ရက်စက်ရင် အပြစ်မတင်ပါနဲ့
Vol. 25 Ch. 372
ဖေးချမ့် ဒီကောက်ချက်ချမှုကို လက်မခံနိုင်ပါ။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ အဓိပ္ပာယ်မရှိဘူး။ ငါ အပြောင်းအလဲ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။
မာယန်ကို ဂိမ်းတွေ ဆက်ကစားခိုင်းထားပါက ဟဲသယ်ရှန်းတို့ကလည်း GOG ကိုအဆင့်မြှင့်တင်ဖို့ အကြံပြုချက်များ ဆက်ပေးကြလိမ့်မည်။ ထို့နောက် အခြေအနေက ဖေးချမ့် ထိန်းမနိုင်သိမ်းမရသည့် အဆင့်အထိ ရောက်လာပါလိမ့်မည်။
မာကြီးကို အလုပ် တစ်ခုခု ပေးရမည်။
အနည်းငယ်စဉ်းစားပြီးနောက် ဖေးချမ့်အတည်ပေါက် လေသံဖြင့် ပြောလိုက်သည်။ "မာကြီး ဂိမ်းတွေ ထပ်မဆော့နဲ့တော့"
ဟဲသယ်ရှန်းနဲ့ တခြားသူတွေကိုလည်း လှည့်ပြောလိုက်သည်။
"မင်းတို့ကောပဲ။ ဘော့စ်မာနဲ့ မင်းတို့ ဂိမ်းဆော့ခွင့် မရှိတော့ဘူး" ဟဲသယ်ရှန်း၏ မျက်နှာ အရောင်အသွေးများ ပျောက်ကွယ်သွားသည်။
ဘာဖြစ်တာလဲဟ။ ငါ့အကူအညီက ပြောင်းပြန် သက်ရောက်မှု ဖြစ်သွားခဲ့တာလား။ ငါတို့အကြံပြုချက်တွေ မကောင်းလို့လား။ ဘော့စ်ဖေး စိတ်ထဲက ဒီဇိုင်း Concept နဲ့ ကိုက်ညီမှု မရှိလို့လား။
ဒါမှမဟုတ် ငါတို့ အလုပ်ကို အတည်တကျ မလုပ်လို့ ဘော့စ်ဖေး မကြိုက်တာလား။
ရုံးထဲက အခြေအနေ ချက်ချင်းပဲ တင်းမာသွားခဲ့သည်။
သူတို့ ဂိမ်းထပ်ဆော့လို့ မရတော့တာ ကိစ္စမရှိပေ။ သို့သော်လည်း ဘော့စ်ဖေး သူတို့ကို မကောင်းမြင်သွားမှာာ အားလုံး ပိုစိုးရိမ်ကြပါသည်။
ဖေးချမ့်က ဆက်ပြောလိုက်၏။ "မကြာခင် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ငွေတွေ ထပ်ပို့ပေးလိုက်မယ်။ ငါတို့ထောက်ပံ့ပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေအကြောင်း စဉ်းစားကြတော့"
ရုံးထဲကလူတွေ သိသိသာသာ စိတ်အေးသွားကြပါသည်။
ခုနက သူ့အပြုအမူအတွက် ဟဲသယ်ရှန်း ရှက်ရွံ့သွားမိသည်။
ငါဘာတွေ စဉ်းစားနေတာလဲ။ ဘော့စ်ဖေးက အဲ့လောက် သဘောထားသေးသိမ်တဲ့လူမို့လို့လား။
ကြည့်ပါဦး။ ဘော့စ်ဖေးက ဒေါသတောင် မထွက်ဘူး။ တကယ်တော့ ငါတို့ကို ဆုတောင် ချနေတာ။
ခုနက ဟဲသယ်ရှန်း စဉ်းစားမိခဲ့သည့် အကောင်းဆုံး ရလဒ်မှာ လစာတိုးပေးခံရဖို့ဖြစ်သည်။
သို့သော်လည်း ဘော့စ်ဖေးက ယခု အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ငွေတွေအများကြီး ထပ်ပေးနေသည်။ ဒါက လစာတိုးတာထက်တောင် ပိုကောင်းပါသည်။
ဟဲသယ်ရှန်း ဘာတွေ တွေးနေသလဲ ဖေးချမ့်ကတော့ မသိပေ။ သို့သော်လည်း ဟဲသယ်ရှန်း ဘာပဲ တွေးနေ တွေးနေ သူ့အတွေးနဲ့တော့ အလွန် ခြားနားမှန်း ဖေးချမ့် သိပါသည်။
အရင်တစ်ခေါက်က ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ဖေးချမ့် အလုပ်မပေးဘဲ ခဏလောက် ပစ်ထားဖို့ စီစဉ်ထားခဲ့သည်။
သို့သော်လည်း အလုပ်မရှိအကိုင်မရှိ ဝန်ထမ်းတွေက GOG အတွက် အလုပ်လုပ်ပေးနေကြတာကို ဖေးချမ့် သိလိုက်ရပါသည်။ အလွန် အန္တရာယ်များလွန်းသည်။
သူတို့ကို အလုပ် တစ်ခုခု ပေးမှ ရပါတောမ့ည်။
ဘော့စ်ဖေးမှာ ငွေပိုငွေလျှံသိပ်မရှိတော့သော်လည်း ထန်းတာ့၏ လုပ်ငန်းများက အတော်လေး ကြီးမားနေပြီဖြစ်သည်။ နောက်ထပ် ယွမ် ၃ သန်း ၄ သန်းလောက် ထုတ်ဖို့က ပြဿနာ ကြီးကြီးမားမား မရှိလောက်ပေ။
သို့သော်လည်း IOI တွင် မာယန်၏ ရင်းနှီးမြှုပ်နှံမှု ရလဒ်က ထွက်မလာသေးပါ။ လောလောဆယ် မာယန်ကို ထပ်ယုံကြည်ဖို့ ဖေးချမ့် အခက်တွေ့နေဆဲ ဖြစ်သည်။
ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုကို ဖေးချမ့်ကိုယ်တိုင် ကိုင်တွယ်ရပါမည်။
မာယန်က အားတက်သရော ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ပြီ ညီကိုချမ့် ကိစ္စမရှိဘူး အဲ့ငွေကို တတ်နိုင်သမျှ အမြန်ဆုံး သုံးလိုက်မယ်"
ဖေးချမ့် မျက်နှာ မှောင်မိုက်သွားသည်။ "မလုပ်နဲ့ မလုပ်နဲ့ ဒီတစ်ခေါက် အရမ်းကြီး မလောနဲ့"
"ခဏလောက် အချိန်ယူပြီး စုံစမ်းကြည့်ပါဦး။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ပရောဂျက်တွေ ဆက်ရှာ။ ငါလည်း တစ်ခါတလေ လာခဲ့မယ်။ မင်းတို့ ဆုံးဖြတ်ချက်မချခင် ငါနဲ့ ဆွေးနွေးကြမယ်"
မာယန် ဇဝေဇဝါဖြစ်သွားသည်။ "ညီကိုချမ့်။ ရင်းနှီးမြှုပ်နှံမှုလုပ်စရာရှိတာကို မတွန့်ဆုတ်ဘဲ ရဲရဲတင်းတင်းလုပ်ဖို့ မင်းပဲ ငါ့ကို သင်ပေးခဲ့တာလေ။ ငါ့ကိုယ်ပိုင်အသိစိတ်နဲ့ ငါသဘောကျပြီး ယုံကြည်တဲ့ ပရောဂျက်တိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။”
ဖေးချမ့် လည်ချောင် ၂ ခေါက်လောက် ရှင်းလိုက်၏။ "ဟဲဟဲ... အရင်က အဲ့လိုတော့ ပြောဖူးတယ်။ မင်း မှန်ပါတယ်"
"ဒါပေမယ့် အဲ့တာက မင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ အသစ်ဖြစ်နေတုန်းကလေ။ ဒီလောကထဲ ဝင်ရောက်ခါစအချိန်တုန်းကမို့လို့ပြောတာ။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ မင်းရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို လေ့ကျင့်ပေးဖို့ မတွန့်ဆုတ်ဖို့ ပြောခဲ့တာ"
"အခုတော့ အခြေအနေက မတူတော့ဘူး။ မင်းက ယွမ် သန်း ၂၀ တောင် ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံ ရှိထားပြီးသားပဲ။ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အချိန်ကျပြီ"
မာယန် သဘောပေါက်နားလည်သွားခဲ့သည်။ "ဟုတ်ပြီ ညီကိုချမ့် နောက်တစ်ဆင့်က ဘာလဲ။ ပြောပါ"
ဖေးချမ့်လည်း ခေတ္တ စဉ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "တကယ့် ပရောဂျက်နဲ့ ဆန်းစစ်မှု လုပ်ပြီး မင်းကို ပြမှရမယ်။ ငါတို့ရှေ့မှာ ပရောဂျက် မရှိဘဲ စကားနဲ့ပဲ ပြောလို့ မရဘူး။ ဒါက တစ်ယူသန် ဖြစ်သွားလိမ့်မယ်"
"ဒီလိုဆိုရင်ကော။ ငါ့ကန့်သတ်ချက်တွေအတိုင်း ကမ်းလှမ်းချက်တစ်ခုကို လက်ခံလိုက်။ အိပ်မက် အကြီးကြီးတွေ မက်တဲ့ ကမ်းလှမ်းချက်တိုင်းကို ငြင်းဆန်လိုက်"
"မင်းတို့ ဘယ်ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကို ဆွေးနွေးဖို့ နောက်တစ်ခေါက် လာခဲ့ဦးမယ်"
မာယန် ခေါင်းငြိမ့်လိုက်လေသည်။ "ဟုတ်ပြီ ညီကိုချမ့်။ ကိစ္စမရှိဘူး"
ထို့နောက် သူ့နောက်က ထောက်ပံ့ကစားသမားများဘက်သို့ လှည့်လိုက်ပါသည်။ "မင်းတို့ ကြားကြလား။ ငါတို့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ငါက မင်းတို့ရဲ့ စံပြုပုဂ္ဂိုလ်ပဲ။ အားလုံး ဂိမ်းတွေ မကစားကြနဲ့တော့"
လူတိုင်းခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ ဘော့စ်မာ"
ဟဲသယ်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။
သူ ဂိမ်းဆော့ရတာ ကြိုက်သော်လည်း သူ့ကိုယ်သူ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်မှန်းတော့ မမေ့သေးပါ။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ရောက်လာခဲ့ရခြင်းမှာ ဘော့စ်ဖေးထံမှ လက်ရွေးစင် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများကို သင်ယူဖို့ ဖြစ်သည်။
အရင်တစ်ခေါက်က ဘော့စ်မာ သန်း ၂၀ ကို အလွန် လျှင်မြန်စွာ သုံးခဲ့သည်။ သာမန် ဝန်ထမ်းတစ်ယောက် အနေဖြင့် ဘာတွေဖြစ်ခဲ့တာလဲ ဟဲသယ်ရှန်း နားမလည်နိုင်ပေ။ ဒီကာလအတွင်း ဘော့စ်ဖေး နောက်ထပ် လှုပ်ရှားမှု တစ်ခု လုပ်ပါစေဟု ဟဲသယ်ရှန်း ဆက်တိုက် ဆုတောင်းနေမိပါသည်။
အခုတော့ အခွင့်အရေးတစ်ခု ရလာခဲ့လေပြီ။
ရင်းနှီးမြှုပ်နှံမှုအရှင်သခင် ဘော့စ်ဖေး ဘယ်လို ပရောဂျက်မျိုးမှာ ငွေတွေလောင်းထည့်မလဲဆိုတာကို သူစိတ်ဝင်စားလာပါသည်။
သူ မြင်ရဖို့ မစောင့်နိုင်တော့ချေ။
ဒီဇင်ဘာလ ၃၀ ရက်နေ့။ ကြာသပတေးနေ့...
နှစ်သစ်ကူးအားလပ်ရက် နီးကပ်လာခဲ့လေပြီ။ စာမေးပွဲ အပတ်တွေလည်း သိပ်မလိုတော့ပေ။
ဖေးချမ့် တစ်ညလုံး မာယန်၏ မှတ်စုများကို ကျက်မှတ်ဖို့ ကြိုးစားခဲ့သည်။ မနက်ဘက် နိုးလာတော့ ခေါင်းတွေ လေးလံနေပါသည်။
ယွီသရေစာမှ အစားအသောက်တွေ မှာယူပြီးနောက် ဖေးချမ့် ဘယ်ဘက် မျက်ခွံလှုပ်သွားပါသည်။
"ဘယ်ဘက်မျက်ခွံ လှုပ်ရင် ကံကောင်းတာ။ ညာဘက်မျက်ခွံ လှုပ်ရင် ကံဆိုးတာ... ဟာ မဟုတ်ဘူး တစ်ခုခုတော့ လွဲနေပြီ"
ဖေးချမ့် ချက်ချင်းပဲ သတိကြီးသွားခဲ့သည်။
သူ့စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီး မှတ်စုစာအုပ်လေးကို ထုတ်လိုက်သည်။ ထို့နောက် ပြဿနာတက်နိုင်ခြေရှိသည့် လုပ်ငန်းများကို စစ်ဆေးကြည့်လိုက်ပါသည်။
သူ အတော်လေး အယူသီးနေမှန်း ကိုယ့်ကိုယ်ကို သိသော်လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ခြင်းက လိုအပ်ချက်တစ်ခုဖြစ်သည်ဟူသည့် ဆိုရိုးစကားတစ်ခုလည်း ရှိသည်။ ဖေးချမ့် ဝီရိယရှိရှိနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေတာ ဘာမှ ပြဿနာ မရှိပါ။
သူ့လက်ထဲက လုပ်ငန်းတိုင်းကို ဖေးချမ့် ခပ်မြန်မြန် ပြန်စဉ်းစားကြည့်လိုက်ပါသည်။
ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းရှိ ခေါင်းဆောင်များက US ကို အားလပ်ရက်ခရီး ထွက်သွားကြသည်။ ထို့ကြောင့် ပြဿနာက ထိုပရောဂျက်များနဲ့တော့ မသက်ဆိုင်ပေ။
သရဲအိမ်အတွက် လုပ်ငန်းများက စတောင် မစရသေးပါ။ စဖို့လည်း ပလန်တစ်ခုတောင် မရှိသေးပါ။ ဒီပရောဂျက်၏ ခေါင်းဆောင် ၂ ယောက် ဘယ်လောက် အသုံးမကျလဲဆိုတာကို မြင်သဖြင့် ဒီပရောဂျက်လည်း ပြဿနာ မရှိကြောင်း ဖေးချမ့် ခန့်မှန်းလိုက်သည်။
ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောင်ရေးလုပ်ငန်းများကလည်း ပုံမှန် အရှုံးပေါ်နေသည်။ ဖေးဟွမ်လုပ်ငန်းကလည်း ရိုက်ကူးရေး လုပ်နေဆဲ ဖြစ်သည်။ ပြဿနာ တက်နိုင်ခြေရှိသည့် ပရောဂျက်များကို ဖေးချမ့် စစ်ထုတ်ကြည့်လိုက်ရာ ROF နဲ့ ယွီအင်တာနက်ကဖေးတို့သာ ကျန်ပါတော့သည်။
ROF က သိပ်မကြာသေးခင်ကမှ ဖေးချမ့်ကို ရိုက်ချက်ပြင်းပြင်းနဲ့ ရိုက်ခဲ့တာ ဖြစ်သည်။ အတော်လေး သံသယဖြစ်ဖွယ်ရှိသည့် လုပ်ငန်း ဖြစ်သည်။
သို့သော်လည်း ဖေးချမ့်က အပြစ်မရှိသူကို မှားယွင်း စွပ်စွဲတာမျိုးလည်း မဖြစ်စေချင်ပေ။ ထို့ကြောင့် ကျန်းယွမ်ကို ဖုန်းဆက်ပြီး စစ်ဆေးဖို့ အရင်ကြံလိုက်ပါသည်။
"ဟယ်လို ဘော့စ်ဖေးလား" ကျန်းယွမ်အသံက အတော်လေး ပင်ပန်းနေသည့်ပုံပင်။
ဖေးချမ့် ချက်ချင်းပဲ သတိကြီးသွားလေသည်။ သူ မေးလိုက်၏။ "မင်းအသံက ပင်ပန်းနေတဲ့ပုံပါလား"
ကျန်းယွမ် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် ဘော့စ်ဖေးရေ။ ကျွန်တော်တို့ အခုတလော အော်ဒါတွေ တင်ရင်း အလုပ်များနေကြတာ။ အစိတ်အပိုင်းတွေကို အချီကြီးဝယ်ဖို့က မလွယ်ဘူးဗျ။ ဒါပေမယ့် စိတ်မပူနဲ့ ဘော့စ်ဖေး။ ကျွန်တော်တို့ ပြီးခါနီးပါပြီ"
ဖေးချမ့် ထပ်မေးလိုက်ပါသည်။ "ROF ရောင်းအားတွေက ဘယ်လိုလဲ"
ကျန်းယွမ်ပြုံးကာ ပြန်ဖြေလိုက်သည်။ "သြော် စိတ်ချပါ ဘော့စ်ဖေး အားလုံး အဆင်ပြေနေပါတယ်"
"မူလစျေး ပြန်သတ်မှတ်လိုက်မယ်ဆိုရင် ရောင်းအား ထိခိုက်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် အဲ့လို မဖြစ်ခဲ့ဘူး"
"ရောင်းအားနည်းနည်းကျသွားပေမယ့် စျေးနှုန်းကို တိုးလိုက်တော့ ယူနစ်တစ်ခုကို အမြတ်များများ ပိုရတာပေါ့။ အဲ့တာကြောင့် အမြတ်အစွန်းတွေကတော့ အရင်အတိုင်းပဲ ရနေတုန်းပါပဲ"
"ကြည့်ရတာ ROF ဘရန်းက စျေးကွက်ထဲမှာ အတော်လေး နာမည်ကြီးနေပြီထင်တယ်။ ကျွန်တော်တို့ အနည်းနဲ့ အများ နာမည်ရအောင် လုပ်နိုင်ခဲ့ပြီ။။ ကျွန်တော်တို့ စနစ် ယူနစ်တွေကို ဝယ်ယူနေတဲ့ လူတွေပုံမှန်ရှိလာပြီ"
"ကျွန်တော် ဘာမဟုတ်တာလေးအတွက် စိတ်ပူခဲ့မိတာပဲ ဘော့စ်ဖေး။ ဘော့စ်ဖေးက အားလုံး စီစဉ်ထားပြီးသားပဲ"
"ROF ငွေတွေအကုန်လုံးကို ဘော့စ်ဖေး ညွှန်ကြားထားတဲ့အတိုင်းပဲ ဂိုထောင်တွေဖြည့်ဖို့ ပြန်သုံးလိုက်ပါပြီ။ အခု ယွီအင်တာနက် ကဖေးနားရ ဖြန့်ချီအမှတ်တွေမှာတောင် ဖြည့်ပြီးသွားပြီ။ ဂိုထောင်တွေလည်း အနည်းနဲ့အများ ပြည့်နေပြီ။ မှာထားတဲ့ နောက်တစ်သုတ် ရှိသေးတယ်"
"လေဆန်ပို့ဆောင်ရေးက ညီကိုတွေကို ခက်ခက်ခဲခဲ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ ဒီတစ်ခေါက် ကုန်စည်တွေအတွက် ဘာမှစိတ်ပူဖို့ မလိုတော့ဘူး"
"ကျွန်တော်တို့ နှစ်သစ်ကူးအားလပ်ရက်မှာ အော်ဒါတွေ အများကြီးရရင်တောင် အဲ့နေ့မှာ ကတ်စတမ်မာတိုင်းအတွက် ပို့ဆောင်ပေးဖို့ ကျွန်တော်တို့ ဂိုထောင်တွေမှာ အပြည့် ရှိပါတယ်"
ဖေးချမ့် နှုတ်ခမ်းတွန့်သွားသည်။ တစ်ခုခုတော့ တကယ်လွဲနေပါပြီ။
မူလစျေးအတိုင်း ပြန်သတ်မှတ်ပြီးတာတောင် လူတွေက စနစ်ယူနစ်တွေ ဝယ်နေကြတုန်းပဲလား။
အဲ့တာ ဆိုးရွားတာ မဟုတ်ဘူးလား။ ကွန်ပျူတာ တစ်လုံး ရောင်းနိုင်ရင် ငါပိုက်ဆံတွေ ပိုရနေပြီလေ။
ကျွန်ပျူတာတွေကို မူလစျေးအတိုင်း ပြန်သတ်မှတ်လိုက်ပြီဖြစ်ကာ အခုဆို ယခင်ကထက် ယွမ် ၃၀၀ - ၄၀၀ လောက် ပိုစျေးကြီးနေပြီ ဖြစ်သည်။ လူတွေ ဝယ်ဖို့ စိတ်ပါနေဦးမည်ဟု ဖေးချမ့် မထင်ထားခဲ့ပါ။
သို့သော်လည်း ထပ်စဉ်းစားကြည့်သောအခါ အဓိပ္ပာယ်တော့ ရှိပါသည်။
ROF ရဲ့ ပစ်မှတ်ထားသည့် ဖောက်သည်တွေက ဘယ်သူလဲ။ အဆင်ပြေချောမွေ့မှုကို လိုချင်သူတွေသာ ဖြစ်သည်။
ကိုယ့်ကွန်ပျူတာကိုယ် ဆင်နိုင်သည့်လူတွေက ROF စနစ်ယူနစ်များကို ဝယ်ယူဖို့ စဉ်းစားကြမှာ မဟုတ်ပေ။ စန်စယူနစ်တစ်ခုလုံး၏ ကုန်ကျစရိတ်က အစိတ်အပိုင်းအားလုံးပေါင်းထက် နည်းနေရင်တော့ စဉ်းစားချင် စဉ်းစားကြလိမ့်မည်။ သို့သော်လည်း ဒီလိုအခြေအနေမျိုးက ဖေးချမ့် ရည်ရွယ်ချက်ရှိရှိ အရှုံးပေါ်အောင် ပရိုးမိုးရှင်းတွေ ဆင်းမှ ဖြစ်နိုင်ပါလိမ့်မည်။
သို့သော်လည်း လက်ရှိပြဿနာမှာ ပရိုမိုးရှင်းတွေ အများကြီးဆင်းပြီးသောအခါ ROF က အွန်လိုင်းပေါ်မှာ နာမည်အလွန်ကြီးလာပြီဖြစ်သည်။ အထူးသဖြင့် ကျင်းကျိုးမြို့မှာ ဖြစ်ပါသည်။
ROF ကွန်ပျူတာများကို ဝယ်ယူခဲ့သူတွေက ၎င်းတို့၏ ထုတ်ကုန် အရည်အသွေးများကို မြင်တွေ့ပြီးကြပြီဖြစ်သည်။
အစိတ်အပိုင်းအားလုံးက အရည်အသွေးကောင်းမွန်သည်။ တပ်ဆင်မှုက ရှင်းလင်းပြီး ဘာဟာကွက်မှမရှိပေ။ ပို့ဆောင်မှုကလည်း မြန်ဆန်ကာ ပြဿနာတိုင်းကို အိမ်တိုင်လာရောက်ပြုပြင်ပေးနိုင်သည်။
ROF က ကျင်းကျိုးမြို့ရှိ တခြားဘရန်းများစွာထက် ပိုမိုအဆင်ပြေချောမွေ့ပါသည်။ ထို့ကြောင့် တချို့တွေက ၎င်းတို့၏ မိတ်ဆွေများကို ROF ဘရန်းများအကြောင်း ပြန်ညွှန်းပေးလေ့ ရှိကြသည်။
ဒီလိုနဲ့ ROF နာမည်ကြီးလာခဲ့ပါသည်။
ကိုယ်တိုင်ကွန်ပျူတာ မတပ်ဆင်တတ်သည့် လူတွေက ROF စနစ်ယူနစ်များကို ယွမ် ၃၀၀ - ၄၀၀ လောက် ပိုများနေရင်တောင် ဝယ်ယူချင်စိတ်များ ဖြစ်ပေါ်လာပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် နောက်ထပ် ပရိုမိုးရှင်းက ဘယ်တော့မှ လာမယ်မှန်း ဘယ်သူမှ မသိနိုင်ကြပေ။ ထို့အပြင် ကွန်ပျူတာတစ်လုံးလို အရေးကြီးသည့် အရာတစ်ခု အဆင်ပြေဖို့အတွက် ငွေပိုသုံးရခြင်းက တရားလွန်သည်ဟု သတ်မှတ်၍ မရနိုင်ပါ။
ဒါက နာမည်ကြီးလာရသည့်အတွက် ဆိုးကျိုးတစ်ခု ဖြစ်သည်။ ကတ်စတမ်မာတွေက စျေးနှုန်းလေး နည်းနည်း တက်ရင်တောင် ဂရုမစိုက်ကြတော့ပေ။
ဒီဘရန်းက ကိုယ်ပိုင် ပရီမံယံဘရန်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီလား။
ဖေးချမ့် အနည်းငယ် ချောက်ချားသွားရသည်။
ဒီတိုင်းသာဆက်သွဦးလျှင် သတင်းဆိုးတွေ ထွက်လာပါတော့မည်။ ဖေးချမ့် တစ်ခုခုအမြန် စဉ်းစားရမည်။ သူ ခဏလောက် ဆက်လက် တိတ်ဆိတ်သွားကာ မေးလိုက်ပါသည်။
"နေ့လည်ကျရင် အချိန်ရှိလား။ ငါဂိုထောင်ကို စစ်ကြည့်ချင်လို့"
ကျန်းယွမ် ချက်ချင်းပြန်ဖြေလိုက်ပါသည်။ "ရှိပါတယ် ဘော့စ်ဖေး ဘယ်ချိန်လောက် လာခဲ့မလဲ"
ဖေးချမ့် သူနာရီကို လှမ်းကြည့်လိုက်သည်။ "နေ့လည် ၃ နာရီလောက်ဆို ဂိုထောင်ကိုရောက်မယ်"
ကျန်းယွမ်ပြန်ဖြေလိုက်၏။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကိစ္စမရှိဘူး ကျွန်တော် ဂိုထောင်မှာ ဘော့စ်ဖေးကို လာကြိုလိုက်မယ်" ဖုန်းချပြီးနောက် ဖေးချမ့် ရင်ထဲတွင် သက်ပြင်းချလိုက်မိပါသည်။
သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ပါ။ ကိစ္စတွေက စတင်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါပြီ။ သူ့ရဲ့ လူသတ်လက်နက်ကို စတင်သုံးစွဲရတော့မည်။
ဖေးချမ့်က ငွေစာရင်းရှင်းချိန်ရောက်ဖို့ ၃ လလောက် လိုသေးသော်လည်း ROF ၏ ကွန်ပျူတာတပ်ဆင် လုပ်ငန်းက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အမြတ်များ ယူဆောင်လာပေးနေသည်။ ကြည့်ရတာ ဒီလုပ်ငန်းက ပိုမို တိုးတက်လာဖို့သာ ရှိသည့်ပုံစံပင်။
ဖေးချမ့်တစ်ခုခုမလုပ်ပါက အခြေအနေတွေ ၃ လအတွင်းမှာ ပေါက်ကွဲထွက်လာနိုင်ပါသည်။
ပြဿနာတချို့ကို သူကြံစည်ရတော့မည်။
ဖေးချမ့် ရင်ထဲမှာပြောလိုက်သည်။ "ကျန်းယွင်၊ ငါရက်စက်တဲ့အတွက် အပြစ်မတင်ပါနဲ့။ နောက်ပိုင်း အလျော်ပေးတဲ့အနေနဲ့ ဘောနပ်စ်များများ ပြန်ပေးပါ့မယ်...."
ထို့နောက် ဖေးချမ့် စွန်းလေးကို ဖုန်းဆက်ခဲ့သည်။
"ငါ့ကို နေ့လည်ခင်းကျရင် ဂိုထောင်ဆီ လိုက်ပို့။ ရုံးက ထန်ယီရှုကိုပါ သွားခေါ်လာခဲ့"