← Chapters

ရွှေအမြုတေအောက်မှာ နံပါတ်တစ်

Vol. 31 Ch. 452

ရွှေအမြုတေအောက်မှာ နံပါတ်တစ်

Vol. 31 Ch. 452

ပြိုင်ဘက်ကင်းသည်..

အဝေးကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများအားလုံးသည် သူတို့မျက်လုံးများထဲမှာ မယုံကြည်နိုင်မှုအပြည့်၊ ပါးစပ်အဟောင်းသားနှင့် အတန်ကြာသည့်အထိ ငူငိုင်နေကြ၏။

ပြိုင်ဘက်ကင်းစွမ်းပကားနှင့်အတူ.. ဤလူက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများ အားလုံးကို သူတစ်ယောက်တည်းနှင့် ဖိနှိမ်ခဲ့လေသည်။

သူ၏ ခန့်ညားထည်ဝါမှု အရှိန်အဟုန်သည် ရှေးဟောင်းခေတ်က ဧကရာဇ်များနှင့်ပင် နှိုင်းယှဉ်၍ ရနေလေပြီ။

ချိတ်ပိတ်ထားသူများသည် ဒေါသူပုန်ထသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထလာကြ၏။ လူသားဧကရာဇ်နန်းတော်နှင့် နီးကပ်လာသောအခါ သူတို့၏ မျက်နှာများက ညိုမည်းလာပြီး သူတို့၏ အော်ရာများက အတောမတတ် မြင့်တက်လာကြလေသည်။

လူတိုင်းသည် အခြေအနေအပေါ် မှားယွင်းတွက်ဆခဲ့မိကြ၏။

ဆူဇီမိုသည် အထွတ်အထိပ်ဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ အင်အားတိုက်ခိုက်မှုကို ခံယူပြီးတာတောင် ဤမျှကြောက်စရာကောင်းသည့် ခွန်အားကျန်ရှိနေဦးမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများနှင့် ဆူဇီမို၏ တိုက်ပွဲက ပြောပြနေသည်မှာ ကြာသည်ဟု ထင်ရသော်လည်း တစ်ကယ်တော့ အရာအားလုံးက အသက်ဆယ်ရှိုက်စာအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။ သူတို့ သတိဝင်လာသည့်အချိန်မှာ အချို့ပြိုင်စံရှားများက နေရာမှာပင် ပွဲချင်းပြီး စင်းကုန်ကြပြီဖြစ်ပြီး သူတို့ထဲမှ ထက်ဝက်လောက်က အပြင်းအထန်ဒဏ်ရာ ရကုန်ကြပြီ ဖြစ်လေသည်။

ဆုံးရှုံးမှုက အရမ်းကို ကြီးမားပြီး နောင်တရဖို့အတွက်တောင် နောက်ကျကုန်ပြီ ဖြစ်လေသည်။

တိုက်ပွဲမြေတွင်..

ရင်သပ်ရှုမောဖွယ်ရာပုံစံနှင့် ဓါးတစ်လက်က ပျံသန်းလာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်၍ အလွန်တရာမြန်ဆန်ကာ ချက်ချင်းဆိုသလို ရောက်ချလာလေသည်။

ဆူဇီမိုသည် အခုလေးတင် ဖန်းယွဲ့ကို သူ့ညာလက်နှင့် ထိုးနှက်ပြီးချိန်ဖြစ်ပြီး သူ့မှာ တုံ့ပြန်ဖို့ အချိန်မရတော့ပေ။ ထိုသို့ဖြင့် သူသည် ဝင်ရောက်လာသော ဓါးကို သူ၏ ဘယ်ဘက်လက်ဖြင့် လှမ်းဆွဲလိုက်ရလေသည်။

ဆူဇီမို၏ ညာဘက်လက်မှာ တစ်ခုခု မူမမှန်တာ ရှိနေတာကို ဟန်ချိုးယွီ သတိပြုမိနေသည်မှာ ကြာလေပြီ။ အဲ့လက်က မည်သို့မှ ဖျက်ဆီးလို့ မရနိုင်သည့်ပုံပေါ်ပြီး ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်များကိုသာမက ချိတ်ပိတ်ထားသူတစ်ယောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကိုပါ ခုခံနိုင်စွမ်း ရှိလေသည်။

စောစောက ဆူဇီမိုသည် သူ့ညာလက်ကိုသုံး၍ ဖန်းယွဲ့၏ လှံတံကြီးကို ပြန်လှန်တွန်းလိုက်သောအခါ ဟန်ချိုးယွီ၏ ကောက်နုတ်ချက်က ပို၍ သေချာခိုင်မာသွားလေသည်။

ထို့ကြောင့်ပင် သူက ဆူဇီမိုတစ်ယောက် ဘယ်ဘက်လက်တစ်ဖက်သာ အားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ သူသည် ဆူဇီမို၏ ညာဘက်လက်ကို ရှောင်ချင်လေသည်။

ရင်သပ်ရှုမောဓါးက ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည်ဟု ဟန်ချိုးယွီ လက်မခံနိုင်ပေ။

မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ ခန္ဓာကိုယ်ကတောင် ထိုအဆင့်ထိ မရောက်နိုင်ပေ။

သို့သော်လည်း သားရဲသွင်ပြင်ပြောင်းထားသော ဆူဇီမိုက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကိုပင် အရှက်ရသွားလောက်အောင် ပိုမိုသန်မာကြောင်း ဟန်ချိုးယွီတစ်ယောက် သိနိုင်လိမ့်မည် မဟုတ်‌ပေ။

ဆူဇီမိုတစ်ယောက် သူ့ဘယ်ဘက်လက် ထုတ်လိုက်သည်ကို မြင်ပြီး ဟန်ချိုးယွီ၏ မျက်လုံးက အကောက်ကြံအလင်းဖြင့် လက်သွားကာ အေးစက်စက် ပြောလိုက်လေသည်။

“မင်းရဲ့ ဘယ်ဘက်လက်က ငါ့ဟာပဲ”

“ဟင်း”

ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။

သူက ဘယ်ဘက်လက်ဖဝါးဖြင့် ရင်သပ်ရှုမောဓါးကို ဆုပ်ကိုင်လိုက်သောအခါ ဓါးထံမှ အနိဋ္ဌာရုံဆန်ဆန် အေးစက်စက်အော်ရာက ထွက်ပေါ်လာလေသည်။ ချက်ချင်းပင် ဓါးချီများက ရုန်းကန်ထွက်လာပြီး စိတ်ဝိညာဉ်အင်းကွက်ငါးခုက မတောမသတ် တောက်ပလာလေသည်။

ဇီ.. ဇီ

ဓါးချီများနှင့်အတူ သွေးများက ရောထွေးသွား၏။

ဆူဇီမို၏ ဘယ်ဘက်လက်တွင် ပြတ်ရှရာအချို့က ပေါ်လာလေသည်။

သို့သော်လည်း ရုန်းကြွလာသော သားရဲချီများနှင့်အတူ ပြတ်ရှရာများက ပေါ်လာပြီးသည့် ခဏမှာပင် ပြန်လည်စေ့၍ ကောင်းမွန်လာလေသည်။

“ဟမ့်”

ထိုသည်ကိုကြည့်ပြီး ဟန်ချိုးယွီ၏ သူငယ်အိမ်က တဆတ်ဆတ် လှုပ်သွားလေသည်။

ဘယ်လောက်တောင် သန်မာလိုက်တဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းရည်ပါလဲ..

နောက်ခဏ၌ သူတွေ့လိုက်ရသည့်အရာက ပိုလို့တောင် ကြောက်စရာကောင်းနေသေးလေသည်။

သူ၏ ရင်သပ်ရှုမောဓါးက ဆူဇီမို၏ ဖမ်းဆုပ်ကိုင်ခြင်းကို ခံရပြီးနောက် ဓါးက သူ့လက်ကို မပိုင်းဖြတ်နိုင်ခဲ့ရုံသာမက.. ဓါးသည် ချုပ်နှောင်ခြင်း ခံလိုက်ရပြီး သူ့အရှိန်က လျော့ကျသွားလေသည်။

နောက်ဆုံးမှာတော့ ဓါးဦးချွန်က ဆူဇီမို၏ ဦးခေါင်းနှင့် လက်မဝက်လောက်အကွာမှာ လုံးဝရပ်တန့်သွားလေသည်။

ဟန်ချိုးယွီသည် သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး ထုတ်ဖော်လိုက်သောကြောင့် သူ့မျက်လုံးမျာက နီမြန်းလာလေသည်။ တစ်ကယ်တော့ သူ့ဒါန်ထျန်က တဒုတ်ဒုတ်နှင့် ကိုက်ခဲနာကျင်လာပြီဖြစ်ပြီး သူ့လက်နှစ်ဖက်ကလည်း တုန်ယင်လာနေပြီ ဖြစ်လေသည်။ သူသည် သူ့စွမ်းအား၏ နောက်ဆုံးအကန့်အသတ်ထိ ထုတ်ဖော်နေရသည်မှာ သိသာလေသည်။

သူ့ဓါးကို ရှေ့သို့ တစ်လက်မလောက်ထပ်ပြီး တွန်းနိုင်တာနှင့် သူသည် ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်နိုင်တော့မည် ဖြစ်လေသည်။

သို့သော်လည်း ရင်သပ်ရှုမောဓါးက ဆူဇီမိုလက်ထဲမှာ နည်းနည်းလေးမှ မလှုပ်တော့ဟု ငြင်းဆန်နေလေသည်။

သူ၏ ရင်သပ်ရှုမောဓါးက ဆူဇီမို၏ လက်ဖဝါးကို လှီးနိုင်ခဲ့ပြီး သွေးများက စီးကျနေသည်ကို ဟန်ချိုးယွီသည် ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

တစ်ကယ်ဆို ဓါးသွားက ဆူဇီမို၏ အသားနှင့် အရိုးထဲသို့ တကျိကျိနှင့် နစ်ဝင်နေသည်ကိုပင် သူခံစားမိနိုင်လေသည်။

သို့သော်လည်း သူဘယ်လိုပင် အစွမ်းကုန် အားထုတ်ပါစေ.. ဓါးက ရှေ့သို့ လုံးဝဆက်မတိုးနိုင်တော့ပေ။

သွေးနီရောင်သားရဲချီက ရုန်းကြွလာသောအခါ ဓါး၏ ပတ်လည်ရှိ ဓါးချီများသည် စောစောကကဲ့သို့ သိပ်သည်းပြင်းထန်ထက်ရှခြင်း မရှိတော့ဘဲ တဖြည်းဖြည်းနှင့် ချုပ်နှောင်ခံရပြီး စုပ်ယူဝါးမျိုခြင်း ခံလာရလေသည်။

ဆူဇီမို၏ သွေးများက ရင်သပ်ရှုမောဓါးပေါ်သို့ ဖိတ်စင်ကျသွား၏။

ဓါးပေါ်ရှိ စိတ်ဝိညာဉ်အလင်းက တဖြည်းဖြည်း မှိန်ဖျော့လာ၏။ တစ်စုံတစ်ရာသော စွမ်းအား၏ တိုက်စားဝါးမျိုခြင်းကို ခံလိုက်ရသလိုပင်။

ဟင်း..

ရင်သပ်ရှုမောဓါးပေါ်က သွေးကို မြင်သောအခါ ဟန်ချိုးယွီ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုက ပြည့်နှက်လာလေသည်။

ထိုအချိန်တွင် သူ့ခံစားလိုက်ရသော ကြောက်ရွံ့မှုကို မည်သူမှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

ပကတိစိတ်ဝိညာဉ်လက်နက်ပေါ်က စိတ်ဝိညာဉ်အလင်းကိုပင် ဖိနှိမ်နိုင်ရလောက်အောင် ဒီလူက ဘယ်လိုမျိုးဆက်သွေးကိုများ ပိုင်ဆိုင်ထားတာပါလိမ့်..

သူ့ရှေ့မှ ဖြစ်ပျက်သမျှက ဘာကို သွယ်ဝိုက်ရည်ညွှန်းနေတာပါလဲ

ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကို အဲ့လူရဲ့သွေးထဲမှာ နှစ်ထားလိုက်မယ်ဆိုရင် အဲ့ဒါက သိပ်မကြာခင် ဖျက်ဆီးခံရမှာပါလား။

ကျင့်ကြံရေးလောကတွင် မရေမတွက်နိုင်သော ဒဏ္ဍာရီများစွာ ရှိလေသည်။ ဓါးဂိုဏ်းရှိ ရှေးဟောင်းကျမ်းစာများထဲမှ မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်မှာ အင်မော်တယ်တစ်ပါး၏ သွေးတစ်စက်က တောင်တန်းများကို ဖြိုဖျက်၊ လေဟာနယ်ကို ဖြတ်ကျော်၍ ရှေးကျသော စွမ်းအားကြီးသက်ရှိကြီးများကိုပင် သတ်ဖြတ်နိုင်သည်ဟူ၍ပင်။

အဲ့လိုမှတ်တမ်းတွေက ဒဏ္ဍာရီတစ်ခုထက် မပိုဟု ဟန်ချိုးယွီ တွေးထင်ခဲ့လေသည်။

သူတို့က အင်မော်တယ်တွေဆိုလျှင်တောင် သူတို့၏ မျိုးဆက်သွေးက ထိုမျှထိ ချဲ့ကားပြောဆိုရလောက်အောင် ကြောက်စရာကောင်းမှာတဲ့လား။

သို့သော် ယခုအချိန်တွင် လူတစ်ယောက်၏ မျိုးဆက်သွေးက ထိုအဆင့်ထိ အမှန်တစ်ကယ်ပင် ရောက်ရှိနိုင်ကြောင်း ဟန်ချိုးယွီ စတင်နားလည်သွားလေသည်။

သူ့ရှေ့မှလူက အခြေတည်အဆင့်ပဲ ရှိသေးတာတောင် သူ၏ မျိုးဆက်သွေးက တစ်ကယ့်ကို ကြောက်စရာကောင်းလွန်းနေပြီဖြစ်၏။

သူသာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၊ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး သို့မဟုတ် ဒဏ္ဍာရီလာ အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့လျှင် သူ၏ သွေးတစ်စက်က သက်ရှိမျိုးနွယ်တစ်စုကို အမှန်တစ်ကယ် ဖျက်ဆီးချေမှုန်းပစ်လာနိုင်သည် မဟုတ်ပါလား။

ယခုအခါ ရင်သပ်ရှုမောဓါးက ထိုလူ၏ လက်ဖဝါးကို ပိုင်းဖြတ်ဖို့နေနေသာ.. ဟန်ချိုးယွီ၏ ထိန်းချုပ်မှုအောက်မှာတောင် မရှိတော့ပေ။

သူ့ဓါးက ဆူဇီမို၏ သွေးနှင့် စွန်းထင်းသွားပြီးနောက် သူနှင့် ရင်သပ်ရှုမောဓါးအကြားက ချိတ်ဆက်မှုက တဖြည်းဖြည်း မှိန်ဖျော့လာပြီး အချိန်မရွေး ပြတ်တောက်တော့မည် ဖြစ်လာတာကို ဟန်ချိုးယွီတစ်ယောက် ရှင်းလင်းစွာ ခံစားမိလာလေသည်။

“အောမီသောဖော”

ကိုယ်တော်ကြွယ်ချမ်းက ရွှေရောင်နှင့် တလက်လက်တောက်နေသော စိန်တောင်ဝှေးကို ကိုင်စွဲထား၏။ သူ့မျက်လုံးများက မီးတုတ်ကြီးတစ်ခုလို တောက်လောင်နေပြီး မယိမ်းမယိုင်သော စွမ်းအားနှင့်အတူ ရောက်ရှိလာလေသည်။

“သားရဲကောင်.. မင်းကို သန့်စင်ပေးဖို့ ဒီမှာ ငါလာပြီကွ”

“မင်းက အဆင့်မမီသေးဘူး”

ဆူဇီမို၏ အမူအယာက မပြောင်းမလဲပင် ရှိနေပြီး ယခုအခါ လွတ်လပ်သွားပြီဖြစ်သော သူ၏ ညာဘက်လက်ဖြင့် လက်သီးဆုပ်၍ ဝင်ရောက်လာသော စိန်တောင်ဝှေးကို ပစ်ထိုးချလိုက်လေသည်။

ဘုန်း..

ပြင်းထန်စွာ တုန်ခါ၍ ကိုယ်တော်ကြွယ်ချမ်း၏ လက်ဖဝါးက ကွဲထွက်သွားပြီး သူ၏ စိန်တောင်ဝှေးကလည်း လွင့်စင်ထွက်သွားလေသည်။

ဆူဇီမိုသည် ဘယ်ဘက်လက်က ရင်သပ်ရှုမောဓါးကို ဆုပ်ကိုင်ထားလျက်နှင့် ညာခြေဖြင့် ခပ်ကျဲကျဲလှမ်းကာ ကိုယ်တော်ကြွယ်ချမ်းကို ပစ်တိုက်ချလိုက်၏။

ကိုယ်တော်ကြွယ်ချမ်း မတုံ့ပြန်နိုင်သေးခင်မှာပင် ပုံရိပ်တစ်ခုက သူ့ရင်အုပ်ဆီသို့ စောင်းငဲ့၍ ပစ်တိုက်ချလာလေသည်။

“အ”

ကိုယ်တော်ကြွယ်ချမ်း မျက်လုံးပြူးသွား၏။

တစ်ဖက်လူထံမှ ကြောက်စရာကောင်းသော စွမ်းအားက သူ့ကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ချက်ချင်းပင် သူ့စိတ်က ဗလာကျင်း၍ လွင့်ပျံထွက်သွားလေသည်။

ဘုန်း..

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူ့အကြည့်က မှိန်ဖျော့သွားလေသည်။ စိန်သုတ္တန်မှတစ်ဆင့် ဖန်တီးထားသော သူ၏ ရွှေရောင်အကာအရံနှင့် ကာကွယ်ရေးအဆောင်တို့သည်လည်း ကြေမွပျက်ဆီးသွားလေသည်။

သူ့မျက်နှာပေါ်တွင် ပြတ်ရှကွဲပြဲရာများက ကြောက်စရာကောင်းလောက်အောင် ပြည့်ညှပ်စွာ ပေါ်လာလေသည်။

သူ့အသားများက စုတ်ပြတ်ကုန်လေပြီ။

“သူက သေမသွားဘူးလား”

ဆူဇီမိုသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

သူ၏ သားရဲသွင်ပြင်ကို ပြောင်းလဲပြီးနောက် သူ့ခွန်အားက မြောက်များစွာ တိုးပွားလာလာ၏။ သူ၏ အင်နှင့်အားနှင့် ပစ်တိုက်ချက်က ကိုယ်တော်ကြွယ်ချမ်းကို သုံးခါပြန်သေလောက်အောင် စွမ်းလေသည်။

ဆူဇီမိုသည် သူ့မျက်လုံးကိုရွေ့၍ ကြည့်လိုက်သောအခါ ကိုယ်တော်ကြွယ်ချမ်းသည် ရွှေရောင်ဧကသီတစ်ခု ဝတ်ဆင်ထားသည်ကို မြင်ပြီး ချက်ချင်း သဘောပေါက်သွား၏။

ထိုရွှေရောင်ဧကသီက အလွန်တရာအားကောင်းသော ခုခံရေစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက သူ၏ မဖျက်ဆီးနိုင်သော စိန်ကိုယ်ထည်နှင့် ဆိုလျှင်တောင် ကိုယ်တော်ကြွယ်ချမ်းက ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ကိုယ်တော်ကြွယ်ချမ်းသည် ကြိုးစားရုန်းကန်၍ ထလိုက်သောအခါ သူ့ထံတွင် မည်သည့်အော်ရာမှ မကျန်ရှိတော့ဘဲ သနားစရာကောင်းသော ခွေးလေးတစ်ကောင်လို ချာကနဲ လှည့်ထွက်ပြေးလေတော့သည်။

“ဟဟဟားဟား”

ဆူဇီမိုက ရယ်မောဟိန်းဟောက်၍ ထွက်ပြေးနေသော ကိုယ်တော်ကြွယ်ချမ်း၏ စုတ်ပြတ်သတ်နေသော နောက်ကျောကိုကြည့်ကာ လှမ်းအော်လိုက်၏။

“မတောက်တခေါက် ပညာနဲ့များ မင်းက ငါ့ကို သန့်စင်ချင်သေးတယ်ဟုတ်လား.. နောက်ဆယ်နှစ်လောက် သွားပြန်ပြီး လေ့ကျင့်လိုက်ဦး ကြားလား”

ထိုစကားကို ကြားသောအခါ ကိုယ်တော်ကြွယ်ချမ်း၏ ခြေထောက်နှစ်ဖက်က ယိမ်းယိုင်သွားပြီး ဟပ်ထိုးလဲကျတော့မည့်မတတ် ဖြစ်သွားရလေသည်။

စိန်ကျောင်းတော်မှ အရိုက်အရာဆက်ခံသူ၊ ဗုဒ္ဓဂိုဏ်းများမှ ပြိုင်စံရှားတစ်ယောက်အနေနှင့် ကိုယ်တော်ကြွယ်ချမ်းသည် ယခုကဲ့သို့ အရှက်ခွဲခံရခြင်းကို သည့်အရင်က တစ်ခါမှ မခံစားခဲ့ရဖူးပေ။

ကိုယ်တော်ကြွယ်ချမ်းသည် မကျေမချမ်းနှင့် နောက်ထပ်သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရလေသည်။

“အ..”

ထိုသွေးများကို ထွေးထုတ်ပြီးမှ သူ့ရင်ဘတ်က ပေါ့ပါးသွားသည်ဟု ထင်လိုက်ရပြီး တည့်တံစွာ ညည်းတွားလိုက်လေသည်။

“အဲ့လူက အခြေတည်အဆင့်တွေကြားထဲမှာ.. လုံးဝပြိုင်ဘက်ကင်းသွားတာ ဖြစ်လောက်ပြီ”

ထိုအချိန်၌ လူတိုင်းနားလည်လက်ခံသွားကြသည်မှာ ဤတိုက်ပွဲပြီးလို့ နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက မသေခဲ့လျှင် သူ့ကို ရွှေအမြုတေအဆင့်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုသမုတ်ရပေတော့မည်။

All Chapters