← Chapters

မြို့စားအဆင့်ပညာရပ်.....

Vol. 48 Ch. 661

မြို့စားအဆင့်ပညာရပ်.....

Vol. 48 Ch. 661

လော့လန်အိမ်တော် အထက်ကောင်းကင်ယံတွင်..........

မြို့စားနှစ်ယောက်တို့သည် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲနေကြပြီး ရှမြ်ို့တော် အတွင်းရှိ အထွတ်အထိပ် ကျွမ်းကျင်သူများအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ဇူချင်းဟောင်နှင့် ပေါင်ပေါင်တို့သည် သူတို့၏ မြို့စားအဆင့် ကိုယ်ပိုင်နယ်မြေများကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းတို့၏ ထိုးနှက်ချက်များအား စုပ်ယူထားသည်။ ဒီလိုမှမဟုတ်ရင် ရှမြ်ို့တော်ရဲ့ကောင်းကင်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားပြီး လေဟာနယ်ပင်စုတ်ပြဲနေလောက်ပြီ.......

ကြီးမားသော မီးတောက်လက်ဖဝါးကြီးတစ်ခုသည် အနီရောင်တိမ်တိုက်များအတွင်း အဆက်မပြတ် ရွေ့လျားနေပြီး လေထုကို လောင်ကျွမ်းစေကာကြောက်မက်ဖွယ်ကောင်းသော အပူပမာဏများထုတ်လွှတ်နေသည်ကို မြင်တွေ့နိုင်သည်။ လက်ဖဝါးပေါ်တွင် ရေးထွင်းထားသော ကောက်ကြောင်းတိုင်းသည် မီးတောက်၏ အနှစ်သာရကို ပို၍လျှို့ဝှက်ဆန်းကြယ်စေသည်။

ဤသည်မှာ စတုတ္ထတန်းအဆင့် မြို့စားတစ်ဉီး အသုံးပြုနေသော မြို့စားအဆင့်ကျင့်စဉ် ဖြစ်သည်။ အကယ်၍ ထိုသို့သော လှုပ်ရှားမှုသာ ရှမြ်ို့တော်အလယ်သို့ အတားအဆီးမရှိ ဆင်းသက်ခဲ့မည်ဆိုလျှင်၊ မလွဲမသွေ မီးလောင်ကျွမ်းသွားမည်ဖြစ်သည်။

ဇူချင်းဟောင် ယ၏ မြို့စားအဆင့်ကျင့်စဉ် နှင့် ရင်ဆိုင်နေရသော်လည်း ပေါင်ပေါင် သည် ချက်ချင်းပင် အထက်စည်းအနေအထားသို့ ပြန်လည်ရရှိခဲ့သည်။ သူ့လက်သီးကို တင်းတင်းဆုပ်ထားရင်း လက်မောင်းမှာ အလင်းတန်းတွေ ပေါ်လာသည်။ကမ္ဘာဉီး နွားသိုးတစ်ကောင်၏အော်မြည်သံနှင့်အတူ အသွေးအသားများပင် တဆတ်ဆတ်တုန်ခါသွားသည်။

မြို့စားအဆင့်ကျင့်စဉ်....နတ်ဆိုးနွားသိုးလက်သီးချက်.......

ပေါင်ပေါင်၏လက်သီးတစ်ချက်ကြောင့် သူ့ရှေ့မှ လေဟာနယ်သည် ကျိုးကြေလွယ်သော ဖန်ခွက်များကဲ့သို့ ကွဲကြေသွားကာ မြေပြင်ပေါ်သို့ အပိုင်းအစများ ပြုတ်ကျလာသည်။ ထောင်ပေါင်းများစွာသော နတ်သားရဲနွားသိုးများပြေးလာနေသလို အင်အားပြင်းထန်သည့်လက်သီးချက်ကြောင့် ဇူချင်းဟောင်၏ ကြီးမားသော မီးတောက်လက်ဖဝါးသည်လည်း လေထဲသို့ ပျံ့လွင့်သွားသည်။

ဤသည်မှာ တောင်များကို ဖြိုခွဲနိုင်ပြီး မြေပြင်ကို ခွဲထုတ်နိုင်သည့် သန့်စင်သော၊ အညစ်အကြေးမရှိသော ခွန်အားဖြစ်သည်။

ဘန်းးးးး

လေထုအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားနေသော်လည်း နှစ်ဉီးစလုံး၏ တိုက်ခိုက်မှုများသည် ကမ္ဘာကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။ ၎င်းတို့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ အဆက်မပြတ်တုန်ခါနေပြီး နောက်ဆက်တွဲရလဒ်အနေဖြင့် ပြင်းထန်စွာ ပွက်ပွက်ဆူလာသည်။

တစ်ဖက်နှင့်တစ်ဖက် မတိုးသာမဆုတ်သာအခြေနေနှင့် တိုက်ခိုက်နေကြဆဲပင်......

"လော့လန်အိမ်တော်ရဲ့ ကလေးမလေးက စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေမယ့် ကောင်းကင်ပုလဲတွေ တလုံးပြီးတလုံး စတေးနေရတယ်.... ဒီလောက်ကြီးလေးတဲ့ ကုန်ကျစရိတ်နဲ့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ..... လော့လန်အိမ်တော်ကို ကာကွယ်ဖို့ မျှော်လင့်တာက နည်းနည်းတော့ စိတ်ကူးယဉ်ဆန်ရာကျမနေဘူးလား....."

ဇူချင်းဟောင်သည် ပေါင်ပေါင်၏ စိတ်ဆန္ဒကို တိုက်ဖျက်ရန် ကြိုးပမ်းရင်း သံသယမျိုးစေ့များ ဆက်လက် ကြဲချခဲ့သည်။

"မင်း အတော်နားငြီးတဲ့ကောင်ပဲ"

ပေါင်ပေါင်က ဇူချင်းဟောင်ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

"နတ်ဘုရားတွေစွန့်ပစ်ထားတဲ့ ဆိတ်သုဉ်းနေတဲ့ ငရဲတွင်းထဲက စတုတ္ထအဆင့်မြို့စားခွန်အားလောက်နဲ့ ငါ့ကို နှုတ်လှန်ထိုးဝံ့တယ်ပေါ့..... ငါ မင်းကို အပိုင်းပိုင်းမခုတ်နိုင်ဘူးများထင်နေသလား....."

ပေါင်ပေါင်က ပြောပြောဆိုဆိုနဲ့ ဝက်ခုတ်ဓားကို အမြန်ဆွဲထုတ်လိုက်သည်။ ၎င်းသည် ရုတ်တရက် ကျယ်ပြန့်လာပြီး သုံးမီတာရှည်သော သရဲခေါင်းဖြတ်ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုဓားသာ် မရေမတွက်နိုင်သော သွေးစိမ်းများထဲတွင် စိမ်ထားသကဲ့သို့ အနီရောင် အမှတ်အသားများ ရှိနေသည်။ တစ်ချိန်တည်းမှာပင် ဓားထဲမှကြောက်မက်ဖွယ်ကောင်းသော အော်ရာများထွက်ပေါ်လာသည်။

ပေါင်ပေါင် ဓါးကို ဆုပ်ကိုင်လိုက်တော့ ကြောက်မက်ဖွယ်ရာ ကြက်သွေးရောင် ဓားစွမ်းအင်များ ထွက်လာသည်။ အကန့်အသတ်မဲ့ အနီရောင်သမုဒ္ဒရါတစ်စင်း သူ့နောက်တွင် ဖြစ်ပေါ်လာပုံရသည်။ထိုအရာအားလုံးသည် ဤနတ်ဆိုးဓားစွမ်းအင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဓါးစွမ်းအင်ပင်လယ်သည် တဝုန်းဝုန်းမြည်လာကာ ကြီးမားလှသော ပုံရိပ်ယောင်နတ်ဆိုးတစ်ပါး ၎င်း အထဲမှာ ပေါ့ပေါ့ပါးပါး မတ်တပ်ရပ်နေသည်ကို လူတိုင်းတွေ့မြင်နိုင်ကြသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်ပုံရသည့် ကြီးမားသောဓားတစ်ချောင်းကို ကိုင်ဆောင်ထားသေးသည်။

ပုံရိပ်ယောင်နတ်ဆိုး ပေါ်လာသည်နှင့် သူတို့နှစ်ဦးပတ်ပတ်လည်ရှိ သဘာဝစွမ်းအင်များအားလုံး နိုးကြားလာခဲ့သည်။

ဇူချင်းဟောင်သာမက ရှမြ်ို့တော်နှ တိတ်တဆိတ် စောင့်ကြည့်နေသော အခြားမြို့စားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ စကားတစ်ခွန်းမှ မပြောနိုင်ကြတော့ပေ။

"ဒါက ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်လား....."

ရှပြည်ထောင်စု၏ မြို့စားအများစုသည် ပေါင်းစည်းခြင်းအဆင့် မြို့စားကျင့်စဉ်များကိုသာ လေ့ကျင့်နိုင်ခဲ့သည်။ ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်များသည် ရှားပါးပြီး ရွှေနဂါးဘဏ်၊ တော်ဝင်နန်းတွင်းနှင့်ကြယ်တာယာခရီးရှည်ကောလိပ်တို့လိုနေရာများ၌ပင် အလွန်တန်ဖိုးကြီးသော အမွေအနှစ်များအဖြစ် သဘောထားကြသည်။ ရလဒ်အနေဖြင့် မြို့စား အများစုသည် ၎င်းတို့အား မလေ့ကျင့်နိုင်ခဲ့ကြပေ။

ဇူချင်းဟောင်မှာတောင် ထိုသို့သောကျင့်စဉ်မျိုး မရှိခဲ့ပေ။

ထို့ကြောင့်၊ ပေါင်ပေါင်၏ မြို့စားအဆင့်ကျင့်စဉ် ကို မြင်သောအခါ၊ စိုးရိမ်စိတ်ဖြင့် တုန်လှုပ်ခြင်းကို မရပ်တန့်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် အထိန်းအကွပ်မဲ့ တုန်လှုပ်ခြောက်ခြားနေခဲ့သည်။

ပေါင်ပေါင်၊ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့သည် ကျင့်ကြံခြင်း၏သန့်ရှင်းမြင့်မြတ်သောနယ်မြေဖြစ်သည့် အတွင်းပိုင်းနတ်ဘုရားကုန်းမြေမှာမှ ရောက်လာကြသူများဖြစ်သည်။ ထို့ကြောင့် ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်ကို တတ်ကျွမ်းနေခြင်းဖြစ်လောက်သည်။

"ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်က အင်မတန်အစွမ်းထက်တယ်ဆိုပေမယ့် မင်းရဲ့ မြို့စားရဲတိုက်တွေ ပေါ်မလာသေးဘူး....ကြည့်ရတာ ရဲတိုက်တွေ ဖျက်စီးခံထားရတဲ့ပုံပဲ...... မြို့စားရဲတိုက်တွေရဲ့ ပံ့ပိုးကူညီမှုမရှိရင် မြို့စားအဆင့်ကျင့်စဉ်ရဲ့ စွမ်းအားတွေ အလဟသဖြစ်ကုန်လိမ့်မယ်...မင်း ဘယ်ဘို့ကိုလှည့်စားဖို့ကြိုးစားနေတာလဲ....."

ဇူချင်းဟောင်သည်ကြောက်ရွံ့နေသော်လည်း ထုတ်ဖော်မပြနိုင်သောကြောင့် ကြမ်းတမ်းသောစကားများသာ စိတ်သက်သာရာရအောင် ထုတ်ပြောနေခဲ့သည်။ မြို့စားရဲတိုက်များသည် မြို့စားအဆင့်ကိုသတ်မှတ်ပေးသောအခြေခံအုတ်မြစ်ဖြစ်သည်။ ပေါင်ပေါင်သည် ယခုအချိန်အထိ ၎င်းတို့ကို ထုတ်ဖော်ပြသခြင်းမရှိသေးသာ်မှာ သူမလုပ်ချင်သောကြောင့်မဟုတ်ဘဲ မတတ်နိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဇူချင်းဟောင် လက်ဝှေ့ယမ်းပြီး တံဆိပ်တစ်ခုကို ထုလုပ်လိုက်သည်နှင့် သူ့အမူအရာက ပို၍ လေးနက်သွားသည်။

ဝုန်းးးးးးး

များပြားလှသော ကြက်သွေးရောင် ပဲ့တင်ထပ်သံစွမ်းအားများစွာသည် ဇူချင်းဟောင်မှ ထွက်ပေါ်လာပြီး လေထဲသို့ တိုက်ရိုက်ထိုးတက်သွားသည်။ တိမ်တွေပေါ် ရောက်သွားချိန်မှာတော့ ရောင်စုံ ဖန်သားတွေလို ဖောက်ထွင်းမြင်နိုင်သည့် ကြီးမားသော လက်ဖဝါးအဖြစ်သို့ ပြောင်းလဲသွားသည်။

မီးတောက်အားလုံးသည်လည်း အလားတူ ဖောက်ထွင်းမြင်ရကာ နီညိုရောင်သို့ ပြောင်းသွားခဲ့သည်။

ရှမြ်ို့တော် အတွင်းရှိ မြို့စားများ မသိမသာခေါင်းညိတ်အသိအမှတ်ပြုလိုက်ကြသည်။ ဇူချင်းဟောင်သည် ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်ကို ပြုစုပျိုးထောင်ခဲ့ခြင်းမဟုတ်သော်လည်း သူ၏ကိုယ်ပိုင် ပေါင်းစည်းခြင်းအဆင့် နတ်ဘုရားမီးတောက်လက်ဖဝါးကျင့်စဉ်သည် ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ထက်မြက်သောစွမ်းရည်အရ၊ ၎င်းသည် ပျမ်းမျှအားဖြင့် ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်နှင့် နှိုင်းယှဉ်နိုင်သင့်သည်။

ပေါင်ပေါင်၏ အကြည့်များက ရက်စက်သော သားရဲနှင့်တူသည်။ ကြီးမားပြီး ကြည်လင်နေသော လက်ဖဝါးကို ငုံ့ကြည့်ရင်း သူသည် တစ္ဆေခေါင်းဖြတ်ဓားကိုဝှေ့ယမ်းလိုက်လေသည်။ထို့အတူ ပုံရိပ်ယောင်နတ်ဆိုးသည်လည်း ပေါင်ပေါင်နှင့်ထပ်တူ လှုပ်ရှားနေပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးသည် ဓားချက်ကြောင့် ထက်ဝက်ကွဲသွားပုံရသည်။

"ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားအဆင့်ကျင့်စဉ်... ရူးသွပ်နေသောနတ်ဘုရားဓားသွား.....!"

မြို့စားများ၏တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဌာနချုပ်အတွင်းရှိ ဖေဟောင် နှင့် ကျန်းချင်းအာ တို့ကြား တိုက်ပွဲသည်လည်း ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အန္တရာယ် နှစ်ခုလုံး တိုးမြင့်လာခဲ့သည်။

သို့သော်လည်း ဖေဟောင်သည် ခံစစ်အနေအထားတွင် ဆက်လက်ရှိနေခဲ့ပြီး အချိန်ဆွဲထားဖို့သာ ကြိုးစားခဲ့သည်။ မြို့စားအဆင့်ကျင့်စဉ်၏စွမ်းအင်စားသုံးမှုကို မခံနိုင်ဘဲ နောက်ထပ် ကောင်းကင်ပုလဲတစ်လုံး ကွဲအက်သွားခဲ့သည်။

အခုဆို ကျန်းချင်းအာတွင် ကောင်းကင်ပုလဲ ငါးခုအနက် နှစ်ခုသာကျန်တော့သည်။

ဖေဟောင်နဲ့ လက်ရည်တူတိုက်ခိုက်နိုင်ဖို့အတွက် တန်ကြေးကြီးမားစွာပေးဆပ်နေခဲ့ရသည်။

"ကျန်းချင်းအာ...အချိန်တွေကုန်သွားပြီ..... မင်းပေးဆပ်ရတဲ့တန်ဖိုးကလည်း သိသိသာသာကြီးမားလာနေပြီ... ကောင်းကင်ပုလဲသုံးလုံးတဲ့....... သူတို့ကို ပြန်မွေးမြူဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မင်း စိတ်ကူးကြည့်လို့ရလား.....“

ဖေဟောင်သည် သူမ၏နောက်ကွယ်တွင် ကျန်ရှိသော ကောင်းကင်ပုလဲနှစ်လုံးကို ကြည့်ရင်း ယုတ်မာသော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

ကျန်းချင်းအာက မတုန်လှုပ်ဘဲ အေးစက်စွာဖြင့်..... " နင်က ဖေဟောင်လား တခြားစက်ဆုပ်ရွံရှာစရာအကောင်လား ငါမသိပေမယ့် သနားစရာကောင်းတဲ့ သတ္တဝါလို့ပဲမြင်မိတယ်....ကောင်းကင်ပုလဲတွေပြန်မွေးမြူဖို့ဆိုတာ ငါ့အတွက် ပန်းခြံထဲ လမ်းလျှောက်ရသလိုလွယ်လွယ်လေးပဲ......"

ထိုစူးရှသောစကားများကိုကြားလိုက်ရသောအခါ ဖေဟောင်၏အပြုံးများ အနည်းငယ်လျော့သွားပုံရသည်။

ကျန်းချင်းအာက သူ့ကို စိတ်မရှည်စွာ စိုက်ကြည့်နေပြီး "ငါတကယ်သိချင်တာက နင့်ရဲ့ထူးခြားတဲ့အခြေအနေမှာ မြို့စားအဆင့်ကျင့်စဉ်ကို ထုတ်သုံးနိုင်ပါ့မလားဆိုတာပဲ ..."

ဖေဟောင် ထိုစကားကြားတော့ အတော်မျက်နှာပျက်သွားခဲ့သည်။ ဤခန္ဓာကိုယ်သည် သူ၏ကိုယ်ခန္ဓာအစစ်မဟုတ်ပေ။ သူသည် ခွန်အားကို ချေးငှားနိုင်သော်လည်း မြို့စားအဆင့်ကျင့်စဉ် ကို အသုံးချရန် မဖြစ်နိုင်ပေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် မြို့စားအဆင့်ကျင့်စဉ်ကို ပြုစုပျိုးထောင်ခြင်းသည် ဖေဟောင်၏ ပင်ကိုယ်စွမ်းရည်နှင့် မဖြစ်နိုင်သောအရာပင်.....

"ကြည့်ရတာ ထုတ်မသုံးနိူင်တဲ့ပုံပဲ. .."

ကျန်းချင်းအာက ဖေဟောင် တုံ့ပြန်မှုကင်းမဲ့နေတာကို မြင်လိုက်ရတော့ မဖြစ်နိုင်ကြောင်းအတည်ပြုနိုင်ခဲ့သည်။

"ဘာကိုဆိုလိုတာလဲ?"

ဖေဟောင်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ငါက မြို့စားအဆင့်ကျင့်စဉ်ကို မသုံးနိုင်ဘူးဆိုတော့... မင်းပြောချင်တာက..."

ကျန်းချင်းအာ၏ သွယ်လျသော လက်ချောင်းများ၏လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ဖေဟောင်၏ပြောလက်စ စကားများ ရုတ်ခြည်းအဆုံးသတ်သွားသည်။ ထို့ အတူ သူမ၏ လက်ဖဝါးပေါ်တွင် မြင့်မြတ်သော မီးတောက်လေးများ စုပုံလာသည်။

မီးတောက်တွေက သိပ်ပြီး အားကောင်းပုံမပေါ်သော်လည်း ၎င်းတို့သည် သန့်ရှင်းသောအော်ရာများထုတ်လွှတ်နေသည်။ အလင်းတန်းများ ကျရောက်သည့် နေရာတိုင်းတွင် ၎င်းတို့သည်သဘာဝစွမ်းအင်ကို အလင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသည်။

ထို့ကြောင့် ဖေဟောင်သည် မီးတောက်များမှ ထွက်ပေါ်လာသော အန္တရာယ်ကို ခံစားရနိုင်သည်။

"မင်းရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို တည်ဆောက်ဖို့ ကောင်းကင်ပုလဲသုံးလုံးကို ဖြိုခွဲပစ်လိုက်တယ်... အားလုံးက မြို့စားကျင့်စဉ်ထုတ်သုံးဖို့ကြိုတင်ပြင်ဆင်နေခဲ့တာပေါ့......"

ကျန်းချင်းအာက ပြန်ဖြေရန် စိတ်မ၀င်စားဘဲ မီးတောက်များကို လေထဲသို့ ပစ်လွှတ်လိုက်လေသည်။ လျှပ်တစ်ပြက်အတွင်း မုန်တိုင်းထန်လာပြီး မီးတောက်များသည် မြင့်မြတ်သောမီးတောက်များဖြင့် လောင်ကျွမ်းနေသော ဖီးနစ်အဖြစ် ပြောင်းလဲသွားသည်။

ဤပညာရပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို လူတိုင်းခံစားနိုင်သည်... မြို့စားအဆင့်ကျင့်စဉ် တစ်ခုတည်းသာ ဤစွမ်းအားများစွာကို ပိုင်ဆိုင်ထားနိုင်သည်။

လီလော့သာမက ကျန်းချင်းအာသည်လည်း မြို့စားအဆင့်ကျင့်စဉ်ကို သင်ယူနိူင်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။

ထို့နောက် သူမသည် ဖေဟောင်ဆီသို့ တိုက်ရိုက်လက်ညှိုးညွှန်ပြလိုက်သည်။ဖီးနစ်သည် ၎င်း၏ကြီးမားသောအတောင်ပံများကိုဖြန့်ကာ ကြည်လင်ပြတ်သားသော အော်ဟစ်သံများ ထွက်လာပြီး လှပသောမီးတောက်များကို လမ်းတစ်လျှောက်တွင် ချန်ရစ်ထားခဲ့သည်။

ဒါက သူမရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ဆိုလည်းမမှားနိုင်ပေ။

သူမသည် ယခုလိုအခြေနေမျိုးအတွက် ခွန်အားကို အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့ရသည်။

ဤသည်မှာ မြို့စားအဆင့်ကျင့်စဉ်တစ်ခုဖြစ်သည့် တောက်ပသောဖီးနစ်မီးတောက်ကျင့်စဉ်ဖြစ်သည်။

All Chapters