← Chapters

သေရတော့မှာပါလား

Vol. 31 Ch. 455

သေရတော့မှာပါလား

Vol. 31 Ch. 455

ဆူဇီမိုထံမှ ထွက်ပေါ်လာသော အရိုင်းဆန်ကြမ်းကြုတ်သည့်အော်ရာကြောင့် ချိတ်ပိတ်ထားသူငါးယောက်ပင်လျှင် ကျောချမ်းသွားကြလေသည်။

ဒီကောင်လေးကိ အရှင်ထားလို့ မဖြစ်ချေ..

သူသည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ပဲ ရှိသေးတာတောင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများအားလုံးကို ဖိနှိမ်နိုင်နေပြီးဖြစ်၏။ အကယ်၍ သူသာ လူသားဧကရာဇ်၏ အမွေအနှစ်ကို ရရှိသွားမည်ဆိုလျှင်တော့...

သူတို့သည် ဆက်လက် မတွေးရဲတော့ပေ။

ဆူဇီမို ထုတ်ပြလာသော ခွန်အားနှင့် အလားအလာက သန်မာအားကောင်းလေလေ.. ချိတ်ပိတ်ထားသူငါးယောက်က သူ့ကို မဖြစ်မနေ သတ်ဖြတ်ရမည်ဟု ပို၍ ပြတ်သားလာကြလေ ဖြစ်၏။

သွေးနီရောင်သားရဲချီများက တအုန်းအုန်းထလာပြီး အသက်ဝင်နေသော ရှေးခေတ်သားရဲများသည် ဟိန်းဟောက်၍ ချီတက်ကာ ဝင်ရောက်လာသော ခရမ်းရောင်ဓါးကြီးကို ကိုက်ဖြတ်လိုက်၊ ရိုက်ပုတ်လိုက်ကြ၏။

ဘုန်း.. ဘုန်း.. ဘုန်း..

အဆုံးမဲ့စွမ်းအားနှင့် ကြောက်စရာကောင်းသော ထက်ရှမှုနှင့်အတူ ဓါးကြီးက လေထုကို ဖြတ်၍ ပျံသန်းလာပြီး သားရဲချီဖြင့် ဖွဲ့တည်ထားသော ရှေးခေတ်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ရှုံးနိမ့်သွားစေလေသည်။

ခရမ်းရောင်ချီနှင့် သားရဲချီ.. မတူညီသော စွမ်းအားနှစ်မျိုးက တစ်ခုကိုတစ်ခု အတောမသတ် ပွတ်တိုက်ချေဖျက်လိုက်ကြလေသည်။

သားရဲတောကောင်များသည် တစ်ကောင်ပြီးတစ်ကောင် ပျက်ပြယ်သွားကြပြီး ဆူဇီမို၏ ဘေးပတ်လည်ရှိ သွေးနီရောင်သားရဲချီများကလည်း အနည်းငယ် မှိန်ဖျော့သွား၏။

ခရမ်းရောင်ဓါးကြီး၏ စွမ်းအားကလည်း အစတုန်းကလောက် သိပ်သည်းပြင်းထန်မှု မရှိတော့ဘဲ အရောင်ဖျော့သွားသည်မှာ သိသာလေသည်။

ဝုန်း..

နောက်ထပ် ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။

ခရမ်းရောင်ဓါးကြီးနှင့် နောက်ဆုံးသားရဲတောကောင်တို့က ထိတွေ့သွားကြလေသည်။

သားရဲတောကောင်များအားလုံးက ပျက်ပြယ်သွားပြီး ခရမ်းရောင်ဓါးကြီးကလည်း ခရမ်းရောင်ချီမျှင်များအဖြစ် ကွဲထွက်သွားကာ မူလလေထုထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

ဆူဇီမိုသည် ချိတ်ပိတ်ထားသူတစ်ယောက်၏ အင်အားအပြည့် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့လေပြီ။

ဒါ့အပြင် သူသည် မည်သည့်ထိခိုက်ဒဏ်ရာမှ ရရှိမှုမရှိဘဲ အဲ့ဒါကို ခုခံနိုင်ခဲ့လေသည်။

ဆူဇီမိုသည် မောဟိုက်နေ၏။

ဒီတစ်ကြိမ်တွင် သူ့မှာ ရှိသမျှ ခွန်အားအကုန်နီးပါးကို ထုတ်သုံးခဲ့ရလေသည်။

သူသည် ဒီနေရာသို့ ရောက်လာကတည်းက တောက်လျှောက် တိုက်ခိုက်နေခဲ့ရ၏။

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ထားပြီး တုန်လှုပ်ဖွယ်ရာသက်လုံအားနှင့် ကြမ်းကြုတ်သည့် သွေးချီကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ခြေကုန်လက်ပန်းကျခဲ့သည်မှာ ကြာနေလောက်ပေပြီ။

ယခုအခါ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ ဓါးကို ခုခံပြီးနောက် နုန်းချိမှုက သူ့ဦးခေါင်းနှင့် ခြေလက်များဆီသို့ ပျံနှံ့သွားပြီး စွမ်းအားမဲ့လာသည်ဟု ဆူဇီမို ခံစားလာရလေသည်။ သူသည် ပင်ပန်းနွမ်းနယ်လာလေပြီ။

သူ့ကို ပတ်လည်ဝိုင်းရံထားကြသည့် အင်အားကြီးရန်သူများကြောင့်သာ မဟုတ်လျှင် သူသည် ပစ်လှဲချမိပေမည်။

ရွှေအမြုတေစွမ်းအားကို ထုတ်ဖော်ပြီးနောက် ချိတ်ပိတ်ထားသူတစ်ယောက်၏ ကံကြမ္မာက ဆုံးဖြတ်ချက်ချခံရပြီးသွားလေပြီ။ ရှေးဟောင်းတိုက်ပွဲမြေ၏ တည်ဆောက်မှုပုံသဏ္ဌာန်က စုတ်ပြဲသွားပြီး အညှာတာမဲ့စွာ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ နောက်တွင် အက်ကွဲကြောင်းတစ်ခုက ပေါ်လာပြီး ဆိုးယုတ်သောလေများက ကြောက်စရာပုံစံနှင့် တိုက်ခတ်လာ၏။

ဆူဇီမိုက ပြီတီတီနှင့် လှမ်းကြည့်ပြီး လှောင်ရယ်လိုက်၏။

မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ချိတ်ပိတ်ထားသူသည် မကျေမချမ်းနှင့် အံကြိတ်လိုက်၏။

“ခွေးကောင်.. သိပ်လဲ အူမြူးမနေနဲ့.. မင်းလဲ သိပ်မကြာဘူး ငါ့နောက်ကို လိုက်လာရမှာပါကွ.. ဟဟား.. အ အ.. “

သူ၏ ရယ်သံက ကြောက်စရာကောင်းသည့် အော်သံအဖြစ် ပြောင်းလဲသွားလေသည်။

သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း စုတ်ပြဲသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားကာ အလောင်းတောင် မကျန်ရစ်ခဲ့ပေ။

ခဏနေပြီးနောက် တည်ဆောက်မှုပုံသဏ္ဌာန်က တည်ငြိမ်သွားပြီး အက်ကွဲကြောင်းကလည်း ပြန်လည်ပြင်ဆင်ပြီးသွားလေပြီ။

ရွှစ်..

ကြောက်စရာကောင်းသည့်ပုံစံနှင့် ငွေရောင်အလင်းတစ်ခုက ကောင်းကင်ကနေ ကျဆင်းလာ၏။

ရှင်းသန်လေပြေဘုရားကျောင်းမှ ချိတ်ပိတ်ထားသူက သူ၏ မြင်းမြီးကျာပွတ်ကို ရိုက်ပုတ်လိုက်သဖြင့် ငွေရောင်ကြိုးမျှင် သုံးထောင်က ဆက်တိုက်ပြန့်ထွက်လာပြီး ကြီးမားသည့် ငွေရောင်တုတ်ကြီးအဖြစ် ပြောင်းလဲသွားကာ ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ပြင်းထန်ကြမ်းတမ်းစွာ ကျဆင်းလာလေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်၍ သူ့ညာလက်ကို ဆန့်ထုတ်ကာ ဝင်ရောက်လာသော ငွေရောင်တုတ်ကို လှမ်းဆွဲလိုက်လေသည်။

ဘုန်း..

ငွေရောင်တုတ်ကြီးနှင့် ဆူဇီမို၏ လက် ထိတွေ့မိသောအခါ ခပ်ထိုင်းထိုင်း မြည်သံက ထွက်လာလေသည်။

သူသည် ငွေရောင်တုတ်ကို ဖမ်းဆုပ်ကိုင်လိုက်နိုင်သော်လည်း သူ့ဖဝါးပေါ်ရှိ အသားများက ပေါက်ကွဲထွက်သွားပြီး ကြောက်စရာကောင်းသည့်စွမ်းအားများက သူ့ခန္ဓာကိုယ်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာလေသည်။ ထိုစွမ်းအား၏ ရိုက်ခတ်မှုနှင့် ကြုံတွေ့ပြီးနောက် သူ့အင်္ဂါများက စုတ်ပြဲကုန်ပြီး အပေါ်ယံတွင် အက်ကွဲရာများက ပေါ်လာလေသည်။

ဖူး..

ဆူဇီမို၏ အကြည့်က မှိန်ကျသွားပြီး သူသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။

တော်သေးတာပေါ့.. ငါ့မှာ ဒီသွေးရိုးလက်ဝါးလေး ရှိနေသေးလို့.. မဟုတ်ရင် အဲ့ဒီချိတ်ပိတ်ထားသူရဲ့ တိုက်ခိုက်မှုနဲ့ ငါ့လက်တစ်ဖက်က ပျောက်သွားလောက်ပြီ..

သူသည် စိတ်ထဲကနေ ကြိတ်ပြီး ညည်းတွား၍ သွေးရိုးလက်ဝါးကို ကျေးဇူးတင်လိုက်၏။

“ဟဟ.. အ လိုက်တာ..”

ရုတ်တရက် ရှင်းသန့်လေပြေဘုရားကျောင်းမှ ချိတ်ပိတ်ထားသူ၏ လှောင်ရယ်သံက ထွက်လာလေသည်။

“အမ်”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။

ရုတ်တရက် သူဖမ်းဆုပ်ထားသော ငွေရောင်တုတ်က ပြန့်ကွဲထွက်သွားပြီး ချည်မျှင်သုံးထောင်က သူ့ကျောပေါ်သို့ ရက်စက်စွာ ကျဆင်းလာလေသည်။

ဖြန်း..

လတ်ဆတ်သော သွေးများနှင့် အတူ အရိုးကျိုးပဲ့သံများက လိုက်ပါ ထွက်ပေါ်လာလေသည်။

ဆူဇီမိုက မျက်နှာက ဖြူလျော့သွားပြီး သူ့ဒူးများက ညွှတ်ကျကာ ဒူးထောက်ကျလုနီးပါး ဖြစ်သွားရလေသည်။

ပြောင်းလဲမှုက ရုတ်တရက် ဆန်လွန်းလှ၏။ မြင်းမြီးကျာပွတ်က အသက်ဝင်၍ ကိုယ်ပိုင် အသိစိတ် ရှိနေပုံရပြီး မာကြောခက်ထန်မှုနှင့် ပျော့ပျောင်းမှုကို အလိုက်သင့် ပြောင်းလဲတိုက်ခိုက်နိုင်လေသည်။

ဆူဇီမို၏ နောက်ကျောသည် မရေမတွက်နိုင်သော ဓါးများနှင့် ထိုးဆွထားသလို သွေးများ အသားစများနှင့် မွစာကြဲနေပြီး ပေပွစုတ်ပြတ်သတ်နေ၏။ သူ၏ ညှပ်ရိုးက ကျိုးထွက်သွားပြီး ပြူထွက်လာကာ ကြည့်ရသည်မှာ ကြောက်စရာကောင်းနေလေသည်။

ထိုအချိန်၌ ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ နောက်ထပ် ကြောက်စရာကောင်းသည့် အချိုးအစားတစ်ခုကို ထပ်မံကြုံတွေ့လိုက်ရ၏။

တုန်လှုပ်ဖွယ်ရာကောင်းလှသည့် အသက်ဓါတ်ပင်..

အခြားကျင့်ကြံသူများသာဆိုလျှင် ထိုမျှ ပြင်းထန်သည့် ရိုက်ခတ်မှုများကို တွေ့ကြုံခံစားရပြီး သူတို့၏ အင်္ဂါများက စုတ်ပြတ်သွားပါက သူတို့သည် သေနှင့်ပြီးသည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း အခုချိန်ထိတော့ ဆူဇီမိုသည် မတ်မတ် ရပ်နေနိုင်သေးလေသည်။

အသက်တစ်ချက်ရှူလိုက်တိုင်း သူ၏ ဒဏ်ရာများက အနည်းငယ် ပြန်လည်သက်သာလာသည်ကို ဆူဇီမို ခံစားမိနေလေသည်။ ဒဏ်ရာများက များပြားပြင်းထန်လွန်းသောကြောင့် ပြန်လည်သက်သာလာသည့်နှုန်းက အတော်လေးတော့ နှေးကွေးလေသည်။

“ဟမ့်.. မင်းက မသေနိုင်သေးဘူးလား”

ဖြည်းဖြည်းချင်း မတ်မတ်ရပ်လာနေသော ဆူဇီမိုကို ကြည့်ပြီး ရှင်းသန်လေပြေဘုရားကျောင်းမှ ချိတ်ပိတ်ထားသူ၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာလေသည်။

သူ၏ တိုက်ခိုက်မှုက မည်သည့်အခြေတည်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုမဆို အစိတ်အမွှာမွှာ ကွဲထွက်စေနိုင်လေသည်။

ဒါတောင် ဆူဇီမိုက နောက်တစ်ဖန် မတ်တပ်ရပ်လာနိုင်လိမ့်ဦးမည်ဟု သူထင်မထားမိပေ။

“နှမြောဖို့ ကောင်းလိုက်တာကွာ.. ငါ နဲနဲလေးပဲ လိုသွားတာ”

ချိတ်ပိတ်ထားသူက မချင့်မရဲနှင့် သက်ပြင်းချလိုက်၏။

သို့သော်လည်း သူ့မှာ နောက်ထပ် အခွင့်အရေး မရှိတော့ပြီ။

လေထုအက်ကွဲကြောင်းတစ်ခုက ပေါ်လာပြီး သူ့ကိုတန်းပြီး ဝါးမျိုသွား၏။ သူ၏ မြင်းမြီးကျာပွတ်တောင်မှ အစိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။

ဇီ..

တစ်ချိန်တည်းနီးပါးမှာပင် ဓါးလေခွင်းသံတစ်သံက ထွက်ပေါ်လာလေသည်။

“သွား”

ကစင်ကလျားအမြုတေဂိုဏ်းမှ ချိတ်ပိတ်ထားသူက တိုက်ခိုက်လေပြီ။ သူ၏ ဓါးပျံကို ဆူဇီမိုဆီသို့ စေလွှတ်လိုက်၏။

အလင်းတန်းတစ်ခုက ချက်ချင်း ပေါ်လာ၏။

အဲ့ဒါသည် ကျင့်ကြံသူများအတွက် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး သတ်ဖြတ်ကွက် ဖြစ်လေသည်။

ကစင်ကလျားအမြုတေဂိုဏ်း၏ ချိတ်ပိတ်ထားသူက တိုက်ခိုက်လိုက်သည်နှင့် ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်က မြည်လာလေသည်။

ဆူဇီမိုသည် တုံ့ဆိုင်းခြင်းမရှိ အံကိုကြိတ်၍ ဘေးဘက်သို့ တိမ်းပြီး ရှောင်လိုက်၏။

ဖြီး..

သွေးများက ပန်းထွက်လာလေသည်။

သူသည် လက်မတင်လေး နောက်ကျသွားသေး၏။

ဓါးက သူ၏ ဘယ်ဘက်ရင်အုံကိုဖောက်ဝင်ကာ ထွက်သွား၏။

အဲ့ဒါက သူ့နှလုံးနှင့် လွဲချော်သွားသော်လည်း အဆုတ်ကို ထိသွားသောကြောင့် သေမယ်ဆို သေလို့ရလေသည်။

ချက်ချင်းဆိုသလို ဆူဇီမိုသည် အသက်ရှူရ ခက်ခဲလာ၏။ သူ့လည်ချောင်းထဲမှာ မီးတောက်လောင်လာသည့်အလား သူသည် အဆက်မပြတ် ချောင်းဆိုးလိုက်ရပြီး သူ့ခန္ဓာကိုယ်က လဲပြိုကျတော့မည့်ကဲ့သို့ ဖြစ်လာလေသည်။

ဒီတစ်ခေါက်မှာတော့ သူ့ဒဏ်ရာများက အတော်လေး ဆိုးဝါးပြင်းထန်လာလေပြီ။

သူ၏ ပြန်လည်သက်သာနိုင်စွမ်းက သန်မာအားကောင်းလှသည်ဆိုသော်လည်း အကန့်အသတ်တစ်ခုတော့ ရှိလေသည်။ အခုလို ဒဏ်ရာမျိုးဆိုလျှင်တောင် အဲ့ဒါက အလုပ် လုပ်ပါ့ဦးမလား မပြောတတ်ပေ။

ဒါ့အပြင် အခုရောက်နေတာက ရှေးဟောင်းတိုက်ပွဲမြေဖြစ်ပြီး ဘယ်သူကမှ သူ့ကို ဒဏ်ရာအေးဆေး ကုသဖို့ အချိန်ပေးလိမ့်မည် မဟုတ်ပေ။

ဇီ..

လေထဲရှိ ဓါးပျံသည် ဆူဇီမို၏ ရင်အုပ်ကို ဖောက်ထွက်သွားပြီးနောက် သူ့လမ်းကြောင်းအတိုင်း နောက်ပြန်ကွေ့လာ၏။ ကစင်ကလျားအမြုတေဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ ဓါးကျွမ်းကျင်မှုက အဆင့်မြင့်ကြောင်း သိသာလေသည်။

မကြုံစဖူး သေခြင်းတရားခံစားချက်တစ်ခုက ရောက်ရှိလာ၏။

သူက သေရဖို့ နီးကပ်နေပြီဖြစ်ကြောင်းနှင့် ထိုဓါးကိုသာ သူထပ်ပြီး မရှောင်နိုင်လျှင် သေချာပေါက် သေရတော့မည်ဖြစ်ကြောင်း အာရုံခံသတိစိတ်မရှိလျှင်တောင် ဆူဇီမို ကောင်းကောင်း သိနေပြီ ဖြစ်လေသည်။

ဖုန်း..

သူ၏ နောက်ဆုံးလက်ကျန် ခွန်အားအနည်းငယ်ကို ဖျစ်ညှစ်ထုတ်၍ ဘေးဘက်သို့ ခုန်ထွက်လိုက်၏။

ရှီး..

သွေးရောင်က ဖြာလက်သွားပြီး သူ့ဝမ်းဗိုက်ထဲမှာ စူးစူးရှရှ နာကျင်လာလေသည်။ ဆူဇီမို၏ ဒူးများက ခွေယိုင်၍ မျက်နှာက သွေးမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပစ်လဲကျလုနီးပါး ဖြစ်လာ၏။

အခုဆို သူသည် လုံးဝခြေကုန်လက်ပန်းကျနေပြီး ဒဏ်ရာများကလည်း ပြင်းထန်စွာ ရရှိထား၏။ တစ်ကယ့်သေကွင်းသေကွက်များကို ရှောင်ထားနိုင်သေးသည်မှာ သူတော်တော် ကံကောင်းလေသည်။

ဆူဇီမိုသည် သူ၏ အူများ ထွက်ကျမလာစေရန် လက်နှစ်ဖက်ဖြင့် ချက်ချင်းအုပ်ဖိထားလိုက်ရ၏။ သူလက်ချောင်းများကြားထဲမှ သွေးများက စီးကျလာနေပြီး သူ့အဝတ်များက ချင်းချင်းနီစွေးကုန်လေသည်။

တစ်ခဏလေးအတွင်း သူသည် သွေးများနှင့် ရွှဲနစ်သွားပြီဖြစ်၏။ သူ့ခေါင်းထဲမှာ ချာချာလည်၍ သူ့ကိုယ်က ယိမ်းထိုးလာပြီး အသက်ဓါတ်သည် သူ့ခန္ဓာကိုယ်ထဲမှ ပြန်မရနိုင်သောပုံစံနှင့် ထွက်ခွာနေသည်ကို သူ့ခံစားလာရ၏။

“ငါက သေရတော့မှာပါလား”

ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်၏။ ရုတ်တရက် သူ့အမြင်အာရုံက ဝေဝါးသွားပြီး ပြိုင်ဘက်ကင်းစွမ်းအားနှင့် သွေးနီရောင်ပုံရိပ်တစ်ခုက သူ့ရှေ့မှာ ပေါ်လာသလို သူခံစားလိုက်ရလေသည်။

နှစ်များစွာ ကြာခဲ့တာတောင် ထိုပုံရိပ်က သူ့ဦးနှောက်မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်နေဆဲဖြစ်၏။ အဲ့ဒါက မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့သလို ထိုမြင်ကွင်းကို ဖျောက်ဖျက်နိုင်စရာအကြောင်း သူ့မှာ မရှိပေ။

All Chapters