← Chapters

ဒင်္ဂါးကြဲဖြူကောင်

Vol. 25 Ch. 370

ဒင်္ဂါးကြဲဖြူကောင်

Vol. 25 Ch. 370

မာယန်နောက်တွင် ဖေးချမ့် တိုးတိုးတိတ်တိတ် ရပ်နေပြီး ရန်သူဟီးရိုးတွေ မာယန်ကို လိုက်သတ်နေသည့် မြင်ကွင်းအား ကြည့်နေပါသည်။

ဟင်... ဒါ လုပ်ပွဲ မဟုတ်ဘူးလား။

ဖေးချမ့် အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။ တစ်ဖက်အသင်းက ရက်ရက်စက်စက် တိုက်ခိုက်နေပုံကို ကြည့်ခြင်းအားဖြင့် ကိုယ့်ဘက်တော်သားတော့ ဖြစ်ပုံမပေါ်ပါ။

နှစ်ဖက်စလုံးက အဖွဲ့လိုက်တိုက်ပွဲများကို ကြမ်းကြမ်းတမ်းတမ်း ဆက်တိုက် တိုက်ခိုက်နေကြသည်။ သူတို့အသင်းက လူ ၃ ယောက်နဲ့ ရန်သူအသင်းက လူ ၅ ယောက်တို့ကို ခွဲလို့တောင် မရတော့ပါ။ သူတို့ ၃ ယောက်ကို ပြည့်စုံသည့် တည်နေရာချမှုနဲ့ အသင်းအဖွဲ့ပူးပေါင်းမှုဖြင့် လိုက်သတ်နေကြသည်။

နောက်ထပ် အဖွဲ့ဝင်တစ်ယောက်က အသည်းအသန် ခေါင်းဆောင်နေသည်။ ဒီအသင်းတိုက်ပွဲများအကြားတွင် တာဝန် ၂ ခုလုံးကို အောင်အောင်မြင်မြင်နဲ့ ဖျက်ဆီးနိုင်ခဲ့ပြီး ရန်သူ့အားသာချက်ကို ပြန်ခြိမ်းချောက်လိုက်ပါသည်။

မာယန်ကတော့... 'ဘော့စ်မာ ပြေးတော့' ဟူသည့် အော်သံများအကြား ထွက်ပြေးနေပါသည်။ ဖေးချမ့် အနီးကပ် ကြည့်လိုက်၏။ မာယန်က ထူးဆန်းသည့် သားရဲဟီးရိုးတစ်ကောင်အဖြစ် ကစားနေပါသည်။ ဝံပုလွေတစ်ကောင်နဲ့ တူသော်လည်း ခိုင်ခိုင်မာမာ ခန္ဓာကိုယ်၊ နဂါးအမြှီးတို့ကို ပိုင်ဆိုင်ထားသည်။ ခေါင်းအကြီးကြီးနဲ့ ခေါင်းပေါ်မှာ ယူနီကွန်းသဏ္ဌာန် ဦးချိုများ ရှိကြသည်။ ခေါင်းပေါ်မှာ ဧရာမချိုင့်ကြီးတစ်ခုရှိနေပြီး ပါးစပ်ကလည်း မညီမညာ ဖြစ်နေသည်။ သို့သော် ထူးထူးဆန်းဆန်း ချစ်ဖို့ကောင်းသည်ဟု ခံစားမိနေပါသည်။

ဒီဟီးရိုးကို ဖေးချမ့် အနည်းငယ် သိပါသည်။ ပြည်တွင်း Animation ကားဟောင်းတစ်ခုထဲက IP ဖြစ်သည့် ထောက်ထျဲ ဖြစ်သည်။ အမှန်ပင်။ ထို Animation ထဲက သတ္တဝါကိုလည်း တရုတ်ရာဇဝင်ထဲက အလွန်အမင်း အစားကြီးသည့် သတ္တဝါတစ်ကောင်မှ မှီငြမ်းထားခြင်း ဖြစ်သည်။

ထောက်ထျဲတွင် ပုံစံ ပေါင်းစုံ ရှိသည်။ အားလုံးကလည်း အမြင်မတူကြပေ။ ဘယ်ပုံစံက အမှန်ကန်ဆုံးလဲဆိုတာ အဖြေမှန် မရှိပါ။

ပြည်တွင်း Animation ကားထဲက ထောက်ထျဲက အတော်လေး နာမည်ကြီးပြီး လူသိများကြသည်။ ထို့ကြောင့် ဒီဂိမ်းအတွက် IP ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဒီဟီးရိုးက GOG ဒီဇိုင်းတွင် ကာကွယ်မှုနဲ့ အသင်းတည်ဆောက်မှု နှစ်ခုစလုံးကောင်းသည့် ဟီးရိုး ဖြစ်သည်။ ရန်သူနဲ့ အသင်းသား ဟီးရိုးများကို မျိုနိုင်သည်။ အကန့်အသတ်အဝေးတစ်ခုထဲရှိ ရန်သူကိုလည်း ထိန်းချုပ်ပြီး ကိုယ်ပိုင် Damage လျော့ကျစကေးကို အဆင့်မြှင့်တင်နိုင်သည်။ သီအိုရီအရ အပျော်တမ်းကစားသမားများအတွက် ထောက်ပံ့မှုဟီးရိုးကောင်းတစ် ခုဖြစ်သည်။ ရန်သူ့ကာကွယ်မှုထဲ ပြေးဝင်သွားလို့ရသလို ဝါးမျိုသည့်စကေးကို သုံးပြီး ကိုယ့်အသင်းသားအား ပစ်လွှတ်လိုက်လို့ ရပါသည်။

အနိမ့်ကန့်သတ်ချက်က အလွန်မြင့်ပြီး အမြင့်ကန့်သတ်ချက်ကလည်း မဆိုးလှပါ။

သို့သော် မာကြီးရဲံလက်ထဲကို ရောက်သွားတော့ ထိုဟီးရိုးက ဘာမှမလုပ်နိုင်တော့ပါ။ လမ်းချော်သွားပြီး သွေးတွေ ဖုံးလွှမ်းကာ သူ့အသင်းသား ၃ ယောက်ကို ပြတ်ပြတ်သားသား စတေးခဲ့ပါသည်။

ဖေးချမ့် သက်ပြင်းချလိုက်မိ၏။ လုပ်ပွဲတွေ အများကြီးကို သူမြင်ဖူးပါသည်။ သို့သော်လည်း Tank ၄ ကောင်နဲ့ Assist ၁ ကောင် ကစားတာမျိုး ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

အနီးကပ် ထပ်ကြည့်လိုက်ပြီးနောက် ဖေးချမ့် အတည်ပြုလိုက်ပါသည်။ တစ်ဖက်အသင်းက သူတို့ဘက်တော်သား မဟုတ်ပေ။ အွန်လိုင်းပေါ်မှာ ကျပန်းရွေးချယ်လိုက်သည့် ရန်သူတစ်ယောက် ဖြစ်နိုင်ပါသည်။

ယခင် 5v5 လုပ်ပွဲများတွင် ရန်သူ့အသင်းက လက်တွေ့ဆန်ဆန် လှုပ်ရှားသော်လည်း လုပ်ပွဲအရိပ်အယောင်များကို ဖေးချမ့် မြင်နိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ်ဂိမ်းထဲက လူ ၉ ယောက်စလုံးကို မာကြီးသတ်နိုင်ဖို့ဆိုတာ သရုပ်ဆောင် ကောင်းမှ ဖြစ်ပါလိမ့်မည်။

ယခုတော့ ရန်သူတွေက မာယန်ကို ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။ ယခု ဝန်ထမ်းတွေနဲ့ မတူဘဲ ထွက်သွားသည့် ဝန်ထမ်းတွေနဲ့ တူသည်။ မာကြီးက အလွန်လျင်မြန်စွာ ထွက်ပြေးခဲ့ပါသည်။ မဟုတ်ပါက ဆိုးဆိုးရွားရွား သေသွားပါလိမ့်မည်။

တခြားဝန်ထမ်းတွေက မာကြီးနောက်မှာ ဘော့စ်ဖေး ရောက်နေတာကို မြင်သွားကြပါပြီ။ သို့သော်လည်း ဘယ်သူမှ မပြောခဲ့ပါ။ ဘော့စ်ဖေးက တိုးတိုးနေဟု လက်ဟန်ပြလိုက်တာကြောင့်ဖြစ်သည်။

မာယန်က နားကြပ်တပ်ထားပြီး ဖန်သားပြင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပါသည်။ သူ့နောက်မှာ ရပ်နေသည့်လူကို လုံးဝ သတိမထားမိပေ။

မာကြီး ဇဝေဇဝါဖြစ်သော်လည်း သူ့အဖွဲ့သားများကို ဘယ်တော့မှ လက်မလျှော့ခဲ့ပါ။ ဂိမ်းထဲက စွမ်းဆောင်ရည်ကို မကြည့်ဘဲ ဒီရှုထောင့်ကကြည့်ရင်တောင် အတော်လေး အားကိုးရပါသည်။

မာကြီးရဲ့ လက်ရှိ လုပ်ရပ်များကတော့ သူ့အသင်းသားများကို စွန့်ပစ်နေခြင်းနဲ့ မခြားနားလှပေ။

ဖေးချမ့်က ပျော်ပျော်ကြီး ဆက်ကြည့်နေလိုက်သည်။ သူလည်း ဂိမ်းထဲမှာပါပြီး မာကြီးနဲ့ တစ်သင်းတည်း ဖြစ်ပါက သူ့ကို ဆဲမိလောက်ပါပြီ။

သို့သော်လည်း ဘေးကစောင့်ကြည့်နေသူတစ်ယောက်အဖြစ် ဖေးချမ့်တွင် အတွေးတစ်ခုသာ ရှိသည်။

အစားအသောက်တွေ ဘာတွေ မရှိဘူးလား။ ငါ့ကို နည်းနည်းလောက် ယူပေးစမ်းပါ။ ဗိုက်ဆာလိုက်တာ။

သို့သော်လည်း ဘော့စ်မာ၏ အသင်းသား ၄ ယောက်ကိုတော့ သနားသွားပါသည်။ သူတို့က ရန်သူထက် ပိုတော်မှန်း သိသာသော်လည်း ဆိုးဆိုးရွားရွား အတိုက်ခိုက်ခံနေရသည်။

သို့သော်လည်း ဆက်ကြည့်ရင်းနဲ့ ဖေးချမ့် အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အပျော်လွန်ရင် ငိုရတတ်သည်။

နေပါဦး။ ဒီ GOG ဗားရှင်းက... တစ်ခုခု မူမမှန်သလိုပဲ။

မာကြီးရဲ့ နောက်ဆုံးတိုက်ချက်က အရမ်းဆိုးရွားတာကို ဘာလို့ သူ့ပစ္စည်းတွေက အဝေးကြီးမှာ မကျန်ခဲ့တာလဲ။ ပြီးတော့ သူ့ဟီးရိုးက Support ဟီးရိုး မဟုတ်ဘူးလား။

မာယန်က သူ့အသင်းသားတွေ အကူအညီနဲ့ပဲ ရန်သူကို သတ်တာကို ယွမ် ၈၀၀ ရသွားတာလား။

ဒီလို ဆက်တင်မျိုးကို မြင်ရခြင်းက ဖေးချမ့်အတွက် ရင်းနှီးမှု ရှိသဖြင့် တစ်ခုခု လွဲနေတာကို ချက်ချင်း သတိမထားမိခဲ့ပါ။

သို့သော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးမှ တစ်ခုခု မှားယွင်းနေတာကို ရုတ်တရက် သတိထားမိသွားပါသည်။

မူရင်း GOG ဒီဇိုင်းက ဒါနဲ့ လုံးဝ မတူပေ။ အဘယ့်ကြောင့်ဆိုသော် ဒီဂိမ်းက Gods Rising ကို ကော်ပီကူးထားတာ ဖြစ်တာကြောင့်ပင်။

အနီးကပ် သူ ထပ်ကြည့်လိုက်သေးသည်။ နောက်ဆုံးတိုက်ချက်နဲ့ သတ်ဖြတ်ကြေး စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲသွားရုံတင်မကဘဲ မြေပုံကလည်း အရင်ကထက်ပိုပြီး သေးငယ်သွားသည့်ပုံပေါက်ပါသည်။ မြေပုံပေါ်က တချို့ လုပ်ဆောင်ချက်တွေလည်း ပြောင်းလဲသွားသည့်ပုံစံပင်။

ဖေးချမ့် ရင်ထဲ နင့်သွားပြီး အေးစက်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

ဂိမ်းကို ဘယ်သူပြင်လိုက်တာလဲ။ အသေးစိတ်တွေကို သူ ပိုကြည့်လေလေ ဘာလို့ ပြဿနာတွေ ပိုများလာလေလေ ဖြစ်နေရတာလဲ။

သူ အနီးကပ် ပိုပြီး စစ်ဆေးကြည့်ချင်ခဲ့သည်။ သို့သော်လည်း ဂိမ်းပွဲက ပြီးသွားခဲ့ပါပြီ။ အချိန်အများစုမှာ ၄-၀-၅ ဖြစ်သော်လည်း အဖွဲ့သားများက တော်တာကြောင့် မာယန်တို့အဖွဲ့ နိုင်သွားပါသေးသည်။

မာယန်က နားကြပ်ဖြုတ်ပြီး စိတ်ကျေနပ်သွားသည်။ "ဆက်တိုက်နိုင်ပွဲကွ"

"အရင်တစ်ခေါက်က အထူးလေ့ကျင့်ရေးက ငါ့ကို တော်တော် တိုးတက်သွားစေခဲ့တာ။ အခုတော့ ကျပန်းကစားသမားတွေကို ဆက်တိုက် အနိုင်ယူနိုင်နေပြီ"

ဘေးနားက ဝန်ထမ်းတွေလည်း ကပ်ဖားလျက်ဖားဖြင့် လက်ခုပ်တီးလိုက်ကြပါသည်။

"ဘော့စ်မာက အများကြီး တိုးတက်သွားတာပဲ"

"တကယ်တော့ ဘော့စ်မာရဲ့ စကေးက အစကတည်းက ကောင်းတာပါ။ အသင်သား ကောင်းကောင်းနဲ့ မတွေ့ခဲ့လို့သာ"

"ဒီတစ်ပွဲအတွက် ဘော့စ်မာ MVP မရခဲ့ပေမယ့် ကျွန်တော်တို့နိုင်ပွဲအတွက် အကြီးမားဆုံး ကဏ္ဍကနေ ပါဝင်နေတယ်" ဖေးချမ့် ဆက်လက် တိတ်ဆိတ်နေခဲ့ပါသည်။

မာကြီး မင်း ကပ်ဖားလျက်ဖားကောင်တွေချည်းပဲ အလုပ်ခန့်ထားတာပါလား... ဆက်ပြီးတောင် နားမထောင်နိုင်တော့ဘူး။ ထားလိုက်ပါတော့။ ငဖားတွေက အရေးမကြီးဘူး။

GOG ပြဿနာကို အရင်ဖြေရှင်းရမယ်။

ဖေးချမ့် အနည်းငယ် ဆွံ့အသွားသည်။ လီယာ့တာနဲ့ ပေါင်ရှုတို့က US ကို ခရီးသွားနေကြတာ မဟုတ်ဘူးလား။

အဝေးကြီးရောက်နေတာတောင် ငါ့ကို ဘယ်လိုဖြစ်လို့ ပြဿနာတွေ ထပ်ပေးနိုင်ကြသေးတာလဲ။ ဒါမှမဟုတ် မသွားခင်ကတည်းက မိုင်းထောင်ခဲ့တာလား။

ကံကောင်းလို့ ဒီနေ့ မာကြီးဆီက မှတ်စုလာတောင်းဖို့ စိတ်ကူးရလို့ပေါ့။ မဟုတ်ရင် ငါ့ကို ဘယ်လောက် လျှို့ဝှက်ထားကြမှန်း သိမှာမဟုတ်ဘူး။

ဂိမ်းနဲ့ပတ်သက်ပြီး ဖေးချမ့် မေးမြန်းချင်သော်လည်း စိတ်ပြောင်းလိုက်ပါသည်။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကုမ္ပဏီမှ ဒီရင်းနှီးမြှုပ်နှံမှုဝန်ထမ်းတွေက GOG အကြောင်း ဘာသိကြမှာလဲ။

ထားလိုက်ပါတော့။ သူကိုယ်တိုင်ပဲ အဖြေကို ရှာပါမည်။

တစ်ယောက်ယောက်က ဘော့စ်ဖေးထိုင်ဖို့အတွက် မာယန်ဘေးသို့ ခုံတစ်ခုံ ဆွဲပေးလိုက်ပါသည်။ ဖေးချမ့်က ချောင်းအနည်းငယ် ဆိုးပြလိုက်၏။ "မင်း ယူလာလား"

မာယန် အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ယူလာတယ် ညီကိုချမ့်။ သေချာသိမ်းထားပါ"

ပြောရင်းဆိုရင်းနဲ့ အံဆွဲထဲက သာမန် အဖုံးမာ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပါသည်။

ဖေးချမ့်လည်း ယူပြီး သူ့ယာဉ်မောင်းကို စွန်းလေးကို လှမ်းပေးလိုက်ပါသည်။ စွန်းလေးက ဒီအဖုံးမာစာအုပ်ကို သူ့လုပ်ငန်းအိတ်ထဲ ထည့်လိုက်သည်။ ဘယ်သူမှ စာအုပ်ကို မကြည့်ကြပါ။

ဒီစာအုပ်ထဲမှာ ဘာတွေများပါနေမလဲ။

လျှို့ဝှက်အချက်အလက်တချို့ ဖြစ်နိုင်ပါသည်။

မဟုတ်ပါက ဘော့စ်ဖေးကိုယ်တိုင် ရောက်လာပြီး ဘော့စ်မာဆီက တောင်းပါ့မလား။

ဖေးချမ့်က မိတ္ထူဆိုင်တစ်ဆိုင် သွားပြီး မိတ္ထူကူးကာ လာမယ့်စာမေးပွဲနီးမှ မှတ်စုတွေကို မှတ်ဖို့ စီစဉ်ထားပါသည်။

သို့သော်လည်း လောလောဆယ် အရေးကြီးဆုံး ပြဿနာက GOG ဖြစ်သည်။

"ငါတို့တွေ အတူတူ မကစားဖြစ်တာတောင် ကြာပြီ။ တစ်ပွဲလောက် ကစားကြမလား" ဖေးချမ့်အကြံပြုလိုက်သည်။

မာယန်လည်း ဝမ်းသာသွားပါသည်။ "ဒါပေါ့ ညီကိုချမ့် ငါ့အထူးလေ့ကျင့်ရေးရဲ့ ရလဒ်တွေကို ပြမယ်"

ဖေးချမ့် တိတ်ဆိတ်သွားသည်။ မာယန်၏ အထူးလေ့ကျင့်ရေးကို သူ တော်တော် သံသယဝင်မိပါသည်။

မာယန်လို ငပျင်းမျိုးက ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုကျော်နိုင်သည့် ပရော်ဖက်ရှင်နယ်ကစားသမား ၄ ယောက်နဲ့ အတူတူ တကယ် တိုးတက်နိုင်သည့်နေ့က အနောက်အရပ်မှ နေထွက်မည့်နေ့ ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်၏ ရည်ရွယ်ချက်က GOG ၏ လက်ရှိအခြေအနေကို စစ်ဆေးဖို့ ဖြစ်ပါသည်။

အချိန်တိုအတွင်း ကစားသမား ၁၀ ယောက် ရွေးချယ်မှု မျက်နှာပြင်သို့ ရောက်သွားကြသည်။

တောက်တောက်ပပဟီးရိုးတွေအများကြီးကိုမြင်လိုက်ရသောအခါ ဖေးချမ့် အနည်းငယ် လမ်းပျောက်သွားပါသည်။ အမှန်ပင်။ ဆယ်ဂဏန်းကျော်သာ ရှိပြီး ထင်သလောက်တော့ မများပေ။ ဂိမ်းကလည်း ဖန်တီးဆဲကာလမှာသာ ရှိသေးတာကြောင့် ဖြစ်သည်။

သို့သော်လည်း ဒီဟီးရိုးတွေကို ဖေးချမ့်တစ်ခါမှ မကစားဖူးသဖြင့် ဘယ်ကောင် ရွေးရမလဲ လမ်းပျောက်နေပါသည်။

ဖေးချမ့် ဟီးရိုးတွေကို တစ်ကောင်ချင်း နှိပ်ကြည့်လိုက်ပြီး ၎င်းတို့၏ စကေးနဲ့ မိတ်ဆက်စာများကို ဖတ်ကြည့်လိုက်သည်။

တရားမျှတမှု၏ကာကွယ်သူ မော့ဒက်စ်အောက်တွင် စာကြောင်းတစ်ကြောင်းကို ဖေးချမ့် သတိထားမိသွားသည်။ 'ထန်းတာ့ဂိမ်း၏ ဒီဇိုင်နာချုပ်ဖြစ်သော ဘော့စ်ဖေးအား ဂုဏ်ပြုသည့်အနေဖြင့် ဒီဟီးရိုးကို အသုံးပြုချင်ပါသည်'

ဟင်...

ဖေးချမ့် အနည်းငယ် မြောက်သွားမိ၏။

ဒီလို အမှတ်တမဲ့ ချီးကျူးခံရခြင်းက အမြဲတမ်း သည်းမခံနိုင်စရာ ဖြစ်သည်။

ငါ့ကိုယ်ပိုင်ဟီးရိုးဆိုတော့ သုံးကြည့်ရသေးတာပေါ့။

ဖေးချမ့် တွန့်ဆုတ်မနေတော့ဘဲ တရားမျှတမှု၏ ကာကွယ်သူ မော့ဒက်စ်ကို ရွေးလိုက်သည်။

ရွေးပြီးနောက် ဟီးရိုး၏ ကျောနောက်ဘက်မှာ လက်နက်တွေ အများကြီး ရှိနေတာကို မြင်လိုက်ရသည်။ သူ့မှာ ဘာလို့ လက်နက်တွေ အများကြီး ရှိနေတာလဲ။ ဓားတို၊ သေနတ်၊ ဓားရှည်တွေအပြင် ခက်ရင်းခွနဲ့ တံမြက်စည်းတွေပါ ပါလာသည်။

ဒါ ဘာသဘောလဲ။

သူများတွေရဲ့ Babylon ဂိတ်က ဟင်းလင်းနယ်ထဲမှာရှိနေပြီး အချိန်မရွေး ဆင့်ခေါ်နိုင်တာမျိုး။ ငါ့ Babyon ဂိတ်ကျတော့ ဘာလို့ ကျောဘက်မှာ ရှိနေတာလဲ။

သူများတွေရဲ့ သံပလ္လင်ကလည်း တင်ပါးအောက်မှာ ရှိနေကျ မဟုတ်ဘူးလား။ ငါ့ကျတော့ ပခုံးပေါ်ကို ဘာလို့ ရောက်နေရတာလဲ။

ဒီအပိုင်းကို သေချာမစဉ်းစားကြဘူးလား။

မာယန်က ဖေးချမ့်ဘက်ကို လှည့်လာပြီး မေးခွန်းတစ်ခုမေးလိုက်ပါသည်။

"အာ... ညီကိုချမ့်။ ဒင်္ဂါးကြဲဖြူကောင် ကိုင်မလို့လား"

ဖေးချမ့် ဆွံ့အသွား၏။

ငါ့ကို လာဝေဖန်နေတာလား။ ဖေးချမ့် မျက်နှာ မှောင်မိုက်သွား၏။ "ဒင်္ဂါးကြဲဖြူကောင်ဆိုတာ ဘာလဲကွ။ ငါ့က တရားမျှတမှုရဲ့ ကာကွယ်သူ မဟုတ်ဘူးလား"

မာယန် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။ သူက တရားမျှတမှုရဲ့ ကာကွယ်သူပါ"

"ဒါပေမယ့် သူ့ကို ဖြူကောင်လိုမျိုး ဒီဇိုင်းဆွဲထားတာလေ။ ပြီးတော့ နောက်ကျောကို ဓားထိုးခံရရင် ဒင်္ဂါးတွေ ကြဲတတ်တယ်။ တကယ်ကိုင်လို့ကောင်းတဲ့ ဟီးရိုးပါ"

ဖေးချမ့် ဆွံ့အသွားသည်။

အခု ဒီဟီးရိုးကို ဘယ်သူ ဒီဇိုင်းဆွဲတာလဲ သူ သိချင်သွားပါပြီ။ တခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ ထိုဒီဇိုင်နာအား အမြင်ကျယ်စေဖို့ ဆာဟာရာကန္တာရ၊ အန္တာတိကနဲ့ အရှေ့အာဖရိကရှိ အပူပိုင်းမုတ်သံတောများသို့ ခရီးသွားခွင့်ပေးဖို့ ဖြစ်ပါသည်။

All Chapters