← Chapters

လျှို့ဝှက်ဆန်းကြယ်သော အဖိုးအို

Vol. 31 Ch. 462

လျှို့ဝှက်ဆန်းကြယ်သော အဖိုးအို

Vol. 31 Ch. 462

အသစ်ဖြစ်ပေါ်လာသော သူ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး သူ့ကိုယ်တွင်းတွင် တလိပ်လိပ်တက်လာနေသော စွမ်းအားများကို တွေ့ကြုံခံစားကာ ဆူဇီမိုသည် ညည်းတွားလိုက်၏။

“လူသားဧကရာဇ်နန်းတော်က တစ်ကယ့်ကို ရှေးခေတ်ဒဏ္ဍာရီလာနန်းတော် ပီသပါပေတယ်.. သူ့ဆီက ဆေးလုံးလေးတစ်လုံးကတောင် ဒီလောက်ထိ အစွမ်းထက်လှတယ်ဆိုတော့..”

ထိုအချိန်တွင် ဆေးလုံးမှ စွမ်းအင်များနှင့် သန့်စင်ဆေးကြောပြီးနောက် ဆူဇီမိုသည် ရုပ်ရည်သွင်ပြင်က နဂိုအတိုင်း ပြန်ပြောင်းသွားပြီဖြစ်လေသည်။ သူသည် လှပကြော့ရှင်းသော ရုပ်ရည်သွင်ပြင်နှင့် အစိမ်းရောင်ဝတ်စုံတစ်စုံကို ထုတ်ဝတ်လိုက်လေသည်။

စောစောက ပျောက်ကွယ်သွားသော လျှို့ဝှက်ဆန်းကြယ်သည့် အဖိုးအိုကလွဲလျှင် သူ့အနားမှာ မည်သူမှ ရှိမနေပေ။

အဖိုးအို၏ မျက်လုံးထဲတွင် သူ၏ ရုပ်ဖျက်ထားသည့်နည်းလမ်းက ကလေးကစားစရာလောက်သာ ဖြစ်နေမှာကြောင့် ဆူဇီမိုသည် ဆက်လက်ဟန်ဆောင်နေဖို့ စိတ်ကူး မရှိတော့ပေ။

သူလှည့်ပတ်ကြည့်လိုက်သောအခါ ဤနေရာက အလွန်တရာကျယ်ဝန်းကြီး အကန့်အသတ်မဲ့ ကြီးမားလှသည်ကို တွေ့လိုက်ရလေသည်။ နန်းတော်တစ်ခုဆိုတာထက် အဲ့ဒါက အခြားကမ္ဘာတစ်ခုနှင့် ပိုတူနေလေသည်။

လေထုက လတ်ဆတ်၍ စိတ်ဝိညာဉ်ချီများက ပေါကြွယ်ဝနေ၏။ ဤပတ်ဝန်းကျင်က ရှေးဟောင်းတိုက်ပွဲမြေထက် ပိုကောင်းလှလေသည်။

နတ်ဆိုးမကျိကို စိုးရိမ်ပူပန်နေသောကြောင့် သူသည် သူ၏ စိတ်ဝိညာဉ်တောင်ပံများကို ထုတ်ဖော်၍ ရှေ့သို့ ပျံသန်းသွားလိုက်၏။

ဤကျယ်ဝန်းလှသော မြေပေါ်တွင် အသက်ဓါတ်က ပေါကြွယ်ဝ၍ သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းစိုပြေနေလေသည်။

ခပ်ဝေးဝေးတွင် ကြီးမားသည့်ရေကန်ကြီး၏ ဘေး၌ သမင်ဖြူတစ်ကောင်က ရေသောက်နေလေသည်။ သူ့ကျောပေါ်တွင် အတောင်ပံတစ်စုံရှိပြီး သူ့မျက်လုံးများမှ စိတ်ဝိညာဉ်အလင်းက ဟိုဟိုသည်သည် လှစ်ကနဲပြေးနေလေသည်။

သမင်ဖြူက ဦးခေါင်းကိုမော့၍ ဆူဇီမိုမြင်သွားသောအခါ နည်းနည်းလေးမှ ကြောက်လန့်မနေပေ။ သူက စူးစမ်းချင်စိတ်နှင့် သူ့နားကို အနည်းငယ် လှုပ်ပြီးနားစွင့်နေ၏။

ဆူဇီမိုက ရေကန်မျက်နှာပြင်ပေါ်ကနေ ဖြတ်သန်းလာ၏။

ဗွမ်း.. ဗွမ်း..

ဧရာမသွေးနီရောင်ငါးကြီးများက ထိတ်လန့်သွားသည့်အလား ရေကန်မျက်နှာပြင်ထက်သို့ ခုန်တက်လာကြ၏။ သူတို့က ရှစ်ပေလောက်အရှည်ရှိပြီး ဦးခေါင်းပေါ်မှာ သေးငယ်သော ဦးချိုလေးတစ်စုံနှင့် ငါးသိုင်းငါးပုံစံနှင့် ဆင်တူလေသည်။

သူတို့သည် ရေကန်ထဲသို့ ပြန်ပြုတ်ကျသွားသောအခါ လှိုင်းဂယက်များက ထလာလေသည်။

ဆူဇီမိုသည် အံ့အားသင့်သွားရ၏။ အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်သော ကမ္ဘာဦးခေတ်က မူလသွေးမျိုးဆက်သက်ရှိတစ်မျိုး ဖြစ်လေသည်။

“ဂီး..”

ခပ်လှမ်းလှမ်း ကောင်းကင်ထက်တွင် ရှင်းလင်းပီသသည့် အော်မြည်သံက ထွက်ပေါ်လာလေသည်။

ဧရာမငှက်ကြီးတစ်ကောင်က ကောင်းကင်ထက်ကနေ ပျံသန်းလာ၏။ ထိုငှက်ကြီး၏ ဘယ်ဘက်တစ်ဝက်က အစိမ်းရောင်ရှိပြီး ညာဘက်တစ်ဝက်က အနီရောင် ဖြစ်နေလေသည်။

သေချာအာရုံစိုက်ကြည့်ပြီးနောက် ဆူဇီမိုသည် တုန်လှုပ်သွားကာ လေထဲကနေ ပြုတ်ကျတော့မည်ကဲ့သို့ ဖြစ်သွားရလေသည်။

အဲ့ဒါက ဧရာမငှက်ကြီးတစ်ကောင်မဟုတ်.. ငှက်စုံတွဲပင် ဖြစ်လေသည်။

ဆန်းကြယ်ဂိုဏ်းရှိ ရှေးဟောင်းကျမ်းစာများထဲမှာ ကမ္ဘာဦးခေတ်ငှက်တစ်မျိုးအကြောင်း အနည်းငယ်ဖော်ပြထားတာ ရှိလေသည်။

ပီယင်းငှက်က မျက်လုံးတစ်လုံးနှင့် တောင်ပံတစ်ဖက်သာ ပါရှိပြီး အထီးများက အစိမ်းရောင်ဖြစ်၍ အမများက အနီရောင်ရှိလေသည်။ ထိုငှက်မောင်နှံက အတိုင်အဖောက်ညီစွာနှင့် အတူတကွ ပူးတွဲ၍ ပျံသန်းသွားလာတတ်၏။

ထိုစာသားဖော်ပြချက်ကို သူမြင်တွေ့ခဲ့ရစဉ်က ဆူဇီမိုက ဘယ်လိုမှ မဖြစ်နိုင်ဟု တွေးပြီး ခေါင်းခါရမ်း၍ ရယ်မောခဲ့လေသည်။

ကမ္ဘာပေါ်မှာ မျက်လုံးတစ်လုံး၊ တောင်ပံတစ်ဖက်တည်းနှင့် ပျံသန်းနိုင်သည့်ငှက်အမျိုးအစားက ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။

ယခု သူကိုယ်တိုင် မျက်စိနှင့် တပ်အပ်မြင်တွေ့မှသာ စကြာဝဠာက အလွန်တရာ ဆန်းကြယ်အံ့သြဖို့ကောင်းကြောင်း သူသိလိုက်ရလေသည်။

“ဒဏ္ဍာရီတွေက တစ်ကယ်ကို မှန်နေတာပဲ..”

ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူသည် လေထဲသို့ ပျံတက်ပြီး ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ တသိမ့်သိမ့် တုန်လှုပ်သွားလေသည်။ သူ့မျက်လုံးများထဲမှာ တုန်လှုပ်ချောက်ချားမှုက ပြည့်နေပြီး နေရာမှာတင် ငူငူကြီး ရပ်နေမိလေသည်။

ကျယ်ပြောလှသော ဤကုန်းမြေတွင်.. မရေမတွက်နိုင်သော ဒဏ္ဍာရီလာ ရှားပါးတောကောင်အမျိုးမျိုးက ကျင်လည်ကျက်စားနေကြလေသည်။

အဲ့ဒါက တစ်ကယ့်ကို အံ့မခန်းဖြစ်ပြီး ထိုတောကောင် အတော်များများကို ဆူဇီမိုသည် အရင်က မကြားဖူးခဲ့၍ သူတို့၏ နာမည်ကိုတောင် မပြောနိုင်ပေ။

ရုတ်တရက် သူ့နှလုံးက ခုန်သွားပြီး သူ့အကြည့်က တောင့်ခဲသွားလေသည်။

မလှမ်းမကမ်းတွင် အဖိုးအိုတစ်ယောက်က လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေ၏။ အဲ့ဒါက သူ့ကို ဆေးလုံးတိုက်ကျွေးခဲ့သာ လျှို့ဝှက်ဆန်းကြယ်သည့် အဖိုးအို ဖြစ်လေသည်။

နှစ်ခါပြန်စဉ်းစားမနေဘဲ ဆူဇီမိုသည် လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုရှေ့သို့ လျှောက်သွားလိုက်၏။ သူက အလေးအနက် ဦးညွှတ်၍ စိတ်အရင်းခံနှင့် ပြောလိုက်၏။

“ကျတော့်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ.. ကျတော် တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”

လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက ခေါင်းညိတ်ရုံသာညိတ်ပြ၍ ဆူဇီမိုကို စေ့စေ့စ့ပ်စပ် စိုက်ကြည့်နေ၏။

ထိုအချိန်၌ ဆူဇီမို၏ ခေါင်းထဲမှာ မေးခွန်းပေါင်း သောင်းခြောက်ထောင်က ပေါ်လာလေသည်။

သူ့ရှေ့က အဖိုးအိုက ဘယ်သူပါလိမ့်.. အဲ့ဒီဆေးလုံးကရော ဘာဆေးလုံးလဲ.. ဒါက လူသားဧကရာဇ်နန်းတော်ထဲမှာရော ဟုတ်ရဲ့လား.. ဘာလို့များ ဒီလောက်ပေါများတဲ့ အံ့မခန်းတောကောင်တွေက ရှိနေရတာလဲ...”

သို့သော်လည်း ထိုမေးခွန်းများက သူ့ခေါင်းထဲမှာ တဖျပ်ဖျပ် ပေါ်လာနေရုံသာ ဖြစ်ပြီး သူက မေးလိုက်လေသည်။

“စီနီယာခင်ဗျာ.. ကျတော်တစ်ခုလောက် မေးပါရစေ.. ကျတော်နဲ့အတူ လူသားဧကရာဇ်နန်းတော်ထဲ ဝင်လာခဲ့တဲ့ မိန်းကလေးက အခုဘယ်မှာလဲ မသိဘူး”

အဖိုးအိုက မှင်သေသေမျက်နှာထားနှင့် ပြန်ဖြေလိုက်၏။

“သူက ဒီမှာ မဟုတ်ဘူး”

“ဒီမှာ မဟုတ်ဘူးလား”

ဆူဇီမို၏ နှလုံးက တင်းကျပ်သွားပြီး ကပျာကယာ မေးလိုက်၏။

“သူက ဘယ်မှာလဲ.. သူက လူသားဧကရာဇ်နန်းတတော်ထဲကို ကျတော်နဲ့အတူ ဝင်လာတာလေ.. အဲ့ဒါကို သူက ဘာလို့ ဒီမှာ မရှိရတာလဲ”

“မင်းက ဘာလို့များ အဲ့လောက်တောင် စိုးရိမ်တကြီး ဖြစ်နေရတာလဲကွ”

လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက မျက်လုံးစွေကြည့်ပြီး ညင်သာစွာ ငေါက်လိုက်၏။

“ငါပြောတာ အဲ့ကလေးမက မင်းနဲ့ တူညီတဲ့ ကျောက်သားခန်းမတစ်ခုထဲမှာ ရှိမနေဘူးလို့”

“ကျောက်သားခန်းမလား”

ဆူဇီမိုသည် စိတ်ရှုပ်ထွေးသွား၏။

သူ့ခြေထောက်ကို လက်ညှိုးထိုးပြီး အဖိုးအိုက သာမန်ကာလျှံကာပင် ပြောလိုက်၏။

“ငါတို့အခုရှိနေတဲ့လောကက လူသားဧကရာဇ်နန်းတော်ထဲက ကျောက်သားခန်းမတစ်ခုပဲ ရှိသေးတယ်”

ဆူဇီမို၏ ပါးစပ်က တဖြည်းဖြည်းပွင့်ဟသွားပြီး ကြက်သေသေကာ သူ့မျက်လုံးထဲမှာ တုန်လှုပ်မှုက ပြည့်နေလေသည်။

ကောင်းကင်နှင့် ကြယ်တွေနှင့် ဤလောက.. တောင်တန်းတွေ၊ စိမ်းစိုနေသော တောအုပ်တွေ၊ မရေမတွက်နိုင်သော အံ့မခန်းတောကောင်းများနှင့်.. အကန့်အသတ်မဲ့ ကျယ်ပြောလှသော ကုန်းမြေက.. လူသားဧကရာဇ်နန်းတော်ထဲက ကျောက်သားခန်းမတစ်ခုတဲ့လား..

အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်..

အဖိုးအို နောက်ထပ် ထပ်ပြောလိုက်သောစကားက ဆူဇီမိုကို ပို၍ကြီးမားစွာ တုန်လှုပ်ချောက်ချားသွားစေပြီး သူသည် ငူငူငိုင်ငိုင်နှင့် အတန်ကြာသည့်အထိ သတိပြန်မကပ်နိုင်တော့ပေ။

“လူသားဧကရာဇ်နန်းတော်ထဲမှာ ဒီလိုမျိုး ကျောက်သားခန်းမတွေက သန်းနဲ့ချီပြီးရှိတယ်” လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက တည်ငြိမ်နေသော အမူအယာနှင့် အေးဆေးသက်သာစွာပင် ပြောလိုက်၏။

ဆူဇီမို.. “.....”

အတန်ကြာပြီးနောက် သူသည် နတ်ဆိုးမကျိကို စိုးရိမ်နေမိဆဲဖြစ်ပြီး မေးလိုက်၏။

“အဲ့ဒီပန်းရောင်ဝတ်မိန်းကလေးက ဘယ်လိုနေလဲ မသိဘူး”

“မပူပါနဲ့ သူ မသေပါဘူး.. သူ့ကံကြမ္မာနောက်ကို သူလိုက်သွားပါလိမ့်မယ်” အဖိုးအိုက ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားမှသာ ဆူဇီမိုသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

“ဟေး”

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သောအဖိုးအိုက လှောင်ရယ်လိုက်၏။

“ကောင်လေး မင်းက ငါ့သခင် ချမှတ်ထားတဲ့ စည်းမျဉ်းကိုတောင် စိန်ခေါ်ရဲလောက်အောင် တစ်ကယ့်ကို မျက်နှာပြောင်တိုက်တဲ့ကောင်ပဲ.. မိန်းကလေးက အရမ်းသနားစရာကောင်းနေတာကို မြင်ပြီး ငါ့သခင်မက ဝင်ပြောပေးလို့သာ.. မဟုတ်ရင် အဲ့ကောင်မလေးက သေနှင့်နေလောက်ပြီ”

သခင်.. သခင်မ..

ဆူဇီမိုသည် မျက်တောင်ခတ်၍ အကဲစမ်းကြည့်သလို မေးလိုက်၏။

“စီနီယာ.. စီနီယာပြောတဲ့ သခင်ဆိုတာက...”

“မင်း တော်တော် မိုက်မဲတဲ့ကောင်ပဲ”

အဖိုးအိုက မျက်မှောင်ကြုတ်၍ ဆူဇီမိုကို စိုက်ကြည့်ပြီး ပြောလိုက်၏။

“ဒါက လူသားဧကရာဇ်နန်းတော်ဆိုမှတေ့ ငါ့သခင်က လူသားဧကရာဇ်ပေါ့ဟ”

ဆူဇီမိုသည် တုန်လှုပ်သွား၏။

အဖိုးအိုပြောသည့် သခင်မဆိုသူမှာ လူသားဧကရာဇ်၏ တာအိုလက်တွဲဖော်ပင် ဖြစ်ရပေမည်။

အဖိုးအိုက ဆူဇီမိုကို တစ်ချက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

“ဒီကောင်လေးက တော်တော်ကို နုံအတာပဲ.. ငါ့သခင်ရဲ့ ဆုံးဖြတ်ချက်က မှားများမှားသွားပြီလားမသိဘူး”

တစ်ကယ်တော့ ဆူဇီမိုကလည်း အပြစ်တင်လို့ မရပေ။

လူသားဧကရာဇ်နန်းတော်ထဲကို ဝင်လာပြီးနောက် တွေ့မြင်ရ၊ ကြုံရသမျှ အရာရာတိုင်းက သူ့စဉ်းစားဉာဏ်ထက်ကို များစွာ ကျော်လွန်နေလေသည်။

သူသည် အဲ့ဒါကို ခန့်မှန်းမိလျှင်တောင် ယုံကြည်လက်ခံဖို့ မဝံ့ရဲသော အရာများ ဖြစ်လေသည်။

ဒါ့အပြင် ယခုအချိန်ထိ သူ့ရှေ့မှ အဖိုးအို၏ သရုပ်သကန်ကိုတောင် သူရှင်းရှင်းလင်းလင်း မသိရသေးပေ။

All Chapters