← Chapters

ကောင်းကင်သားရဲငှက်များဆောင်းခိုခြင်း.....မြင့်မြတ်သော ပြောင်းလဲခြင်းပညာရပ်.......

Vol. 48 Ch. 660

ကောင်းကင်သားရဲငှက်များဆောင်းခိုခြင်း.....မြင့်မြတ်သော ပြောင်းလဲခြင်းပညာရပ်.......

Vol. 48 Ch. 660

ကျန်းချင်းအာ ၏နောက်ကွယ်ရှိ ကောင်းကင်ပုလဲများထဲမှ တစ်လုံးသည် ကွဲအက်သွားသောအခါတွင် သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများ စိတ်ကူးထားသည်ထက်ကျော်လွန်စွာ အားကောင်းလာခဲ့သည်။

ဤအချိန်တိုင်းတွင် အကန့်အသတ်မရှိသော မြင့်မြတ်သောအလင်းစွမ်းအင်များ သူမထံမှ ပြည့်လျှံကာ သန့်ရှင်းသောအလင်းရောင်ဖြင့် သူမကို ဖုံးလွှမ်းထားသည်။ အဝေးမှကြည့်လျှင် သူမသည် မရဏဘုံသို့ ဆင်းသက်လာသော သန့်ရှင်းသော နတ်ဘုရားမတစ်ပါးလိုပင်။ ကမ္ဘာပေါ်ရှိ သဘာဝစွမ်းအင်များက သူမပတ်ဝန်းကျင်တွင် လည်ပတ်နေသော်လည်း ၎င်းကို မြင့်မြတ်သောအလင်းစွမ်းအင်၏လွှမ်းမိုးမှုအောက်တွင် သန့်စင်ခဲ့သည်။

"မင်းရဲ့လျှို့ဝှက်ပညာရပ်ပ သာမန်မဟုတ်ဘူးပဲ..... ဒါက မြို့စားအဆင့် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သင့်တယ်..... မင်းကို ကောင်းကင်က ရွေးချယ်ခဲ့တာ တကယ်ကို ကောင်းချီးပေးလိုက်သလိုပဲ ..... မြို့စားအ အဆင့်လျှို့ဝှက်ပညာရပ်က သာမန် မြို့စားအဆင့်ပညာရပ်ထက်တောင် လေ့ကျင့်ရတာ ပိုခက်ပေမယ့် မင်းအတွက် ဘာဒုက္ခမှ မဖြစ်ခဲ့ဘူး...."

ဖေဟောင်သည် ထိုစကားများကို ထုတ်ပြောရင်း ကျန်းချင်းအာကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

ကျန်းချင်းအာ၏ ပဲ့တင်ထပ်သံစွမ်းအားများသည် ကြောက်မက်ဖွယ် ပမာဏဖြင့် တိုးလာခဲ့သည်။ သူမ၏ ခွန်အားသည် ရွယ်တူများကြားတွင် ယှဉ်ရန် အလွန်ခက်ခဲသော်လည်း သူမနှင့် ပြိုင်ဘက်ကြားတွင် သိသာထင်ရှားသော ကွာဟချက် ရှိနေသေးသည်။

မြို့စားတပိုင်းအဆင့်သည် သာမာန်ဂုဏ်ပုဒ်တစ်ခုမဟုတ်ခဲ့ပေ။

သို့သော်၊ ကျန်းချင်းအာသည် မြို့စားအဆင့် လျှို့ဝှက်ပညာရပ်ကို အသုံးပြုထားသောကြောင့် သူမ၏ လက်ရှိအခြေအနေသည် အန္တရာယ်ကို ခံစားရစေရန် လုံလောက်ပါသည်။

ရှင်းပါတယ်၊ သာမန်လျှို့ဝှက်ပညာရပ်တစ်ခုက ဒီလိုရလဒ်မျိုး မရရှိနိုင်ပေ။သူမဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ခွန်အားများကိုဖိနှိပ်ထားသောကြောင့်သာ အခုလိုရလဒ်မျိုးရရှိနိုင်ခြင်းပင်.......

"မင်းရဲ့လျှို့ဝှက်ပညာရပ်က အထင်ကြီးလောက်စရာဖြစ်ပေမယ့်၊ မင်းငါ့ကိုခြိမ်းခြောက်နိုင်တဲ့အဆင့်ကိုရောက်ဖို့ တန်ကြေးကြီးကြီးပေးချေရမှာသေချာတယ်.... မင်းရဲ့ကွဲအက်နေတဲ့ ကောင်းကင်ပုလဲက အကြီးမားဆုံးသက်သေပဲလေ.... ဟီးဟီး… ဒါက အသေးအမွှားဈေးနှုန်းမဟုတ်ဘူး… မင်းက အခု ကောင်းကင်ပုလဲငါးလုံးအဆင့်မှာ ရှိတယ်… မဟုတ်သေးဘူး... အခုဆို လေးလုံးပဲရှိတော့တယ်....… ဒါကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ...."

ကျန်းချင်းအာရဲ့ နှလုံးသားထဲကို သံသယတွေ ကြဲချဖို့ ကြိုးစားနေပေမယ့်လည်း ရွှေရောင်မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေချိန်မှာ သူ့ကို လုံးဝ လျစ်လျူရှုခဲ့မှန်း သိသာလွန်းလှသည်။ ထို့နောက် သူမသည် သွယ်လျသောလက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ပြီး ဉီးခေါင်းနောက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဘန်းးးးးးးးး

တောက်ပသော အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်၍ ပစ်လွှတ်လိုက်သော ကြီးမားသော လေဆာအမြောက်ကြီးနှင့် တူသည်။ ထို အလင်းရောင်များကြောင့် မှိန်ဖျော့နေသော ကောင်းကင်ကြီးသည် နေ့ဘက်ကဲ့သို့ တောက်ပနေခဲ့သည်။

တိုက်ခိုက်မှု၏ စွမ်းအားသည် အဆင့်မြင့် ကောင်းကင် ပဲ့တင်ထပ်သံအဆင့်ကျွမ်းကျင်သူကိုပင် ခြေရာလက်ရာမကျန်ဘဲ ဖျက်ဆီးပစ်လိုက်နိုင်သည်။

သို့သော် ဖေဟောင်ကတော့ ခပ်အေးအေးပင်..... သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ချောင်းထိပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားသည် တဖြည်းဖြည်းနှင့် မီတာတစ်ရာကျော် အရွယ်အစားအထိ ကျယ်ပြန့်လာပြီး ဧရိယာတစ်ခုလုံးကို ထက်ရှသောဓားစွမ်းအင်များဖြင့် ပြည့်စေခဲ့သည်။

ဝုန်းးးးး

ဓားသည် အလင်းတန်းနှင့် တိုက်ရိုက် ထိမှန်ပြီး ကြီးမားသော ပေါက်ကွဲမှုကို ဖြစ်စေခဲ့သည်။ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများစွာ ထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံး ပျက်စီးကုန်ကာ လူအုပ်ကြီးကလည်း အသက်လု၍ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေကြရသည်။

ပထမအကြိမ် တိုက်ခိုက်မှု မအောင်မြင်နိုင်သော်လည်း ကျန်းချင်းအာ လက်မလျှော့ခဲ့ပေ။ သူမ၏လက်ထဲတွင်ရှိသော ရွှေရောင်ဓားသည် လေထဲသို့ လွင့်ပျံသွားပြီး သဘာဝစွမ်းအင်များစွာကို စုပ်ယူလိုက်သည်။ ဓားထိပ်ဖျားတွင် မြင့်မြတ်သော အလင်းစွမ်းအင်များ ပေါင်းစပ်ထားသောကြောင့် ဓားရိုးပေါ်တွင် ရွှေမျက်လုံးတစ်လုံး၏ ကောက်ကြောင်းကို မြင်နိုင်သည်။

နောက်အခိုက်အတန့်တွင် ရွှေရောင်ဓားထက်တွင် ထူးဆန်းသောကောက်ကြောင်းများပေါ်လာပြီး လေဟာနယ်ကို မဖြတ်ကျော်ခ ထောင်သောင်းမကသော ဓားရိပ်များပေါ်ထွက်လာသဖြင့် ဖေဟောင် ဖြူဖျော့သွားခဲ့သည်။

ဖေဟောင်ရဲ့ နားရွက်မှာ ချိတ်ဆွဲထားတဲ့ ရွှေဓားသေးသေးလေးဟာ သူ့အလိုလို တုံ့ပြန့်သည့်အနေဖြင့် မရေမတွက်နိုင်တဲ့ ရွှေဓားရိပ်တွေကိုထုတ်ဖော်နေသော်လည်း တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ဓားရိပ်များသည် ကျန်းချင်းအာဖန်တီးထားသည့် ဓားအရိပ်များထက် အဆပေါင်းများစွာထက် ပိုမိုပြတ်သားနေပုံရသည်။

ကြီးမားလှသော ဓားလှိုင်းလုံးကြီးနှစ်ခု အထက်ကောင်းကင်ယံ၌ ထိပ်တိုက်တွေ့ဆုံနေလေပြီ.......

သူတို့၏ တိုက်ခိုက်မှုများက မြင်နေရသူအပေါင်းကို သွေးပွက်ပွက်ဆူဝေစေခဲ့သည်။

ထိုအချိန်တွင်၊ လော့လန်အိမ်တော် ၏ဌာနချုပ်အနီးတစ်ဝိုက်တွင် လုံးဝပျက်စီးကုန်ပြီး ကောင်းကင်ပေါ်တွင် မြို့စားနှစ်ယောက်၊မြေပြင်ပေါ်တွင် မြို့စားအဆင့်နီးနီး အားကောင်းသူနှစ်ယောက် တိုက်ခိုက်နေသောကြောင့် မည်သူမျှမချဉ်းကပ်ဝံ့ပေ။

မြေပြင်တွင် ကျန်းချင်းအာ နှင့် ဖေဟောင် တို့၏ ပြင်းထန်သော တိုက်ပွဲမှာ နှစ်ဖက်စလုံးက သတ်ဖြတ်ရန်ရည်ရွယ်ချက်အပြည့်ဖြင့်တိုက်ခိုက်နေသောကြောင့် ကျန်နေရာများတွင် နှစ်ဖက်တပ်များကလည်း အပြန်အလှန် သတ်ဖြတ်မှုများဖြင့် တိုက်ပွဲများဆင်နွှဲနေကြသည်။

လီလော့သည် ပျက်စီးနေသော ရင်ပြင်ထောင့်တွင် အခြေအနေကို စောင့်ကြည့်နေ၏။ ကျန်းချင်းအာရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ မျက်မှောင်ကြုတ်လိုက်မိသည်။

ဖေဟောင်သည် ပြင်းထန်သော ခွန်အားကို မည်သို့ ရရှိခဲ့သည်ကို မသိသော်လည်း သူသည် အလွန်သန်မာကြောင်း ဝန်ခံလိုက်ပေမည်။ သူသည် အဆင့်မြင့် ကောင်းကင် ပဲ့တင်ထပ်သံအဆင့်ကို ကျော်နေခဲ့ချေပြီ။ ကျန်းချင်းအာသည် မြို့စားအဆင့် လျှို့ဝှက်ပညာရပ်အကူအညီဖြင့် သူမ၏ စွမ်းအားကို ကြီးမားစွာ မြှင့်တင်ခဲ့သော်လည်း သူမ၏ တိုက်ခိုက်မှုများသည် ဖေဟောင်၏ ခံစစ်များကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ဖေဟောင်၏ရည်ရွယ်ချက်က သိသာထင်ရှားလွန်းလှသည်။ ကျန်းချင်းအာ၏ ခွန်အားသည် သူမ၏ ကောင်းကင်ပုလဲများထဲမှ တစ်လုံးကို စတေးခြင်းမှရရှိထားခြင်းဖြစ်သည်။ ယခုချိန်တွင် သူမသည် နောက်တစ်လုံးကို စတေးခဲ့ပြီး ပုလဲ သုံးလုံးသာ ကျန်ရှိတော့သည်။ အချိန်တိုလေးအတွင်းမှာပင် သူမသည် နောက်ထပ် ကောင်းကင်ပုလဲတစ်လုံးကို ဖြိုခွဲပစ်ခဲ့ရသည်။

လီလော့သည် ဤကောင်းကင်ပုလဲများကို စတေးခြင်းကြောင့် ကျင့်ကြံမှုအဆင့် ကျဆင်းသွားမည်ကို သေချာသိနေသည်။ ထို့ကြောင့် သူမ၏ တိုးတက်များ မလွဲမသွေ ရပ်တန့်သွားမည်ဖြစ်သည်။

ကျန်းချင်းအာသည် ယနေ့ အိမ်တော်စုဝေးပွဲ အတွက် ထိုသို့သောပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အသာစီးမရနိုင်သေးပေ။

ကျန်ရှိသော ကောင်းကင်ပုလဲသုံးလုံးကို စတေးလိုက်သည်နှင့် ဖေဟောင်ကို မည်သို့ခုခံကာကွယ်နိုင်မည်နည်း။

ဖေဟောင်သည် သူမ အားနည်းလာမည့်အချ်ိန်ကို အခွင့်ကောင်းယူရန်စောင့်ဆိုင်းနေသလို အချိန်ဆွဲတိုက်ခိုက်နေသည်။

လီလော့သည် လေးလေးနက်နက် အသက်ရှူသွင်းလိုက်သည်။ အိမ်တော်စုဝေးပွဲ ကာလအတွင်း ကျန်းချင်းအာ၏ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ခါးသီးသော လေ့ကျင့်မှုအားလုံးကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ အားလုံးက သူမရဲ့ ပခုံးပေါ်သို့သာကျရောက်သွားခဲ့ပြန်ပြီ.....

ဖေဟောင်ကို ပထမအကြိမ် အနိုင်ယူပြီးချိန်မှာကတည်းက သူ့ရဲ့ ခွန်အားတွေ ကုန်ဆုံးသွားခဖဲ့ပြီး သူ့ခန္ဓာကိုယ်မှာတောင် ဒဏ်ရာရထားတာကြောင့် ကျန်းချင်းအာကို ကူညီချင်သော်လည်း မတတ်နိုင်ခဲ့ပေ။

ထို့အပြင်၊ ဖေဟောင်သည် ယခုအခါ မြို့စားတပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သာမန်တိုက်ခိုက်မှုများက သူ့ကို အန္တရာယ်မပြုနိုင်ပေ။

လီလော့ လေးလေးနက်နက် တွေးတောရင်းနှင့် သူ့လက်ကောက်ဝတ်မှ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ နီမြန်းသောလက်ကောက်ထဲကနေ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"အမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေ?"

ဟိန်းဟောက်သံက ထွက်ပေါ်လာတဲ့ ရည်ရွယ်ချက်တွေကို ခံစားလိုက်ရတော့ လီလော့ရဲ့ အကြည့်တွေက အသက်ဝင်လာပြီး.....

"မင်း ငါ့ကို ကူညီပေးနိုင်မလား?"

အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ၏အထွတ်အထိပ်တွင်သာရှိသောကြောင့် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် မြို့စားအဆင့်သို့ဝင်ရောက်ဖို့ကြိုးစားရန်အရည်အချင်းများရှိကောင်းရှိနိုင်သော်လည်း တခါမျှမအောင်မြင်ခဲ့ဖူးပေ။

လီလော့၏သံသယကို ခံစားသိရှိနိုင်သော်လည်း ကောင်းကင်ဘုံဝံပုလွေသည် ၎င်း၏ဒေါသကို နောက်ထပ်ဟိန်းဟောက်သံတစ်ခုဖြင့် ဖော်ပြခဲ့သည်။

ထိုအခါ လီလော့၏ အကြည့်များ တုန်လှုပ်သွားသည်။ ကောင်းကင်ဘုံဝံပုလွေ၏ စကားများ မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အခွင့်အရေးရှိနေမှတော့ လက်လွှတ်မခံသင့်ပေ။

သို့သော်၊ သူတို့ကြားက ဆက်ဆံရေးက သူ့ကို လိုလိုလားလားကူညီချင်လောက်သည်အထိတော့ ရင်းနှီးမှုရှိမနေပေ။

သူတို့မှာ သဘောတူညီချက်တစ်ခုရှိကောင်းရှိနိုင်ပေမယ့် လီလော့က ဝံပုလွေကို ယုံကြည်ရတဲ့အဖော်အဖြစ် တခါမျှမသတ်မှတ်ခဲ့ဖူးပေ။

လီလော့ တွေဝေမနေဘဲ တိုက်ရိုက်သာမေးခွန်းထုတ်လိုက်သည်။

"ဒါဆို မင်းဘာလိုချင်တာလဲ......"

ကောင်းကင်ဝံပုလွေထံမှ နောက်ထပ်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။

လီလော့သည် ဟိန်းဟောက်သံ၏ ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား နားလည်နိုင်သည်။ သို့သော် သူ့အသုံးအနှုန်းက အနည်းငယ် ရှုပ်ထွေးလာသည်။

စျေးနှုန်းက ရိုးရိုးရှင်းရှင်းပင်.....

" မင်းရဲ့သွေးအဆီအနှစ်ဆယ်စက်လိုချင်တယ်......."

All Chapters