အဆုံးစွန်သောရတနာနှစ်ခု
Vol. 31 Ch. 464
“ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံဖို့အတွက် လိုအပ်ချက်တွေက အရမ်းကို တင်းကျပ်လွန်းတယ်.. နဂါးမျိုးနွယ်က သွေးချီကို ရဖို့ဆိုတာက အစပဲရှိသေးတယ်.. မင်းအရင်က လူသားဧကရာဇ်နန်းတော်ကို ဝင်ရောက်နိုင်ခဲ့တဲ့ လူခုနှစ်ယောက်ရှိခဲ့ဖူးတယ်.. သူတို့မှာလဲ မင်းနဲ့ နှိုင်းယှဉ်လို့ရလောက်တဲ့ ပါရမီအလားအလာတွေ ရှိကြတာပဲ.. ဒါပေမယ့်လို့ သူတို့က နည်းနည်းလေးတော့ နိမ့်ကျနေသေးတယ်”
လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက နှမြောတမ်းတစွာနှင့် ပြောလိုက်၏။
“ကျွတ် ကျွတ်.. အဲ့ဒီကောင်လေးလိတ်က အတော်လေးတော့ ထက်မြက်သားပဲ.. နှမြောစရာပဲ သူ့ရဲ့ နဝမမြောက်မရီးဒါန်ကို မဖွင့်နိုင်ခဲ့ဘူး.. သူက ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံနိုင်ဖို့ နဲနဲလေး ကပ်လွဲသွားတယ်”
ထိုနေရာအရောက်၌ ဆူဇီမို၏ နှလုံးက တစ်ချက်ခုန်သွားပြီး ဦးလေးလျန့်ပြောခဲ့သည့်စကားများကို ပြန်လည်အမှတ်ရလာလေသည်။
အန္တိမအခြေတည်အဆင့်၏ လျှို့ဝှက်ချက်က လူသားဧကရာဇ်နန်းတော်တွင်းမှာ ရှိသည်ဆိုသော ဒဏ္ဍာရီတစ်ခု ရှိလေသည်။
သူက အလောတကြီး မေးလိုက်၏။
“စီနီယာ.. အဲ့ဒါဆို ကျတော်မေးပါရစေ.. လူတစ်ယောက်က အန္တိမအခြေတည်အဆင့်ကို ရောက်ဖို့အတွက် နဝမမြောက်မရီးဒါန်ကို ဘယ်လိုမျိုး ဖွင့်ရမှာလဲ”
အဖိုးအိုက ပြန်ဖြေလိုက်၏။
“ကိုးဆိုတာက အဆုံးစွန်နဝင်းကို ကိုယ်စားပြုတာပဲ.. လူတစ်ယောက်က သူ့ရဲ့ နဝမမြောက်မရီးဒါန်ကို ဖွင့်ချင်တယ်ဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က အဆုံးစွန်ထိ သန့်စင်နေရမယ်.. အညစ်အကြေး နည်းနည်းလေးတောင် ရှိလို့မရဘူး.. ငါ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို စစ်ဆေးကြည့်ပြီးသွားပြီ။ အဲ့ဒါက အရမ်းကို သန့်စင်ပြီးတော့ တစ်ကယ့်ကို ရှားရှားပါးပါးပဲ”
ခဏနေပြီးနောက် ဆူဇီမိုက မှတ်ချက်ပြုပြောလိုက်၏။
“စီနီယာ.. ကျတော့်ရဲ့ အခုကျင့်ကြံမှုအထိ ကျတော်က ဆေးလုံးတွေကို စားသုံးခဲတယ်.. ကျတော်စားသုံးခဲ့ရင်တောင် အဲ့ဒါက ပကတိအဆင့်ဆေးလုံးပဲ.. ကျတော်ထင်တာ အဲ့ဒါနဲ့များ ဆိုင်နေမလားလို့”
ပကတိအဆင့်ဆေးလုံးကလွဲလျှင် အခြားအဆင့်များ၌ ဆေးလုံးတိုင်းက အညစ်အကြေး အနည်းအကျဉ်းတော့ ပါတတ်ကြလေသည်။
“ဆေးလုံးတွေနဲ့ ဆိုင်တယ်လို့ ပြောလို့ရပေမယ့် အဲ့ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်”
အဖိုးအိုက ခေါင်းခါရမ်းလိုက်၏။
“ထျန်ဟွမ်းကုန်းမြေမှာ ကြွယ်ဝတွေအမွေအနှစ်တွေ၊ တောင့်တင်းတဲ့ အခြေခံအုတ်မြစ်တွေနဲ့ ဂိုဏ်းတွေ အများကြီးရှိတယ်.. အဲ့လိုဂိုဏ်းက ပြိုင်စံရှားတွေအတွက် ပကတိအဆင့်ဆေးလုံးတွေဆိုတာ ရှားပါးမနေဘူး.. ဒါပေမယ့်လို့ ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်ချီတွေကို စုပ်ယူနေရတဲ့အတွက် အညစ်အကြေးဆိုတာကို ရှောင်လွှဲလို့ မရဘူး”
အဖိုးအိုက ဆက်ပြောလိုက်၏။
“မော်တယ်တွေက အစားအသောက်စားပြီး အာဟာရပြုရသလိုပဲ.. ကျင့်ကြံရေးလမ်းကို စဝင်လာတဲ့သူတွေက စိတ်ဝိညာဉ်ချီတွေကို စုပ်ယူပြီး အာဟာရပြုရတဲ့အတွက် အဲ့ထဲမှာ ပါလာတဲ့ အညစ်အကြေးတွေကို ရှောင်လွဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. တစ်ခုပဲရှိတယ်.. လူတစ်ယောက်မှာ သူ့ကိုယ်ထဲက စိတ်ဝိညာဉ်ချီတွေကို ကူညီသန့်စင်ထုတ်ပေးဖို့အတွက် အဆုံးစွန်ရတနာတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင်ပေါ့”
ထိုနေရာအရောက်၌ အဖိုးအိုက ဆူဇီမို၏ ညာဘက်လက်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။
ချီစုဖွဲ့ကျမ်းကို စတင်ကျင့်ကြံတုန်းက ချီများက သူ့ကိုယ်ထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာသည်ကို ပြန်လည်အမှတ်ရသွားပြီး ဆူဇီမိုသည် တဖြည်းဖြည်းနှင့် သဘောပေါက်နားလည်လာလေသည်။
ထိုအချိန်တုန်းက စိတ်ဝိညာဉ်ချီများသည် သူ့ညာဘက်လက်မှတစ်ဆင့် သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
လူသားဧကရာဇ်နန်းတော်သို့ မဝင်ရောက်ခင်က ချိတ်ပိတ်ထားသူအချို့သည် သူ့ညာလက်က နတ်ဖီးနစ်အရိုးတစ်ခုဖြစ်သည်ဟု ပြောခဲ့ကြလေသည်။
အဲ့ဒါကသာ အမှန်ဆိုလျှင် အချက်အလက်များစွာကို ရှင်းပြနိုင်လေသည်။
သူ့ညာလက်ကနေ ဝင်ရောက်လာပြီးနောက် စိတ်ဝိညာဉ်ချီများသည် နတ်ဖီးနစ်အရိုး၏ သန့်စင်ခြင်းကို ခံရပြီး အညစ်အကြေးများအားလုံးက လောင်ကျွမ်းခံရကာ အသန့်စင်ဆုံး စိတ်ဝိညာဉ်ချီများကသာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
လျှို့ဝှက်ဆန်းကြယ်သောအဖိုးအိုက ပြောလိုက်၏။
“ဒီနတ်ဖီးနစ်အရိုးဆိုတာက ထျန်ဟွမ်ကုန်းမြေတိုက်မှာ တစ်ကယ့်ကို ရှားရှားပါးပါး အဆုံးစွန်ရတနာအချို့ထဲက တစ်ခုပဲ.. မင်းရဲ့လက်ကောက်ဝတ်ကို နတ်ဖီးနစ်အရိုးနဲ့ဆက်ပြီး မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့တဲ့သူက တော်တော့်ကို ကြိုးစားပမ်းစား အားစိုက်ထုတ်ခဲ့ရမှာပဲ”
ထိုစကားကို ကြားရချိန်မှာတော့ သူ၏ သွေးရိုးလက်ဝါးက ဒဏ္ဍာရီလာနတ်ဖီးနစ်အရိုးဆိုတာ လုံးဝ သေချာသွားလေပြီ။
ကန်လန်းရိုးမမှာ ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့စဉ်က သူ့ညာဘက်လက်က ဖျက်ဆီးခံလိုက်ရ၏။
သူပြန်နိုးလာသည့်အချိန်တွင် သူ့ညာဘက်လက်က အကောင်းပကတိ ဖြစ်နေလေပြီ။
ပြောရမည်ဆိုလျှင်.. သူသတိလစ်နေသည့် ရက်အနည်းငယ်အတွင်း တျဲယွဲ့က သူ့ကိုယ်ထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့ရုံသာမဟုတ်ဘဲ.. သူ၏ လက်ကောက်ဝတ်ကိုလည်း နတ်ဖီးနစ်အရိုးနှင့် ဆက်ပေးခဲ့လေသည်။
“မင်းသာ ဉာဏ်ကောင်းမယ်ဆို.. ဒီနေရာကနေ ထွက်သွားပြီးရင် အဲ့ဒီနတ်ဖီးနစ်အရိုးကို နောက်တစ်ခါ ထုတ်မပြသင့်တော့ဘူးဆိုတာ မင်းနားလည်မှာပေါ့.. မဟုတ်ရင်တော့ မင်းသေလိမ့်မယ်”
အဖိုးအိုက တင်းမာသော အမူအယာနှင့် ဆက်ပြောလိုက်၏။
“လူသားမျိုးနွယ်က စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးတွေတောင် အဲ့ဒီနတ်ဖီးနစ်အရိုးကို မြင်ရင် လောဘတက်ပြီး လုယူကြလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လူသားဧကရာဇ်နန်းတော်အောက်ကို ဝင်ရောက်လာတုန်းက သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲခဲ့သည်မှာ အတော်လေး မှန်ကန်သွားလေသည်။
မဟုတ်ပါက ထျန်ဟွမ်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် သူက သေချာပေါက် အမဲဖျက်ခံရပေတော့မည်။
“အန္တိမအခြေတည်အဆင့်ကို ရောက်ချင်ရင် လိုအပ်တဲ့ စိတ်ဝိညာဉ်ရင်းမြစ်ကလဲ အရမ်းကို တင်းကျပ်တယ်.. ဘာပဲဖြစ်ဖြစ် မင်းမှာ အဲ့ပြဿနာလဲ မရှိပြန်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် အဖိုးအိုက ဆူဇီမိုကို လေးနက်စွာ နောက်တစ်ဖန်ကြည့်လိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အဆုံးစွန်ရတနာအမျိုးအစားက တစ်ကယ့်ကို နဲနဲလေးပဲရှိတာ.. အဲ့ဒီပုဂ္ဂိုလ်က မင်းလျှောက်ရမယ့်ကျင့်ကြံရေးလမ်းကြောင်းကို ဖောက်ဖို့အတွက် အဲ့လိုရတနာနှစ်ခုကို မင်းကိုယ်ထဲမှာ ရက်ရက်ရောရောနဲ့ကို အများကြီး ကြိုးစားအားထုတ်ပြီးတော့ ချန်ပေးထားခဲ့တာပဲ”
“အ..”
ဆူဇီမိုသည် တုန်လှုပ်သွား၏။
တျဲယွဲ့ထွက်မသွားခင်က သူမသည် သူ့အတွက် လက်ဆောင်သုံးခု ချန်ပေးထားခဲ့သည်ဟု ပြောခဲ့၏။ တစ်ခုက သူ၏ စိတ်ဝိညာဉ်ရင်းမြစ်၊ နောက်တစ်ခုက အခုသူသိလိုက်ရသော နတ်ဖီးနစ်အရိုး ဖြစ်လေသည်။
အဲ့ဒီမှာ ဘာမှန်းမသိရသေးသော လက်ဆောင်တစ်ခု ကျန်နေသေးလေသည်။
အဖိုးအို၏ စကားအသွားအလာအရ.. ဒုတိယမြောက် အဆုံးစွန်ရတနာက သူ၏ စိတ်ဝိညာဉ်ရင်းမြစ်နှင့် တစ်နည်းတစ်ဖုံ ပတ်သတ်နေပုံရလေသည်။
ဆူဇီမိုက မအောင့်အည်းနိုင်ဘဲ မေးလိုက်၏။
“ဒုတိယမြောက်အဆုံးစွန်ရတနာက ဘာလဲဗျ”
“ငါမင်းကို ရှင်းပြရင်တောင် မင်းရဲ့လက်ရှိကျင့်ကြံမှုအဆင့်အရ အဲ့ဒါက အကျိုးရှိမှာ မဟုတ်ဘူး.. တစ်နေ့ နောက်အနာဂတ်မှာ အဲ့ဒါကို မင်းကိုယ်တိုင် သိမြင်လာပါလိမ့်မယ်” အဖိုးအိုက ခေါင်းခါရမ်းလိုက်၏။
ဆူဇီမိုသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း နားပူနားဆာလုပ်ပြီး မေးမနေတော့ပေ။
အဖိုးအိုက ဆက်ပြော၏။
“ရှေးဟောင်းနဂါးအသွင်းပြောင်းပညာရပ်က လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အမြောက်အများ သုံးစွဲဖို့ လိုတဲ့အတွက် အဲ့ဒါကို အန္တိမအခြေတည်အဆင့်ရောက်မှပဲ ထုတ်ဖော်နိုင်လိမ့်မယ်.. အဲ့ဒါတင်မကဘူး.. ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်ဖို့အတွက် အဲ့ဒီကျင့်ကြံသူရဲ့ ကိုယ်ကာယလိုအပ်ချက်ကလဲ အရမ်းများတယ်”
“မင်းက နတ်နဂါးတစ်ကောင်ရဲ့ ပုံရိပ်ယောင်ကိုပဲ ဆင့်ခေါ်နိုင်မှာဆိုပေမယ့် အဲ့ဒီမှာ နဂါးတစ်ကောင်ရဲ့ အစစ်အမှန်စွမ်းအားက ပါနေမှာပဲ.. အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းပြီးတော့ သက်ရှိအားလုံးကို နှိမ်နင်းနိုင်တယ်.. ရှေးဦးအဆက်နွယ်တောကောင်တွေတောင် နဂါးရဲ့စွမ်းအားနဲ့တွေ့ရင် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလိမ့်မယ်”
“မင်းက အင်မော်တယ်ကျင့်စဉ်ရော၊ သားရဲကျင့်စဉ်ကိုပါ ကျင့််ကြံတဲ့သူ ဖြစ်ပြီး မင်းရဲ့ ခန္ဓာကိုယ်က အရမ်းကို ကြောက်ဖို့ကောင်းနေပြီဖြစ်တဲ့အတွက် ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရဲ့ တန်ပြန်ဒဏ်ကို ခံနိုင်ရည်ရှိပါလိမ့်မယ်”
လျှို့ဝှက်ဆန်းကြယ်သောအဖိုးအိုက သူ၏ နောက်ခံကို စာအုပ်တစ်အုပ်လို အကုန်ဖတ်ပြနေနိုင်သည့်အတွက် ဆူဇီမိုက မအံ့သြပါ။
သို့သော်လည်း ဆူဇီမို အံ့အားသင့်ရသည်မှာ ထိုကိစ္စအပေါ် လျှို့ဝှက်ဆန်းကြယ်သော အဖိုးအို၏ စိတ်နေသဘောထား ဖြစ်လေသည်။
သူက တစ်ချိန်တည်းမှာ အင်မော်တယ်နှင့် သားရဲ ကျင့်စဉ်နှစ်ခုစလုံး ကျင့်ကြံနေသည်ကို ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ဂိုဏ်းကြီးများသာ သိသွားလျှင် သူတို့က သူ့ကို စက်ဆုပ်စရာ အပယ်ခံလူသားအဖြစ် သတ်မှတ်၍ သတ်ဖြတ်ပစ်ကြပေလိမ့်မည်။
သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သောအဖိုးအိုကတော့ ထိုကိစ္စအပေါ် မည်သို့မှ မနေပေ။
သူ့လက်ကို ဝေ့ရမ်း၍ လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက ပြောလိုက်၏။
“အချိန်က နှစ်ဝက်တောင် မကျန်တော့ဘူး.. အခုတော့ ဒီမှာနေပြီး မင်းကျင့်ကြံပေါ့.. မအောင်မြင်ခဲ့ရင်တောင် မင်းကိုယ်မင်း အတင်းဖိအားမပေးပါနဲ့”
“ကောင်းပါပြီခင်ဗျ”
ဆူဇီမို၏ ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ရေကန်ဘေးသို့ လျှောက်သွားပြီး ထိုင်ချကာ သုတ္တန်စာရွက်ကို ကြည့်လိုက်လေသည်။
သုတ္တန်ထဲရှိ စာလုံးတိုင်းက ဆန်းကြယ်သိမ်မွေ့သောစွမ်းအားကို ပိုင်ဆိုင်ထား၏။ ဆူဇီမို၏ အားကောင်းသော မျက်လုံးနှင့်တောင် သူသည် မကြာခဏဆိုသလို နားနားပြီး ဖတ်ရလေသည်။
သူ့မျက်လုံးကို ခဏလောက် အနားပေးပြီးမှသာ သူသည် ရှေ့ဆက်ဖတ်နိုင်လေသည်။
သူသည် ရေဆာလာလျှင် ရေကန်ထဲကရေကို သောက်ပြီး ဗိုက်ဆာလာလျှင် ရေကန်ထဲမှ ငါးကို ဖမ်းယူစားသောက်လေသည်။ အဲ့ဒါကလွဲလျှင် ကျန်သူ၏ အချိန်များကို ရှေးဟောင်းနဂါးအသွင်ပြောင်းအား ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေလေသည်။
ထိုသို့နှ့င် ငါးလတာကာလက ခဏလေးအတွင်း ကုန်ဆုံးသွားလေသည်။
ဤနေ့တွင် ရှေးဟောင်းတိုက်ပွဲမြေ၏ နှစ်ဆုံးချိန်ကို နီးကပ်လာပြီဖြစ်တာကြောင့် လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုသည် ပေါ်လာပြီး ဆူဇီမိုကို သတင်းပေးဖို့အတွက် ရေကန်ဘေးသို့ လျှောက်သွားလေသည်။
ရုတ်တရက်..
ဆူဇီမို၏ အော်ရာမှာ ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာလေသည်။
ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခုက ရေကန်ဘေးသို့ ဆင်းသက်လာပြီး အကုန်လုံးကို တုန်လှုပ်သွားစေလေသည်။