Gala နွေဦးပွဲတော် ဖိတ်စာ နောက်တစ်စောင်
Vol. 39 Ch. 571
ရဲ့လင်းချန်သည် ဝေ့ပေါ်မှ အုတ်အော်သောင်းနင်း ဖြစ်နေခြင်းကို အရေးမလုပ်ချေ။ သူသည် အကောင့် ထဲမှ ပြန်ထွက်၍ သီချင်းသစ်အား အသံသွင်းနေ၏။
မနေ့ညက သီချင်းသည် သူ့ခံစားချက်အတိုင်း ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအချိန်က သူ ခံစားမိသမျှက အကုန် မဟုတ်သေးချေ။ သူ၏အဆင့်၌ ကြုံရာကျပန်း စိတ်ကူးလေး တစ်ခုက သူ့အား အကြောင်းအရာ များစွာ ဖန်တီးနိုင်အောင် ပြုလုပ်ပေးနိုင်လေသည်။
“နွေဦးပန်းပွင့်များ ပွင့်လန်းကာ ဆောင်းဦး လေညင်း တိုက်ခတ်ပြီး ဆောင်းရာသီရဲ့ နေဝင်ချိန်”
“စိတ်ဓာတ်ကျနေတဲ့ လူငယ်လေး ငါက အရမ်းကို တုံးအအ တွေးခေါ်ခဲ့မိတယ်”
“လေရဟတ်က သူ့ရာသီအလိုက် နေ့တိုင်း ပုံမှန် လည်ပတ်နေခဲ့တယ်”
“တဖျပ်ဖျပ် ကြွေလွင့်သွားတဲ့ ပန်းပွင့်တွေနဲ့ ဆီးနှင်းတို့ရဲ့ ကဗျာတွေနဲ့အတူ ငါ ရင့်ကျက်လာခဲ့တယ်”
“အချိန်ပုံပြင်လေးက လူတစ်ယောက်ရဲ့ ပြောင်းလဲမှုတွေကိုပါ သယ်ဆောင်လာတယ်”
“ငါတို့ရဲ့ တမ်းတစရာ ကောင်းတဲ့ ငယ်ရွယ်မှုတွေကို ပြန်တမ်းတမိနေမိတယ်”
“…”
အခြားသူများအတွက် ခက်ခဲသော အရာများ ဖြစ်သော်လည်း ရဲ့လင်းချန်အတွက်မူ ဘာမှမဟုတ်ချေ။ သူက အခြားသူများနှင့် အဆင့် ကွာခြားနေ၏။
အသံသွင်းခြင်းက ပြီးဆုံးသွားလေသည်။ အချိန်ပုံပြင်ဟူသော သီချင်းခေါင်းစဉ်နှင့်အတူ သီချင်းအား တင်လိုက်သည်။
သီချင်းက ချက်ချင်း ထိပ်ဆုံး၌ နေရာယူသွားလေသည်။ ၎င်း၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် မူလက အသည်းအသန် ဆွေးနွေးပြောဆိုသံများ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
လူတိုင်းက ကြည်ကြည်လင်လင် မြင်ရရန် မျက်လုံးကို ပွတ်နေကြသည်။
*လခွမ်း အဆိုတော်ဝိုင်က တကယ်ပဲ သီချင်းသစ်တစ်ပုဒ် ထုတ်လိုက်တာပါလား*
[မြတ်စွာဘုရား၊ ငါ့ကို စကား လာမပြောနဲ့တော့၊ ငါ သီချင်း နားထောင်တော့မယ်]
[ဒါ လိုအပ်လို့လား၊ မကျေနပ်ဘူး ပြောတာနဲ့ သီချင်းသစ်တစ်ပုဒ် ထုတ်တာလား၊ မင်း ငါ့ကို အနည်းဆုံး ပြင်ဆင်ချိန်လေးတော့ ပေးသင့်ပါတယ်]
[အချိန်ပုံပြင်၊ ပြောနေစရာတောင် မလိုဘူး၊ ဒါ လူငယ်ဘဝနဲ့ ပတ်သက်နေတာပဲ၊ တစ်ရှူးကို အသင့် ဆောင်ထားလိုက်ပြီ၊ ငါ ငိုတော့မယ်]
[သိပ်ကောင်းတယ်၊ စောက်ရမ်း ကောင်းလွန်းတယ်ဟေ့၊ အား … အရင်တစ်ခုထက်တောင် ပိုကောင်းသေးတယ်၊ သေစမ်းကွာ ငါ ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး၊ ငါ ဒါကို အလုပ်မှာ ခိုးနားထောင် နေတာ၊ ငါ လူကြားအောင် ငိုမိပြီ]
[အပေါ်ကလူ၊ မင်း အဲ့လောက် ကြူးပြဖို့ လိုလို့လား၊ ဒါ တင်တာ ငါးမိနစ်လေးပဲ ရှိသေးတယ်လေ]
[ဟုတ်တယ်၊ ငါလဲ ငိုနေတာ၊ ဒီသီချင်းက ပိုကြီး သက်ရောက်မှု ကြီးတယ်၊ ငါက ယောက်ျားလေးပါ အခုတော့ မျက်ရည်တွေ ဘူးသီးလုံးလောက် ငိုနေမိပြီ]
…
ငါ့ရဲ့ ဘေးခုံက အတန်းဖော်နှင့် ယှဉ်လိုက်လျင် အချိန်ပုံပြင်က ပို၍ ဝမ်းနည်းစရာကောင်းပြီး ခံစားချက် ပိုပြင်းထန်လေသည်။ ကျောင်းသားဘဝက အချိန်များကို ဖော်ပြထားရုံသာမက ပြောင်းလဲမှုပေါ် တွင်လည်း ပို၍ အသားပေး ဖော်ပြထားလေသည်။
“အချိန်ပုံပြင်လေးက လူတစ်ယောက်ရဲ့ ပြောင်းလဲမှုတွေကိုပါ သယ်ဆောင်လာတယ်” ဟူသော စာသားလိုပင်။ ယင်းက လူ့အဖွဲ့အစည်းထဲသို့ စတင် ခြေချလိုက်သည့် လူများအတွက် အလွန် လိုက်ဖက် နေသည်။
ယခင် သီချင်း၏ နာမည်ကြီးမှုကြောင့် ဤသီချင်းက ပို၍ ကြီးမားသော တုံ့ပြန်ချက် ရရှိကာ ချက်ချင်း နာမည်ကြီးသွားလေသည်။
သို့သော် လူတိုင်း အချိန်ပုံပြင်ကို နားထောင်ပြီးသွားသည့်အချိန်၌ အဆိုတော်ဝိုင်၏ ဝေ့ပေါ်က တစ်ဖန် ပြန်၍ အသစ်ပေါ်လာလေသည်။
“ဘေကျင်း အရှေ့ဘက်လမ်းပေါ်က နေ့ရက်များ”
*နောက်ထပ် သီချင်းတစ်ပုဒ်လား*
*နောက်ထပ် သီချင်းတစ်ပုဒ်ဟေ့*
လူတိုင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။
[စစချင်း အချိန်အခါတုန်းက ငါတို့အားလုံးက ကလေးတွေ ဖြစ်ခဲ့ကြတယ်
အဆုံးသတ်ကြတော့ ငါတို့က နတ်သားတွေ ဖြစ်ချင်ခဲ့ကြတယ်
ဇာတ်လမ်းကဗျာတွေထဲမှာ နတ်သမီးပုံပြင်က ပုန်းကွယ်နေတတ်တယ်
ကလေးတွေ ဘယ်မှာများ ပျံတက်နိုင်မလဲ
…]
ပြီးခဲ့သော သီချင်းနှစ်ပုဒ်နှင့် မတူစွာပင် ဤသီချင်းက စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးသော သီချင်း ဖြစ်ပုံပေါ်ပြီး ကလေးများအတွက် ပုံပြင် ဖြစ်ပုံရသည်။
သီချင်းအစမှာပင် လူတိုင်း သီချင်းနှင့်အတူ ခံစားချက်များ စီးမျောသွားကြလေသည်။
*ဂန္ထဝင်၊ လုံးဝကို နောက်ထပ် ဂန္ထဝင် သီချင်းပဲ*
[တစ်နေ့ ငါတို့ ဒီကျောင်းတော်ကြီးကို ခြေချတဲ့အခါ ဒါတွေကရော ကြွေကျသွားတဲ့ သစ်ရွက်တွေလို ခဏတဖြုတ် မှတ်ဉာဏ်လေးလို ဖြစ်သွားမလား
[ပထမနှစ်ကနေ စတုတ္ထနှစ်ကထိ အကွာအဝေးက သုံးနှစ်ပဲ ရှိတယ်
ကျောင်းစောင့် ဦးလေးကြီးနဲ့ ကန်တင်းက အဒေါ်ကြီးတို့က အတွဲတွေနဲ့ တူပါရဲ့
ဥတုရာသီနဲ့ လက်ရှိအချိန်အခါကို နားလည်နိုင်စွမ်း မရှိပင်မယ့် အသစ်တွေကို မြင်တွေ့ခဲ့ရတယ်
နာမည်ကြီး ပိုစတာတွေနဲ့ ဓာတ်ပုံတွေ အားလုံးကို ကျပ်ပြား နည်းနည်းလောက်နဲ့ပဲ ရောင်းခဲ့တယ်
ငါတို့ ဝတ်စုံပြည့် ဝတ်ပြီး ရင့်ကျက်သလို ပြုမူခဲ့ကြပြီးတော့ ငါတို့ရဲ့ အပြုံးတွေက ဓာတ်ပုံတွေထဲမှ ထင်ကျန်ရစ်ခဲ့တယ်
…]
လူတိုင်း စဉ်းစားနေစရာပင် မလိုဘဲ စာသားထဲမှ မြင်ကွင်းများက အတွေးထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။ သူတို့၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး လွတ်လွတ်လပ်လပ် နေခဲ့သော နေ့ရက်များကို တစ်ဖန် ပြန်စဉ်းစားမိသွားလေသည်။ သို့သော် သူတို့ ပြုံးနေသော်လည်း မျက်ရည်များက အတားအဆီးမရှိ စီးကျလာ၏။
[ဟင့်ဟင့်ဟင့်၊ အဆိုတော်ဝိုင် ရှင် ဘာလို့ ကျွန်မတို့ကို ငိုအောင် လုပ်ရတာလဲ]
[သေစမ်းကွာ၊ မင်း ဒီတစ်ချိန်လုံး ပုန်းနေခဲ့ပြီးတော့ အခု ပေါ်လာတာနဲ့ ငါ့ကို ဒီလို ငိုအောင် လုပ်တာပဲ၊ ငါက မင်းရဲ့ ပရိသတ် ဖြစ်နေတာနဲ့ မင်း လုပ်ချင်တာ လုပ်လို့ရတယ်လို့ မထင်နဲ့]
[လက်ရာမြောက် သီချင်းသုံးပုဒ်ကို ဒီလိုပဲ တင်လိုက်တယ်ပေါ့လေ၊ အဆိုတော်ဝိုင်က တကယ်ကို အရည်အချင်း ရှိတာပဲ]
[အဆိုတော်ဝိုင်က သေချာပေါက် ပီကင်း တက္ကသိုလ်က ကျောင်းသားပဲ၊ မဟုတ်ရင် သူ ဘယ်လိုလုပ် သီချင်းကို အဖြစ်အပျက်တွေနဲ့ ကွက်တိကျအောင် ရေးနိုင်မှာလဲ]
[သူက ပီကင်း တက္ကသိုလ်က ထိပ်တန်း ကျောင်းသားပဲ၊ သူ ဒီလောက် ထူးချွန်နေတာ မဆန်းတော့ဘူး၊ အစ်ကိုကြီး ကျွန်မတို့ ဒိတ်လုပ်လို့ ရမလား …]
[အစ်ကို၊ ရှင့်ကလေးကို လွယ်ဖို့ တစ်ယောက်ယောက်များ လိုနေလား]
…
[ဒီနေ့တော့ ဒီလောက်ပဲ၊ ငါ ဒါကို ငါ့ခံစားချက်အတိုင်း ရေးခဲ့တာ၊ ငါ ထပ်ရေးဖို့ ပျင်းလွန်းသွားပြီ၊ မင်းတို့ ဒီသီချင်းတွေကို အလကား နားထောင်လို့ ရတယ်၊ မူပိုင်ခွင့်ဆိုတာကို အရေးစိုက်နေစရာ မလိုဘူး၊ ဒါကို မင်းတို့ သဘောကျနေဖို့ပဲ လိုတယ်]
လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေချိန်တွင် ရဲ့လင်းချန်က သူ၏ ဝေ့ပေါ်ပို့စ်အောက်၌ ရိုးရှင်းသော မှတ်ချက်တစ်ခုကို ရေးပြီး လိုင်းပေါ်မှ ဆင်းသွားသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။ ထို့နောက် ဖန်သားပြင်၌ တစ်ဇွတ်ထိုး လုပ်တယ်ဟူသော စကားနှင့် ပြည့်နှက်သွားလေသည်။
ရဲ့လင်းချန်၏ ခွင့်ပြုချက်ကို ရပြီးနောက် ဂီတပလက်ဖောင်းများက ငါးနံ့ရလိုက်သော ကြောင်းများကဲ့သို့ ဖြစ်သွားလေသည်။ သူတို့သည် သီချင်းသုံးပုဒ်လုံးကို သူတို့၏ ပလက်ဖောင်းများ၌ မြန်မြန်ဆန်ဆန် တင်လိုက်ကြသည်။ တင်ပြီး မကြာခင်မှာပင် သီချင်းသုံးပုဒ်လုံးက အဓိက ဂီတပလက်ဖောင်းအားလုံး၏ စာရင်းထိပ်ဆုံး၌ သွားချိတ်လေသည်။
နားထောင်သူများ အားလုံးသည် သူတို့၏ အားလပ်ချိန်၌ သီချင်းကောင်းတစ်ချို့ကို နားထောင်လိုက် ရသဖြင့် အလွန်အမင်း စိတ်ကျေနပ်သွားကြသည်။
ဘွဲ့ရသည့် အချိန်အခါအတွင်း ဤသို့သော ရေပန်းစားမှုနှင့်အတူ သီချင်းများအား အဓိပ္ပာယ် ကောက်ခြင်းမျိုးစုံ ပေါ်လာသည်။ လူတော်တော်များများက သီချင်းကို ချီးကျူးကြပြီး နားထောင် ပြီးသည်နှင့် ဝေဖန်မှုများ ပြုလုပ်ကြသည်။ အထူးသဖြင့် ယင်းက နာမည်ကြီးသွားလေသည်။
[ပထမဆုံးအနေနဲ့၊ အဆိုတော်ဝိုင်က ဂီတပညာရှင်ဆိုတာ ငြင်းလို့ မရနိုင်ဘူး၊ သီချင်းသုံးပုဒ်လုံးက ဘွဲ့ရချိန်ကို သရုပ်ဖော်ထားတာပဲ၊ ဒါပေမဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရေးသားထားလို့ နားထောင်တဲ့ သူတွေကို ခြားနားတဲ့ ခံစားချက် အတွေ့အကြုံတွေ ပေးတယ်]
[ပထမသီချင်းက ကျောင်းတုန်းက အချစ်ဇာတ်လမ်းကို သရုပ်ဖော်ထားသလို အဖြူစင်ဆုံးလို့လဲ ပြောလို့ရတယ်၊ ဒုတိယသီချင်းက ပြောင်းလဲမှုအကြောင်းပဲ၊ ငါတို့ရဲ့ ငယ်ရွယ်မှုတွေနဲ့ ဝေးကွာပြီး တဲ့နောက် ငါတို့ ဆက်လက်ပြီး ရင့်ကျက်ခဲ့တယ် ဒါပေမဲ့ ငါတို့ ခံစားချက် အဟောင်းတွေကနေ ပြန်ရုန်းထွက် လာနိုင်လို့လား၊ တတိယသီချင်းက ကျောင်းသားတစ်ယောက်ရဲ့ ဘဝအကြောင်းပဲ၊ အားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ မသိရင် မနေ့လိုပဲ ခံစားရစေတယ်]
[အမှန်အတိုင်း ပြောရရင် ငါ သီချင်း သုံးပုဒ်လုံးကို အခါတစ်ရာကျော်လောက် ထပ်ခါတလဲလဲ နားထောင်နေတာ၊ ငိုရလွန်းလို့ ငါ့မျက်လုံးတွေ မို့အစ်လာပြီ၊ ဒါပေမဲ့ ငါ သဘောအကျရဆုံး အမှတ်တရတွေကို ပြန်ခံစားရအောင် လုပ်ပေးလို့ အဆိုတော်ဝိုင်ကို ငါ တကယ် ကျေးဇူးတင်မိတယ်]
[နောက်ဆုံးတော့ ဂီတကို သိတဲ့သူ ပေါ်လာပြီပဲ၊ ငါလဲ အဲ့လိုပဲ ထင်နေတာ]
[ကောင်းလိုက်တဲ့ အဓိပ္ပာယ် ရှင်းလင်းချက်၊ ငါလဲ ထပ်တူ ခံစားမိတယ်]
[ဂီတသံဖြစ်ဖြစ်၊ စာသားဖြစ်ဖြစ်၊ သရုပ်ဖော်ချက်ပဲ ဖြစ်ဖြစ်၊ သီချင်း သုံးပုဒ်လုံးက ပြီးပြည့်စုံတယ်၊ တကယ်ကို ချီးကျူးစရာပဲ]
[အဆိုတော်ဝိုင်ရဲ့ လက်ရာတွေကို ထိပ်တန်း အရည်အသွေးပဲ]
သီချင်းသုံးပုဒ်၏ ကျော်ကြားမှုကြောင့် ထိုနေ့မှာပင် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က နောက်ထပ် ခြောက်သိန်းကျော် တိုးလာသည်။
သူ၏ စုစုပေါင်း ရေပန်းစားမှုအမှတ်က ဆယ့်ငါးသန်း ကျော်သွားပြီး စုစုပေါင်း ၁၅,၆၈၉,၅၃၈ ဖြစ်လာသည်။
*ငါ အားနေတာဆိုတော့ … ငါ့ကံကို စမ်းကြည့်ရင် ကောင်းမလား*
ရဲ့လင်းချန်သည် အိပ်ယာပေါ် လဲရင်း စိတ်လှုပ်ရှားကာ လက်ကို ပွတ်နေမိသည်။ သူ ကံစမ်းရန် အသင့်ဖြစ်နေသည့်အချိန်မှာပင် သူ့ဖုန်းက မြည်လာသည်။
ဖုန်းခေါ်သူက တစ်ခုခုပင်။ နံပါတ်က သုညခုနှစ်လုံးနှင့်စပြီး ကိုးနှင့် ဆုံးလေသည်။
“ဟဲလို ဒါ အဆိုတော်ဝိုင်ရဲ့ ဖုန်း ဟုတ်ပါသလား”
“အင်း”
ရဲ့လင်းချန် အသာအယာ ဖြေလိုက်သည်။
သူ့ဖုန်းနံပါတ်အား လျှို့ဝှက်မထားပေ။ အချို့သော နာမည်ကြီး ဂီတ ပလက်ဖောင်းများနှင့် ရုပ်သံ ဌာနများမှ ဒါရိုက်တာများက ဖုန်းနံပါတ်ကို သိထားကြသည်။ သို့သော် သူ၏ ဖုန်းနံပါတ် ရှိနေသူများသည် သာမန်လူများ မဟုတ်ချေ။
“ကျွန်တော်က ဒီနှစ် Gala နွေဦးပွဲတော်ရဲ့ ဒါရိုက်တာ ဖုန့်ရှောင်ဖုန်းပါ၊ မင်းကို စင်မြင့်ပေါ်မှာ သီချင်းဆိုပေးဖို့ ဖိတ်ချင်ပါတယ်၊ မင်း လုပ်ပေးနိုင်မလား”
“Gala နွေဦးပွဲတော်မှာ ဖျော်ဖြေရမှာလား”
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိပြီး ရယ်ချင်သလို ခံစားလိုက်ရသည်။
မနေ့ကတင် တစ်စုံတစ်ယောက်က သူ့အား ဧည့်သည်တော်အဖြစ် Gala နွေဦးပွဲတော်သို့ တက်ရောက်ရန် ဖတ်ကြားခဲ့သည်။ သို့သော် နောက်တစ်နေ့မှာပင် ဒါရိုက်တာက သူ့အား အဆိုတော်အဖြစ် ဖျော်ဖြေရန် ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်လာနေ၏။ အထူးသဖြင့် ဖိတ်ကြားမှုများက သူ၏ မတူညီသော ဝိုင်နှစ်ယောက်ထံသို့ ပို့လာခြင်း ဖြစ်သည်။ ယင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
“ဟုတ်ပါတယ်”
ဖုန့်ရှောင်ဖုန်းက တစ်ခဏမျှ စဉ်းစားနေပြီးမှ ဂရုတစိုက် မေးလိုက်သည်။
“ဒါက နည်းနည်းလေးတော့ ထူးခြားပါတယ်၊ Gala နွေဦးပွဲတော်ညမှာ မင်းအနေနဲ့ မင်းမျက်နှာကို ပြဖို့ လိုကောင်း လိုပါလိမ့်မယ် …”