၁၀၂၄ ဒစ်ဂျစ်တယ်နေ့ရဲ့ ဘေးထွက် ဆိုးကျိုးများ
Vol. 25 Ch. 366
နေ့လည်ခင်းတွင်....
ပုံမှန်အတိုင်းပဲ ဖေးချမ့် နေ့လည်နေ့ခင်း အနားယူ အိပ်စက်သည်။ ရှိုးတချို့ကြည့်ပြီး နာရီကိုကြည့်လိုက်မှ ညနေ ၃ နာရီတောင် ကျော်နေပါပြီ။
စောနေသေးသော်လည်း ရုံးမှာ ဘာမှ လုပ်စရာ မရှိပါ။
ပရောဂျက်အားလုံးကို ဆောင်ရွက်နေပြီဖြစ်သည်။ ဒီနေ့မနက် ချန်းယောင်က ဘော့စ်ဖေးကို Prototype နဲ့ ဆော့ဖ်ဝဲများ အစီရင်လာခံပြီးသွားပြီဖြစ်တာကြောင့် လောလောဆယ်တော့ တခြား ဘယ်သူမှ သရုပ်လာပြတော့မှာ မဟုတ်ဘူးဟု ဘော့စ်ဖေး ခန့်မှန်းမိပါသည်။ ထို့ကြောင့် ဘာမှ လုပ်စရာ မရှိတော့ပါ။
"ငါ... ကျောင်းပြန်သွားပြီး စာလုပ်လိုက်ရမလား။ စာမေးပွဲက ဖင်နားကပ်နေပြီ။ စာပြန်နွေးဖို့အသာထား သူများမှတ်စုတွေတောင် မငှားရသေးဘူး"
"အင်း... မာယန်ကို သူ့မှတ်စုတွေ မိတ္ထူဆွဲခိုင်းလိုက်ဦးမှပါ"
ဖေးချမ့် ကွန်ပျူတာ ပိတ်လိုက်သည်။ အလုပ်ဆင်းချိန် ရောက်ပါပြီ။
ကျောင်းပြန်သွားပြီး ကိုယ့်ဖာသာကိုယ် စာလေ့လာနိုင်မည့် အခန်းတစ်ခုရှာလိုက်မည်။ ဧကန္တ ခုတလော သူလွတ်သွားတဲ့ ဟာကွက်တွေကို ပြန်ဖြည့်ဆည်းနိုင်ရင် ဖြည့်ဆည်းနိုင်ပါလိမ့်မည်။
ဖေးချမ့် ရုံးခန်းထဲကထွက်လာသောအခါ လူတိုင်း အလုပ်ကြိုးစားနေသယောင်ယောင်ဖြင့် ဖန်သားပြင်တွေကို စူးစူးစိုက်စိုက် ကြည့်နေမှန်း မြင်လိုက်ရသည်။
သူတို့ တကယ် အလုပ်ကြိုးစားနေကြတာလားဆိုတာကတော့... ဖေးချမ့်လည်း မပြောတတ်ပေ။
သူက ဘော့စ်ကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာသာ ပြောနိုင်ပါသည်။ သူ့ဝန်ထမ်းတွေရဲ့ ပုံစံ အမှန်ကို တစ်ခါမှ မမြင်နိုင်ခဲ့ပါ။
ထန်ယီရှုက မျက်ရိုးလေးကို ပြုစုပြီးခါစ ဖြစ်သည်။ ယခု သူမ၏ အလုပ်ခုံမှာ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်၊ စာလုပ်နေပါသည်။
ဖေးချမ့် လိပ်ပြာမလုံဖြစ်သွားရသည်။
သူ့ဂျူနီယာလေးက ဘယ်လောက် ကြိုးစားပြီး စာကို စိတ်အားထက်သန်စွာနဲ့ လေ့လာနေလဲ ကြည့်ပါဦး။
ငါလည်း သူ့ကို အတုယူရမယ်။
စာပြန်နွှေးဖို့ ဆုံးဖြတ်ချက်ဖြင့် ဖေးချမ့် ရုံးခန်းထဲက ထွက်လာခဲ့သည်။
ရုတ်တရက်ကြီး သူ တစ်ခုခုကို မှတ်မိသွားသည်။ နောက်ပြန်လှည့်က ရုံးထဲက လူတိုင်းကို ပြောလိုက်ပါသည်။
"အားလုံး အလုပ်ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တခြား ဘာမှ လုပ်စရာ မရှိကြတော့ရင် အလုပ်စောစောဆင်းလို့ရပါပြီ"
ဘယ်သူမှ သူ့ကို အဖတ်မလုပ်ကြပေ။ ကိုယ့်ဖန်သားပြင် ကိုယ် ကြည့်ပြီး အလုပ်သာ ဆက်လုပ်နေကြသည်။
ဖေးချမ့် စိတ်ထဲသက်ပြင်းချလိုက်သည်။ ဟူး... ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်လောက် အခုနေ မတ်တပ်ရပ်ပြီး ငါနဲ့ အတူတူ ရုံးထဲက ထွက်သွားပြရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အနည်းငယ် စိတ်ကောင်းဖြစ်စွာဖြင့် ဖေးချမ့် ပထမထပ်သို့ ဓာတ်လှေကား စီးလာခဲ့ပြီး ရှန်းဟွာဗျူးမှ ထွက်လာကာ ဟန်တုန်းတက္ကသိုလ်သို့ သွားခဲ့ပါသည်။
လမ်းတွင် ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲသို့ လမ်းကြုံဝင်ခဲ့သေးသည်။
ထိုင်ခုံလွတ်တစ်ခုကို ရှာလိုက်ပြီး ဘာမှ မတွေးဘဲ ကွန်ပျူတာကို ဖွင့်လိုက်ပါသည်။
"ဟမ်... ဘာလဲဟ။ ငါ ဘာလို့ ဒီထဲရောက်လာတာလဲ။ ငါစာပြန်နွှေးဖို့ အခုလေးတင် စီစဉ်နေတာမဟုတ်ဘူးလား"
"ထားလိုက်ပါတော့ ရောက်နေပြီဆိုမှတော့ ဘာဂိမ်းသစ်တွေရှိလဲ စစ်ကြည့်ဦးမှ။ ဘာပဲဖြစ်ဖြစ် ငါက ဂိမ်းဒီဇိုင်နာတစ်ယောက်ပဲ မဟုတ်ဘူးလား။ အလုပ်အတွက် ကုန်ကြမ်းစုရမယ်။ အဲ့တာကလည်း ပညာရေးလောက်နီးနီး အရေးကြီးတယ်"
ကွန်ပျူတာ Desktop ပေါ်တွင် ဂိမ်း Icon များစွာ ရှိနေပါသည်။ ထိုဂိမ်းအားလုံးနီးပါးက လောလောဆယ် ရေပန်းစားနေတဲ့ ဂိမ်းများသာ ဖြစ်ကြသည်။
GOG အစမ်းဗားရှင်းနဲ့ 'အခမဲ့ကစားဗားရှင်း' (အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ ဘော့စ်မာအတွက် အထူးပြုပြင်ပေးထားသည့် ဗားရှင်း) တို့ကလည်း ရေပန်းစားဂိမ်းတွေကြားထဲ ရှိနေပါသည်။
ဖေးချမ့်လည်း Desktop ပေါ်က Icon များကို စစ်ကြည့်လိုက်သည်။ ကစားလို့ရတဲ့ ဂိမ်းတွေ အကုန်လုံးကို မစစ်နိုင်ခင်မှာပင် တစ်ခုခု လွဲနေသလို ရုတ်တရက် ခံစားလိုက်ရလေသည်။
ဒီထူးဆန်းတဲ့ခံစားချက်ကြီးက ကွန်ပျူတာ Desktop က လာတာ မဟုတ်ဘဲ... အင်တာနက်ကဖေး ဝင်ပေါက်ရှိ ကြော်ငြာဆိုင်းဘုတ်မှ လာနေတာ ဖြစ်သည်။
ဖေးချမ့် စိတ်ထဲ ကြီးမားသည့် အန္တရာယ်အာရုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး ကြော်ငြာဆိုင်းဘုတ်ပေါ်က အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်ပါသည်။
လှလှပပ ပရင့်ထုတ်ထားသည့် ပိုစတာတစ်ခု ရှိနေပြီး အကြောင်းအရာမှာ :
'ခရစ်စ်မတ်နေ့မှာ ကျွန်တော်တို့နဲ့ ကွန်ပျူတာဂိမ်း အတူတူ ကစားကြနော် ROF ကွန်ပျူတာတပ်ဆင်ရေးကလည်း လျှော့စျေး အစီအစဉ် ရှိပါတယ်'
ဒီပိုစတာတွင် တပ်ဆင်ထားပြီးသား ကွန်ပျူတာ တစ်လုံးနဲ့ စနစ်ယူနစ်တို့ကို အဓိကဖော်ပြထားသည်။ ဒီအစုံက အတော်လေး ကြည့်ရတာ လန်းသည်။ အထူးသဖြင့် ထိပ်ရှိ မီးလင်းနေသော ROF Logo ကြောင့် ဖြစ်သည်။ အလွန် ဆွဲဆောင်မှု ရှိလွန်းပါသည်။
အောက်ခြေတွင် စနစ်ယူနစ်များအတွက် မတူညီသည့် စျေးနှုန်းများကိုလည်း ဖော်ပြပေးထားပါသည်။
၈,၅၉၉ ယွမ်၊ ၁၂,၅၉၉ ယွမ်၊ ၁၆,၅၉၉ ယွမ်...
မတူညီတဲ့ စျေးနှုန်းက ၃ မျိုးပဲ ဖြစ်သော်လည်း တကယ့်စျေးတွေက...
ဖေးချမ့်မျက်လုံး ပွတ်ကြည့်လိုက်သည်။ ဒီစျေးနှုန်းတွေက သူ သတ်မှတ်ထားခဲ့တဲ့ စျေးတွေနဲ့ ခြားနားနေတာကို မြင်လိုက်ရပါသည်။
စျေးပေါသွားတာပဲ။
အောက်ဘက်မှာ ဖော်ပြထားသည့် ဟာ့ဒ်ဝဲများကို ဖေးချမ့် သေချာကြည့်လိုက်သည်။ ဟာ့ဒ်ဝဲများက အများအားဖြင့် အတူတူပဲ ဖြစ်နေသေးတာကို မြင်လိုက်ရသည်။ တစ်ခုတည်းသော ခြားနားချက်က ဟာ့ဒ်ဝဲတချို့ကို အနည်းငယ် အဆင့်မြှင့်တင်ထားသည်ဆိုတာပင်။
ထို့အပြင် ROF ကွန်ပျူတာတပ်ဆင်ရေးက လက်ဆောင် အသေးစားလေးတွေလည်း ပေးနေသေးသည်။ လက်ဆောင်များအတွင်း တန်ဖိုးအရှိဆုံးက Thumb Drive တစ်ခု ဖြစ်သည်။ မောက်စ်တင်ပြားများ၊ ကီးဘုတ်ဆေးဂျယ်လ်များ စသဖြင့် အသေးစား လက်ဆောင်များလည်း ရှိသည်။
ထိုပစ္စည်းများအလုံးကို လှလှပပ နာမည်တစ်ခုအောက်မှာ လှလှပပ ထုတ်ပိုးထားသည်။
'ခရစ်စ်မတ်နေ့ အဆင့်မြှင့်တင်ပြီး Package'
ဖေးချမ့် ဆွံ့အသွားသည်။
အလွန်ကြမ်းတမ်းလွန်းပါသည်။
'ခရစ်စ်မတ်နေ့မှာ ကျွန်တော်တို့နဲ့ အတူ ကွန်ပျူတာ ဂိမ်းလာကစားလိုက်ပါ' ဆိုတာကို ကြည့်ပါဦး။
ရည်းစား မရှိတဲ့ ယောက်ျားလေးတွေ မိန်းကလေးတွေ အပြုံလိုက် ရောက်လာနိုင်သည်။
ဖေးချမ့်က ဒီလို အနောက်တိုင်းပွဲတော်များကို စိတ်မဝင်စားပါ... သို့သော်လည်း ခရစ်စ်မတ်နေ့မှာ ရည်းစား မရှိတဲ့ ယောက်ျားလေး မိန်းကလေးတွေသာ ကွန်ပျူတာဂိမ်းလာဆော့ကြလိမ့်မည်ဟု ခန့်မှန်းမိပါသည်။
ဒီပရိုမိုးရှင်းက ထိုပွဲတော်ရက်ကို အခွင့်ကောင်းယူဖို့ ဖန်တီးထားမှန်း သိသာသည်။
သို့သော်လည်း... အတော်လေး အာနိသင်ရှိမည့်ပုံပင်။
ပိုစတာပေါ်မှာ လှလှပပ ဖောင့်နဲ့ ရေးသားထားသည့် မျက်စိကျစရာ စာကြောင်း တစ်ခု ရှိပါသည်။
'ဒီဆိုင်ခွဲမှာ ကုန်ပစ္စည်း အကန့်အသတ် ရှိသည် - ၅၀၀'
ဆိုလိုတာက ဒိဆိုင်ခွဲမှာ စနစ်ယူနစ် ၅၀၀ သာ ရောင်းချပေးမည့်သဘောဖြစ်သည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ယခု အနက်ရောင်ဖြင့် ရေးသားထားသည့် ဂဏန်းက ၄၂၈ ဖြစ်နေပါပြီ။
ဆိုလိုတာက ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲမှ စနစ်ယူနစ် ၄၀၀ ကျော် ရောင်းချပြီးသွားသည့်သဘော ဖြစ်သည်။
ယွီအင်တာနက်ကဖေးတွင် ဆိုင်ခွဲများစွာရှိပြီး ဆိုင်ခွဲတိုင်းမှာလည်း ဒီပရိုမိုးရှင်းလုပ်နေလောက်ပါသည်။
ဒီ့မတိုင်ခင်တုန်းက ဖေးချမ့် သတ်မှတ်ထားခဲ့သည့် စျေးနှုန်း ၃ ခုမှာ ကွန်ပျူတာ အစိတ်အပိုင်းများ၏ ကုန်ကျစရိတ်နဲ့ တူရင်တူ၊ သို့မဟုတ် အနည်းငယ်သာ မြင့်ခဲ့တာ ဖြစ်သည်။ အမြောက်အများဝယ်ယူမှ ထိုစျေးများကို လျှော့ပေးလို့ ရသည်။ ဆိုလိုတာက ROF ကွန်ပျူတာ တပ်ဆင်ရေးလုပ်ငန်း၏ အမြတ်စွန်းမှာ အများကြီး မဟုတ်ပါ။
ထို့အပြင် ကံကောင်းတဲ့လူတချို့ကိုလည်း အခမဲ့ Upgrade များ ဆောင်ရွက်ပေးသေးသည်။ ပရိုမိုးရှင်းပွဲတော်တစ်ခုလုံးက ကျိန်းသေပေါက် အရှုံးပေါ်မည့်သဘောရှိခဲ့သည်။
၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ပြီးသွားသောအခါ စျေးနှုန်းများကို ၈,၉၉၉ ယွမ်၊ ၁၂,၉၉၉ ယွမ်၊ ၁၆,၉၉၉ ယွမ် အသီးသီး ပြန်သတ်မှတ်ထားသည်။
ထိုစျေးနှုန်းတွေက ကတ်စတမ်မာများအတွက် ပိုပြီး သဘောမကျစရာ ဖြစ်သည်။
အိမ်အရောက်ပို့ဆောင်မှုနဲ့ ဝယ်ယူပြီး နောက်ပိုင်း ပြုပြင်ခြင်းဝန်ဆောင်မှုများကို ထည့်တွက်ပါက စျေးနှုန်းတွေက တန်ပါသည်။ သို့သော်လည်း သူတို့ ကျင်းပခဲ့သည့် ပရိုမိုးရှင်းပွဲတော်က ကတ်စတမ်မာတွေရဲ့ စိတ်အားထက်သန်မှုကို ကြိုတင် ငြိမ်းသတ်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် ထိုအချိန်အပြီး အချိန်ခဏလောက်ကြာသည်အထိ ရောင်းအားတွေက နိမ့်နေဆဲ ဖြစ်သည်။ ဖေးချမ့် အာရုံစိုက်ရလောက်အောင် ကြီးကြီးမားမား ဘာမှ မဖြစ်ပျက်ခဲ့ပါ။
ယခုတော့ ကျန်းယွမ်က ဟာ့ဒ်ဝဲတချို့ကို မယုံနိုင်လောက်အောင် အဆင့်မြှင့်တင်လိုက်ပြီး လက်ဆောင်အသေးစားလေးတွေလည်း ထည့်ပေးကာ စျေးနှုန်းကို အနည်းငယ် လျှော့ချပစ်လိုက်သည်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ယခု Package များက စျေးနှုန်းနဲ့ အလွန်တန်သည်ဟူသော အထင်အမြင် အမှားမျိုးကို ဖြစ်လာစေသည်။
ကတ်စတမ်မာတွေက စျေးနှုန်း-အရည်အသွေးအချိုးမှာ အရင်ကထက် အများကြီး ပိုကောင်းသည်ဟု ထင်သွားကြလိမ့်မည်။ တကယ်တော့ စနစ်ယူနစ်က စျေးနှုန်းနဲ့ ထိုက်တန်လိမ့်မည်ဟု ထင်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လက်ဆောင်များကလည်း အသုံးဝင်ပြီး ကိုယ့်အတွက်ကိုယ် တစ်လုံးတည်း ဝယ်တာထက် စနစ်ယူနစ်တိုင်းကို အပြုံလိုက် ဝယ်ပါက ပိုပြီးစျေးသက်သာတာကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ROF ကွန်ပျူတာတပ်ဆင်ရေး လုပ်ငန်းအတွက် အကျိုးအမြတ်တချို့လည်း ရလာနိုင်လိမ့်မည်။
လွန်ခဲ့တဲ့ ၂ လအတွင်း စုစည်းထားခဲ့တဲ့ ဂုဏ်သတင်း အာနိသင်တွေလည်း ဒီခရစ်စ်မတ်ပွဲတော်မှာ အပြည့်အဝ အစွမ်းပြလာပါလိမ့်မည်။
ဖေးချမ့် ကယောင်ချောက်ချား ဖြစ်သွားသည်။ ငါတို့ အဲ့လောက်စနစ်ယူနစ်တွေအများကြီးတော့ ရောင်းထွက်မှာ မဟုတ်ဘူးမလား။
အင်တာနက်ကဖေးထဲကိုပြန်ဝင်ပြီး စားပွဲထိုးများကို မေးကြည့်ဖို့ ကြံရုံရှိသေး၊ အနောက်မှ အံ့အားသင့်နေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
"ဘော့စ်ဖေးလား"
ဘော့စ််ဖေးလှည့်ကြည့်လိုက်သည်။ အမှန်ပင်။ ကျန်းယွမ်ဖြစ်နေပါသည်။
ကျန်းယွမ်က အလွန်အလုပ်များနေသည့်ပုံစံပင်။ အလုပ်များသော်လည်း မျက်နှာပေါ်မှာ ပျော်ရွှင်နေသည့် အရိပ်အယောင်တစ်ခုကို မြင်နေရပါသည်။
"ဘော့စ်ဖေးကို ကျွန်တော် Surprise လုပ်မလို့ စဉ်းစားထားတာ။ ဒါပေမယ့် ကျွန်တော် မပြောခင် ဘော့စ်ဖေး အရင်သိသွားပြီ"
"ဒီခရစ်စ်မတ်ပရိုမိုးရှင်းနဲ့ပတ်သက်ပြီး ဘယ်လို သဘောရလဲ။ ကျွန်တော်တို့ လျှို့ဝှက်ပြင်ဆင်ခဲ့တာ အချိန်အတော်ကြာပြီဗျ"
ဖေးချမ့်ရင်ထဲ ရုတ်တရက် လေးလံသွားသည်။
ဘာလို့ ဒီကောင်တွေ အကုန်လုံး ငါ့ကို Surprise လုပ်ဖို့ပဲ စဉ်းစားနေကြတာလဲ။
ငါ့ကို စိတ်ပူပြီး သေအောင် လုပ်နေကြတာပဲ။
ငါစောစောသိလိုက်ရလို့ တော်သေးတာပေါ့ကွာ။ မနက်ဖြန်ဆို ခရစ်စ်မတ်ရောက်ပြီ။ အခြေအနေကို ဖျက်ဆီးဖို့ နည်းလမ်းတစ်ခုခုရှာလို့ရလောက်သေးတယ်...။
ဖေးချမ့်က ဂရုမစိုက်သလို ပြုမူလိုက်ပြီး ပြန်မေးလိုက်ပါသည်။ "အဲ့တော့... ဒီပွဲတော်က ရောင်းအားအတွက် ဘယ်လို အထောက်အကူ ဖြစ်လဲ။ ငါတို့ဂိုထောင်ထဲမှာ ကုန်စည် ဘယ်လောက်ကျန်သေးလဲ"
ကျန်းယွမ် သွားပေါ်အောင် ပြုံးလိုက်သည်။ "ကုန်စည် ဟုတ်လား။ ကျွန်တော်တို့ အကုန်လုံး ရောင်းကုန်သွားပြီ"
ကျန်းယွမ်ပြောရင်းနဲ့ 'ရောင်းကုန်သွားပါပြီ' ဟူသည့် ဆိုင်းဘုတ်တစ်ခုကို ထုတ်လိုက်ပြီး ပိုစတာပေါ်က ဂဏန်း ၄၂၈ ကို အုပ်ကာ တင်လိုက်ပါသည်။
ဖေးချမ့် မျက်စိတွေ ဝေဝါးသွား၏။
ကုန်စည်တွေ အကုန်လုံး ရောင်းထွက်သွားပြီလား။
ကျင်းကျိုးမြို့ပြင်မှာ ဂိုထောင်တွေ အများကြီးနဲ့ ဧရာမ သိုလှောင်နေရာတွေ ရှိနေတာ မဟုတ်ဘူးလား။ စနစ်ယူနစ်တစ်ခုကို အမြတ် ၃၀၀ -၄၀၀ ယွမ်လောက်ရပြီး စနစ်ယူနစ် ထောင်ဂဏန်းလောက်သာ ရောင်းလိုက်ရပါက...
ငွေအများကြီး မဟုတ်သော်လည်း ဖေးချမ့်အတွက် ရိုက်ချက်ပြင်းပါသည်။
ဖေးချမ့်မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။ "ဘယ်လိုဖြစ်ပြီး... ဒီလောက်မြန်မြန် ရောင်းကုန်သွားတာလဲ"
သူတို့ ဂိုထောင်တွေထဲမှာ ကုန်စည်တွေ အများကြီး ရှိခဲ့ပါသည်။ ဘာလို့ ဒီလောက် မြန်မြန် ရောင်းထွက်သွားရတာလဲ။
ကျန်းယွမ်ပြုံးလိုက်၏။ "ဘော့စ်ဖေး။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်းနည်းနည်းလေးအတွင်းမှာ အကုန် ရောင်းထွက်သွားတာတော့ မဟုတ်ပါဘူး။ အဲ့ဒီ ရည်းစားမရှိသူများနေ့ ပြီးသွားတာ သိပ်မကြာသေးဘူးဆိုတာ မေ့သွားပြီလား"
"ဘော့စ်ဖေး ကျင်းပလိုက်တဲ့ ၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ကျေးဇူးကြောင့် မြို့ထဲမှာ ROF လူသိပိုများလာတယ်။ အဲ့ဒီ ပရိုမိုးရှင်းပွဲကြောင့် မဟုတ်ရင် စျေးကွက်ထဲ ROF ခြေချနိုင်ဖို့ အတော်လေး ခက်ခဲလောက်တယ်"
"၁၀၂၄ ဒစ်ဂျစ်တယ်နေ့ပြီးသွားတော့ ROF ကို အွန်လိုင်းလုပ်ငန်းတစ်ခုလုပ်ဖို့ ကျွန်တော် စစဉ်းစားခဲ့တယ်။ တခြားမြို့နယ်တွေမှာ အိမ်ရှေ့ထိ ပို့ဆောင်ပေးဖို့နဲ့ ယူနစ်တစ်ခုလုံးအတွက် အာမခံ ပေးဖို့ လေဆန်ပို့ဆောင်ရေး မရှိကြဘူးလေ။ ဒါပေမယ့် လူလည်ကျတဲ့ ကုန်သည်တွေထက်စာရင် ကတ်စတမ်မာတွေက ကျွန်တော်တို့ကို အထင်ပိုကြီးကြတယ်။ ကျွန်တော်တို့က စစ်မှန်နဲ့ ကုန်ကြမ်းတွေကိုပဲ သုံးပြီး မှန်မှန်ကန်ကန် ရောင်းချပေးတာကိုး"
"ဟုတ်ပါတယ်။ အဲ့ဒီလူလည်ကျတဲ့ ကုန်သည်တွေနဲ့တော့ ကျွန်တော်တို့ ရောင်းအားယှဉ်လို့ မရသေးဘူး။ ကွန်ပျူတာတပ်ဆင်ရေးလုပ်ငန်းတချို့ဆို ရည်းစားမရှိသူများနေ့မှာ မိနစ် ၄၀ အတွင်း ယူနစ် ၁၀ သန်းကျော် ရောင်းထွက်သွားခဲ့တယ်။ တစ်ဖက်မှာတော့ ကျွန်တော်တို့က အဲ့ပမာဏထက် ၁၀ ဆလောက် ပိုနည်းနေတယ်ဗျာ"
"စိတ်မပူပါနဲ့ ဘော့စ်ဖေး။ ကျွန်တော် သူတို့ကို အားမကျပါဘူး။ ဘော့စ်ဖေးရဲ့ သင်ကြားမှုတွေကို မှတ်ထားပါ့မယ်။ ROF ရဲ့ ဂုဏ်သတင်း လုံးဝ ဖြူစင်နေရမယ်လို့ ကျွန်တော်အာမခံတယ်"
"အနှစ်ချုပ်အားဖြင့် ဒီကာလအတွင်းမှာ ကျွန်တော်တို့ ဂုဏ်သတင်း တဖြည်းဖြည်း တက်လာခဲ့တယ်။ ရောင်းအားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီခရစ်စ်မတ်ပရိုမိုးရှင်းပွဲတော်က ကျွန်တော်တို့ ဂိုထောင်ရှင်းဖို့ အခွင့်ကောင်းပေးလိုက်တာပဲ"
"ရည်းစားမရှိသူများနေ့မှာ ကုန်တစ်သုတ် ရောင်းထွက်ခဲဲ့တယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ နောက်တစ်သုတ် ရောင်းထွက်တယ်။ ပြီးတော့ ဒီပွဲတော်အတွင်း နောက်တစ်သုတ် ရောင်းထွက်ခဲ့ပါတယ်"
"အခု ကျွန်တော်တို့ ဂိုထောင်တွေအားလုံး အရေးပေါ် အခြေအနေ ဖြစ်နေပြီ။။ တတ်နိုင်သမျှ ကုန်စည်တွေ အမြန် ထပ်သွင်းနိုင်ဖို့ ကြိုးစားနေရတယ်ဗျာ"
"အဲ့လိုဆိုတော့မှ အရင်တုန်းက ကျွန်တော် အရမ်းခြွေတာမိခဲ့ပြီး ကုန်စည်တွေကို နည်းနည်းပဲ ပြင်ဆင်ထားခဲ့မိတယ်။ ကျွန်တော်သာ ဒီ့ထက် များများ ပြင်ဆင်ထားခဲ့ရင်..."
ဖေးချမ့်မျက်နှာထား မှောင်မိုက်သွားရလေသည်။ ချက်ချင်း နေမကောင်းချင်သလို ဖြစ်လာခဲ့ပါသည်။ ဒီလိုဖြစ်သွားတာကိုး။ ၁၀၂၄ ဒစ်ဂျစ်တယ်နေ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ စတင်ပြသလာပါပြီ။
တန်ကြေးများက ကြီးမားလွန်းသည်။
ထိုပရိုမိုးရှင်းပွဲတော်နောက်ပိုင်း ဖေးချမ့် ပိုသတိထားခဲ့သည်။ သို့သော်လည်း ROF မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်နေတာကို သတိမထားမိခဲ့ပေ။ ထို့နောက် အလုပ်အလွန်များလာသဖြင့် မေ့သွားတာလည်း ပါပါသည်။
ခဏလောက် ကျောခိုင်းလိုက်တာနဲ့ ဒီလောက် ရှုပ်ထွေးသွားလိမ့်မည်ဟု မထင်ခဲ့မိပါ။
ဖေးချမ့် မေးလိုက်သည်။ "အဲ... မင်း အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
စဉ်းစားပြီးနောက် ကျန်းယွမ် ပြန်ဖြေလိုက်ပါသည်။ "ကျွန်တော် ကုန်ထပ်သွင်းဖို့ ငွေနည်းနည်း ဖယ်ထားပြီး ကျန်တဲ့ငွေကို ကြော်ငြာဖို့အတွက် အကုန်သုံးမယ်။ အွန်လိုင်းပေါ်ကနေ Review ကောင်းတွေနဲ့ ယုံကြည်ရတဲ့ အဆင့်သတ်မှတ်ချက်တွေကို ဝယ်ပြီး လူလည်ကုန်သည်တွေဆီကနေ ကတ်စတမ်မာတွေ ခိုးဖို့ အကောင်းဆုံး ကြိုးစားဖို့ စီစဉ်ထားတယ်"
"ဟုတ်တာပေါ့ အမြတ်အစွန်း တစ်စိတ်တစ်ပိုင်းကို ထန်းတာ့ဆီ လွှဲပေးဖို့ ပြင်ဆင်ထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ROF ကို စတည်ထောင်ကတည်းက ဌာနချုပ်တွေဆီကပဲ ရန်ပုံငွေ ယူခဲ့ရတာ မဟုတ်ဘူးလား။ အခု အရှုံးတွေကနေ အမြတ်ဖြစ်သွားပြီဆိုတော့ အဲ့ဒီ အမြတ်အစွန်း တစ်စိတ်တစ်ပိုင်းကို ဌာနချုပ်ဆီ ပြန်ပို့ပေးပြီး ကျေးဇူးပြန်ဆပ်..."
ဖေးချမ့်ခပ်မြန်မြန် လက်ပြကာ တားလိုက်သည်။ "မပို့ရဘူး"
ကျန်းယွမ် "?"
ဖေးချမ့် လည်ချောင်းရှင်းကာ ပြောလိုက်ပါသည်။ "ထန်းတာ့က ငွေမလိုပါဘူး။ အဲ့အတွက်နဲ့ စိတ်မပူနဲ့။ ပြီးတော့ Review ကောင်းတွေ၊ အဆင့်သတ်မှတ်ချက်တွေလည်း မဝယ်သင့်ဘူးနော်
"အဲ့လိုလုပ်မယ့်အစား ငါတို့ပိုက်ဆံတွေ အကုန်လုံးကို ကုန်သစ်တွေ တင်သွင်းဖို့ပဲ သုံးသင့်တယ်။ အရင်တုန်းက ငါတို့ ဂိုထောင်ကြီးတွေကို အပြည့် မဖြည့်ခဲ့မိဘူးမလား"
"ငါတို့ ရထားသမျှကို သုံးပြီး ကုန်တွေ ထပ်သွင်းလိုက်။ တစ်ပြား မကျန် သုံးနော် မတွန့်တိုနဲ့"
"ပြီးတော့ ဒီလို ပရိုမိုးရှင်းတွေဆိုတာ ရောင်းအား ရဖို့သက်သက် ငါတို့ အလားအလာကို မှေးမှိန်အောင် လုပ်နေတာနဲ့ အတူတူပဲ။ ခဏခဏ မလုပ်နဲ့ နားလည်လား"
"အခုချိန်ကစပြီး ဒီလိုပွဲတော်မျိုးကို ၁၀၂၄ ဒစ်ဂျစ်တယ်နေ့လို နေ့ထူးရက်ထူးတွေမှာပဲ စီစဉ်သင့်တယ်။ မဟုတ်ရင် စျေးနှုန်းတွေကို ထပ်ပြီး မလျှော့နဲ့"
ဖေးချမ့် လမ်းပျောက်နေပါပြီ။ ROF က အမြတ်အစွန်းတွေ စရလာနေပါပြီ။ သူ ဘာလုပ်နိုင်မှာလဲ။ ကြော်ငြာအာနိသင်တွေ ထိုးတက်သွားတာမျိုးလည်း ဖေးချမ့် ခွင့်မပြုနိုင်ပါ။ ထန်းတာ့ကို အမြတ်အစွန်း ခွဲဝေပေးမှာမျိုးလည်း ခွင့်မပြုနိုင်ပါ။
ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ကျန်းယွမ်ကို ကုန်တွေထပ်တင်သွင်းဖို့သာ ငွေသုံးခိုင်းဖို့ ရှိတော့သည်။ ROF စနစ်ယူနစ်ကို ဝယ်ယူချင်သူတိုင်း ပွဲတော်အတွင်းမှာ ဝယ်ယူပြီးသွားပြီဟု ခန့်မှန်းမိပါသည်။ ယခု ကြော်ငြာတွေကို ရပ်တန့်လိုက်လို့ရပြီ။ သို့မဟုတ် စျေးနှုန်းတွေ လျှော့ပေးထားတာကို ရပ်တန့်လိုက်ပြီး ရထားသမျှ ပိုက်ဆံတွေ အကုန်လုံးကို ဟာ့ဒ်ဝဲ ပေါင်းစုံ ထပ်ဝယ်ယူဖို့ အသုံးချသင့်နေပါပြီ။
ထို့နောက် ဟာ့ဒ်ဝဲများကို ဂိုထောင်ထဲမှာ သိုလှောင်ထားပြီး တဖြည်းဖြည်း တန်ဖိုးကျသွားလိမ့်မည်။ တစ်ချိန်တည်းမှာပင် စနစ်ယူနစ်များကို စျေးနိမ့်နိမ့်နဲ့ ရောင်းချမှာလည်း မဟုတ်တော့ပေ။ မူရင်းစျေးနဲ့သာဆို ဝယ်ချင်မည့် ကတ်စတမ်မာ သိပ်မရှိလောက်ပါ။
ယူနစ်တစ်ခုရောင်းထွက်တိုင်း ကုန်ပြန်သွင်းမည်။ ဂိုထောင်ကို အပြည့်ဖြည့်ထားသရွေ့ ဖေးချမ့်မှာ ငွေပိုငွေလျှံ မရှိကြောင်း စိတ်ချလို့ ရပါပြီ။
ဖေးချမ့် အရှုံးပေါ်ဖို့ ROF ကို အားကိုးလို့ မရတော့ပေ။ ရထားသမျှ ငွေတွေအားလုံးကို ပြန်ဖြုန်းပေးပါက ဖေးချမ့် သူတို့ကို ခွင့်လွှတ်လိုက်ပါမည်။
ကြောင်စီစီဖြစ်စွာဖြင့် ကျန်းယွမ် ပြောလိုက်သည်။
"ဘော့စ်ဖေး ကုန်စည်တွေ အများကြီး တင်သွင်းထားရင် ရောင်းထွက်ဖို့ ဖိအားများလာနိုင်တယ်လေ။ အခု ပရိုမိုးရှင်းတွေလည်း မလုပ်ရတော့ဘူးဆိုတော့ စနစ်ယူနစ်တွေ ရောင်းမထွက်ရင် ဘယ်လိုလုပ်..."
ဖေးချမ့် လက်ပြလိုက်သည်။ "အဲ့တာကို စိတ်မပူနဲ့။ ငါတို့ အဲ့အတိုင်းပဲ လုပ်ကြမယ်။ ဂိုထောင် မလုံလောက်ရင် ထပ်ငှားလို့ ရတယ်။ ငါတို့လုပ်ငန်းကို တိုးချဲ့ဖို့အတွက် လျှို့ဝှက်ချက်က အမြဲတမ်း လက်ထဲမှာ ငွေပိုငွေလျှံ ရှိမနေဖို့ပဲ။ နားလည်လား"
ကျန်းယွမ် တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာပါ။ ခဏလောက်ကြာမှ ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ "နား- နားလည်ပါပြီ"