခံရခြင်းသော်လည်းကောင်း မရှိပေ။

မည်သည့်အကြောင်းကြောင့် ပစ္စည်းလဲလှယ်ပါစေ သို့မဟုတ် ရောင်းချပါစေ ယင်းသည် ကိုယ်ရေးကိုယ်တာကိစ္စသာ ဖြစ်သည်။ ဓားကိုင်ရုံးတော်သည် အတိတ်တုန်းက လောဘမကြီးခဲ့သလို အနာဂတ်တွင်လည်း ထိုသို့ပြုလုပ်လိမ့်မည်မဟုတ်ပေ။

အထူးသဖြင့် ရတနာခန်းမတွင် ပစ္စည်းလာလဲသူများအတွက် ဖြစ်သည်။ သူတို့ထဲမှ မည်သူမဆို တိုက်ပွဲကုသိုလ်များ ရှိကြသည်။ သူတို့လိုအပ်သောပစ္စည်းဖြင့် လဲလှယ်နိုင်ရန် စစ်မြေပြင်တွင် သူတို့၏ အသက်ကို စွန့်စားခဲ့ကြရသည်။ အကယ်၍ ထိုသူများသာ ပစ်မှတ်ထားခံရပြီး သူတို့၏ သွေးချွေးနှင့်ရင်းထားသော ဆုလာဘ်များက လုယက်ခံရမည်ဆိုလျှင် ဝမ်းနည်းကြေကွဲသွားမည်မှာ အသေအချာပင်။ ဤသို့ကိစ္စမျိုးသည် လုံးဝဖြစ်မလာသင့်သောအရာ ဖြစ်သည်။ ဤသည်မှာ သတ္တမမင်းသားပြောခဲ့သော စကားဖြစ်သည်။

“ ကြင်နာမှုနဲ့ အင်အားကို တစ်ချိန်တည်းမှာ အသုံးပြုတယ်… ဒီသတ္တမမင်းသားက အတော်လေး အံ့ဩစရာကောင်းတယ်… သူက ဒီလိုအသေးအမွှားအကျိုးအမြတ်လေးတွေကို ဂရုမစိုက်ဘူး… သူ့ရဲ့ ရည်မှန်းချက်က ဒီမှာ မရှိဘူး ”

အတိတ်တွင် ခုန်းရှန်းလုံသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ထိုစကားကို ပြောခဲ့သည်။

ရွှီချင်းသည် သတ္တမမင်းသားရောက်ရှိပြီးနောက်ပိုင်း ကိစ္စအားလုံးကို ပြန်တွေးမိသွားသည်။ သူက ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

ပုဂ္ဂိုလ်ရေးအမြင်အရဆိုလျှင် သတ္တမမင်းသားကို သူသဘောမကျပေ။ သို့သော်လည်း မျိုးနွယ်စုတစ်စု၏ အမြင်မှဆိုလျှင် တစ်ဖက်လူက မည်သည့်နည်းလမ်းကို အသုံးပြုပါစေ နောက်ဆုံးရလဒ်သည် မျိုးနွယ်စုအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာသာ ဖြစ်သည်။

အမှားနှင့် အမှန်၊ ကုသိုလ်နှင့် အကုသိုလ် ယင်းတို့သည် အကြောင်းကိစ္စများသာ ဖြစ်ကြသည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ထိုအတွေးများကို သူ၏ ခေါင်းထဲမှ ဖယ်ရှားလိုက်သည်။ ထို့နောက် သူလဲလှယ်လာသော သက်စောင့်မီးအိမ်ကို ထုတ်လိုက်သည်။

ယင်းသည် အနက်ရောင်ဓားကျိုးတစ်လက်ဖြစ်သည်။

ဓားကျိုးသည် ကြောက်မက်ဖွယ်ရာကောင်းသော အန္တရာယ်အရှိန်အဝါနှင့် ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုသက်စောင့်မီးအိမ်ကို ဖြစ်ပေါ်စေသော သွေးမျိုးစက်သည် အလွန်အမင်း သတ်ဖြတ်ခြင်းပြင်းပြသော တည်ရှိမှုတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သက်စောင့်မီးအိမ်၏ သက်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အမင်း ကြောက်စရာကောင်းသောကြောင့် ဖြစ်သည်။ ထို့အပြင် ယင်း၏ အသွင်အပြင်သည် တခြားသက်စောင့်မီးအိမ်များနှင့် ခြားနားသည်။

All Chapters