← Chapters

တန်တိုင်လန် လှုပ်ရှားပြီ....

Vol. 48 Ch. 666

တန်တိုင်လန် လှုပ်ရှားပြီ....

Vol. 48 Ch. 666

မြေအောက်နန်းတော်ရဲ့အနက်ပိုင်းကနေ အမျိုးသမီးတစ်ဉီး၏ အေးစက်တဲ့ကြိမ်းမောင်းသံ ထွက်ပေါ်လာတဲ့အခါ ကြားကသူတိုင်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

အိမ်တော်သခင် တန်တိုင်လန်!!!!

ရှမြို့တော်မှ ကျွမ်းကျင်သူများအားလုံးသည် တန်တိုင်လန်ကို အလွန်အလေးအနက်ထား၍ အထင်ကြီးခဲ့ကြသည်။ လီတိုင်ရွှမ်ကို အလွန်ထူးခြားတယ်လို့ လူတွေက မကြာခဏပြောကြပေမယ့် သူတို့စုံတွဲနဲ့ တွေ့ဆုံခွင့်ရတဲ့သူတွေကတော့ လီတိုင်ရွှမ် မိန်းမကြောက်သူမှန်း သိထားကြသည်။

လီတိုင်ရွှမ်သည် ဇနီးသည်၏ လိုအပ်ချက်များကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးလိုသော ချစ်လှစွာသောခင်ပွန်းဖြစ်သော်လည်း တန်တိုင်လန်၏ စွမ်းပကားနှင့် အရည်အချင်းများကလည်း အရေးကြီးသောအချက်များဖြစ်သည်။

သို့သော် ဤအရာသည် သူတို့စိတ်ထဲတွင် အရေးကြီးသောအရာမဟုတ်ပေ။ အဲဒီအစား၊ သူတို့နှစ်ယောက် ဒီမှာ ဘယ်လိုပေါ်လာလဲဆိုတာကို ပိုစိုးရိမ်နေကြသည်။

သူတို့ရဲ့ ခန္ဓာကိုယ်အစစ်တွေ ရောက်လာတာလား ဒါမှမဟုတ် ဒါတွေက ပုံရိပ်ယောင်တွေလား.... ...

မည်သို့ပင်ဆိုစေကာမူ ထိုစုံတွဲသည် တန်ပြန်အစီအမံများ ချန်ရစ်ခဲ့ကြောင်း လူတိုင်းသိကြသည်။

မြေအောက်နန်းတော်ရှိ အသက်မီးတောက်နှစ်ခု ပေါက်ကွဲပြီး ကောင်းကင်သို့ တက်သွားကာ ပုံသဏ္ဌန်နှစ်ခု ဖြစ်ပေါ်လာသည်။ တစ်ခုမှာ အမျိုးသားတစ်ဦးဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။

ထိုလူသည် အရပ်ရှည်ပြီး ထက်မြက်သော မျက်နှာအသွင်အပြင်ဖြင့် မယုံနိုင်လောက်အောင် ချောမောသူဖြစ်သည်။ သူ့မျက်နှာမှာ နွေးထွေးပြီး နူးညံ့သိမ်မွေ့တဲ့ အပြုံးတစ်ခုရှိနေပြီး ထူးခြားသောခံစားချက်မျိုးပေးစွမ်းနေသည်။

ထိုအမျိုးသမီးသည်လည်း နှိုင်းမရအောင်လှပသောသူဖြစ်သည်။ မိုးမခကိုင်းသဖွယ်ဆပျာ့ပြောင်းသောဆံနွယ်များကို ခပ်မြင့်မြင့်စည်းနှောင်ထားသောကြောင့် ချစ်စရာကောင်းနေသော်လည်း သူမ၏အမူအရာမှာ အေးခဲနေပြီး သဘာဝအတိုင်း သူရဲကောင်းဆန်မှုကို ပေးစွမ်းနေသည်။

လော့လန်အိမ်တော်ဌာနချုပ်ရှိလူတိုင်း၊ လီလော့ သို့မဟုတ် ဖေ

ဟောင်၏ဘက်တော်သားများပင် တုန်လှုပ်သွားကြသည်။

ရှုထျန်လင်းနှင့် မိုချန်းတို့ ဘိုးဘေးနှစ်ဦးလည်း အံ့အားသင့်သွားခဲ့ကြပြီး နောက်ပြန်လဲကျသွားသည်။

ဌာနချုပ်၏အထက်တွင် ကိုယ်စားအုပ်ချုပ်သူသည် ထိုပုံသဏ္ဌန်နှစ်ခုကို စိုက်ကြည့်ရင်းအတွေးများ ဗလာကျင်းနေသည်။

ဒါက လီတိုင်ရွှမ်နဲ့တန်တိုင်လန် ချန်ထားခဲ့တဲ့ နောက်ဆုံးကာကွယ်ရေးပဲ.... သူတို့ရဲ့ခန္ဓာကိုယ်အစစ်တွေ မဟုတ်ဘဲ ပုံရိပ်ယောင်တွေဖြစ်နိုင်တယ်...ဒါပေမယ့် မြင့်မြတ်သောစစ်တလင်းကနေ ထွက်ခွာပြီး လူကိုယ်တိုင်ဒီနေရာကို ရောက်ရှိလာတာမျိုးလည်းဖြစ်နိုင်တယ်.....

သို့သော်... ၎င်းသည် စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခုမျှသာဖြစ်သော်လည်း ကိုယ်စားအုပ်ချုပ်သူ အမှန်တကယ်ကြောက်ရွံ့သောကြောင့် သူ့နှလုံးသားနစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

"မင်းတို့နှစ်ယောက်-"

ကိုယ်စားအုပ်ချုပ်သူ စကားပြောဖို့ကြံနေတုန်းမှာ......

"ဘဝင်လေဟပ်နေတဲ့လူယုတ်မာ....နင့်က ပခြားသူတွေအတွက်တော့ ကိုယ်စားအုပ်ချုပ်သူ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါ့မျက်လုံးထဲမှာတော့ လူရွှင်တော်တစ်ယောက်ပဲ..... ငါတို့လင်မယားနှစ်ယောက်က ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် စစ်မြေပြင်ကိုသွားဖို့ ရွေးချယ်ခဲ့တာ..... နင့်ရဲ့ သနားစရာကောင်းတဲ့ လှုပ်ရှားမှုတွေလောက်နဲ့ ငါတို့မလုပ်ချင်တဲ့အရာကို လုပ်ဖို့ တွန်းအားပေးနိုင်တယ်လို့ ထင်နေတာလား....ဟမ့် ငါတို့ထွက်သွားပြီးတာနဲ့ ငါ့ကလေးတွေကို အနိုင်ကျင့်ဖို့လောက်ထိ သတ္တိကောင်းနေတယ်ပေါ့......နင် သေဖို့အချိန်တန်ပြီ......"

ကိုယ်စားအုပ်ချုပ်သူ စကားတောင် မပြောနိုင်ခင်မှာ တန်တိုင်လန်က ဒေါသတကြီး တလစပ်ကြိမ်းမောင်းနေလေ၏။

သူမသည် ချက်ချင်းပင် သူမ၏ သွယ်လျသောလက်ကို မြှောက်လိုက်ပြီး လှုပ်ယမ်းလိုက်သည်။ထိုအခါ တောက်ပသော ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများသည် ရွှေရောင်တောင်ပံများ တဖျပ်ဖျပ်ခတ်နေသလို သာမန်မျက်စိဖြင့် နှိုင်းဆမရလောက်အောင် လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။

"မြင့်မြတ်သောရွှေတောင်ပံအလင်း!"

ရွှေရောင်အလင်းတန်းသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ၎င်းအပေါ်၌ ထွန်းလင်းတောက်ပနေသော သဘာဝစွမ်းအင်အားလုံးကို ၎င်းဖြင့် ပေါင်းစပ်ထားပုံရသည်။

ထို့နောက် ရွှေရောင်တောင်ပံက ကိုယ်စားအုပ်ချုပ်သူကို ဖြတ်ကျော်သွားခဲ့သည်။

ဒါကိုမြင်တော့ မြင့်မြတ်သောရွှေတောင်ပံအလင်းဟာ သူနဲ့ရင်းနှီးတဲ့အရာတစ်ခုမှန်း မှတ်မိသွားခဲ့သည်။... ဒါဟာ တန်တိုင်လန်ရဲ့ထူးခြားတဲ့လှုပ်ရှားမှုတစ်ခုပင်......

သို့သော် သူမ ကြမ်းတမ်းသောစကားများကြောင့် ဒေါသများ တောက်လောင်လာသည်။ ရှပြည်ထောင်စုကို သိမ်းပိုက်ပြီးကတည်းက သူ့ဆန္ဒကို ဘယ်သူမှ မဖီဆန်ဝံကြပေ။သို့သော် သူမ ပြတ်ပြတ်သားသား အော်လိုက်သည့် စကားလုံးများက သည်းမခံနိုင်လောက်အောင် အထက်စီးဆန်လွန်းလှသည်။

"ဟမ့်...ပုံရိပ်ယောင်အဆင့်လောက်နဲ့ ရမ်းကားရဲတယ်ပေါ့..?!"

ကိုယ်စားအုပ်ချုပ်သူ၏ မျက်နှာ ညိုမှိုင်းနေသည်။ လီတိုင်ရွှမ်နှင့် တန်တိုင်လန် တို့သည် စစ်မြေပြင်သို့ထွက်ခွာသွားချိန်က နှစ်ယောက်စလုံး စတုတ္ထအဆင့် မြို့စားများသာဖြစ်ကြသော်လည်း အခုသူသည် ပဉ္စမအဆင့်ရောက်နေပြီဖြစ်သည်။ ထို့အပြင်၊ တိုင်တန်လန်သည် ပုံရိပ်ယောင်အဖြစ်သာ ပေါ်ထွက်လာသောကြောင့် ခွန်အားအပြည့်ကို စုစည်း၍မရနိုင်ပေ။

ထို့ကြောင့် ရွှေရောင်အလင်းတန်းနှင့် တိုက်ရိုက်ရင်ဆိုင်ရသောအခါတွင် ဖုံးကွယ်ရန် စိတ်မ၀င်စားခဲ့ပေ။ အဲဒီအစား လက်တစ်ဖက်တည်းနဲ့ တံဆိပ်တစ်ခုကို ဖန်တီးခဲ့သည်။ ခရမ်းရောင် စွမ်းအင်များ လေထဲသို့ တိုးဝင်လာပြီး အထဲမှာ ခရမ်းရောင်တံဆိပ်တစ်ခုရှိနေသည်။ တံဆိပ်၏အောက်ခြေတွင် ကမ္ဘာကို ဖိနှိပ်နိုင်သည့် ရှေးဟောင်းစာလုံးများ ရေးထိုးထားသည်။

"မြို့စားအဆင့်ပညာရပ်....အောင်နိုင်ခြင်းခရမ်းရောင်စည်းတံဆိပ်!"

ရွှေရောင်အလင်းတန်းကို တိုက်ရိုက်မခုခံမီ ခရမ်းရောင်စွမ်းအင်လှိုင်းလုံးများဖြင့်ရစ်ပတ်ထားသောတံဆိပ် တုန်ခါလာသည်။

တိုက်မိသည့်အခိုက်တွင်၊ အန္တရာယ်ရှိသောအခြေအနေသို့ရောက်နေသည်ဟု ခံစားနိုင်သောကြောင့် ကိုယ်စားအုပ်ချုပ်သူ၏မျက်လုံးများ မှိန်ဖျော့သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင်၊ မြင့်မြတ်သောရွှေတောင်ပံအလင်းသည် စည်းတံဆိပ်၏ ခရမ်းရောင်စွမ်းအင်ကို အမှန်တကယ် ပေါင်းစပ်လိုက်ကြောင်း သူသဘောပေါက်ခဲ့သည်။ ရွှေတောင်ပံကြောင့် တံဆိပ်၏တစ်စိတ်တစ်ပိုင်း အချည်းနှီးကုန်ခဲ့ပြီ......

"မဖြစ်နိုင်ဘူး!"

တန်တိုင်လန်၏ ပညာရပ်သည် နှစ်စက္ကန့်မျှသောအချိန်အတွင်း သူ့စည်းတံဆိပ်ကို ဖျက်စီးနိုင်ခဲ့သည်။

ထိတ်လန့်တုန်လှုပ်နေသည့်အခိုက်အတန့်တွင်၊ မြင့်မြတ်သောရွှေတောင်ပံအလင်းသည် ပျက်ပြယ်သွားကာ သူ့အား ခေါင်းမှခြေဖျားအထိ ဖြတ်ကျော်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကိုယ်စားအုပ်ချုပ်သူ၏နောက်ကျောတွင် ကိုယ်ပိုင်နယ်မြေပေါ်ထွက်လာပြီး မြို့စားရဲတိုက်ငါးခု အစီအရီ ပေါ်လာသည်။၎င်းတို့သည်

ရွှေတောင်ပံအလင်းကို တွန်းလှန်ရန် ကြိုးပမ်းရာတွင် ပင်လယ်တမျှများပြညသော ပဲ့တင်ထပ်သံ စွမ်းအားများစွာကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

ဝှစ်....ဝှစ်.....

မြင့်မြတ်သောရွှေတောင်ပံအလင်းသည် စမ်းချောင်းတစ်ခုသဖွယ် ဆက်လက်ဖြတ်သန်းသွားခဲ့သည်။ များပြားလွန်းလှသော ပဲ့တင်ထပ်သံစွမ်းအားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျံ့လွင့်လာသည်။ ဆယ်စက္ကန့်အကြာတွင် သူ့လက်မောင်းတွေ ကျုံ့လာပြီး မြင့်မြတ်သော ရွှေတောင်ပံအလင်းက ဖြတ်ကျော်သွားချိန်မှာ သွေးအဆီအနှစ်တွေဆုံးရှုံးသွားခဲ့သည်ကို သတိပြုမိလိုက်သည်။

သူသည် ထိတ်လန့်မှုနှင့် ဒေါသ နှစ်ခုလုံးကို ခံစားခဲ့ရသည်။

"တန်တိုင်လန်က ပုံရိပ်ယောင်လေ.... ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းနေရတာလဲ"

သူ့အတွေးများ ပျာယာခတ်သွားကာ တုံ့ဆိုင်းမနေတော့ဘဲ လော့လန်အိမ်တော် အမြန်ဆုတ်ခွာသွားခဲ့သည်။

ထိုလျင်မြန်သော ဆုတ်ခွာမှုနှင့်အတူ၊ မြင့်မြတ်သော ရွှေတောင်ပံအလင်းသည် တန်တိုင်လန်၏ မျိုချလိုက်သော ရွှေအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားမည့်အစား၊

နှစ်ယောက်သား ဖလှယ်မှုမှာ ထူးထူးခြားခြား လျင်မြန်ပြီး ချက်ခြင်း ပြီးဆုံးသွားသည် ။ အကဲခတ်သူများသည် သူတို့၏တိုက်ပွဲကြောင့် အံ့သြထိတ်လန့်သွားပြီးနောက် ရီဂျင့်သည် အလျင်အမြန် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက ရှမြို့တော် ၏ မြောက်မြားစွာသော ကျွမ်းကျင်ပညာရှင်များကို အလွန်အမင်းတုန်လှုပ်စေခဲ့သည်။

ကိုယ်စားအုပ်ချုပ်သူသည် ပဉ္စမအဆင့်မြို့စားတစ်ဦးဖြစ်ကြောင်း အားလုံးသိထားကြသည်။

ဆိုလိုတာက ရှပြည်ထောင်စုတစ်ခုလုံးက အကောင်းဆုံးတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နေသည့် သဘောပင်.....

တန်တိုင်လန် သူ့ကို ဘယ်လို မောင်းထုတ်နိုင်ခဲ့တာလဲ......

"ခုနကတော့ မိုးလားကဲလားနဲ့...အခုကျမှဘာလို့ထွက်ပြေးနေတာလဲ....."

တန်တိုင်လန်သည် အေးစက်စွာ ပြုံးပြရင်း ကိုယ်စားအုပ်ချုပ်သူကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ကိုယ်စားအုပ်ချုပ်သူသည် တစ်စုံတစ်ယောက်က သူ၏အစီအစဉ်တစ်ခုလုံးကို ရေအေးလောင်းချသကဲ့သို့ လုံးဝစိတ်ပျက်သွားပုံရသည်။ လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့ကို စိုက်ကြည့်ရင်း အခြေအနေက ထင်သလို မဖြစ်နိုင်တော့ကြောင့်ခံစားနိုင်သည်။ သာမာန်ခန့်မှန်းချက်တစ်ခုသည် ထိုကဲ့သို့သော စွမ်းပကားကို ဘယ်သောအခါမှ ပြသနိုင်မည်မဟုတ်ပေ။

"သိုးးး! ငါ့မိန်းမက အတော်ဆုံးပဲ...."

လီတိုင်ရွှမ်သည် တန်တိုင်လန် ကို လက်မထောင်ပြရင်း ချီးကျူးခဲ့သည်။ထို့နောက် ချုပ်နှောင်ခံထားရဆဲဖြစ်သော ပေါင်ပေါင်ကိုလှည့်ကြည့်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်သည်

ကြီးကျယ်ခမ်းနားသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမည့် အရိပ်အယောင်ကို မြင်နိုင်သည်။ ၎င်းသည် ခြွင်းချက်မရှိ တုန်လှုပ်သွားစေသည့်ကြီးစိုးသော ရောင်ဝါဖြင့် ရစ်ပတ်ထားသည်။ တစ်ချက်တည်းနှင့် မြို့စားလေးဦးဖြင့် ဖွဲ့စည်းထားသော ၀င်္ကပါကို ဖြိုခွဲပစ်လိုက်သည်။

မြို့စားများ၏ အမူအရာများ ပြောင်းလဲသွားကာ လီတိုင်ရွှမ်ကို တိုက်ရိုက် မရင်ဆိုင်ဝံ့ဘဲ အလျင်အမြန် ဆုတ်ခွာသွားကြသည်။

"လော့လန်အိမ်တော်နဲ့ မသက်ဆိုင်တဲ့ သူတွေ အခုချက်ချင်း မထွက်သွားဘူးဆိုရင်... အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်တဲ့အခါ ငါတို့ကို အပြစ်မတင်နဲ့"

လီတိုင်ရွှမ်က မထူးမခြားနားဟန်နဲ့ ကြေငြာလိုက်လေသည်။

ထိုကြေငြာချက်ကိုကြားတော့ မြို့စားလေးယောက် စကားတစ်ခွန်းမှ မပြောဘဲ အမြီးကုပ်ကာ ထွက်ပြေးသွားကြသည်။ ကိုယ်စားအုပ်ချုပ်သူ လွတ်မြောက်နေပြီဖြစ်သောကြောင့် ၎င်းတို့တွင် နောက်ဆံတင်းစရာမရှိတော့ပေ။

လီတိုင်ရွှမ်နှင့်တန်တိုင်လန် ပေါ်လာသည့်အခိုက်တွင် သူတို့ထိန်းချုပ်မှုမှ လွတ်မြောက်သွားကြောင်းလည်း အားလုံးနားလည်ထားကြသည်။

ကိုယ်စားအုပ်ချုပ်သူပင် တန်တိုင်လန်ရှေ့ကနေ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးခဲ့ရသည်မဟုတ်လော......

တကယ်တော့ ရှမြို့တော်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအားလုံးဟာ သူတို့ရောက်တာနဲ့ ချက်ချင်းရပ်သွားခဲ့ပါပြီ......

……...........

အိမ်တော်နှင့်မနီးမဝေးတွင်.....

ဒူဇီယန်သည် လော့လန်အိမ်တော်ကို စိုက်ကြည့်ရင်း တိုက်ခိုက်ခြင်းကိုရပ်အတန့်လိုက်သည်။ သူတို့နှစ်ယောက်၏ အရိပ်အယောင်များကို မြင်သောအခါ စီချင်းကို စိတ်ခံစားချက်မဲ့စွာ စိုက်လိုက်သည်။

တစ်ဖက်တွင် စီချင်းသည် အလွန်ထိတ်လန့်နေပြီး သူ၏အမူအရာကလည်း ရှုံ့မဲ့နေသည်။

"အိမ်တော်သခင် စီချင်း... မင်းအခုဘယ်လို ခံစားရလဲ? ကြောက်နေပြီလား....? ငါပြောထားသားပဲ.... လီတိုင်ရွှမ်နဲ့တန်တိုင်လန် တို့က လွယ်လွယ်သေမယ့်သူတွေမဟုတ်ဘူး..... အန္တရာယ်ရှိတဲ့ စစ်မြေပြင်ကို ပို့ထားပေမယ့် ဘယ်သူမှ၊ သူတို့ကို ထိန်းမထားနိုင်ဘူး...” ဟု ဒူဇီယန်က ပြတ်ပြတ်သားသား မှတ်ချက်ပေးခဲ့သည်။

စီချင်းက... "မင်း ဒီစကားမျိုးပြောတာ

နည်းနည်းစောနေတယ်လို့ မထင်ဘူးလား၊ ငါတို့စကားမစခင် သူတို့တကယ်ပြန်လာဖို့ စောင့်ရမယ်"

" အိမ်တော်သခင်စီချင်းကတော့ အဲဒီ့အချိန်အတော်လေး ခေါင်းကိုက်နေလိမ့်မယ်ထင်တယ်.... ဒါနဲ့ ငါ့ကို ကျေးဇူးတင်သင့်တယ်လို့ မထင်ဘူးလား၊ မင်းကို ဒီမှာ မချုပ်နှောင်ထားဘူးဆိုရင် မင်းအခုနေ ဒုက္ခရောက်လောက်ပြီ...."

"ကျုပ်ထက် အမှုကြီးတဲ့သူတွေရှိနေတာမို့ သူတို့ပြန်လာရင်တောင် ကျုပ်ဘက် လှည့်နိုင်မှာမဟုတ်ဘူး...."

အားတင်း၍သာ ပြောနေပေမယ့် သူ့ရင်ထဲမှာ တော်တော်ဗလောင်ဆူနေရှာသည်။ ဒူဇီယန်နှင့်ငြင်းခုံနေဖို့လည်း စိတ်မပါတော့တာကြောင့် မှုန်မှိုင်းသောအမူအရာဖြင့် အမြန်ပြန်သွားခဲ့သည်။

အခုဆို ခဲလေသမျှ သဲရေကျဖြစ်ကုန်လေပြီ။

သူတို့နှစ်ဦး လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီး ရလဒ်အနေဖြင့် ယခုအခါ ရယ်မောစရာ ဖြစ်ခဲ့ရသည်။

လော့လန်အိမ်တော်အတွင်းတွင် လီတိုင်ရွှမ် သည် လက်နှစ်ဘက်ဖြင့် စည်းတံဆိပ်တစ်ထုပြုလုပ်ကာ ၎င်းထံမှ အလင်းဖြင့် ပြုလုပ်ထားသော မှော်စာလုံးများ ထွက်လာသည်။ သူတို့သည် လော့လန်အိမ်တော် ဌာနချုပ်အထက်က ခံစစ်အစီအရင်နှင့် တိုက်ရိုက် ပေါင်းစပ်ပြီး ယခင်က အားနည်းနေသော အစီအရင်သည် တခဏချင်း အသစ်ပြန်လည် တောက်ပလာခဲ့သည်။ နောက်ဆုံးတွင် အလင်းတန်းများ ပြန့်ကျဲသွားပြီး အစီအရင်တစ်ခုလုံးသည် ဌာနချုပ်တစ်ခုလုံးကို တစ်ဖန်ဖုံးလွှမ်းသွားပြန်သည်။

အစီအရင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဧရိယာအတွင်း ဖိအားများ ထပ်မံတိုးမြင့်လာခဲ့သည်။

ယခင်က အားနည်းနေသော အစီအရင်သည် ယခုအခါ လီတိုင်ရွှမ်ကြောင့် တဖန်အားကောင်းလာခဲ့သည်။

ဌာနချုပ်သည် မြို့စားအဆင့်များအတွက် တားမြစ်နယ်မြေဖြစ်ခဲ့ပြန်လေပြီ။

ပြီးသွားသောအခါတွင် သူသည် ခေါင်းမော့၍ ဌာနချုပ်အပြင်ဘက်တွင် ရပ်နေသော ကိုယ်စားအုပ်ချုပ်သူကို ပြုံးပြလိုက်ကာ....

"ကုန်းယွမ်၊ မင်း သည်းမခံနိုင်လောက်အောင်ဒေါသထွက်နေတယ်မလား... စိတ်မပူပါနဲ့၊ ငါတို့နှစ်ယောက် ပြန်ရောက်တာနဲ့ သေချာပေါက် မင်းကို လာရှာမှာပါ....."

ကိုယ်စားအုပ်ချုပ်သူသည် လီတိုင်ရွှမ် ကို စိုက်ကြည့်ကာ စကားများများမပြောဘဲ ထွက်ခွာသွားခဲ့သည်။

သူထွက်ခွာသွားသည်နှင့်အမျှ လော့လန်အိမ်တော်၏ကပ်ဘေး ပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။

All Chapters