နောက်တစ်လှိုင်းလာပြန်ပြီ.....
Vol. 48 Ch. 664
မြေပြင်တိုက်ပွဲ နိဂုံးချုပ်သွားသောအခါတကောင်းကင်တွင် မြို့စားတို့ကြား တိုက်ပွဲများ ငြိမ်သက်သွားသည့် အရိပ်အယောင်များ ပြလာသည်။
မြေပြင်နှစ်ခြမ်းကွဲလုမတတ်ပြင်းထန်သောဓားချက်နှင့် ဖန်သားကဲ့သို့ကြည်လင်နေသော လွှမ်းမိုးနိုင်စွမ်းကြီးမားသောလက်ဖဝါးတို့ ထိပ်တိုက်တွေ့ကြာရာဝယ် တိုက်ခိုက်မှု နှစ်ခုစလုံး အပိုင်းပိုင် ကျေပျက်ကုန်ကြသည်။
ဖော်မပြနိုင်သော၊ ဓားအလင်းများသည် လေဟာနယ်ကိုပင်သိသာထင်ရှားစွာ ပိုင်းဖြတ်ခဲ့သည်။
ထိုအချိန်တွင်၊ ကြီးမားပြီး ဖန်သားနှင့်တူသော လက်ဖဝါးသည် လေထဲတွင် မှေးမှိန်သွားခဲ့ပြီး ဇူချင်းဟောင် တောင့်တင်းစွာရပ်နေကာ ခဏအကြာတွင် ပြင်းထန်စွာ ချောင်းဆိုးခဲ့ပြီး သူ့ပါးစပ်မှ သွေးများထွက်ကျလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော သွေးထွက်သံယိုဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။ ၎င်းသည် သူ၏လက်ဖဝါးမှစတင်ကာ လက်တစ်ဖက်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ပေါင်ပေါင်၏ ဓားချက်က ဇူချင်းဟောင်ကို နှစ်ပိုင်းဖြတ်လုမတတ် ဒဏ်ရာရစေခဲ့သည်။
သို့သော် မြို့စားအဆင့်များတွင် ကြောက်မက်ဖွယ်ကောင်းသော ခုခံနိုင်စွမ်းရှိသည်။ ကျောက်သားပူချော်ရည်များ သူ့ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းနှစ်ခုစလုံး၏ အပေါက်များမှ စတင်ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် ကွဲထွက်သွားခြင်းကို တားဆီးထားသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏အမူအရာမှာ မှိုင်းညို့နေပြီး.....
"ဝိဉာဉ်ဖွဲ့စည်းခြင်း မြို့စားကျင့်စဉ်ကမျှော်လင့်ထားတဲ့အတိုင်း အစွမ်းသားပဲ" ဟု အသံကျယ်ကျယ်ဖြင့်အော်ဟစ်ရင်း ပေါင်ပေါင်၏ လက်စွဲတော် ဓားကို စိုက်ကြည့်နေသည်။
"ငါက အထွတ်အထိပ်အနေအထား မဟုတ်တော့တာ စိတ်မကောင်းစရာပဲ.... မဟုတ်ရင် မင်းရဲ့ အလောင်းပဲ ကျန်ခဲ့လိမ့်မယ်" ဟု ပေါင်ပေါင်က ဘာမှမထူးခြားဟန်ဖြင့် တုံ့ပြန်လိုက်သည်။
" မင်းပုံစံကြည့်ရတာ နောက်ထပ်မတိုက်ခိုက်နိုင်တော့တဲ့ပုံပဲ....ထွက်သွားစမ်း... လော့လန်အိမ်တော်က မင်းလို အမှိုက်ကောင်တွေကို မကြိုဆိုဘူး...."
ဌာနချုပ်ရှိရာသို့ ငုံ့ကြည့်နေစဉ် ဇူချင်းဟောင် ၏ အမူအရာ အေးစက်နေခဲ့သည်။ ဖေဟောင် သဲလွန်စမရှိဘဲ ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် သူ့ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပေါက်ဖွားလာခဲ့သည်။
"စောက်သုံးမကျတဲ့ရှန်ကျင်းရှောင်... အသာစီးရခဲ့တာတောင် ဂျူနီယာ နှစ်ယောက်ကို ဘယ်လိုမှ အနိုင်မယူနိုင်ဘူး!”
ရှမြို့တော်ရှိ အထွတ်အထိပ် ကျွမ်းကျင်သူများအားလုံး ဤနေရာ၌ ဖြစ်ပေါ်နေသောအခြေနေကို အလေးအနက် အာရုံစိုက်နေသဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုသည် မလွဲမသွေ ကဲ့ရဲ့ခြင်းနှင့် လှောင်ပြောင်ခြင်းတို့ကို ဖိတ်ခေါ်လာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူနှင့် ရှန်ကျင်းရှောင်တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ ဝှက်ဖဲများကိုထုတ်သုံးခဲ့သည်တိုင် လုံးလုံးရှုံးနိမ့်ခဲ့ရသည်။
......................
ရွှေနဂါးဘဏ်တိုက်၏ အစည်းဝေးခန်းမထဲတွင်.......
မှန်တစ်ချပ် လေထဲတွင် မြောလွင့်နေပြီး လော့လန်အိမ်တော်တွင်ဖြစ်ပျက်နေသည့်အရာများကို လက်ရှိအချိန်တွင် ပြသနေပါသည်။
ရွှေနဂါးဘဏ်၏ အကြီးအကဲများနှင့် အထက်တန်းစား အရာရှိများအားလုံး ဤတိုက်ပွဲကို အာရုံစိုက်လျက် ရှိနေကြသည်။
ဖေဟောင်နှင့် ဇူချင်းဟောင်တို့နှစ်ဦးစလုံး ရှုံးနိမ့်သွားသည်ကို တွေ့လိုက်ရသောအခါ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ ရှင်းနေသည်မှာ၊ ဤရလဒ်သည် ၎င်းတို့၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
"ဟမ့်... လော့လန်အိမ်တော်မှာ ဒီလောက် တန်ခိုးကြီးတဲ့ မြို့စားအဆင့်တစ်ယောက် ပုန်းအောင်းနေတာ မယုံနိုင်စရာပဲ.... စတုတ္ထအဆင့် မြို့စားတောင်မှ သူ့ရဲ့ဓားချက် တစ်ချက်ကို ခံနိုင်ရည်မရှိဘူး....."
"လီလော့န ကျန်းချင်းအာတို့က တကယ်ကို ဆွဲဆောင်မှုရှိပြီး အထင်ကြီးစရာပဲ.... ဖေဟောင်ရဲ့ခန္ဓာကိုယ်က မြို့စားအဆင့်ရဲ့ ထိန်းချုပ်မှုကို ခံနေရတဲ့ အရိပ်အယောင်တွေ ရှိနေတယ်... မြို့စားအဆင့် ခွန်အားတွေ ပိုင်ဆိုင်တဲ့သူကို အနိုင်ယူနိုင်တာက တကယ်ကို အံ့သြစရာပဲ....."
"တကယ်တော့၊ သူတို့က လီတိုင်ရွှမ်နဲ့တန်တိုင်လန်ရဲ့ သားနဲ့တပည့် ပီသကြသူတွေပါ..... သူတို့မျိုးဆက်မှာ အထူးချွန်ဆုံးလူငယ်တွေဆိုတာ သေချာတယ်....."
အခန်းတစ်ခန်းလုံး အခြေအနေကို ဆွေးနွေးရင်း တိုးညှင်းသော ညည်းညူသံများ ထွက်ပေါ်လာသည်။ အရေးအကြီးဆုံးကတော့ သူတို့ထဲက အများစုဟာ ရလဒ်အပေါ် လျစ်လျူရှုတဲ့ သဘောထားတွေ ရှိနေကြခြင်းပင်... ရွှေနဂါးဘဏ်သည် ကြားနေအဖွဲ့ခွဲဖြစ်ပြီး ဂျိယန်အိမ်တော်သို့မဟုတ် လော့လန်အိမ်တော်တို့သည် ၎င်းတို့၏ လုပ်ငန်းအတွက် ဖောက်သည်များသာဖြစ်သည်။ လုံးဝပျက်စီးသွားရင်တောင် သူတို့နဲ့ဘာမှသက်ဆိုင်မည်မဟုတ်ပေ။
လုချင်းအာသည် နောက်ဆုံးတွင် ဆုပ်ထားသော လက်သီးဆုပ်ကို ဖြေလျှော့လိုက်ပြီး သူမ၏ ပြေပြစ်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမရဲ့ နှလုံးသားထဲက လေးလံမှုများ သူ့အလိုလို ပြေလည်သွားခဲ့ပြီး သူမစိတ်ထဲမှာတော့ "လီလော့! နင်က အံ့သြစရာပဲ!"ဟုချီးကျူးနေခဲ့သည်။
ယုဟုန်ရှီသည် ပေါင်ပေါင်ကို အာရုံစိုက်ပြီး သူမ၏ မျက်လုံးများတွင် လေးနက်သော အကြည့်ဖြင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
“ဒီလူက သူ့ကိုယ်သူ လေးလေးနက်နက် ဖုံးကွယ်ထားတယ်... လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က အရန်အစီအစဉ်တွေ ချန်ထားသေးတယ်ထင်တယ်...."
ထို့နောက်တွင် သူမသည် ဒုဉက္ကဌ နင်းချွဲ့အား စူးစူးရဲရဲ ကြည့်လိုက်သည်။ ဤအချိန်တွင် သူသည် အထူးတလည် ထုတ်ဖော်ပြောဆိုပုံမပေါ်ဘဲ ဘာမှကို စိတ်မဝင်စားသလောက်ပင်။ တစ်ခုတည်းသောအချက်မှာ သူ့လက်ချောင်းများက ထိုင်ခုံဘေးဘက်သို့ တတောက်တောက်ခေါက်နေပြီး စိတ်တည်ငြိမ်အောင်ထိန်းနေရသလိုပင်....
“သူ အကြီးအကဲဟန်လောင်း ပေါ်လာတာကို စောင့်နေတာ ဖြစ်နိုင်တယ်…”
သူမ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ယုဟုန်ရှီသည် အလင်းမှန်အတွင်းမှ လီလော့ကို အာရုံစိုက်ကာ သူမ၏ အကြည့်ထဲတွင် ကျေနပ်မှု အရိပ်အယောင်ပချို့ပေါ်လာခဲ့သည်။
“ဒီကောင်က သူ့အဖေရဲ့ အမွေကိုဆက်ခံနိုင်တယ်.... အချိန်တန်ရင် သူ့အဖေထက်တောင် တောက်ပနေလိမ့်မယ်.....ချင်းအာ မျက်လုံးကောင်းသားပဲ.... လီလော့နဲ့ကျန်းချင်းအာ တို့ကြားက စေ့စပ်ပွဲကသာ ပြသာနာဖြစ်နေတာ....."
ယုဟုန်ရှီ၏ မျက်လုံးများမှတဆင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ "ဒါက သူ့သားအတွက် တန်တိုင်လန်လိုချင်တဲ့ ချွေးမဆိုတာ ရှင်းနေပြီပဲ....."
ထိုအမျိုးသမီး တန်တိုင်လန်အကြောင်း တွေးလိုက်သောအခါ မလိုလားအပ်သော ဒေါသများပေါက်ဖွားလာသည်။
"အရင်တုန်းက ငါ နင့်ကို ရှုံးခဲ့ရပေမယ့် နောက်မျိုးဆက်တွေ အလှည့်မှာ ငါ့သမီး မရှုံးစေရဘူး...!"
……............
တော်ဝင်နန်းတော်ထဲတွင်.....
မင်းသမီးသည် လော့လန်အိမ်တော် အတွင်းဖြစ်ပျက်နေသည့် မြင်ကွင်းများကို ပြသနေသည့် သလင်းကျောက်ဖန်သားပြင်မှတဆင့်ကြည့်ရှုနေသည်။
"ဒီတစ်ခါ ငါ မှန်ကန်တဲ့ဘက်ကို လောင်းကြေးထပ်နိုင်ခဲ့ပြီ"
"နောက်ဆုံးဝှက်ဖဲကို ကျန်းချင်းအာက နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့တာလား? တကယ်ကို ကြောက်စရာကောင်းတယ်..... ကောလိပ်မှာသာ စောစောကတည်းက ထုတ်ပြခဲ့ရင် ငါရော ကုန်းရှန်ကျွင်းရော သူရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး"
ကျန်းချင်းအာ သရုပ်ပြခဲ့သော ခွန်အားသည် သူမကိုပင် ထိတ်လန့်စေခဲ့သည်။
ထိုသို့ပြုလုပ်ရန် ကုန်ကျစရိတ်မှာ အသေးအဖွဲမဟုတ်သော်လည်း အောင်ပွဲသည် ပေးချေရမည့်တန်ဖိုးဖြစ်သည်။
"ဒီကောင်လေး လီလော့မှာလည်း အမြဲတမ်း အံ့သြစရာတွေနဲ့ ပြည့်နေတယ်...."
မင်းသမီး၏မျက်လုံးများသည် လီလော့ကိုကြည့်ရင်း စိတ်ဝင်တစား အရိပ်အယောင်များဖြင့် တောက်ပလာသည်။
"ကျန်းချင်းအာက မြို့စားအဆင့်ကျင့်စဉ်ကို ဖုံးကွယ်ထားတာ နားလည်ပေးလို့ရတယ်.... ဒါပေမယ့် လီလော့က ဘယ်အချိန်မှာ သင်ယူခဲ့တာလဲ... သူက နတ်ဆိုးနန်းတော်အဆင့် အဆင့်မှာပဲရှိသေးတာမို့ မြို့စားအဆင့်ကျင့်စဉ်က သူ့ရဲ့နားလည်နိုင်စွမ်းထက်ကျော်လွန်နေတယ်မဟုတ်လား...."
ဤသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ်အတွက် အံ့ဖွယ်ကိစ္စရပ်တစ်ခုဖြစ်လာပေလိမ့်မည်။
ကျန်းချင်းအာသည် လော့လန်အိမ်တော်၏ဖီးနစ်ဟု လူအများက အမြဲပြောခဲ့ကြသော်လည်း လျစ်လျူရှုခံထားရသော သခင်လေးသည် သူမအား အရှုံးမပေးဘဲ ထက်မြက်သော တောက်ပမှုမျိုးဖြင့် တောက်ပလာမည်ဟု မည်သူမျှ မထင်ခဲ့မိပေ။ သူသည် အနာဂတ်တွင် ရှပြည်ထောင်စု ၏ အထက်တန်းစားကျွမ်းကျင်သူများထဲမှ တစ်ဉီး ဖြစ်လာမည်မှာ သေချာသည်။
ထိုအတွေးက သူမကို ပေါ့ပေါ့ပါးပါး ရယ်မောစေခဲ့ပြီး မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှုကနေ ကျေနပ်မှုကို ခံစားခဲ့ရသည်။
သို့သော်... ဖေဟောင်နှင့်ဇူချင်းဟောင်တို့၏ ပြဿနာ ပြေလည်သွားသော်လည်း ယနေ့ အခြေအနေသည် ဤမျှလောက်နှင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ပေ။
မင်းသမီး၏ အပြုံးများ တဖြည်းဖြည်း လျော့ပါးလာသည်။စောင့်ရှောက်သူချင်သည် တစ်စုံတစ်ယောက်၏ တားဆီးခြင်းခံခဲ့ရသည့်အတွက် လော့လန်အိမ်တော်သို့ ရောက်မသွားနိုင်ခဲ့ပေ။ သူမ၏ သြဇာလွှမ်းမိုးမှုကို တိကျစွာ ခန့်မှန်းနိုင်ပြီး သူမ၏ လှုပ်ရှားမှုများကို တန်ပြန်ရန် သင့်လျော်သူတစ်ဦးကို စေလွှတ်နိုင်သူသည် အခြားသောသူစိမ်းတစ်ယောက်မဟုတ်နိုင်ပေ။ တကယ်တော့ ဘယ်သူလဲဆိုတာ သူမ ခန့်မှန်းနိုင်နေပြီဖြစ်သည်။
သို့တိုင် ဤသည်မှာ အံ့သြစရာမဟုတ်ပေ။ တော်ဝင်နန်းတွင်းရဲ့မင်းသမီးတပါးအနေဖြင့် အရှုပ်အထွေးများကို ကောင်းစွာသိမြင်နေသောကြောင့်ပင်.....
အကယ်၍ ထိုလူသည် လော့လန်အိမ်တော် ကို အမှန်တကယ် လိုချင်ပါက၊ ဒီအတိုင်းငြိမ်နေမည်မဟုတ်ပေ။
ဇူချင်းဟောင် နှင့် ဖေဟောင် တို့သည် အသေခံနယ်ရုပ်သက်သက်သာဖြစ်ကြသည်။
ထိုသူလှုပ်ရှားလိုက်သည်နှင့် အခြေနေက အခုထက်ပင်ပို၍ ပြင်းထန်လာမည်ဖြစ်သည်။
…….......
ကိုယ်စားအုပ်ချုပ်သူ၏စံအိမ်တော်တွင်.....
ကိုယ်စားအုပ်ချုပ်သူသည် လက်နှစ်ဖက်နောက်ပစ်၍ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တပ်ရပ်နေသည်။
တစ်ဖက်တွင်မူ ထူးဆန်းသောမျက်လုံးပိုင်ရှင် လူငယ်လေးက ..... "သနားစရာကောင်းလိုက်တာ.... မင်းတကယ်ရှုံးသွားပြီ!"
"ဒါက စိတ်ကူးယဉ်ကြည့်လို့တောင်မရတဲ့ ရလဒ်ပဲ.... ဇူချင်းဟောင်နဲ့ရှန်ကျင်းရှောင်တို့ ကြားမှာ သူတို့ထဲက တစ်ယောက်လောက်ပဲ အောင်မြင်လိမ့်မယ်လို့ ငါထင်ခဲ့တာ" ဟု ကိုယ်စားအုပ်ချုပ်သူကာခပ်တိုးတိုးပြန်ဖြေလိုက်သည်။
"အခုဘာဖြစ်နေတာလဲ.... ငါတို့လက်လျှော့လိုက်ကြမှာလား။ မင်းငါ့အကူအညီလိုနေလောက်ပြီထင်တယ်.... မင်းရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ပျော်ပျော်ကြီးကူညီပေးမှာပါကွာ...."
ကိုယ်စားအုပ်ချုပ်သူက ခေါင်းခါလိုက်ပြီး....
“မင်းဘက်က လူလုံးထွက်ပြလိုက်တာနဲ့ လူထုရဲ့ဝေဖန်မှုတွေက မလွဲမသွေ ငါ့ဆီရောက်လာလိမ့်မယ်...ထားလိိုက်တော့.... ဒီအခြေနေရောက်မှတော့ လျှို့ဝှက်ထားစရာ မလိုတော့ဘူးပေါ့.... ငါလိုအပ်တာကို လော့လန်အိမ်တော်ဆီက ယူလိုက်မယ်.... စည်းမျဉ်းတွေကို မလိုက်နာရင်တောင် ဒီအရာတွေက ငါ့ကို ကြီးကျယ်ခမ်းနားမှုတွေ ပေးလိမ့်မယ်...."
ကိုယ်စားအုပ်ချုပ်သူက သက်ပြင်းချလိုက်သော်လည်း သူ့အမူအရာက ထူးထူးခြားခြား အေးစက်လာသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေထုထဲတွင် ပျောက်ကွယ်သွားလေတော့သည်။