ဓားကျိုးသက်စောင့်မီးအိမ်(ခ)
Vol. 47 Ch. 722
ဓားကိုင်ရုံးတော်ဆီမှ သက်စောင့်မီးအိမ်ကို ရရှိခြင်းနှင့် အပြင်လောကမှ သက်စောင့်မီးအိမ်ကို လုယက်ခြင်းကြားတွင် ခြားနားမှုတစ်ခုရှိသည်။ ဓားကိုင်ရုံးတော်ထံမှ သက်စောင့်မီးအိမ်များတွင် ယင်းတို့၏ မူလဇစ်မြစ်ကို မှတ်တမ်းတင်ထားသည်။
သက်စောင့်မီးအိမ်ကို ရွှီချင်းလဲလှယ်ခဲ့စဉ် ထိုသက်စောင့်မီးအိမ်၏ အချက်အလက်များအား မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခုကို သူရရှိခဲ့သည်။
“ ဒီသက်စောင့်မီးအိမ်ကို ပျက်စီးအင်မော်တယ်နတ်ဘုရားဝါးမျိုသူလို့ ခေါ်တယ်… သူ့ရဲ့မူလသွေးမျိုးဆက်က ရှေးဘုရင်ရွှမ်ယုံခေတ်က လူသားမျိုးနွယ်ရဲ့ နဝမမြောက်ကောင်းကင်ဗိုလ်ချုပ်ထံက ဖြစ်တယ်… ဒါပေမဲ့ အဲ့ဒါက ကောင်းကင်ဗိုလ်ချုပ်ရဲ့ ကိုယ်ပိုင်သက်စောင့်မီးအိမ်မဟုတ်ဘူး သူ့ရဲ့နောင်သားမျိုးဆက်တစ်ယောက်ဆီက ဖြစ်တယ်… အဲ့ဒီလူက လူသားဧကရာဇ်တုန်းရှန့်ခေတ်က တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်တယ် ”
“ အဲ့ဒါက သတ်ဖြတ်ခြင်း၊ နိယာမတွေကို ချိုးဖြတ်ခြင်းနဲ့ သွေးကို ဝါးမျိုတဲ့နေရာမှာ အထူးပြုတယ် ”
“ အဲ့ဒီထဲမှာ မကောင်းဆိုးဝါးအတွေးတွေ ရှိနေနိုင်တယ်လို့ သံသယရှိတယ်… အဲ့ဒါနဲ့ ပေါင်းစပ်ခဲ့တဲ့ အရင်လူတွေက ရူးသွပ်သွားကြပြီး သွေးဆာလာကြတယ်… အဲ့ဒါကြောင့် ဒီဟာကို ပေါ့ပေါ့တန်တန် အသုံးမပြုဖို့ အကြုံပြုထားတယ် ”
ရွှီချင်းသည် ကျောက်စိမ်းပြားထဲမှ အချက်အလက်ကို ဖတ်ရှုကြည့်ပြီးနောက် သူ၏ အရှေ့မှ အနက်ရောင်ဓားကျိုးကို ကြည့်လိုက်သည်။ တစ်ခဏတာ တွေးတောပြီးနောက် ယင်းက သက်ရောက်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်ကို လှည့်ပတ်လိုက်ပြီး အတိတ်တုန်းက အရိပ်လေးအား သူဖိနှိပ်ခဲ့သလို သက်စောင့်မီးအိမ်ကို ဖိနှိပ်လိုက်သည်။
အကြိမ်တစ်ရာခန့် ဆက်တိုက်ဖိနှိပ်ပြီးနောက် ရွှီချင်းသည် အနည်းနှင့်အများ စိတ်အေးသွားသည်။
ဤမြင်ကွင်းကို ဘေးမှ အရိပ်လေးမြင်သောအခါ တုန်လှုပ်ခြောက်ခြားသွားသည်။
ရွှီချင်းသည် အရိပ်လေးကို မကြည့်ပေ။ သူက အနက်ရောင်ဓားကျိုးကို ထောက်မံကောက်ယူလိုက်သည်။ တစ်ခဏကြာတွေးပြီးနောက် သူ၏ ညာလက်သည် ကြည်လင်လာပြီး အနက်ရောင်ဓားကျိုးကို လွှမ်းခြုံသွားသည်။ သူက ဓားကျိုးကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ ခေါ်ဆောင်သွားပြီး (ဃ၁၃၂)ထံသို့ ချဉ်းကပ်သွားစေသည်။
ဓားကျိုးကို (ဃ၁၃၂)ထဲသို့ သူမပို့ခင် တစ်ခဏ တုံ့ဆိုင်းသွားခဲ့သည်။
နတ်ဘုရားလက်ချောင်းသည် ၎င်း၏ အရှိန်အဝါကို ထိန်းချုပ်ထားပြီး နှစ်ခြိုက်စွာ အိပ်မောကျနေသော်လည်း ရွှီချင်းသည် ဓားကျိုးဖြင့် လက်ချောင်းကို အကြိမ်ရေအနည်းငယ် ပွတ်သပ်လိုက်သေးသည်။ သို့မှသာ သူက ပိုပြီးစိတ်အေးသွားသည်။
သူသည် ဓားကျိုးထဲမှ မကောင်းဆိုးဝါးအတွေးများကို နှိမ်နင်းရန် ခရမ်းသလင်းကျောက်ဖြင့် ယင်းကို ဖိနှိပ်ခဲ့သည်။ အကယ်၍ ထိုမကောင်းဆိုးဝါးအတွေးများက လုံးလုံးပျောက်ကွယ်မသွားလျှင်ဟူသော အတွေးကြောင့် သူသည် ဓားကျိုးကို နတ်ဘုရားလက်ချောင်းနားသို့ ခေါ်ဆောင်သွားပြီး သူတို့ကို သတိပေးလိုက်သည်။
ဤသည်မှာ ဓားကျိုးထဲမှ မကောင်းဆိုးဝါးအတွေးများကို ကျိုးနွံရမည်ဟု သူ၏ သတိပေးမှုဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် တစ်ခဏတွေးတောလိုက်ပြီး ကောင်းကင်ဘုံတာအိုမိုဆာဆောကို ခေါ်ထုတ်လိုက်သည်။ မိုဆာဆောသည် ကိုယ်ထင်ပြလာပြီးနောက် ဓားကျိုးကို တစ်လုပ်တည်း မျိုချပစ်လိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ထဲမှ ကောင်းကင်ဘုံတာအိုအစွမ်းဖြင့် သန့်စင်စေသည်။
ထို့နောက် သူသည် ဓားကျိုးကို ခရမ်းသလင်းကျောက်အား ကျွေးသည့်ပုံစံဖြင့် သလင်းကျောက်၏ ဘေးတွင် ချထားလိုက်သည်။
ငိုကြွေးသံတစ်သံကို မသဲမကွဲကြားနေရသည်ဟု ရွှီချင်း ခံစားမိသည်။ သို့သော်လည်း ယင်းက အစစ်အမှန်လော ပုံရိပ်ယောင်လော သူသေချာမသိပေ။
ရွှီချင်းသည် မျက်တောင်ခတ်လိုက်ပြီး ထိုအသံကို လျစ်လျူရှုထားလိုက်သည်။ ဤအခိုက်အတန့်မှာ သူသည် အပြည့်အဝ စိတ်အေးသွားပြီး ဓားကျိုးကို သူ၏ ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် ပေါင်းစပ်စေသည်။
နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်ပင်လယ်ထဲမှ အသက်မြူခိုး၏ အပေါ်တွင် မြူခိုးပင်လယ်သည် တုန်ယင်လာပြီး လျှပ်စီးသည် တဖျတ်ဖျတ် လင်းလက်လာသည်။ ဓားပုံသဏ္ဍာန်ရှိသော ရှေးဟောင်းနန်းတော်တစ်ခုသည် မြူခိုးထဲတွင် ဖြစ်တည်လာသည်။
နန်းတော်သည် အလျှင်အမြန် ဒြပ်ထည်ဖြစ်တည်လာသည်။ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ကြာချိန်သည် ဆယ့်ငါးမိနစ်သာ ရှိသည်။
ဤသည်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကာဒသမနတ်နန်းတော် ဖြစ်သည်။
နတ်နန်းတော်ပေါ်ထွက်လာသည်နှင့်ချက်ချင်း အားကောင်းသော လှိုင်းအတတ်အကျများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ဓားအိမ်ယာတစ်ခုလုံး ပြည့်နှက်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ယခင်ထက် အများကြီး အများကြီး ပိုမိုသန်မာလာသည်။ ယင်းသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားထက်ထက်တစ်ချောင်းအသွင် ပြောင်းလဲသွားသည့်အလားပင်။ အန္တရာယ်အရှိန်အဝါသည် ယခင်ထက် ပိုပြီးသိပ်သည်းလာပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေဟန် ရသည်။
အကယ်၍ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ရွှီချင်း၏ စွမ်းအင်ကို အာရုံခံမိသွားမည်ဆိုလျှင် လုံးလုံးဆွံ့အသွားလိမ့်မည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ယခင်က ရွှီချင်း၏ နတ်နန်းတော်ဆယ်ခု တိုက်ပွဲစွမ်းအားသည် အတော်လေး ကြောက်စရာကောင်းနှင့်ပြီးဖြစ်လေရာ ယခု သူသည် ပိုပြီးသန်မာလာသည်။
မည်သို့ဖြစ်စေ လူတိုင်း၏ နတ်နန်းတော်များတွင် ဖိနှိပ်ခြင်းအတွက် ခြားနားသော ရတနာပစ္စည်းများ ရှိကြသည်။ ထိုရတနာပစ္စည်းများ၏ ခြားနားမှုကြောင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ ခွန်အားသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။
ရွှီချင်းကဲ့သို့သော အရည်အသွေးအကောင်းစား ရွှေအမြူတေများကို ပိုင်ဆိုင်ထားသည့် နတ်နန်းတော်ကျင့်ကြံသူတစ်ယောက်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင်ပင် အလွန်အမင်း ရှားပါးသည်။ ထိုသို့သော ကျင့်ကြံသူများသည် မရှိခြင်းတော့ မဟုတ်ပေ။ သူတို့တစ်ဦးချင်းစီတိုင်းသည် ကြီးမားသော မဟာကံကောင်းမှုကို ပိုင်ဆိုင်ထားကြပြီး သူတို့မျိုးနွယ်စု၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ကြသူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့၏ ဂုဏ်သတင်းသည် မျိုးနွယ်တစ်စုလုံးတွင် ကျော်ကြားသည်။
“ နောက်ဆုံးသက်စောင့်မီးအိမ်ကို ငါရနိုင်မလားဆိုတာ လောလောဆယ် ငါစဉ်းစားနေရမယ့်အရာ မဟုတ်ဘူး… အခု ငါက မဟာပြီးပြည့်စုံခြင်းအဆင့်နဲ့ အဆင့်တူသွားပြီ ”
ရွှီချင်းသည် သူ၏ အရှိန်အဝါကို အာရုံခံပြီးနောက် အကဲဖြတ်လိုက်သည်။
ယခု သူ၏ အသိစိတ်ပင်လယ်ထဲတွင် နတ်နန်းတော်ဆယ့်တစ်ခုတည်းသာ ရှိနေခြင်းမဟုတ်ပေ။ နတ်နန်းတော်တစ်ခုသည် ဒြပ်ထည်ဖွဲ့စည်းခြင်း အခြေအနေမှာ ရှိနေသည်။ ယင်းသည် တစ်ဝက်ကျော်နီးပါး ဒြပ်ထည်ဖွဲ့စည်းထားပြီး ဖြစ်သည်။
“ ဒီအင်မော်တယ်တားမြစ်နယ်မြေခရီးစဉ်က သက်စောင့်မီးအိမ်အပြင် နောက်ဆုံးနတ်နန်းတော်ကို ပြီးမြောက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ် ”
ရွှီချင်း၏ မျက်လုံးထဲတွင် တောက်ပသောအလင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် မျက်လုံးပိတ်လိုက်ပြီး သက်စောင့်မီးအိမ်မှ ဖြစ်ပေါ်လာသော နတ်နန်းတော်ကို အားဖြည့်ပေးလိုက်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ထိုသို့ဖြင့် အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်မည့်နေရက်ကို ရောက်ရှိလာသည်။
သူ၏ အမိန့်တော်ဓားက တုန်ခါလာသည်နှင့် ရွှီချင်းသည် တရားထိုင်နေခြင်းမှ မျက်လုံးဖွင့်လိုက်သည်။ ထက်ရှသော အလင်းတန်းတစ်ခုသည် သူ၏ မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက အမူအရာကင်းမဲ့စွာ မတ်တတ်ရပ်လိုက်ပြီး ဓားအိမ်ယာ၏ အပြင်ဘက်သို့ ထွက်သွားသည်။ အပြင်သို့ရောက်သည့်အခါ သူ့အား စောင့်ဆိုင်းနေသော ခုန်းရှန်းလုံကို မြင်သွားသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယခင်အကျဉ်းထောင်ဌာန၏ တည်နေရာသို့ အတူတူ လျှောက်သွားကြသည်။
သိပ်သည်းသော ဒြပ်နှောများသည် ထိုနေရာရှိ တွင်းနက်ကြီးထဲမှ ပျံ့နှံ့ထွက်လာနေသည်။ သားရိုင်းအော်သံများနှင့် အူသံများသည်လည်း တွင်းနက်ကြီးထဲမှ မြည်ဟိန်းထွက်နေသည်။
ဤသည်မှာ တွင်းနက်ကြီးထဲမှ သက်ရှိအားလုံးက အော်ဟစ်ငိုကြွေးပြီး ညည်းတွားနေကြသယောင်။ ထိုအသံကို ကြားမိသည့်သူတိုင်းသည် အသိစိတ်လှုပ်ခါသွားကြလိမ့်မည်။
အကယ်၍ သူရဲဘောကြောင်သည့်သူသာဆိုလျှင် ထိုအော်သံများကို ကြားရုံဖြင့် သေးထွက်မတတ် ကြောက်ရွံ့သွားကြလိမ့်မည်ဖြစ်ပြီး သူတို့သည် တွင်းနက်ကြီးနားသို့ လုံးဝကပ်ဝံ့ကြမည် မဟုတ်ချေ။
သို့သော်လည်း အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ရန် စီစဉ်ခံထားရသူများ၏ ထက်ဝက်ခန့်သည် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များဖြစ်ကြပြီး သူတို့သည် တိုက်ပွဲများစွာတွင် အသက်ရှင်ခဲ့ကြသူများ ဖြစ်ကြသည်။
သူတို့ထဲမှ တချို့သည် ခြေလက်များ ဆုံးရှုံးထားကြပြီး အပြည့်အဝ ပြန်မသက်သာသေးသော်လည်း သူတို့၏ ပင်ကိုယ်ပါရမီသည် သာမန်မဟုတ်ကြပေ။ သူတို့သည် မျိုးနွယ်နှစ်ခုကြားမှ ကြီးမားသော စစ်ပွဲကိုပင် တွေ့ကြုံခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ထိုငရဲခန်းထဲမှ လွတ်မြောက်လာကြသော မည်သူမဆို ကြောက်မက်ဖွယ်ကောင်းသော သက်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်နိုင်ကြလိမ့်မည်။ ဤသည်က သူတို့သည် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့ဖူးကြောင်း သက်သေဖော်နေလိမ့်မည်။
သူတို့အားလုံးသည် သေခြင်းရှင်ခြင်းကဒ်ဘေးကို အကြိမ်ပေါင်းများစွာ တွေ့ကြုံဖူးသောကြောင့် သူတို့ကြောက်ရွံ့ရသောအရာသည် အများကြီးမရှိပေ။
သူတို့၏ စိတ်ဓာတ်သည် အဆုံးစွန်ရောက်သည်အထိ ထုဆစ်ခံထားရကြသည်။
ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ တခြားကျင့်ကြံသူများနှင့် ကြည့်ရှုနေကြသော မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် တွင်းနက်ကြီးအရှေ့၌ စုဝေးနေကြသော သူတို့သည် အလွန်ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
သူတို့သည် အရေအတွက်အများကြီးမရှိသော်လည်း လူအုပ်ကြားထဲမှာဆိုလျှင်ပင် သူတို့ကို အလွယ်တကူ မှတ်မိနိုင်ကြသည်။
ယခု သူတို့သည် အတူတကွ စုဝေးသွားကြပြီး စစ်တပ်တစ်ခုအသွင် ဖွဲ့စည်းထားသောကြောင့် သူတို့၏ အရှိန်အဝါသည် ပိုပြီးသိသာထင်ရှားလာသည်။
မဟာနန်းမြို့တော်ဒေသကြီးမှ ရောက်ရှိလာကြသော စစ်သည်တော်များသည် တူညီသော တိုက်ပွဲများကို တွေ့ကြုံဖြတ်သန်းဖူးသော်လည်း ဓားကိုင်များဖြတ်သန်းခဲ့ရသော ငရဲသဖွယ် အတွေ့အကြုံများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အတွေ့အကြုံသည် မပြောပလောက်ပေ။ သူတို့က ဓားကိုင်များ၏ ဘေးတွင် ရပ်နေကြလေရာ သူတို့၏ နောက်လိုက်များသဖွယ် ရှိကြသည်။
နန်းမြို့တော်မှ စစ်သည်တော်ချည်းသာ မဟုတ်ပေ။ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးသည် ဤအခိုက်အတန့်မှာ သူတို့၏ နောက်လိုက်ပုံရိပ်များ ဖြစ်လာကြဟန် ရသည်။
မည်သူရောက်ရှိလာပါစေ ထိုဓားကိုင်များ၏ အာရုံကို ဖမ်းစားရန် ခက်ခဲလှပေသည်။
ဤသည်မှာ ရွှီချင်းနှင့် ခုန်းရှန်းလုံတို့ ရောက်ရှိမလာခင်အထိသာ ဖြစ်သည်။
အရပ်ရှည်ပြီး ပိန်ပါးသော ပုံရိပ်နှစ်ခုသည် အဝေးမှ လျှောက်လာကြသည်။ သူတို့သည် ဓားကိုင်တာအိုဝတ်ရုံဖြူကို ဝတ်ဆင်ထားကြပြီး သူတို့၏ ကိုယ်မှ အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
တစ်ယောက်သည် မျက်နှာကြမ်းပြီး မုတ်ဆိတ်မွေးတိုများ ရှိသည်။ တခြားတစ်ယောက်သည် သာမန်မဟုတ်သော ကျောက်စိမ်းသဖွယ် မျက်နှာရှိပြီး သူ၏ အကြည့်သည် တည်ငြိမ်သည်။
သူတို့ပေါ်ထွက်လာသည့်အခိုက် တိတ်ဆိတ်နေကြသော ဓားကိုင်အားလုံးသည် ခေါင်းလှည့်လိုက်ကြပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးသည် ဝင်းလက်သွားပြီး သူတို့ကို အရိုအသေပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။
ရွှီချင်းနှင့် ခုန်းရှန်းလုံသည် သူတို့၏ ခြေလှမ်းကို မရပ်တန့်ခဲ့ပေ။ သူတို့သည် လူအုပ်ထဲသို့ လျှောက်သွားပြီး အရှေ့ဆုံးသို့ သွားလိုက်သည်။ သူတို့သည် ဝိညာဉ်သိုက်အဆင့် ဓားကိုင်ဒါဇင်ချီနှင့် အတူတူရပ်လိုက်ကြသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အလုံအလောက် မမြင့်မားသော်လည်း သူတို့၏ အဆင့်အတန်းနှင့် အကျိုးပြုမှုများကြောင့် ဤနေရာတွင် ရပ်ရန် အရည်အချင်း ပြည့်မီကြသည်။
သူတို့ရောက်ရှိသွားသည့်အခါ သူတို့၏ အရှိန်အဝါသည် သူတို့ရဲဘော်များ၏ အရှိန်အဝါနှင့် မည်သည့်အဟန့်အတားမှမရှိဘဲ တစ်သားတည်း ပေါင်းစပ်သွားသည်။ ဤသည်မှာ သူတို့နှစ်ယောက်သည် ထိုအဖွဲ့ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်နေသကဲ့သို့ပင်။
ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော စောင့်ကြည့်သူများကို နှလုံးတုန်သွားစေသည်။ ယင်းသည် နန်းမြို့တော်မှ စစ်သည်တော်များအတွက်သာမက မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများအတွက်လည်း အတူတူဖြစ်သည်။
ကောင်းကင်ပေါ်တွင် သတ္တမမင်းသားသည် လျှောက်လှမ်းလာနေသည်။ ထို့အတူ သူ၏ အကြည့်သည် စစ်ပြန်ဓားကိုင်အုပ်စု၏ အရှေ့ဆုံးတွင် ရှိနေသော ပုံရိပ်နှစ်ခုထံသို့ ပထမဆုံးအကြိမ်အဖြစ် ကျရောက်သွားသည်။
“ သူက ရွှီချင်းလား ”
သတ္တမမင်းသားသည် နူးညံ့စွာ ပြောသည်။
သူ၏ ဘေးမှ လက်ထောက်ဒေသအကြီးအကဲသည် တည်ငြိမ်စွာ ပြောသည်။
“ မှန်ပါတယ်အရှင်သား သူပါ… ရွှီချင်းက ယခင်ဓားကိုင်ရုံးတော်သခင်ရဲ့ သံတော်ဆင့်ဖြစ်ခဲ့ပါတယ်… သူက နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို စံချိန်တင်ကျော်ဖြတ်ခဲ့သူလည်း ဟုတ်ပါတယ်… ရှေ့တန်းက အရေးတကြီး ရိက္ခာလိုအပ်နေချိန်မှာလည်း သူက ပြင်ဆင်ပေးခဲ့ပါတယ်… ပြည်နယ်နှစ်ခုက စစ်တပ်ကို ပေါင်းစည်းစေပြီး ဖုန်းဟိုင်ဒေသငယ်အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တာလည်း သူပါပဲ… သူက ဒီစစ်ပွဲမှာ အဆင့်နှစ်တိုက်ပွဲကုသိုလ်ကိုရရှိခဲ့တဲ့ လူနည်းစုတွေထဲက တစ်ယောက်ပါ ”
“ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းတဲ့လား ”
သတ္တမမင်းသားသည် ရွှီချင်း၏ စစ်ပွဲအပေါ် အကျိုးဆောင်မှုများကို ဂရုမစိုက်ပေ။ သို့သော်လည်း ပေတစ်သိန်းအလင်းတန်းဟူသည့် စကားကိုကြားသည့်အခါ သူ၏ အကြည့်သည် အေးခဲသွားသည်။
“ ဟုတ်ပါတယ် အရှင့်သား ”
လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်သည်။