← Chapters

နတ်ဘုရားစိတ်ဝိညာဉ်လက်

Vol. 31 Ch. 457

နတ်ဘုရားစိတ်ဝိညာဉ်လက်

Vol. 31 Ch. 457

“အား.. အ အ.. အား”

ဆူဇီမိုသည် မျက်လုံးကို တင်းကျပ်စွာမှိတ်၍ ကိုင်းညွှတ်ကျသွား၏။ သူသည် မခံမရပ်နိုင်လောက်အောင် နာကျင်နေပြီး သူ့လည်ချောင်းထဲမှ ခြောက်ကပ်အက်ကွဲနေသည့် အော်ညည်းသံက ထွက်ပေါ်လာလေသည်။

အစစ်အမှန်မီးက ဒေါသတကြီး လောင်မြိုက်နေပြီး သူ့ခန္ဓာကိုယ်က တွန့်လိမ်၍ အကြောဆွဲလာလေသည်။ သူ့အသားများတောင်မှ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများနှင့်အတူ မီးကျွမ်း၍ ကြောက်စရာကောင်းလောက်အောင် မဲနက်တူးခြစ်လာလေသည်။

မီးထဲတွင် ဆူဇီမို၏ မျက်နှာကို ခပ်ဖျော့ဖျော့သာ မြင်နိုင်တော့ပြီး မခံမရပ်နိုင်သော နာကျင်မှုနှင့်အတူ သူ့ခန္ဓာကိုယ်က မမှတ်မိနိုင်သော အတိုင်းအတာထိ တွန့်လိမ်လာလေသည်။

သူ၏ အခြေအနေကို မြင်သောအခါ နတ်ဆိုးမကျိ၏ နှလုံးသားက စူးရှနာကျင်စွာ တဆစ်ဆစ်ကိုက်ခဲလာပြီး သူမ၏ မျက်လုံးများက စိုစွတ်ရီဝေလာလေသည်။

“ဖူး”

သူမ၏ အတွင်းဒဏ်ရာများက ပိုမို အခြေအနေဆိုးသွားပြီး နောက်ထပ်သွေးနှစ်လုတ်ကို အန်ထုတ်လိုက်ရလေသည်။ ထိုသွေးများထဲတွင် သူမ၏ စုတ်ပြဲသွားသော ကိုယ်တွင်းအင်္ဂါစများပင် ပါလာပြီး ကြည့်ရသည်မှာ သွေးပျက်ဖွယ်ရာ ကောင်းနေလေသည်။

“နောက်ဆုံးတော့လဲ ဒီနေရာမှာ ငါသေရတော့မှာပါလား”

နတ်ဆိုးမကျိ၏ မျက်လုံးများက မှိန်ကျသွားပြီး ရင်နင့်ဖွယ်ရာ ညည်းတွားလိုက်လေသည်။

ချိတ်ပိတ်ထားသူ၏ အင်အားပြည့်ရိုက်ချက်ကို ခံယူပြီးနောက် သူမ၏ ကိုယ်တွင်းအင်္ဂါများက အပြင်းအထန် ထိခိုက်ပျက်စီးသွားပြီး သူမ၏ အသက်ဓါတ်က လျင်မြန်စွာ ယုတ်လျော့လာလေပြီ။ သူမသည် ထိပ်တန်းအဆင့် နည်းစနစ်အချို့ကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်လျှင် သူမက သေနှင့်ပြီးနေလောက်လေပြီ။

သို့သော်လည်း ရှေးဟောင်းတိုက်ပွဲမြေတွင် ရွှေအမြုတေများက စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ ဘယ်သူကများ သူမကို ဘယ်လိုကယ်နိုင်ဦးမှာလဲ။

“အဲ့ဒါက ဘယ်လို ဖြစ်ရတာလဲ”

ရုတ်တရက် မလှမ်းမကမ်းမှ မယုံကြည်နိုင်မှု အပြည့်နှင့် အာမေဋိတ်သံတစ်သံက ထွက်ပေါ်လာ၏။

အဲ့ဒါက ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ အသံဖြစ်လေသည်။

နတ်ဆိုးမကျိသည် ထိုချိတ်ပိတ်ထားသူ၏ အကြည့်နောက်သို့ အလိုလို လိုက်ပါ၍ ဆူဇီမိုကို နောက်တစ်ဖန် ပြန်ကြည့်လိုက်၏။

ထိုအချိန်၌ သူ့ကို လောင်ကျွမ်းနေသော အစစ်အမှန်မီးတောက်က ပို၍ ပို၍ အားပျော့သေးငယ်လာပြီး ငြိမ်းသေတော့မည့် လက္ခဏာပြလာလေသည်။

နတ်ဆိုးမကျိ၏ ပါးစပ်က အနည်းငယ် ဟသွားပြီး သူမ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် ပြည့်နေလေသည်။

ဆူဇီမိုသည် မီးသွေးလို မဲတူး၍ မီးခိုးများက အူထွက်နေသော်လည်း သူ့ကိုလွှမ်းခြုံထားသော မီးတောက်များက တစ်ကယ်ကို အားပျော့လာလေသည်။

ပို၍ တိတိကျကျ ပြောရလျှင် မီးတောက်များက နောက်ပြန်ဆုတ်ဝင်နေကြခြင်း ဖြစ်လေသည်။

ခြစ်ခြစ်ပူနေသော မီးတောက်များကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့က လမ်းပြခေါ်ဆောင်သွားသလို ဆူဇီမို၏ ညာလက်ဆီသို့ ရွေ့လျားသွားကြပြီး သူ၏ သွေးရိုးလက်ဝါးထဲသို့ ဝင်ရောက်သွားကြလေသည်။

သူ့မှာ ဘာတွေ ဖြစ်ပျက်နေသည်ကို ဆူဇီမိုကလွဲလျှင် ဘယ်သူကမှ အဲ့ဒါကို ရှင်းမပြနိုင်ကြပေ။

အစတုန်းကတော့ သူ၏ ဒဏ်ရာများက အရမ်းပြင်းထန်ပြီး သူ၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းရည်ထက် ကျော်လွန်သွားခဲ့လေသည်။ ထိုသို့ဖြင့် သူသည် ပြန်လည်သက်သာမလာတော့ဘဲ တစ်ချိန်လုံး သွေးများက စီးထွက်နေခဲ့၏။

အစစ်အမှန်မီးကြောင့်သာ မဟုတ်လျှင် သူက သွေးထွက်လွန်ပြီး သေနေလောက်လေပြီ။

သို့သော်လည်း အစစ်အမှန်မီးတောက်က သူ့ဒဏ်ရာများကို မီးမြိုက်၍ ကျပ်ခဲသွားစေပြီး သွေးထွက်ခြင်းကို ယာယီအားဖြင့် ရပ်တန့်သွားစေကာ သူ့အသက်ကို ကယ်တင်သွားလေသည်။

တစ်ချိန်တည်းမှာပင် အစစ်အမှန်မီး၏ လောင်ကျွမ်းမှုအောက်၌ သွေးရိုးလက်ဝါးမှာ ဆန်းကြယ်သော ပြောင်းလဲမှုက ဖြစ်ပေါ်လာလေသည်။

ချိတ်စည်းတစ်ခုက ပွင့်ထွက်သွားသည့်အလား.. ဆူဇီမို၏ ကိုယ်တွင်းမှ ပုန်းကွယ်နေသော စွမ်းအားတစ်ခုက ဆင့်ခေါ်ခံလိုက်ရသလို ထွက်ပေါ်လာပြီး အစစ်အမှန်မီးကို နည်းနည်းလေးမှ ဂရုမစိုက်တော့ဘဲ စတင်ဝါးမျိုတော့လေသည်။

အစစ်အမှန်မီးက ဆူဇီမို၏ အသက်ကို မခြိမ်းခြောက်နိုင်ခင်မှာပင် သွေးရိုးလက်ဝါးက အဲ့ဒါကို ဝါးမျိုလိုက်လေသည်။

အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းသည့် တိုက်ဆိုင်မှုဟု ဆိုရပေမည်။ ဆူဇီမို၏ အသက်ကို နုတ်ယူဖို့ ရောက်လာသော အစစ်အမှန်မီးကပင် သူ့အသက်ကို ပြန်လည်ကယ်တင်သွားလေသည်။

သွေးရိုးလက်ဝါးပတ်လည်မှ ကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။

. . .

ဖုန်း.. ဖုန်း.. ဖုန်း..

ထကြွလာသော သတ်ဖြတ်လိုစိတ်အပြည့်နှင့်အတူ ခြေသံများက မွန်းကျပ်ဖွယ်ရာပုံစံနှင့် ထွက်ပေါ်လာလေသည်။

နတ်ဆိုးမကျိ၏ နှလုံးက နင့်သွား၏။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူကို လေဟာနယ်စုတ်ပြဲကြောင်းက ဝါးမျိုသွားပြီဖြစ်ပြီး ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူ တစ်ယောက်သာလျှင် ကျန်ရှိလေတော့သည်။

ဆူဇီမို၏ ကိုယ်ပေါ်ရှိ မီးတောက်များက အခုထိ မငြိမ်းသေသေးဘဲ သူသည် လောင်ကျွမ်းခံထားရသော သစ်ငုတ်တိုတစ်ခုလို နေရာမှာတင် မတ်တပ်ရပ်‌နေဆဲဖြစ်၏။ သူ့မျက်လုံးများက မှိတ်နေဆဲဖြစ်ပြီး သူ့အော်ရာက အတော်လေးအားနည်းနေ၏။

နတ်ဆိုးမကျိက အံကိုကြိတ်၍ သူမ၏ တုန်ယင်နေသော လက်နှစ်ဖက်ကို ထောက်၍ သူမ၏ ခန္ဓာကိုယ်ကို တွန်းတင်လိုက်၏။ သုံးလေးကြိမ် ကျရှုံးပြီးသည့်နောက် နောက်ဆုံး သူမသည် ရုန်းကန်၍ ကျုံးထနိုင်သွားပြီး ဒယီးဒယိုင်နှင့် ဆူဇီမိုရှေ့သို့ ရောက်သွားလေသည်။

အဲ့ဒါက ရိုးရှင်းသည့် ရွေ့လျားမှုလေးပင် ဖြစ်သော်လည်း သူမသည် သူမ၏ နောက်ဆုံးလက်ကျန်ခွန်အားမျှင်မျှင်လေးကို ညှစ်ထုတ်၍ သုံးထားရခြင်း ဖြစ်လေသည်။

လေတစ်ချက်တိုက်ရုံနှင့် သူမက လန်ကျသွားတော့မည့်အလား.. သူမ၏ ကိုယ်လေးက မတည်မငြိမ်နှင့် ယိမ်းထိုးနေ၏။

သို့သော်လည်း သူမ၏ ဦးခေါင်းကို မော့၍ သတ်ဖြတ်လိုစိတ်နှင့် အပြည့်နှင့် လျှောက်လှမ်းလာနေသော ပုံရိပ်ယောင်ဂိုဏ်းမှ ချိတ်ပိတ်ထားသူကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးနှစ်ဖက်က အံ့မခန်း ပြတ်သားမှုနှင့် ပြည့်နေ၏။

သူမ၏ ဒဏ်ရာများက သူမကို ပြန်မလာနိုင်တော့သည့်လမ်းသို့ ပို့ဆောင်နေပြီဆိုတာ သူမ သိထားလေသည်။ သို့သော် ဆူဇီမိုကတော့ ထိုသို့ မဟုတ်ပေ။

သူ့အတွက် လူသားဧကရာဇ်နန်းတော် ရှိနေသေး၏။

ထိုစွမ်းအားက ဆူဇီမိုအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်လေသည်။

များစွာသော အချက်အလက်များ ဆူဇီမိုသည် လူသားဧကရာဇ်နန်းတော်အတွက် ဤမျိုးဆက်၏ အရိုက်အရာဆက်ခံသူဆိုတာကို ညွှန်ပြပေးနေလေသည်။ သူသည် ထိုနန်းတော်ထဲသို့ ဝင်ရောက်နိုင်သည်နှင့်အမျှ အသက်ရှင်ကောင်း ရှင်နိုင်သေးလေသည်။

တစ်ကယ်တော့ အဲ့ဒီမှာ ဖြစ်နိုင်ခြေတစ်ခု ရှိလေသည်။

လူသားဧကရာဇ်နန်းတော်တွင်း၌ ဘာတွေရှိသည်ဆိုတာကို ဘယ်သူမှ မသိကြပေ။

ခြေသံက ပျောက်ကွယ်သွား၏။

နတ်ဆိုးမကျိရှေ့သို့ ရောက်လာပြီး.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူက အေးစက်စက် အမူအယာနှင့် ရပ်တန့်လိုက်၏။

“နင်က သူ့ကို အရမ်းတွေ ကာကွယ်ပေးချင်နေတယ်ဆိုတော့.. အဲ့ခွေးကောင်က နင့်ရဲ့ ထောက်တိုင်လို့တော့ ငါ့ကို မပြောစမ်းနဲ့” ပုံရိပ်ယောင်ဂိုဏ်း၏ ချိတ်ပိတ်ထားသူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ နတ်ဆိုးမကျိကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် လှောင်ပြောင်သရော်လိုမှုက ပြည့်နှက်နေလေသည်။

“ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ”

သူမ၏ မျက်နှာက ညိုမည်းခက်ထန်သွားပြီး သူမ၏ ခန္ဓာကိုယ်က ထွက်လာနေသော အသက်ဓါတ်က မရှိသလောက် ဖြစ်လာလေသည်။

သူမသည် ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် အတင်းမာန်တင်းထားခြင်းကြောင့်သာ မဟုတ်လျှင် ပြိုလဲကျသွားသည်မှာ ကြာနေလောက်လေပြီ။

“ဟဟ.. ဟားဟား”

ပုံရိပ်ယောင်ဂိုဏ်း၏ မိစ္ဆာအမွေခံသူက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလို တုံ့ပြန်လိုက်လေသည်။

ပဒေသရာဇ်နန်းတော်နှင့် တိမ်လွှာမိုးစက်ဂိုဏ်းမှ ချိတ်ပိတ်ထားသူများတောင် မယုံကြည်နိုင်မှုနှင့် မျက်မှောင်ကြုတ်၍ နတ်ဆိုးမကျိကို လှမ်းကြည့်လိုက်ကြ၏။

“ရူးလိုက်တာကွာ.. တော်တော်ကို ရူးတာပဲဟ”

သူက ရယ်မောပြီးနောက် တမ်းတနှမြောစွာနှင့် ခေါင်းကို ခါရမ်းလိုက်၏။

“ဒီဘက်မျိုးဆက်က စင်ကြယ်အပျိုစင်တစ်ယောက်က ကျင့်ကြံသူတစ်ယောက်ကို ထောက်တိုင်အဖြစ် ရွေးချယ်ပြီးတော့ အချစ်ရူးမလေးတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ငါတစ်ကယ်ကို မထင်ထားခဲ့ဘူးကွာ.. ဘယ်လောက်‌တောင် ရယ်စရာကောင်းလိုက်သလဲကွာ”

နတ်ဆိုးမကျိက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ မျက်ခွံများက လေးလံလာလေသည်။

ချိတ်ပိတ်ထားသူပြောသည့် စကားများကို သူမဆက်ပြီး မကြားနိုင်တော့ပေ။ သူမ၏ နားထဲမှာ တစီစီအသံများက မြည်လာပြီး သူမ၏ အသိစိတ်က မှိန်ဖျော့လာသည်ကိုသာ ခံစားရလေသည်။

“နင်အခုလို နင့်အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတာက အဲ့ခွေးကောင်လေး လူသားဧကရာဇ်နန်းတော်ထဲ ဝင်နိုင်ဖို့အတွက် အချိန်ဆွဲနေတာပေါ့လေ”

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူက လှောင်ရယ်လိုက်၏။

“ဒါပေမယ့်လဲ သနားဖို့ကောင်းတာက နင်တို့နှစ်ယောက်စလုံး အခု သေရတော့မယ်.. ဒီနေ့ ငါနင့်ကို သတ်ပေးရမယ်.. အဲ့ဒါမှ စင်ကြယ်အပျိုစင်ဂိုဏ်းအတွက်ရော ငါတို့ မိစ္ဆာဂိုဏ်းတွေအတွက်ပါ ကျက်သရေ မယုတ်တော့မှာ”

ထိုစကားကို ပြောချိန်၌ ချိတ်ပိတ်ထားသူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် တောက်ပလာပြီး သူ့ခါးမှာ ပျော့ပျောင်းသော ဓါးတစ်လက်ကို ဆွဲထုတ်ကာ လွှဲခုတ်လိုက်၏။

ရွှစ်..

လေခွင်းသံနှင့်အတူ ဓါးက အဖြောင့် ချိုးဝင်လာ၏။

သေအံ့ဆဲဆဲ ကူကယ်ရာမဲ့နေသော အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ကိုင်တွယ်ဖို့အတွက်တောင် ချိတ်ပိတ်ထားသူက သနားညှာတာခြင်း အလျှင်းမရှိဘဲ သူ၏ ရွှေအမြုတေစွမ်းအားကို ထုတ်ဖော်၍ ရှေ့သို့ ပစ်လွှတ်လိုက်၏။

ထိုတိုက်ခိုက်မှုသည် သူတို့နှစ်ယောက်စလုံး၏ ဦးခေါင်းများကို တိတိရိရိ ပြတ်ကျသွားစေဖို့ လုံလောက်လေသည်။

ဓါးချီက အလွန်တရာ အေးစက်၍ ကြမ်းတမ်းသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

နတ်ဆိုးမကျိသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ဘေးဘက်သို့ ပြိုလဲကျသွား၏။

ရုတ်တရက် လက်တစ်ဖက်က ထွက်လာပြီး သူမ၏ ကိုယ်ကို လှမ်းဖက်ထားလိုက်၏။

နောက်ခဏ၌ နတ်ဆိုးမကျိသည် သူမ၏ ဝေဝေဝါးဝါး အမြင်အာရုံမှတစ်ဆင့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားလေသည်။

ထိုသူက တစ်ကိုယ်လုံး လောင်ကျွမ်းမည်းနက်၍ ပုံပန်းပျက်နေသော်လည်း သူမသည် သူ့ကို မှတ်မိနိုင်သေး၏။

တစ်စုံတစ်ယောက်ကို အစိမ်းလိုက် ဝါးမျိုချင်သည့်အလား သူ၏ မျက်လုံးများက နီရဲ၍ အရောင်လက်နေ၏။

ရုတ်တရက် ဆူဇီမိုသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ မျက်လုံးများက တုန်လှုပ်စွာနှင့် တင်းကျပ်သွား၏။

သူ၏ လက်ဝါးပေါ်တွင် အသားများ မကျန်ရှိတော့ပေ။ အဲ့ဒါက သွေးနီရောင်အရိုးစုတစ်ခုသာဖြစ်ပြီး ခပ်ပါးပါး မီးတောက်အလွှာလေးတစ်ခုက အဲ့ပေါ်မှာ လောင်ကျွမ်းကခုန်နေကာ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် သက်ရှိအားလုံးကို လောင်ကျွမ်းပြာချချေမှုန်းပစ်နိုင်သည့်အလား ကြောက်စရာကောင်းသည်အော်ရာက ဖြာထွက်နေလေသည်။

အဲ့ဒါက နတ်ဘုရားစိတ်ဝိညာဉ်လက်တစ်ဖက်အလား တုန်လှုပ်ချောက်ချားဖွယ်ရာအော်ရာကို ထုတ်ပေးနေလေသည်။

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူ မပြောနှင့် အနီးနားကနေ စောင့်ကြည့်နေကြသော ချိတ်ပိတ်ထားသူများပင်လျှင် ကြက်သီမွေးညင်းများထ၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကြလေသည်။

အချို့ကျင့်ကြံသူများဆို ထိုစွမ်းအားမှ ဖိအားကို တောင့်မခံနိုင်တော့ဘဲ မြေကြီးပေါ် ပစ်လဲကျကာ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်နေကြလေသည်။

အောက်ကျသိမ်ငယ်သောစိတ်က များစွာသောကျင့်ကြံသူများ၏ နှလုံးသားထဲမှာ ကြီးထွားလာကြလေသည်။

ပျော့ပျောင်းသောဓါးကို ရင်ဆိုင်ဖို့အတွက် သွေးရိုးလက်ဝါးက ဆန့်ထွက်လာ၏။

ဖြောက်.. ဖြောက်.. ဖြောက်..

သွေးရိုးလက်ဝါးဆီသို့ မရောက်ခင်မှာပင် ဓါးက သံမဏိရည်များအဖြစ် အရည်ပျော်သွားပြီး မြေကြီးပေါ်သို့ တပေါက်ပေါက် ကျသွားလေသည်။

ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက ဒီလိုနဲ့ပဲ ဖျက်ဆီးခံလိုက်ရလေသည်။

သူ့နောက်ကျောမှာ‌ တည်ဆောက်မှုပုံသဏ္ဌာန်အက်ကွဲကြောင်းက ပေါ်လာပြီး ချိတ်ပိတ်ထားသူသည် ရှောင်ပုန်းစရာ နေရာမရှိတော့ပေ။ သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ သွေးရိုးလက်ဝါးပေါ်တွင် တောက်လောင်နေသည့် မီးတောက်က ပို၍ကြီးထွားလာပြီး ပြင်းထန်သည်ထက် ပြင်းထန်....

All Chapters