နောက်ကွက်က ကြိုးကိုင်သူ လူလုံးထွက်ပြပြီ....
Vol. 48 Ch. 665
ဇူချင်းဟောင် ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် လီလော့နှင့်ကျန်းချင်းအာတို့ကို သစ္စာစောင့်သိသူများ ထူးထူးခြားခြား စိတ်လှုပ်ရှားသွားကြသည်။
ဖေဟောင် သေပြီ...ရှုထျန်လင်းကလည်း သေခါနီးနေပြီ....မြို့စားအဆင့်က ဒဏ်ရာပြင်းထန်စွာရပြီး နောက်ဆုတ်ဖို့ဖိအားပေးခံနေရတယ်.....
လော့လန်အိမ်တော်သည် အသက်ဘေးနှင့်ဆိုင်သော ပြင်းထန်သည့်စမ်းသပ်မှုကို လွတ်မြောက်ခဲ့ပြီ.....
ယခုအချိန်မှစ၍ လီလော့သည် လော့လန်အိမ်တော်၏အိမ်တော်သခင်ဖြစ်လာလိမ့်မည်။
ယွမ်ချင်း၊လဲ့ကျန်းနှင့် လီလော့ဘက်တော်သားများ ဝမ်းသာပီတိဖြစ်နေကြသည်။ ထိုအချိန်တွင် ဖေဟောင်ကို ထောက်ခံအားပေးခဲ့ကြသောသူများ ထိတ်လန့်တုန်လှုပ်နေကာ တိုက်ပွဲဝင်ဖို့ သတ္တိမရှိတော့ပေ။
အဖြစ်မှန်တွေက သူတို့ကို လုံးဝ စိတ်ပျက်အားငယ်စေခဲ့သည်။
"ငါတို့အနိုင်ရပြီ!"
စိတ်လှုပ်ရှားနေသော ချိုင်ဝေက ယန်လင်းချီ၏လက်မောင်းကိုဆုပ်ကိုင်ပြီး ပျော်ရွှင်စွာအော်ဟစ်နေသည်။
ယန်လင်းချီသည် ရလဒ်ကြောင့် အလွန်အမင်း တုန်လှုပ်နေသဖြင့် မခုခံနိုင်ခဲ့ပေ။
သူမသည် လီလော့နှင့်ကျန်းချင်းအာတို့ကိုသာ တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေခဲ့သည်။ ကျန်းချင်းအာ၏ အရင်းနှီးဆုံးသူငယ်ချင်းအနေဖြင့် သူမသည် လော့လန်အိမ်တော်၏ မရေရာသောအခြေအနေများကို ရှင်းလင်းစွာသိထားသည်။ ထို့အပြင်၊ ကျန်းချင်းအာသည် စွမ်းရည်ပြည့်ဝသော်လည်း သူမသည် မြို့စားအဆင့်မဟုတ်ပေ။ သို့သော်လည်း ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးကာ ယနေ့အတွက် အားထုတ်ပြင်ဆင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ယန်လင်းချီသည် ကျန်းချင်းအာ အဘယ်ကြောင့် ဤမျှအထိ ကြိုးစားနေခဲ့မှန်း နားလည်ခဲ့ချေပြီ။
"လီလော့ကို လူတိုင်းက လျှော့တွက်ခဲ့ကြတယ်"
ယန်လင်းချီ လေးနက်စွာ မှတ်ချက်ပြုလိုက်သည်။
လော့လန်အိမ်တော် အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ ကျန်းချင်းအာ၏ တောက်ပသော စွမ်းဆောင်မှုကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လီလော့၏ ပံ့ပိုးကူညီမှုများကိုလည်း လျစ်လျူမရှုနိုင်ပေ။လီလော့သာမရှိလျှင် ကျန်းချင်းအာတစ်ယောက်တည်း အောင်မြင်နိုင်မည်မဟုတ်ပေ။
ချိုင်ဝေက ပြုံးပြီး ခေါင်းညိတ်သည်။
" သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်ဖက်တဲ့ပုံပဲ....ချင်းအာက သူစွမ်းရည်တွေနဲ့ လူတိုင်းရဲ့အာရုံစိုက်မှုကို ခံနေရချိန်မှာ သခင်လေးကလည်း အမှီလိုက်လာနိုင်ဖို့ကြိုးစားနေခဲ့တယ်..... “
"ဟမ့်...အစတုန်းက လီလော့က ချင်းအာနဲ့ မထိုက်တန်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပေမယ့် ဒီနေ့ပြီးရင် ဘယ်သူမှ ထပ်ပြောဝံ့မှာမဟုတ်တော့ဘူး...ငါကတော့.သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို အပြည့်အဝထောက်ခံတယ်...."
..........................
လူတိုင်းက ဆက်လက်ရွှင်မြူးနေကြစဉ် လီလော့ နှင့် ကျန်းချင်းအာ တို့ကတော့ အမူအရာတည်တင်းနေပြီးတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။တစ်ခုခုတော့ လွဲနေပြီ....အခုလို လွယ်လွယ်ကူကူ ဖြေရှင်းနိူင်တာ ထူးဆန်းနေတယ်.....
ဖေဟောင်ရော ဇူချင်းဟောင်ပါ ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်နေသူအစစ်အမှန်မဟုတ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လီတိုင်ရွှမ်နှင့်တန်တိုင်လန်ဆို့ကို မြင့်မြတ်သောစစ်တလင်းသို့ ပို့ရန် အစီအစဥ်ကို စီမံဆောင်ရွက်နိုင်သူသည် ဇူချင်းဟောင်ထက် သိသိသာသာ သြဇာကြီးမားသူ ဖြစ်ရမည်။
ထို့ကြောင့်၊ တကယ့်လက်သည်အစစ်က လော့လန်အိမ်တော်၏ ရတနာများကို မက်မောပါလျှင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးမည်ဖြစ်သောကြောင့် အခုလိုလွယ်လွယ်ကူကူပြီးဆုံခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် နှစ်ယောက်သား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သိပ်မကြာခင်မှာပဲ၊ လော့လန်အိမ်တော် အထက်ကောင်းကင်တွင် ဖုံးလွှမ်းနေသည့် ခံစစ်အစီအရင်ကို တစ်ယောက်ယောက်က ဖောက်ထွင်းလိုက်သလို ကြောက်စရာကောင်းတဲ့ ပဲ့တင်ထပ်သ့စွမ်းအားတွေ ကျဆင်းလာခဲ့သည်။
အစီအရင်တွင် အက်ကြောင်းရာ ပေါ်လာသာ်နှင့်တပြိုင်နက် ပေါင်ပေါင်၏ ပတ်ပတ်လည်တွင် အလင်းတန်းလေးခု ကျဆင်းလာသည်။
ထိုအလင်းတန်းလေးခုသည် အမှန်စင်စစ်တွင် လူလေးယောက်ဖြစ်ပြီး ပြင်းထန်သော ဖိအားများ လူတိုင်းကို လွှမ်းခြုံသွားသည်။
မြို့စားအဆင့်လေးယောက်......
သူတို့လေးယောက်က ဇူချင်းဟောင်လောက် မသန်မာပေမယ့် သူတို့အားလုံး ဒုတိယအဆင့်မြို့စားများဖြစ်ကြသည်။ သို့တိုင်၊ မြို့စားလေးပါး တစ်ပြိုင်နက်ပေါ်လာခြင်းသည် လူတိုင်းကို ထိတ်လန့်စေသည့် မြင်ကွင်းဖြစ်ပြီး ရွှင်လန်းတက်ကြွမှုမှန်သမျှကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။
ပေါင်ပေါင်၏ တုံ့ပြန်မှုက အားလုံးဖက် လျင်မြန်သည်။ မြို့စားလေးဉီး ပေါ်လာသည်နှင့် သူ့အကြည့်များ ပြင်းထန်လာကာ ဓားကို ပြင်းထန်စွာဝှေ့ယမ်းပြီး အပြီးတိုင်သတ်ဖြတ်ပစ်ဖို့ကြံရွယ်ထားသည်။
" သူတော်စင်လေးပါး ၀င်္ကပါ..."
သို့သော်လည်း ကျူးကျော်သူများသည် ၀င်္ကပါတစ်ခုကို တိုက်ရိုက်ဖွဲ့စည်းဖို့ပြင်ဆင်ခဲ့ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်လာပြီး တစ်ခုစီတွင် အဆုံးမရှိသော ထူးကဲသည့်အော်ရာများ ပါ၀င်သည်။
နောက်ဆုံးတွင်၊ အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ထူထပ်စွာရစ်ပတ်ပြီး လေထုကို လွှမ်းခြုံသွားသည်။ပေါင်ပေါင်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်သည် အလင်းတန်းများစွာကို ဖြိုခွဲနိုင်သော်လည်း နောက်ထပ်အသစ်များက ချက်ချင်းအစားထိုးလိုက်ပုံရသည်။နောက်ဆုံးတွင် ၎င်းသည် ပေါင်ပေါင်ကို ချုပ်နှောင်ထားသည့် ထူးခြားသောအကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လျှင် အလင်းတန်းများကြားတွင် နစ်မြှုပ်သွားလိမ့်မည်။
ဤရုတ်တရက်ပြောင်းလဲမှုကြောင့် လော့လန်အိမ်တော်ဌာနချုပ်အတွင်းရှိလူများကိုတိတ်ဆိတ်သွားစေခဲ့သည်။ ရှမြို့တော်မှ ကျွမ်းကျင်သူများပင် ဤမြင်ကွင်းကြောင့် ဆွံအကုန်ကြသည်။
"ဒါက သူတော်စင်လေးပါး၀င်္ကပါမလား...."
"ဒီမြို့စားလေးယောက်က တော်ဝင်နန်းတွင်းက လာကြတဲ့သူတွေ... အားလုံးက ကိုယ်စားအုပ်ချုပ်သူရဲ လက်အောက်ငယ်သားတွေပဲ!"
"ဘာလို့ရောက်လာကြတာလဲ...!"
မြို့စားအဆင့် ပညာရှင် အများအပြားက ဒါကို တိတ်တိတ်ဆိတ်ဆိတ် တီးတိုး ဆွေးနွေးနေကြသည်။ ဒါဟာ ကျူးလွန်သူရဲ့ အထောက်အထားကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း သိခဲ့ရခြင်းပင်......
သူတို့နောက်မြင်တွေ့ခဲ့ရတာတွေက လုံးဝကို အံသြသွားစေခဲ့သည်။ လော့လန်အိမ်တော် ၏အထက် ကောင်းကင်တွင် အံ့သြထိတ်လန့်ဖွယ်ကောင်းသော ရုပ်သွင်တစ်ခု ပေါ်လာသည်။ထိုသူက အားနည်းနေသော ခံစစ်အစီအရင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေလှမ်းတစ်လှမ်းဖြင့် ကျော်ဖြတ်သွားခဲ့သည်။
သူသည် ဇူချင်းဟောင်ထက်ပင် ပို၍ ကြောက်စရာကောင်းသော အော်ရာကို ပိုင်ဆိုင်ထားပြီး၊ လူတိုင်းကို အသက်မရှူနိုင်စေရန် ဖိအားများထုတ်လွှင့်နေသည်။ သူ့ရှေ့မှောက်တွင် တစ်ကမ္ဘာလုံးက ဦးညွှတ်နေပုံရသည်။
"ဒါ... ဒါ..၊"
"တော်ဝင်နန်းတော်ရဲ့ ကိုယ်စားအုပ်ချုပ်သူ! သူဘာလုပ်ဖို့ကြိုးစားနေတာလဲ"
လီလော့ နှင့် ကျန်းချင်းအာ တို့၏ အမူအရာများ အေးစက်သွားခဲ့သည်။ ကိုယ်စားအုပ်ချုပ်သူ ပေါ်လာသောအခါ၊ သူသည် ဖေဟောင်၊ ဇူချင်းဟောင်နှင့် ကျန်သူများ၏ နောက်ကွယ်မှကြိုးကိုင်သူဖြစ်ကြောင်း နားလည်ခဲ့ရပြီ။
ဒါက သူတို့ မျှော်မှန်းထားတာမျိုးမဟုတ်ခဲ့ပေ။ ရှပြည်ထောင်စု၏ အာဏာရှိသူ တစ်စုံတစ်ယောက်မှသာလျှင် ဇူချင်းဟောင် ကို ညွှန်ကြားနိုင်သည်။ ထိုကဲ့သို့သော သြဇာလွှမ်းမိုးမှုရှိသူများသည် ကိုယ်စားအုပ်ချုပ်သူအပြင် အခြားသူများလည်း ရှိနေသေးသည်။
ကိုယ်စားအုပ်ချုပ်သူမှသာလျှင် နိုင်ငံရေးအာဏာကို ပိုင်ဆိုင်ထားပြီး လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
ကိုယ်စားအုပ်ချုပ်သူက အားလုံးကို အထက်စီးဆန်ဆန် ကြည့်လိုက်ပြီး.....
"လော့လန်အိမ်တော်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စုံစမ်းခဲ့ပြီးနောက်မှာ လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့ဟာ တော်ဝင်တရားရုံးကို ဖြိုခွင်းဖို့ အစီအစဉ်ရှိတယ်ဆိုတာသိခဲ့ရတယ်.... ဒါကအမြင့်ဆုံး ရာဇ၀တ်မှုပဲ....ဒါ့ကြောင့် လော့လန်အိမ်တော်ကို အိမ်တော်ငါးခုစာရင်းကနေပယ်ဖျက်ပြီး ပိုင်ဆိုင်မှုအားလုံး သိမ်းယူရလိမ့်မယ်..... ”
ထိုကြေငြာချက်နှင့်အတူ သူသည် လက်ဖဝါးကို ဆန့်ထုတ်ကာ အမူအရာတစ်ခု ပြုလုပ်ခဲ့သည်။
ထို့နောက်တွင်၊ လော့လန်အိမ်တော်ဌာနချုပ်၏ရင်ပြင်တွင် ဧရာမချောက်နက်ကြီးတစ်ခု ပြင်းထန်စွာပွင့်ထွက်ခဲ့သည်။ ထို့ကြောင့် မြေအောက်နန်းတော်ကို အားလုံးမြင်တွေ့နိုင်ခဲ့ကြသည်။
အတွင်းတွင် ရောယှက်နေသော နဂါးရုပ်တုနှင့် ဖီးနစ် ရုပ်ထုတစ်ခုရှိသည်။၎င်းတို့ပေါ်တွင် တောက်လောင်နေတဲ့ မီးတောက်တစ်ခုစီရှိနေသည်။
၎င်းတို့သည် လီတိုင်ရွှမ်နှင့် တန်တိုင်လန်၏ အသက်မီးတောက်များဖြစ်သည်။
ကိုယ်စားအုပ်ချုပ်သူသည် တောက်လောင်နေသော မီးတောက်များကို မြင်သောအခါ သူ့အကြည့်များ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ သူတို့နှစ်ယောက် မြင့်မြတ်သောစစ်တလင်း မှာ မသေခဲ့ဘူးဆိုတာ သိသာထင်ရှားနေပြီဖြစ်သည်။
သူတို့နှစ်ယောက် ဘယ်လောက်ထိ တောင့်ခံနေကြမှာလဲ......
သို့သော် ဤနေရာတွင် မီးတောက်များကို ငြှိမ်းသတ်ရလျှင် သူတို့ ဒဏ်ရာ ရပေလိမ့်မည်။ နေရာတိုင်းတွင် အန္တရာယ်များ ကျရောက်နေသည့်နေရာ၌ ဒဏ်ရာပြင်းထန်စွာရရှိခြင်းကြောင့် အခန့်မသင့်ရင် သေဆုံးသွားနိူင်သည်။
ကိုယ်စားအုပ်ချုပ်သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး နေရောင်ကို ဖယ်ရှားပေးနိုင်သည့် လက်ဖဝါးရိုက်ချက်တစ်ခုကို နဂါးဖီးနစ်ရုပ်တုဆီသို့ ပို့လွှတ်လိုက်သည်။
လီလော့နှင့်ကျန်းချင်းအာတို့ ဤမြင်ကွင်းကို ဒီအတိုင်းသာကြည့်နေရပြီ ရပ်တန့်ရန် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ သူတို့နှင့်ကိုယ်စားအုပ်ချုပ်သူကြားက ခွန်အား ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိနေသဖြင့် ၎င်းကို ရပ်တန့်ရန် ကြိုးစားခြင်းသည် လှည်းကို ရပ်တန့်ရန် ကြိုးစားနေသော ခြင်တစ်ကောင်နှင့် တူနေပေလိမ့်မည်။
ယင်းအစား၊ သူတို့သည် ရင်တုန်ဖွယ်၊ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကိုယ်စားအုပ်ချုပ်သူ၏မျက်နှာကို သူတို့၏စိတ်ထဲတွင် စွဲမြဲနေအောင် မှတ်သားနေကြသည်။
ထိုအချိန်တွင် လော့လန်အိမ်တော်ကို စွန့်ခွာရန် အချိန်တန်ပြီဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။
ပြိုင်ဘက်က ရိုးရှင်းလွန်းတယ်။ ခုခံရန် နည်းလမ်းမရှိသဖြင့် ၎င်းတို့၏ ကန့်သတ်ချက်များကို သိကြသည်။ ထို့ကြောင့် ထွက်သွားရပေတော့မည်။
သူတို့ အသက်ရှင်နေသရွေ့ ကိုယ်စားအုပ်ချုပ်သူ အေးအေးဆေးဆေး အနားယူဖို့ ခက်ခဲပါလိမ့်မည်။
ကောင်းကင်ကို ဖုံးလွှမ်းနေသော လက်ဖဝါးကြီး ရက်စက်စွာ ပြိုကျသွားသည်။
ထိုအချိန်တွင် လူတိုင်းသည် နဂါးကြီးတစ်ကောင်၏ ဒေါသတကြီးဟိန်းဟောက်သံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ ပြင်းထန်သောဟိန်းဟောက်သံသည် အကန့်အသတ်မဲ့သော၊ အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုကို သယ်ဆောင်လာသလိုပြင်းထန်လွန်းလှသည်။
ထိတ်လန့်တကြားဟိန်းဟောက်သံတွေ မပြီးဆုံးခင်မှာတင် အော်ဟစ်သံကြိမ်းမောင်းသံထွက်ပေါ်လာပြန်သည်။ ၎င်းသည် ယခင်နဂါးဟိန်းဟောက်သံထက် ပို၍ မာနကြီးပုံရပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သယ်ဆောင်လာသည်။
နောက်တခဏတွင် မြေအောက်နန်းတော်အတွင်းမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာကျလာသည်။
ရွှေရောင်အလင်းတန်းသည် ကြီးမားသော ရွှေတောင်ပံကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ အတောင်ပံတစ်ချက်ခတ်ရုံဖြင့်၊ ကိုယ်စားအုပ်ချုပ်သူ ဆင့်ခေါ်ထားသော လက်ဖဝါးကြီးလည်း အလင်းအမှုန်အမွှားအဖြစ်သို့ ကြေမွသွားခဲ့သည်။ ထို့နောက်တွင် အမျိုးသမီးတစ်ဦး၏ အေးစက်သောအော်သံသည် ရှမြို့တော်အနှံတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
"လီတိုင်ရွှမ်! ငါ့ရှေ့ကဖယ်စမ်း..... ဟိုကောင် ကုန်းယွမ်က ငါ့ရဲ့ ကလေးတွေကို ဒုက္ခပေးဖို့ကြံစည်နေပြီ.... အဲ့ဒီ့အမှိုက်လိုကောင်ကို သူ့ဘိုးဘေးတွေနဲ့ တွေ့ဖို့ သေလမ်းပို့ပေးလိုက်မယ်!"
သူမ၏ ဒေါသတကြီးအော်သံများ ပဲ့တင်ထပ်လာချိန်တွင် လီလော့နှင့် ကျန်းချင်းအာ တို့သည် မြေအောက်နန်းတော်မှ တောက်လောင်နေသော အလင်းရောင်ကို ငေးကြည့်ရင်း တုန်လှုပ်သွားကြသည်။ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုများကို သူတို့၏မျက်လုံးများတွင် မြင်တွေ့နိုင်ပြီး သူတို့၏နှလုံးသားအတွင်း၌ ခံစားချက်များ လှိုက်တက်ဆူဝေလာသည်။
"မေမေ?"
"ဆရာကတော်.....?"