ဖေဟောင် အမှန်တကယ်သေဆုံးပြီ.....
Vol. 48 Ch. 663
ဒိုင်း!
ပင်လယ်နက်တွင် ရစ်ပတ်နေသော နဂါးနက်သည် ရွှေခေါင်းလောင်းကို ပြင်းထန်စွာ တိုက်မိပြီး ဖေဟောင် ၏ ထိတ်လန့်မှုနှင့် ဒေါသမျက်လုံးများရှေ့တွင် တိုးဝင်သွားသည်။
ဒေါင်!
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ အရှိန်တိုးမြင့်ကာ နောက်ဆုံးတွင် ကွယ်ပျောက်သွားသည်။
ဖေဟောင် ဒေါသတကြီး ထအော်လေပြီ။ ဘာကိုမှ ဆုပ်ကိုင်မထားတော့ဘဲ ရွှေခေါင်းလောင်းကို တည်ငြိမ်အောင် ကြိုးပမ်းဖို့အတွက် ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို အပြင်ကို ထုတ်လွှတ်လိုက်သည်။ ဒါက လီလော့တို့ရဲ့ နောက်ဆုံး ရုန်းကန်မှုဆိုတာ သိသည့်အတွက် အကြာကြီး ထိန်းထားနိုင်ရင် အဆင်ပြေသွားလိမ့်မည်။
ကံမကောင်းစွာပဲ၊ မြို့စားအဆင့်ကျင့်စဉ် နှစ်ခုကို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလို့မဖြစ်နိုင်ပေ။
ထို့အပြင် ဖေဟောင်သည် အစစ်အမှန် မြို့စားအဆင့်မဟုတ်ပေ။ သူသည် မြို့စားတပိုင်းအဆင့်သို့ဝင်ရောက်ရန် ပြင်ပအကူအညီများကိုသာ ချေးယူခဲ့သည်။
ထို့ကြောင့် သူမည်မျှပင် ခက်ခက်ခဲခဲ ခုခံတွန်းလှန်နေပါစေ ရွှေခေါင်းလောင်းပုံရိပ်က တဖြည်းဖြည်း လွင့်ပါးနေပြီဖြစ်သည်။ ရုတ်တရက် ရွှေခေါင်းလောင်းပေါ်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ဖေဟောင်၏ နှလုံးသား နစ်မြုပ်သွားသလိုခံစားနေရသည်။
ပထမပါးလွှာသောအက်ကွဲကြောင်း ပေါ်လာပြီး အက်ကြောင်း ပို၍ပို၍ ကြီးထွားလာသည်နှင့် ရွှေခေါင်းလောင်း၏ခုခံအားလျော့ နည်းလာသည်။ တိုတောင်းသော အသက်ရှုသံများကြားတွင်၊ ရွှေခေါင်းလောင်းပေါ်တွင် အက်ကြောင်းရာများ ပလုံစီနေခဲ့ချေပြီ။
ဘန်းးးးးးး
နောက်ဆုံးတွင် ၎င်းထံမှ ကျယ်လောင်သော
ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ လော့လန်အိမ်တော်ဌာနချုပ်အတွင်းရှိ လူတိုင်းသည် ရွှေခေါင်းလောင်းကြီး၏ ပျက်စီးမှုကြောင့် ကောင်းကင်ယံတွင် ရွှေရောင်တောက်ပနေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်ကို အံ့သြဖွယ်မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင်၊ဖီးနစ်နှင့် နဂါးနက်တို့သည် ဖေဟောင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ထိမှန်သွားလေတော့သည်။
ထိာမြင်ကွင်းသည် လေထဲတွင် မီးရှူးမီးပန်းများပစ်ဖောက်နေသည်နှင့်ဆင်တူသည်။
ဖေဟောင်သည် ကြောက်စရာကောင်းတဲ့ စွမ်းအင်အရင်းအမြစ်နှစ်ခုကြောင့် ဖျက်ဆီးခံခဲ့ရပြီး လျင်မြန်စွာလောင်ကျွမ်းနေခဲ့ချေပြီ။ သို့သော် သူ့အမူအရာမှာ စိတ်ပျက်အားငယ်ခြင်းအလျင်းမရှိဘဲ နှစ်ယောက်သားကို အေးစက်စွာ စိုက်ကြည့်နေ၏။
"မင်းတို့နှစ်ယောက် ဒီလောက်တောင် သန်မာမယ်လို့ ငါဘယ်တုန်းကမှ မထင်ထားဘူး"
လီလော့သည် ဖေဟောင်ကို လက်ပြနှုတ်ဆက်ရင်း....
"နှုတ်ဆက်ပါတယ်..... လော့လန်အိမ်တော် ကို ပြန်လည်အသက်သွင်းပြီး အရင်ကထက်မြင့်မားလာအောင် လုပ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်....နောက်နှစ် ဒီလိုအချိန်ကျရင် မင်းအတွက် အမွှေးတိုင်ထွန်းပေးပါ့မယ်....."
"လီလော့... သိပ်ပြီးဘဝင်မြင့်မနေနဲ့..... ဒီလောက်နဲ့ ပြီးသွားပြီလို့ မထင်လိုက်နဲ့"
ဖေဟောင်၏ မျက်လုံးများအတွင်းမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး မီးခိုးရောင်အငွေ့အသက်များ သိသိသာသာ အစားထိုးဝင်ရောက်လာသည်။
မီးခိုးရောင်မျက်လုံးများသည် လီလော့နှင့် ကျန်းချင်းအာတို့ကို စိုက်ကြည့်နေရင်း ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်နေသည့် တစ်စုံတစ်ရာကို စစ်ဆေးရန် ရုန်းကန်နေရသည်။ ရှုပ်ထွေးသော အကြည့်များ ပေါ်လာသော်လည်း အဆုံးတွင် ဘာစကားမျှမပြောပေ။ ထို့နောက် တခဏအတွက် ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေတော့သည်။
နှစ်ယောက်သား ဤမြင်ကွင်းကို ငြိမ်သက်စွာ စိုက်ကြည့်နေကြသည်။ဖေဟောင်ရဲ
နောက်ဆုံးလုပ်ရပ်က ဘာကိုဆိုလိုသလဲဆိုတာကို အဖြေရှာဖို့လည်း စိတ်မ၀င်စားကြတော့ပေ။ဖေဟောင်၏ နောက်ဆုံးသောအကြည့်များက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသော်လည်း အဓိပ္ပါယ်မရှိပေ။ အိမ်တွင်းအခြေအနေသည် ဗရုတ်သုတ်ခဖြစ်နေချိန်တွင်ထိုသို့သော အကြောင်းအရာမျိုးကိုဖြေရှင်းရန်အချိန်မရှိ။
ထိုလူသည် ယနေ့ဖြစ်ပွားခဲ့သော ဘေးဥပဒ်၏ နောက်ကွယ်က အဓိကတရားခံဖြစ်ခဲ့သောကြောင့် သူ့လိုလူကို သနားနေစရာအကြောင်းမရှိပေ။
အခုလို အဆုံးသတ်ပေးခြင်းကသာလျှင် သူ့အတွက် အကြီးမားဆုံးသောကရုဏာဖြစ်နိုင်သည်။
ဖူးးးးးး
လီလော့ ရုတ်တရက် သွေးအန်လိုက်ပြီး မောပန်းနွမ်းနယ်လာကာ အသားအရည်ကလည်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့လာသည်။
ရင်းနှီးသောကိုယ်သင်းရနံ့နှင့်အတူ ကျန်းချင်းအာ ချက်ချင်းပင် သူ့ဘေးနားသို့ရောက်လာပြီး တွဲထူပေးထားရှာသည်။ထို့နောက် သူ့ခန္ဓာကိုယ်ထဲသို့ အလင်းတန်းစွမ်းအင်များကို ပို့လွှတ်ပေးနေသော်လည်း လီလော့၏ အတွင်းပိုင်းဒဏ်ရာများက သိသာထင်ရှားလွန်းသဖြင့် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူသည် ထိုနောက်ဆုံးတိုက်ခိုက်မှုအတွက် ကြီးမားသောစျေးနှုန်းကို ပေးချေခဲ့သည်။
" လူအထင်ကြီးအောင် ကြိုးစားခဲ့ရှာသားပဲ......"
ကျန်းချင်းအာက ကဲ့ရဲ့ရှုတ်ချလိုက်သည်။
" မနှစ်က ငါအရမ်းကြိုးစားခဲ့ရတဲ့ အကြောင်းရင်းက မင်းရဲ့ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ပဲ...ဘယ်လိုနေလဲ ငါတော်တယ်မလား....."
ကျန်းချင်းအာသည် သူမ၏ သွယ်လျသော လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လီလော့၏ မျက်နှာမှ သွေးများကို သန့်စင်အောင် သုတ်ဖယ်ပေးခဲ့သည်။ သူမ၏ ရွှေရောင်မျက်လုံးများအတွင်းမှ အပြုံးအရိပ်အယောင်ကို မြင်နိုင်သည်။ သူမ ခေါင်းငြိမ့်ပြလိုက်သည်နှင့် သူမ၏ အသံကလည်း ထူးထူးခြားခြား နူးညံ့လာသည်။
"ဒီနေ့ နင့်ရဲ့ စွမ်းဆောင်မှုက ငါထင်ထားတာထက်တောင် ပိုပြည့်စုံတယ်....နင့်အတွက် ငါ အရမ်းဂုဏ်ယူမိတယ် လီလော့"
လီလော့သည် အောင်ပွဲခံကာ ပြုံးပြသော်လည်း၊ ဤအရာက ရှိပြီးသားဒဏ်ရာကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်သလိုဖြစ်သွားသောကြောင့် နာကျင်စွာ ရှုံ့မဲ့သွားလေသည်။
ကျန်းချင်းအာသည် လီလော့ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးရန်အတွက် သူ့ထံ အလင်းစွမ်းအင်များ ဆက်လက် ပို့လွှတ်ပေးခဲ့သည်။
လီလော့သည် လက်ရှိတွင် မီးစာကုန်ခမ်းနေသော မီးအိမ်တစ်လုံးလိုဖြစ်နေပြီး ကုသရေးအတွက် ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများကို အသုံးပြုမည်ဆိုပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်ဘာလိမ့်မည်။
" ဖေဟောင် အခု တကယ်သေသွားပြီထင်တယ်"
"ဒီလူယုတ်မာကိုသတ်ဖို့ နင်နဲ့ငါ အတော်လေးဒုက္ခများခဲ့ရတယ်..."
ထိုသို့ပြောနေရင်း ကျန်းချင်းအာ၏ အကြည့်များ တုန်လှုပ်သွားသည်။
"ဒါပေမယ့်၊ ငါတို့နဲ့ တိုက်ခဲ့တဲ့ ဖေဟောင်က ငါတို့သိတဲ့ ဖေဟောင် မဟုတ်ဘူး"
လီလော့က သဘောတူသည့်အနေဖြင့်ခေါင်းညိတ်လိုက်ပြီး....
"ဖေဟောင် ကိုယ်တိုင်ဖြစ်တုန်းကတော့ သူဘယ်လိုလျှို့ဝှက်ချက်မျိုးသုံးခဲ့ပါစေ မြို့စားအဆင့် ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် မြို့စားအဆင့် ကျွမ်းကျင်သူတစ်ယောက်ကည သူ့ခန္ဓာကိုယ်ကို အပိုင်စီးထားတယ်နဲ့တူတယ်....."
"ဘယ်သူဖြစ်နိုင်မယ်ထင်လဲ" ကျန်းချင်းအာ က မေးသည်။
လီလော့ တွေးနေရင်းကနေ
မျက်မှောင်ကြုတ်လိုက်ပြီး....
"ရှပြည်ထောင်စုမှာ လော့လန်အိမ်တော်ကို မက်မောတဲ့ မြို့စားတွေနဲ့ ပြည့်နေတယ်.... ဘယ်သူလဲဆိုတာ ဆုံးဖြတ်ရခက်ပေမယ့် ငါ့ရဲ့ ပင်ကိုယ်အသိစိတ်ပေါ် မူတည်ပြီး သုံးသပ်ရရင် လူတစ်ယောက်ကိုပဲပြေးမြင်နေမိတယ်...."
နှစ်ယောက်သား တစ်ပြိုင်နက် လွှတ်ကနဲရေရွတ်လိုက်သည်က.....
"ရှန်ကျင်းရှောင်"
"နင်နဲ့ငါ စိတ်တူကိုယ်တူ ရှိပုံရတယ်.... ရှန်ကျင်းရှောင်အပေါ်မှာ သံသယတွေ များနေပေမယ့် ဖေဟောင်ကိုကျောထောက်နောက်ခံပြုဖို့အထိကတော့ နည်းနည်းထူးဆန်းနေသလားလို့.... ."
ကျန်းချင်းအာက ခေါင်းခါလိုက်ပြီး....
"ဖြစ်နိုင်တယ်.... နှိုင်းယှဉ်ရရင် ကိုယ်စားအုပ်ချုပ်သူ၊ ဒူဇီယန်၊ ဇူချင်းဟောင်နဲ့ ကျန်တဲ့သူတွေက ပိုပြီးသံသယဝင်စရာပဲ.... ငါတို့ရဲ့ ခန့်မှန်းချက်တွေမှားနေတာများလား...."
လီလော့သည် အရိုးအဆစ်များကို ဖြေလျော့ရန် သူ့ပခုံးကို လှည့်လိုက်သည်။ "ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အိမ်တော်စုဝေးပွဲ ပြီးဆုံးတာနဲ့ ကောလိပ်ကို သတင်းပို့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ဆင့်ခေါ်ခိုင်းလိုက်မယ် ....."
ကျန်းချင်းအာကလည်း ဒီအစီအစဉ်ကို သဘောတူခဲ့ပါသည်။
"ငါတို့နှစ်ယောက်စလုံး ပင်ပန်းနေကြပြီ...နောက်ပိုင်းကိစ္စတွေက ဉီးလေးပေါင် ပေါ်မှာပဲမူတည်နေပြီ....."
လီလော့ လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။ သူနှင့်ကျန်းချင်းအာတို့သည် အိမ်တွင်းရှိ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း ကိစ္စအလုံးစုံ မပြီးဆုံးသေးပေ။
…….....................
မှောင်မည်းနေသော လျှို့ဝှက်ခန်းထဲတွင်....
ဖူးးးးးး
ရှန်ကျင်းရှောင် ပါးစပ်မှ သွေးစိမ်းများ ထွက်လာပြီး ထိတ်လန့်တုန်လှုပ်နေသည်။ယဇ်ပလ္လင်ပေါ်ရှိ ကျန်ကြွင်းသောနှလုံးလေးပုံတပုံသည် ညှိုးနွမ်း၍ လျင်မြန်စွာ ဆွေးမြေ့သွားပြီး အချည်းနှီးဖြစ်သွားခဲ့သည်။
ဖေဟောင် လုံးဝသေဆုံးသွားခဲ့ပြီး သူနဲ့အလုပ်လုပ်ဖို့ ကြားခံမရှိတော့ပေ။
"ငါတကယ်ရှုံးခဲ့တာလား?!"
ရှန်ကျင်းရှောင် စိတ်ပျက်လက်ပျက်ဖြင့် လက်သီးများကို တင်းတင်းဆုပ်ထားကာ သူ့အကြည့်များက ယုတ်မာစွာ ပြောင်းလဲသွားသည်။ ဒီရလဒ်က သူ့အတွက် အရှက်ရစေတယ်။ စစ်မှန်သော မြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ သူသည် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အားလုံးကို လီလော့နှင့်ကျန်းချင်းအာတို့က တားဆီးခဲ့သည်။
သူ့ရင်ထဲမှာ ဒေါသတွေ ပြောမပြတတ်အောင် ဆူပွက်နေချေပြီ။
သို့တိုင် သူသည် အမြော်အမြင်ကြီးသူတစ်ဦးဖြစ်ပြီး အဆင်ခြင်မဲ့သူမဟုတ်ပေ။ ထို့ကြောင့် သူသည် ခံစားချက်များကို မျိုသိပ်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
"ဒီကောင်နှစ်ကောင်ကို ငါလျှော့တွက်လိုက်မိပြီ....ဒါပေမယ့် ငါ လွယ်လွယ်နဲ့ အရှုံးမပေးဘူး....."
ထိုစဉ် သူ့အမူအရာ ရုတ်တရက်ပြောင်းလဲသွားပြီး ယဇ်ပုလ္လင်ကို အမြန်သိမ်းဆည်းကာ မျက်စိတစ်မှိတ်အတွင်း အခန်းတံခါးရှေ့သို့ရောက်သွားခဲ့သည်။
အပြင်မှာ တစ်ယောက်ယောက် တံခါးလာခေါက်နေပြီ.......
ရှန်ကျင်းရှောင် ချက်ချင်း တံခါးကိုဖွင့်လိုက်ရာ အပြင်တွင် ခရမ်းအဆင့်နည်းပြနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာကိစ္စများရှိလို့လဲ...."
ရှန်ကျင်းရှောင်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
နည်းပြနှစ်ယောက်က သူ့ကို ပြုံးပြပြီး ခဏလောက် အနီးကပ် စောင့်ကြည့်နေခဲ့သည်။
"ဆရာ ရှန်ကျင်းရှောင် ၊ မင်း ဒီမှာ တစ်ချိန်လုံးရှိနေခဲ့တာလား......"
"ဘာကိုဆိုလိုတာလဲ ငါထွက်သွားရင် မင်းတို့ချက်ချင်းသိနိုင်တာပဲလေ.."
ရှန်ကျင်းရှောင်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
နည်းပြနှစ်ယောက်က ....
"ဘာမှမဖြစ်ပါဘူး၊ ဒုကျောင်းအုပ်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း တာဝန်အရ မေးရတာပါ.... အခုချက်ချင်းလုပ်စရာမရှိဘူးဆိုရင် လက်ဖက်ရည်တစ်ခွက်လောက် သောက်လို့ရမလား"
ရှန်ကျင်းရှောင်က အေးအေးဆေးဆေး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ...."
သူ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုက နည်းပြနှစ်ဦးကို ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး အကြည့်ချင်းဖလှယ်ကာ မသိမသာခေါင်းညိတ်လိုက်ကြသည်။