← Chapters

စေ့စပ်ထားသူနှစ်ယောက်.....

Vol. 48 Ch. 662

စေ့စပ်ထားသူနှစ်ယောက်.....

Vol. 48 Ch. 662

ဖီးနစ်သည် ၎င်း၏အတောင်ပံများကိုခတ်ကာ လေထဲသို့ပျံတက်သွားပြီး ဖေဟောင်ဆီသို့ ဉီးတည်နေသည်။

ထိတွေ့လိုက်သမျှ အရာတိုင်းသည် လောင်ကျွမ်းနေသော သဘာဝစွမ်းအင်များကြောင့် သန့်စင်သွားပုံရသည်။ သဘာဝစွမ်းအင်များကို သန့်စင်ပြီးနောက် ဖီးနစ်ကို အလှဆင်ထားသည့် အမွေးအတောင်များအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းသည် လေထဲတွင် ပျံဝဲလာသောအခါ ပို၍ပင် ခမ်းနားပုံပေါ်သည်။

၎င်းတွင်ပါရှိသော ခွန်အားသည် လီလော့၏ မဟူရာနဂါးအလံတော်ကိုပင် ကျော်လွန်သွားပုံရသည်။

တစ်ဖက်တွင်၊ ဖေဟောင်သည် အနည်းငယ် ထိတ်လန့်သွားပုံရပြီး မှုန်မှိုင်းသောအမူအရာမျိုး သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်။ ဒီပညာရပ်က တကယ်ပဲ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။

ကျန်းချင်းအာ ထိုသို့သော ကျင့်စဉ်မျိုး ပိုင်ဆိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူမသည် ကောင်းကင်ပုလဲအဆင့်တွင်သာရှိသော်လည်း မတူညီသော မြို့စားအဆင့်ကျင့်စဉ်နှစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုသို့သောသူကို ပါရမီရှင်ဟုမခေါ်ဘဲ နတ်ဆိုးဟုသာခေါ်သင့်ပေသည်။

ဒုက္ခအပေးနိုင်ဆုံးကတော့ သူသည် မြို့စားတပိုင်းအဆင့် ခွန်အားသာ ပိုင်ဆိုင်ပြီး မြို့စားအဆင့်ကျင့်စဉ်ကို ခံနိုင်ရည်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကို လက်တုံ့ပြန်ရန် ကောင်းသော ရွေးချယ်စရာများ မရှိတော့ပေ။ နောက်ဆုံးတွင်၊ နဂါးအဆင့်ပညာရပ်များကလည်း ၎င်းနှင့်မယှဉ်မည်မဟုတ်ပေ။

"သူရဲ့ စွမ်းအားတွေက ကောင်းကင်ပုလဲတွေကို စွန့်လွှတ်ခြင်းကနေ ဖြစ်ပေါ်လာတာမို့ ကြာရှည်ထိန်းထားနိူင်မှာမဟုတ်ဘူး....အချိန်ဆွဲထားနိုင်ရင် နောက်ဆုံးမှာ စွမ်းအားမဲ့သွားလိမ့်မယ်......"

ဖေဟောင်က အေးစက်စွာ တွေးတောရင်း တံဆိပ်များ ဆက်တိုက် ဖန်တီးနေသည်။

ထိုအခါ ကြီးကျယ်ခမ်းနားတဲ့ ရွှေရောင်အလင်းတန်းတွေ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး သူ့ကို လုံးလုံးလျားလျား ဖုံးအုပ်ပြီး ထုထည်ကြီးမားတဲ့ ရွှေရောင် ခေါင်းလောင်းကြီးအဖြစ် အမြန်ဖွဲ့စည်းလိုက်သည်။ ၎င်းကို မြောက်မြားစွာသော ပုံသဏ္ဍာန်များဖြင့် ထွင်းထုထားပြီး တောက်ပနေပြီး ၎င်း၏ အကြွင်းမဲ့ ခံစစ်စွမ်းပကားကို ထုတ်ဖော်ပြသထားသည်။

ဤသည်မှာ ဖေဟောင်၏ အပြင်းထန်ဆုံး ခံစစ်ပညာရပ်ဖြစ်ပြီး၊ အဆင့်မြင့် နဂါးအဆင့်ပညာရပ်တစ်ခုဖြစ်သည့် ရွှေခေါင်းလောင်းပညာရပ်ဟုလူသိများသည်။

၎င်းသည် အရည်အသွေးမြင့် နဂါးအဆင့်ပညာရပ်တစ်ခုသာဖြစ်သော်လည်း၊ မြို့စားအဆင့် တစ်စုံတစ်ဦးကအသုံးပြုလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများ ပိုင်ဆိုင်ထားသည်။

ဒေါင်!

ဖီးနစ်နှင့် ရွှေခေါင်းလောင်း တိုက်ရိုက်တိုက်မိပြီး တုန်လှုပ်ချောက်ချားဖွယ်အသံတစ်ခုထွက်လာသည်။ သန့်စင်သောအလင်းစွမ်းအင်များ ဆက်လက်လောင်ကျွမ်းနေသဖြင့် ခေါင်းလောင်း၏မျက်နှာပြင်တစ်လျှောက် လှိုင်းလုံးများ လျင်မြန်စွာပျံ့နှံ့သွားသည်။

ကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းတွေ နောက်မှာ လှိုင်းလုံးတွေ ဆက်တိုက် ပေါက်ကွဲနေသည်။

ဖီးနစ်သည် ရွှေခေါင်းလောင်းကို တောက်လောင်စေကာ ဖွဲ့စည်းထားသည့် ပဲ့တင်ထပ်သံစွမ်းအားကို သန့်စင်ကာ ပေါင်းစည်းရန် အဆက်မပြတ် ရှာဖွေနေသည်။

ရွှေခေါင်းလောင်းတွင် အရည်ပျော်သွားသည့် အရိပ်အယောင်များ စတင်ပြသခဲ့သော်လည်း အရှိန်အဟုန်ကတော့ အတော်လေး နှေးကွေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖေဟောင်သည် ကျန်းချင်းအာကိုစိန်ခေါ်ရန် ရက်စက်ကြမ်းကြုတ်သော ခွန်အားကို အသုံးပြု၍ညာရပ်ကို မြှင့်တင်ရန်နှင့် ပြုပြင်ရန် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို အဆက်မပြတ် ဖြန့်ဝေနေခြင်းကြောင့် ဖြစ်သည်။

ထိတ်လန့်သော မျက်လုံးတစ်စုံသည် သူတို့နှစ်ယောက်၏ ရုန်းကန်မှုကို အာရုံစိုက်နေသည်။

ကျန်းချင်းအာ၏ ချေမှုန်းမှုသည် ဤအချိန်တွင် အကောင်းဆုံးဖြစ်သည်ကို မည်သူမဆို မြင်နိုင်သည်။

တစ်ဖက်တွင် ဖေဟောင်၏အမူအရာ တဖြည်းဖြည်း ပိုပြင်းထန်လာသည်။ ရွှေခေါင်းလောင်းကို အရည်ပျော်စေသော သန့်စင်သော မီးတောက်များကို သက်သာစေရန် သူ့ခန္ဓာကိုယ်တွင်းမှ သတ္တုပဲ့တင်ထပ်သံ စွမ်းအင်ပမာဏများ အဆုံးမရှိ ထုတ်သုံးနေရသည်။

ရွှေခေါင်းလောင်းကို ထိန်းထားနိုင်ခဲ့ခြင်းကြောင့်သာ အခုထိ အထိမနာသေးခြင်းဖြစ်သည်။

"ကျန်းချင်းအာ.... မင်းငါ့ကို အံ့အားသင့်စရာတွေ အများကြီး ယူဆောင်လာပေးခဲ့တယ်....ဒါပေမယ့် မြို့စားတပိုင်းအဆင့်ရဲ့ ခွန်အားက မင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမဟုတ်ဘူး"

ဖေဟောင်သည် ကျန်းချင်းအာ စိတ်ဓာတ်ကျဆင်းစေရန် မျှော်လင့်ကာ လှောင်ပြောင်ခဲ့သည်။

ဖေဟောင်သည် ရုတ်တရက် သူ့နောက်ကွယ်မှ တစ်စုံတစ်ခုကို သတိထားမိသွားပုံရသည်။ အလျင်စလိုဖြင့် ရင်ပြင်ရဲ့ ထောင့်တစ်နေရာကို တစ်ချက်ကြည့်လိုက်တော့ သူသာမက ကျန်းချင်းအာ၊ ယွမ်ချင်းနှင့် ကျန်သူများလည်း အံ့အားသင့်ကုန်ကြသည်။

လီလော့သည် ယခုအခါတွင် ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ထုတ်လွှတ်နေသည်။ သူ့ခန္ဓာကိုယ်က ကွဲအက်နေပြီး အရေပြားမှာ သွေးစိမ်းရှင်ရှင် ယိုစိမ့်ထွက်နေသည်။

"သူ့မှာ ဒီလို ပဲ့တင်ထပ်သံစွမ်းအားတွေ ရှိနေသေးသလား"

ဖေဟောင်ရဲ့ အကြည့်တွေ မှုန်ဝါးလာသည်။ လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားများ ကုန်ခမ်းအောင် သုံးစွဲခဲ့သည့်တိုင် အခုလိုများပြားသော စွမ်းအားများကို ထုတ်လွှတ်နေခြင်းမှာ လုံးဝကိုမဖြစ်နိုင်သောအရာပင်.....

"ရှုထျန်လင်း၊ သူ့ကို ထိန်းထား!"

လီလော့သည် သူ့အား ဦးတည်နေသော အေးစက်သောအကြည့်ဖြင့်ကြည့်နေပြီး ကျန်းချင်းအာနှင့် လက်တွဲပြီး သူ၏ရွှေခေါင်းလောင်းကို တပြိုင်နက်ဖြိုခွင်းကန် စီစဉ်နေမှန်း ဖေဟောင် သိလိုက်သည်။ ကံမကောင်းစွာပဲ၊ သူသည် ယခုအခါတွင် ကျန်းချင်းအာ၏ နှောင့်ယှက်ခြင်းကို ခံနေရပြီး အခြားသော အနှောင့်အယှက်များကို ကိုင်တွယ်ဖြေရှင်းရန် အာရုံမပြောင်းနိုင်တော့ဘဲ ပြင်ပအကူအညီများကို စုဆောင်းရန် လိုအပ်လာသည်။

ရှုထျန်လင်းသည် ဆင့်ခေါ်ချက်ကို ကြားသောအခါ ကျည်ဆန်တစ်ခုလို လီလော့ ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

ယွမ်ချင်းက သူ့ကို တားဖို့ ကြိုးစားပေမယ့် မိုချန်း၏ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်။

ရှုထျန်လင်းသည် လျင်မြန်စွာ ချဉ်းကပ်လာကာ သူ့လက်ထဲတွင် မှော်စာလုံးများဖြင့် တန်ဆာဆင်ထားသော ရေခဲလှံတစ်ချောင်းကို ချုပ်ကိုင်လိုက်ပြီး လီလော့၏ရင်ဘတ်ကို လျင်မြန်စွာ ထိုးသွင်းလိုက်သည်။

လီလော့၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့မျက်လုံးများတွင် နီမြန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဤစွမ်းအားသည် သွေးအဆီအနှစ်ဆယ်စက်ဖြင့် လဲလှယ်ခဲ့သောရလဒ်ပင်ဖြစ်သည်။ ၎င်းမှာ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အဆုံးစွန်သော ခွန်အားဖြစ်သည်။

ဤစွမ်းအားကို ကောင်းကင်ဓမ္မတေးသံဖြင့် ပြောင်းလဲ၍မရပေ။ ထို့ကြောင့် ကောင်းကင်ဝံပုလွေက တလိုတလား ပံ့ပိုးပေးရမည်ဖြစ်သည်။

လီလော့သည် သူ့လက်ပေါ်ရှိ နီမြန်းသောလက်ကောက်ကို စေ့စေ့ကြည့်ရင်း တောက်ပမှု သိသိသာသာ မှိန်သွားသည်ကို သတိပြုမိသည်။ကောင်းကင်ဝံပုလွေ၏အော်ရာ သိသိသာသာ အားနည်းသွားသည်ကို ခံစားရနိုင်ပြီး လီလော့ထံသို့ ၎င်း၏ ခွန်အားကို လွှဲပြောင်းပေးနိုင်ကြောင်း သေချာစေရန် ကြီးမားသောစျေးနှုန်း ပေးဆောင်ခဲ့ကြောင်း ညွှန်ပြနေသည်။

သို့တိုင် ဤအရာသည် ထိုက်တန်သော လဲလှယ်မှုတစ်ခုဖြစ်သည်။

ဤအရာများသည် ရိုးရှင်းသောသွေးစက်များမဟုတ်သော်လည်း သွေးသား၏စွမ်းအားကို ဆုပ်ကိုင်ထားသည့် အနှစ်သာရများဖြစ်သည်။ သွေးအဆီအနှစ်

ဆယ်စက်ကို ပေးအပ်လိုက်ခြင်းဖြင့် လီလော့ သည် လွှဲပြောင်းပေးထားသောခွန်အားကို လွတ်လွတ်လပ်လပ် ခံစားခဲ့ရပြီး အဆီအနှစ်ပြည့်ဝစေရန် အလွယ်တကူဖြည့်တင်းနိုင်မည်မဟုတ်ကြောင်းလည်းနားလည်ခဲ့သည်။

ဒါပေမယ့် ဒါက အနာဂတ်အတွက် ပြဿနာတစ်ခုပင်... လက်ရှိတွင် အရေးကြီးဆုံးက ဖေဟောင် ကို တတ်နိုင်သမျှ ဖယ်ရှားဖို့ပင်ဖြစ်သည်။

လီလော့၏ လက်ထဲတွင် ကျင်းစဲ့ယွီရှန်းဓားပေါ်လာချေပြီ။ဓားကိုလွှဲယမ်းလိုက်သည့်အခါ သူ့ရှေ့က လေဟာနယ်ကို ချက်ချင်း ဖြတ်တောက်လိုက်ကာ ရက်စက်ကြမ်းကြုတ်သော ဓားအလင်းတန်းက ရှုထျန်လင်းဆီသို့ဉီးတည်သွားပြီး အလင်းတန်းအချို့သာ ကြွင်းကျန်ရစ်ခဲ့သည်။

ဝုန်းးးးး

ထိုအခိုက်အတန့်တွင်၊ ရှုထျန်လင်း၏ရေခဲလှံတံ ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်ကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားခဲ့သည်။ အတားအဆီးမရှိသော စွမ်းအင်သည် ဓါးအလင်းမှ တဆင့် အကာအကွယ်များကို ပိုင်းဖြတ်ကာ ရင်ဘတ်တစ်လျှောက် ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။

"အာ့!"

ရှုထျန်လင်းထံမှ သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သူ့ရင်ဘတ်တွင် သွေးများ အလျှံပယ်ထွက်နေသည်။ တကယ်တော့ ဒဏ်ရာက နက်ရှိုင်းလွန်းလှသဖြင့် သူ့နှလုံးကိုတောင် မြင်နိုင်သလောက်ပင်။

"ဟမ့်! သွေးအဆီအနှစ်ဆယ်စက်နဲ့ လဲလှယ်ထားတဲ့ ခွန်အားက တကယ်ပဲ အံ့သြစရာကောင်းတယ်.... ..."

လီလော့က ရှုထျန်လင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသည်ကို မြင်တွေ့ရသဖြင့် ခြောက်ကပ်စွာ မှတ်ချက်ပြုခဲ့သည်။ကောင်းကင်ဓမ္မတေးသံသည် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံမှ စွမ်းအားများကို အတင်းအကျပ် ထုတ်ယူနိုင်သော်လည်း စေတနာအလျောက် လှူဒါန်းမှုများကသာ ပို၍ထိရောက်ပါသည်။

လုံလောက်သော လဲလှယ်မှုကြောင့်သာ ကောင်းကင်ဝံပုလွေသည် သူ့အား စွမ်းအားများ ပေးဆောင်ရန် ဆန္ဒရှိပေလိမ့်မည်။ ရှုထျန်လင်းကို ချေမှုန်းပြီးနောက်၊ လီလော့သည် သူ့အား ကောင်းစွာ အဆုံးသတ်ရန် အချိန်မရှိမှန်း သိသောကြောင့် ဖေဟောင်ကိုသာ အာရုံစိုက်ခဲ့သည်။

ဖေဟောင်သည် ရွှေခေါင်းလောင်းအကာအကွယ်ဖြင့် ဖီးနစ်၏ သန့်စင်သော မီးတောက်များကို တွန်းလှန်နေဆဲဖြစ်သည်။ သို့သော် ယခု လီလော့ဆီသို့ လှမ်းကြည့်နေသော အကြည့်သည် စိုးရိမ်မှုနှင့် ဒေါသ၏ အရိပ်အမြွက်ကိုပြသနေပုံရသည်။

လီလော့၏ အနှောက်အယှက်ကြောင့် သူ့အကြံအစည်များ ပျက်ပြားသွားခဲ့ချေပြီ။

လီလော့၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အနှံမှ ပြင်းထန်သော နာကျင်မှုကို ခံစားရနိုင်သော်လည်း ၎င်းသည် သူ့နှလုံးသားထဲတွင် ခံစားခဲ့ရသော ပျော်ရွှင်မှုကို မှေးမှိန်သွားစေနိုင်သည်။

"တကယ်လို့ မြို့စားအဆင့်ကျင့်စဉ် တစ်ခုက မင်းကို ငရဲကို ပို့ဖို့ မလုံလောက်ရင် နောက်တစ်ခုထုတ်သုံးလိုက်ရုံပေါ့.....

မင်းကို လော့လန်အိမ်တော်ရဲ့ ကျက်သရေရှိတဲ့ စုံတွဲရဲ့ခွန်အားကို မြည်းစမ်းခွင့်ပေးမယ်....."

လီလော့သည် လက်ထဲတွင် အနက်ရောင် နဂါးအလံတော်ကို ဝှေ့ယမ်းကာ ရိုးသားစွာ ပြုံးပြလိုက်သည်။ သူ့ရှေ့က လေဟာနယ် ကွဲအက်သွားကာ ပင်လယ်ရေစီးသံကို ကြားလိုက်ရသည်။ အနက်ရောင်ပင်လယ်ရေသည် လေဟာနယ် အက်ကွဲကြောင်းထဲမှ သဲသဲမဲမဲ စီးဆင်းနေပြီး နဂါးနက်၏ အရိပ်ကိုပါ မြင်တွေ့နိုင်သည်။

ဝေါင်းးးးးးး

ပြင်းထန်သောဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့်အမျှ မရဏပင်လယ်ရေထဲတွင် ရစ်ခွေနေသော နဂါးနက်သည် လူအုပ်ကြီး၏ မရေမတွက်နိုင်သော မျက်လုံးများမှောက်မှာတင် ဖေဟောင်ကို ဝန်းရံထားသည့် ရွှေခေါင်းလောင်းကို ပြင်းထန်စွာရိုက်ခတ်လိုက်လေတော့သည်။

All Chapters