← Chapters

ဖေဟောင်ပြန်ရောက်လာပြီ....

Vol. 48 Ch. 659

ဖေဟောင်ပြန်ရောက်လာပြီ....

Vol. 48 Ch. 659

ဖေဟောင်၏ ရုတ်တရက် အသွင်ပြောင်းမှုသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ယွမ်ချင်းနှင့် ကျန်လူများက သူ့ကို မယုံနိုင်စွာ ကြည့်နေကြသည်။ သူ့မှာ သွေးထွက်သံယို အပေါက်တွေနဲ့ ပြည့်နေတယ်ဆိုတာ သိသာထင်ရှားပြီး ဒီဒဏ်ရာရှိတဲ့ သာမန်လူတိုင်း မလွဲမသွေသေဆုံးကြမည်သာ....

အသက်ပြန်ရှင်လာခဲ့တာ အံ့သြစရာပင်......

ထို့အပြင် ဖေဟောင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ နောက်ထပ်၊ ပိုကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေခဲ့ချေပြီ။

သူသည် အဆင့်မြင့် ကောင်းကင် ပဲ့တင်ထပ်သ့အဆင့်၏ အထွတ်အထိပ်ကို ကျော်သွားခဲ့ပြီ။

ခန္ဓာကိုယ်ပေါ်တွင် သေလောက်သောဒဏ်ရာများပြည့်နှက်နေသော်လည်း ယခင်ကထက် ပိုမိုသန်မာလာပုံရသည်။

ဖေဟောင်ကို စိုက်ကြည့်နေရင်း လီလော့၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မင်းကို ဖေဟောင်လို့ သတ်မှတ်ရမှာလား......"

"ဟမ့် ငါဘယ်သူဖြစ်နိုင်မလဲ"

ဖေဟောင် သည် ထူးဆန်းပြီး စိတ်ပျက်အားငယ်နေသည့် အကြည့်ဖြင့် လီလော့ကိုကြည့်နေပြီး အနည်းငယ် တုန်လှုပ်နေသည်။

လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ရှေ့က ဖေဟောင်သည် ပင်ကိုယ်စရိုက် ပြောင်းလဲပုံမပေါ်သော်လည်း ဤသူသည် သူတိုက်ခိုက်ဖူးသောလူမဟုတ်ကြောင်း ထူးဆန်းသောခံစားချက်တစ်ခုရှိနေသည်။ သူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုပြောင်းလဲသွားခဲ့ပြီး ဖေဟောင် ကိုယ်တိုင်တောင် ဒါကို နားလည်နိုင်မည်မထင်ပေ။

ထို့အပြင် ဖေဟောင် သည် ယခုအချိန်တွင် ကြံ့ခိုင်လွန်းနေပြီဖြစ်သည်။

သူသည် မြို့စားအဆင့်နှင့် ရင်ဆိုင်ရသကဲ့သို့ သူ့ရှေ့တွင် ရပ်နေရုံမျှဖြင့် ပြင်းထန်သောဖိအားများကို ခံစားနေရသည်။

"သခင်လေးကို စောင့်ရှောက်ကြ

!" ယွမ်ချင်း၊ လဲ့ကျန်း နှင့် ကျန်သူများသည် ချက်ချင်းပင် လူသားလှိုင်းလုံးများသဖွယ် ပြေးလာကြသည်။

ယွမ်ချင်းက..... "ဖေဟောင်! မင်း အိမ်တော်စုဝေးပွဲရဲ့ တိုက်ပွဲကို ရှုံးသွားပြီ..... မင်းမှာ အိမ်တော်သခင်ရဲ့ ကိုယ်စားလှယ်လောင်းအတွက် ရုန်းကန်ပိုင်ခွင့် မရှိတော့ဘူး!"

"အိမ်တော်သခင်?"

ဖေဟောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး.....

"အဲဒီလို အသေးအမွှား ခေါင်းစဉ်တွေအတွက် ငါဘာလို့ စိတ်ပူရမှာလဲ၊ ပြီးတော့ လော့လန်အိမ်တော်က မကြာမီ ပျက်စီးတော့မှာလေ....."

ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှုထျန်လင်းက သူ့အဖွဲ့ကို ဦးဆောင်ကာ ယွမ်ချင်း ဘက်မှ လူအုပ်ကို ကြားဖြတ်လိုက်လေသည်။

ထိုပုရွက်ဆိတ်များ၏ နှောင့်ယှက်မှုကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ ဖေဟောင် ၏အကြည့်သည် ကျန်းချင်းအာဆီသို့ရောက်လာပြီး.....

"ဒါဆို မင်းမှာရေယ ဘယ်လှည့်ကွက်တွေ ချန်ထားခဲ့သေးလဲ ....လီလော့က မတိုက်ခိုက်နိုင်တော့ဘူးဆိုတော့ ဒီတစ်ခါမင်းအလှည့်ပေါ့......"

ကျန်းချင်းအာ၏ မျက်လုံးများသည် ခံစားချက်ကင်းမဲ့ပြီး အေးစက်နေကာ....

"နင်က ဖေဟောင် မဟုတ်ဘူး၊ နင့် သူ့ကို လှည့်စားနေတဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့သူပဲဖြစ်ရမယ်..... ဖေဟောင်ကတော့ တကယ်ကို သနားစရာလေးပဲ.... နယ်ရုပ်လေးအဖြစ်အသုံးတော်ခံနေရတာများ သေတာတောင် အလွတ်မပေးကြဘူး......"

ဖေဟောင်သည် သူမ၏ ချက်ကျလက်ကျရှင်းပြချက်များကို ငြင်းဆိုခြင်းမရှိပေ။

"ပျော်စရာကောင်းတဲ့အဆုံးသတ်တစ်ခုရှိနေသရွေ့...အသေးစိတ်အချက်အလက်တွေက အရေးမကြီးဘူး.... ဒါကြောင့် တစ်ခုခုကို အမြဲကြိုးစားချင်နေခဲ့တာ"

ထိုသို့ပြောပြီးသည်နှင့် သူ့မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခုပေါ်လာပြီး လီလော့ဆီသို့ လက်ညှိုးတစ်ချောင်း ဆန့်လိုက်သည်။

"မင်းမျက်စိရှေ့မှာ လီလော့ကို သတ်လိုက်ရင် မင်းဘယ်လိုခံစားရမလဲ ငါသိချင်တယ်!"

ဘန်းးးးးး

သူပြောပြီးသည့်အခိုက်တွင်၊ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ကျန်းချင်းအာ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ သူမသည် ဖေဟောင်၏နဖူးကို ပစ်မှတ်ထားပြီး မြင့်မြတ်သောဓားစွမ်းအင်ဖြင့် လေးလံသောဓားဖြင့် အပြင်းအထန်ခုတ်ပိုင်းလိုက်လေသည်။

ကျန်းချင်းအာ၏ ဒေါသတကြီး ချေမှုန်းခြင်းကို ရင်ဆိုင်ရင်း ဖေဟောင် တစ်လက်မမျှ မလှုပ်ရှားခဲ့ပေ။ ကြီးကျယ်ခမ်းနားသော ပဲ့တင်ထပ်သံစွမ်းအားများ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး မပျက်စီးနိုင်သော ရွှေရောင်ဒိုင်းပုံသဏ္ဍာန်ဖွဲ့စည်းသွားခဲ့သည်။ ဓားချက်မှ ထွက်လာသော ဓားအလင်းတန်းနှင့် ၎င်းကို ထိမှန်သွားသောအခါ အလင်းအမှုန်အမွှားများအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။

ဖေဟောင် ယသည် ကောင်းကင်တွင် လင်းထိန်နေသော အလင်းတန်းများကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ဒီလို သန့်စင်ပြီး မြင့်မြတ်တဲ့ အလင်း စွမ်းအင်အရဆို မင်းဟာ ရှပြည်ထောင်စုတစ်ခုလုံးမှာ အရင့်ကျက်ဆုံး စွမ်းအားရှိသူ ဖြစ်သင့်ပါတယ်... ဒါပေမယ့် မင်းမှာ အရာအားလုံးရှိရင်တောင် လီလော့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး....ကျန်းချင်းအာ .....မင်းဒီနှစ်တွေတစ်လျှောက်လုံး မင်းကိုယ်မင်း ချုပ်တည်းဖို့ လျှို့ဝှက်ပညာရပ်ကိုသုံးခဲ့တယိုတော့ ထင်သလောက် အစွမ်းမပြနိုင်ရင် စိတ်ပျက်မိမှာအမှန်ပဲ....."

ကျန်းချင်းအာသည် ဤနှိမ့်ချသော မှတ်ချက်စကားများကို ကြားလိုက်ရသည်နှင့် သူမ၏ အကြည့်များ အေးစက်လာသည်။ သို့သော်လည်း သူမသည် ပျင်းရိငြီးငွေ့ဖွယ်စကားများကို စိတ်မဝင်စားခဲ့ပေ။ ယင်းအစား၊ သူမ၏ ချောမွေ့သော မျက်ခုံးများကြားတွင် သိသာထင်ရှားသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်စာလုံးပေါ်လာခဲ့သည်။

အတွေးတစ်ခုဖြင့် မှော်စာလုံးများ တိုက်ရိုက်ကွဲထွက်သွားသည်။

ဘန်းးးးးးးး

မရေမတွက်နိုင်သောအကြည့်များသည် သူမ၏ဦးတည်ရာသို့ စုပြုံကျရောက်လာပြီး လူတိုင်းသည် သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် တိုးလာသည်ကို ခံစားနေရသည်။

ရှုထျန်လင်းနှင့် မိုချန်းတို့ကို ရင်ဆိုင်ခဲ့စဉ်ကထက် ပေါက်ကွဲအားက ပိုကြီးမားသည်။

သူမ၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သံစွမ်းအား ပမာဏ တိုးမြင့်လာသည်နှင့်အမျှ သပ်ရပ်စွာစည်းနှောင်ထားသော ဆံပင်များပြေကျသွလေသည်။ရေတံခွန်လိုဖျကျနေသောဆံသားများနှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော အသားအရေနှင့် တွဲလျက် အလှတရားများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင်၊ ဆန်းကြယ်ပြီး ကွဲအက်နေသော အလင်းတက်တူးများ သူမ၏ အရေပြားပေါ်တွင် ပေါ်လာသည်။ သူမ၏ ယခင်က ကြည်လင်ပြီး ရွှေရောင်သန်းနေသောမျက်ဝန်းတစ်စုံသည် ယခုချိန်တွင် ထူးခြားဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ဖြစ်ပေါ်စေသည်။

သူ့နောက်တွင် သဘာဝစွမ်းအင်ကို အဆက်မပြတ်စုပ်ယူနေသော ကောင်းကင်ပုလဲငါးလုံးရှိသော်လည်း သာမန်ပုလဲငါးလုံးအဆင့်များထက် အပြတ်အသတ်သာလွန်နေသည်။

ထိုအချိန်တွင်၊ ကျန်းချင်းအာသည် ဖိနှိပ်ချုပ်ချယ်ထားသမျှကို လုံးလုံးလျားလျား ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။

သူမ၏ ခွန်အားကို အပြည့်အဝ လွှတ်ပေးခြင်းဖြင့် ကျန်းချင်းအာသည် ကောင်းကင်ပုလဲငါးလုံးအဆင့် တွင် ရှိနေခဲ့သည်။ ယခင်က ဖိနှိပ်ချုပ်ချယ်ထားသော လျှို့ဝှက်ပညာရပ်အကူအညီဖြင့် ယခုအခါတွင် သူမသည် ရွယ်တူချင်းများထက် အချိန်တိုအတွင်း သာလွန်သောခွန်အားကို ပြသနိုင်ခဲ့သည်။

အားလုံးက သူမဆီကနေ ထွက်လာတဲ့ ကြောက်စရာကောင်းတဲ့ အသံတွေကြောင့် မှင်သက်နေကြသော်လည်း ဖေဟောင်ကတော့.....

“ဝိုး! ဒါက တကယ့်ကို စွဲမက်ဖို့ကောင်းတဲ့ ပေါက်ကွဲသံပဲ..... အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်မှာ ဘယ်သူမှ မင်းနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး..... ငါက မြို့စားမဟုတ်ပေမယ့် မြို့စားအဆင့်တွေနဲ့ယှဉ်နိုင်တာကိုမမေ့နဲ့..... "

သူစကားပြောနေစဉ်တွင် ဖေဟောင်က လက်ဖဝါးကို မြှောက်ကာ ညင်သာစွာ လက်သီးဆုပ်ထားသည်။ထိုအခါ ကျန်းချင်းအာထံမှ ထွက်ပေါ်လာသော ဆိုးရွားသော ဖိအားများ တစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ဖေဟောင်သည် မျက်နှာပေါ်တွင် ဘာမှမထူးခြားသော အပြုံးတစ်ခုဖြင့် တောက်ပသော အလင်းရောင် ဖြာထွက်နေသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ ဖေဟောင်၏ ကျန်ရှိသော နှလုံးသား တစ်ဝက်ကို စွန့်လွှတ်ခြင်းအတွက်ကြောင့် သူသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်း၏ကိုယ်ပိုင်ခွန်အားအချို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သို့သော်လည်း ဖေဟောင်၏ ခန္ဓာကိုယ်သည် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို လုံးလုံးလျားလျား မခံနိုင်သောကြောင့် အချို့သော ကန့်သတ်ချက်များ ရှိခဲ့သည်။

ကောင်းသောအချက်မှာ မြို့စားအဆင့် တစ်ပိုင်းသည် သူ၏ပန်းတိုင်အတွက် လုံလောက်သင့်သည်။

သူသည် သူ၏ မြို့စားရဲတိုက်များကို အသုံးမချနိုင်သော်လည်း ပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြုရုံဖြင့် ကျန်းချင်းအာကို ကိုင်တွယ်ရန် လုံလောက်ပေလိမ့်မည်။

ရင်ပြင်ပေါ်တွင် ချိုင်ဝေ၊ယန်လင်းချီနှင့် ကျန်လူများက စိုးရိမ်စွာဖြင့် စောင့်ကြည့်နေကြသည်။ ကျန်းချင်းအာ၏ အားကောင်းလာမှုသည် ထိတ်လန့်စရာကောင်းသော်လည်း ဖေဟောင်သည်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဌာနချုပ်၏ ကောင်းကင်တွင် ပေါင်ပေါင်သည် အောက်ဘက်က အနှောက်အယှက်ကို သတိပြုမိပြီး ဓားဖြင့် ခုတ်ပိူင်းလိုက်သည်။ထိုအခါ ဖေဟောင်ကို အေးအေးဆေးဆေး ခေါင်းဖြတ်ဖို့ ရည်ရွယ်တဲ့ ပြင်းထန်တဲ့ ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သို့သော်၊ ဓါးအလင်းက သူ့ကို နှစ်ခြမ်းခွဲခါနီးတွင် အနက်ရောင် မီးတောက်များဖြင့် ဖန်တီးထားသော ကြာပန်းတစ်ပွင့်ပေါ်လာပြီး တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

"ဟေ့လူ.... မင်းရဲ့ပြိုင်ဘက်က ငါပဲလေ.... တခြားနေရာမှာ ဖြစ်ပျက်နေတာကို ဘာလို့ စိတ်ပူနေတာလဲ။ ငါအရင်က ပြောခဲ့သလိုပဲ၊ ငရဲတံခါးရှေ့မှာ တွယ်ကပ်နေတဲ့ လူတစ်ယောက်က လော့လန်အိမ်တော် ကို မကာကွယ်နိုင်ဘူး။ အနည်းဆုံးတော့ မင်းမျက်စိရှေ့မှာ ဒီကောင်နှစ်ကောင် အသတ်ခံရတာကို သာ စောင့်ကြည့်နေလိုက်တော့....."

ဇူချင်းဟောင်က ကောက်ကျစ်စွာ ပြုံးနေလေ၏။

"ဒီနှစ်ယောက်သေသွားရင် လော့လန်အိမ်တော်ကို စောင့်ရှောက်ဖို့ မလိုအပ်တော့ဘူး မဟုတ်လား"

ပေါင်ပေါင် ဘာမှမပြောဘဲ ဇူချင်းဟောင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလေ၏။

"သေမယ့်သူက သူတို့မဟုတ်ဘူးလို့ ငါခံစားရတယ်......"

ထိုအချိန်တွင် ကျန်းချင်းအာ ရုတ်တရက် မျက်လုံးမှိတ်လိုက်သည်။ သူမ၏ သွယ်လျသော လက်ချောင်းများ လှုပ်ရှားသွားပြီး သူမ၏ နှလုံးသားထဲတွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"မြို့စားအဆင့်ရပ်.....ကောင်းကင်သားရဲများဆောင်းခိုခြင်း မြင့်မြတ်သော ပြောင်းလဲခြင်းပညာရပ်"

ကျန်းချင်းအာ၏နောက်ကွယ်ရှိ ကောင်းကင်ပုလဲများထဲမှ တစ်ခုသည် ထိုအချိန်တွင် ကွဲအက်သွားသည်။ တစ်ချိန်တည်းမှာပင် လေဟာနယ် တုန်ခါသွားပြီး သူမထံမှ ထွက်ပေါ်လာသည့် ပဲ့တင်ထပ်သံစွမ်းအားသည် နောက်ထပ် တစ်ဆင့်မြင့်မားသွားခဲ့သည်။

ဖေဟောင်၏မျက်နှာပေါ်မှ အပြုံးများပျောက်ကွယ်သွားခဲ့ချေပြီ......

All Chapters