အိမ်တော်စုဝေးပွဲပြီးဆုံးပြီ....
Vol. 48 Ch. 667
အိမ်တွေ့ဆုံပွဲ မမျှော်လင့်ဘဲ ပြီးဆုံးသွားခဲ့ချေပြီ။
ကိုယ်စားအုပ်ချုပ်သူ ရောက်လာခြင်းကြောင့် လော့လန်အိမ်တော် ကပ်ဆိုးကိုရှောင်ရှားရန်ခက်ခဲလိမ့်မည်ဟု လူတိုင်း ထင်ခဲ့ကြသည်။ အခုလို အံ့ဖွယ်အလှည့်အပြောင်းဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
လော့လန်အိမ်တော်၏ အိမ်တော်သခင်နှစ်ပါးသည် ၎င်းတို့၏ အသက်မီးတောက်များကို ကိုယ်ပွာများ ပုံဖော်ဖန်တီးရန် အသုံးပြုခဲ့သည်။
ထို့အပြင်၊ ခန့်မှန်းချက်များအရ ပဉ္စမအဆင့်မြို့စားကိုပင် တွန်းလှန်နိုင်စွမ်းရှိပြီး ထိတ်လန့်တကြား ဆုတ်ခွာရန် တွန်းအားပေးနိုင်စွမ်းရှိသည်။
ကြံ့ခိုင်မှုအရ၊ ၎င်းတို့ကို ရှမြို့တော် အတွင်း အပြင်းထန်ဆုံးဟု ယူဆနိုင်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် မြင့်မြတ်သောစစ်တလင်းတွင်ရှိနေဆဲဖြစ်သော လင်မယားကို ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
သူတို့နှစ်ဦးသည် မြင့်မြတ်သောစစ်တလင်း ၏အန္တရာယ်ရှိသောနေရာများတွင် အသက်ရှင်ကျန်ရစ်ရုံသာမက ခွန်အားလည်းတိုးလာပုံရသည်။ မဟုတ်ပါက၊ ၎င်းတို့သည် ကိုယ်စားအုပ်ချုပ်သူကို တွန်းလှန်နိုင်ခဲ့သည်မှာ အဓိပ္ပာယ်မရှိပေ။
ထိုအချိန်တွင်၊ လော့လန်အိမ်တော်သည် ရွှေနဂါးဘဏ် သို့မဟုတ် ကြယ်တာယာခရီးရှည်ကောလိပ်နှင့် တန်းတူအင်အားကြီးမားလာပြီဖြစ်သည်။
ယခုတော့ သူတို့နှစ်ဦး ကျန်းမာပြီး အသက်ရှင်နေသေးကြောင်း လူများသိသွားသောအခါတွင် လော့လန်အိမ်တော်ကို တပ်မက်သူတိုင်း နှစ်ခါပြန်စဉ်းစားရပေမည်။ သူတို့တကယ်ပြန်လာရင် ငရဲသို့သက်ဆင်းရလိမ့်မည်သာ.....
ထို့ကြောင့်၊ အပြင်းအထန်ဒဏ်ခတ်ခံနေရသော လော့လန်အိမ်တော်သည် ယခုအခါ ခွန်အားနှင့် အခြေခံအုတ်မြစ်ကို ပြန်လည်ရရှိနေပြီဖြစ်သည်။
ထို့အပြင် ရှမြို့တော်အတွင်း တိုက်ပွဲများလည်း ငြိမ်သက်သွားခဲ့ချေပြီတကား.....
……............
ရွှေနဂါးဘဏ်တိုက်၏ အစည်းဝေးခန်းမတွင်.....
အစည်းဝေးခန်းမထဲတွင် အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။အကြီးအကဲများအားလုံးသည် အလင်းမှန်ပေါ်မှ မြင်ကွင်းကိုကြည့်ရင်း သက်ပြင်းတွင်တွင် ချနေကြရှာသည်။ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့၏ ကိုယ်ပွားများသည် သူတို့အား ထိတ်လန့်စေခဲ့ပြီး သူတို့၏ နှလုံးသားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။
ယုဟုန်ရှီသည်လည်း အလားတူ ရှုပ်ထွေးသော အမူအရာမျိုးဖြင့် ရင်းနှီးနေသော ရုပ်ပုံနှစ်ခုကို စိုက်ကြည့်နေသည်။ နှစ်ပေါင်းများစွာကြာအောင် ဖြတ်သန်းခဲ့ရသော်လည်း ၎င်းတို့နှစ်ဦးသည် ယခင်ကဲ့သို့ ပြေပြစ်ချောမောနေဆဲပင်... မြင့်မြတ်သောစစ်တလင်းတွင်ရောက်နေသည့်တိုင် ၎င်းတို့၏ ယုံကြည်မှုနှင့် တောက်ပမှုသည် မြို့စားအများအပြားကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ထို့အပြင်၊ ယင်းသည် စစ်မြေပြင်သည် ၎င်းတို့၏ခွန်အားကို ပိုမိုတိုးပွားစေသည်။
"လီတိုင်ရွှမ်..."
လီတိုင်ရွှမ်အတွက်တော့ အချိန်ကာလများက သူ့အပေါ် သက်ရောက်မှုမရှိခဲ့ပေ။ လီတိုင်ရွှမ် သည် အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် လေးနက်သော ပုဂ္ဂိုလ်ဖြစ်သည်။ လီတိုင်ရွှမ် ရှပြည်ထောင်စုသို့ရောက်လာခဲ့စဉ်က ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့သည်။
သူမသည်လည်း လီတိုင်ရွှမ်ကို သဘောကျနှစ်သက်ခဲ့ဖူးသည်။
သို့သော် ဤအရာသည် အတိတ်ကအကြောင်းအရာများသာပင်... ယခု သူမသည် အတိတ်ကလို အပျိုဖြန်းလေး ယုဟုန်ရှီမဟုတ်တော့ပေ။
"အဲ့ဒါ အိမ်သခင်တန်တိုင်လန်မဟုတ်လား..... သူ့မှာ အထင်ကြီးလောက်စရာ နည်းလမ်းတွေ ရှိတယ်....ကိုယ်စားအုပ်ချုပ်သူကိုတောင် ကြောက်လန့်တကြားထွက်ပြေးအောင် တိုက်ခိုက်နိုင်တယ်...."
လုချင်းအာ သည် ကျက်သရေရှိသော်လည်း ခွန်အားကြီးသော တန်တိုင်လန်ကို သတိပြုမိသောအခါ ရုတ်တရက် လန့်သွားသည်။
ယုဟုန်ရှီသည် ထိုစကားကိုကြားသောအခါ သူ့သမီးကို စိတ်ပျက်စွာ စိုက်ကြည့်နေသည်။
ကိုယ့်အမေရဲ့ရန်သူကို ဘယ်လိုတွေတောင်ချီးမွန်းနေတာလဲ.....
လွန်လေပြီးသောနှစ်များအတွင်း ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု အကြိမ်ရေ မည်မျှ ရှိသည်ကို မရေတွက်နိုင်ခဲ့ပေ။
တကယ်တော့၊ မာနကြီးတဲ့ ယုဟုန်ရှီ ဟာ တန်တိုင်လန်ရဲ့လက်ထဲမှာပဲ ရှုံးနိမ့်မှုအရသာကို ပထမဆုံးမြည်းစမ်းခဲ့ရသည်။
"အဲ့ဒီမိန်းမက အဆိုးဆုံးပဲ"
သို့သော် ဤအချိန်သည် အမှတ်ရစရာအချိန်မဟုတ်ပေ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဒုဉက္ကဌနင်းချွဲ့အပါအဝင် အကြီးအကဲအချို့ကို သေချာအကဲခတ်လိုက်ပြီး.....
"လော့လန်အိမ်တော်ရဲ့ အခြေအနေက နိဂုံးချုပ်သွားပြီ.... လီတိုင်ရွှမ်နဲ့တန်တိုင်လန် တို့ဟာ မြင့်မြတ်သောစစ်တလင်း အသက်ရှင်နေသေးတယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်..... သူတို့ဟာ အနာဂတ်မှာ ပြန်လာနိုင်မယ့် အလားအလာ မြင့်မားနေတာကြောင့် လော့လန်အိမ်တော်ကို ပစ်မှတ်ထားဖို့ ဘယ်သူမှ မကြိုးစားကြပါနဲ့.....သူတို့နှစ်ယောက် ပြန်လာတဲ့အခါ စာရင်းရှင်းမယ်ဆို ဘယ်သူ့ကိုမှ ကာကွယ်ပေးနေမှာမဟုတ်ဘူး....."
များပြားလှသော အကြီးအကဲများသည် အချင်းချင်း လှည့်ကြည့်ကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယုဟုန်ရှီက မတ်တပ်ထရပ်လိုက်ပြီး....
“ဒီအစည်းအဝေးကို ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါပြီ....” လို့ ကြေငြာရင်း ကြော့ရှင်းစွာလှည့်ထွက်လာခဲ့သည်။
ယခု လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲ ပြီးဆုံးသွားသောကြောင့် အစည်းဝေးပွဲကိုအကြောင်းပြပြီး လူစုထားဖို့မလိုတော့ပေ။
……...................
တော်ဝင်နန်းတော်တွင်..........
မင်းသမီးသည် မှိုင်းဝေနေသည့် အကြည့်များဖြင့် သလင်းကျောက်ကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် တန်တိုင်လန် ၏ရုပ်သွင်ကို အာရုံစိုက်ကာ "ဒီလို မြို့စားအဆင့်အမျိုးသမီးကသာ ကျန်းချင်းအာ လို ထူးခြားတဲ့သူမျိုးကို ပြုစုပျိုးထောင်နိုင်တာ. . ဟု မနာလိုစွာ ရေရွတ်လိုက်သည်။
အဲဒီနောက်မှာတော့ သူမရဲ့ ပျော်ရွှင်မှုကို ထိန်းမထားနိုင်တော့ဘဲ သူမ၏ နူးညံ့သိမ်မွေ့သော ရယ်မောသံများနှင့်အတူ ရွှင်မြူးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဒီတစ်ကြိမ်မှာတော့ သူမဟာအကြီးမားဆုံးအကျိုးအမြတ်ရရှိသူ ဖြစ်လာခဲ့ချေပြီ.....
သူမသည် လော့လန်အိမ်တော်ကို ထောက်ပံ့ရန်အတွက် မြို့စားအဆင့်တစ်ဉီးစေလွှတ်ပေးခဲ့သည်။ လီလော့နှင့်ကျန်းချင်းအာ သည် သူမ၏ ရည်ရွယ်ချက်ကောင်းများကို လက်ခံမည်ဟု ယုံကြည်ခဲ့သည်။ အနာဂတ်တွင် ၎င်းတို့သည် သူမနှင့် ပိုမိုနီးကပ်လာပြီး ခိုင်မာသောမဟာမိတ်များဖြစ်လာမည်ဖြစ်သည်။ သူမသည် ယခင်က ၎င်းတို့၏ အနာဂတ်အလားအလာများကိုသာ စိတ်ဝင်စားခဲ့သော်လည်း လီတိုင်ရွှမ်နှင့်တန်တိုင်လန်၏ကိုယ်ပွားများရောက်ရှိလာခြင်းကြောင့် လော့လန်အိမ်တော်သည် ၎င်းတို့၏ ခိုင်မာသော အခြေခံအုတ်မြစ်ကို ပြန်လည်ရရှိခဲ့ကြောင်း သူမ သိခဲ့သည်။
အိမ်သခင်နှစ်ယောက် ကျဆုံးခြင်း မရှိကြောင်း ကမ္ဘာသိအောင် ကြေငြာခဲ့ပြီမဟုတ်လော......
လော့လန်အိမ်တော်ကို ပစ်မှတ်ထားချင်သူတိုင်းသည် နောင်ကာလတွင် ၎င်းတို့၏ ဒဏ်ပေးခံရနိုင်ခြေကို ပြန်လည်သုံးသပ်ရပေမည်။
ထို့ကြောင့် လော့လန်အိမ်တော်၏ပြည်တွင်းရေး ပိုမိုတည်ငြိမ်လာမည်ဖြစ်သည်။
မင်းသမီး၏နောက်ကွယ်တွင် အနီရောင်အရိပ်တစ်ခု ပေါ်လာပြီး စောင့်ရှောက်သူချင်က...."မင်းသမီးက တကယ်ကို အမြော်အမြင်ကြီးပါပေတယ်..... လော့လန်အိမ်တော်ရဲ့ ပါရမီရှင်နှစ်ယောက်ကို သေချာရွေးချယ်နိုင်ခဲ့တာပဲ....."
သူမသည် အနည်းငယ်ပြုံးကာ.... "ကျေးဇူးတင်ပါတယ်...စောင့်ရှောက်သူချင် ဒီညက ရှင့်အတွက်အတော်ခက်ခဲခဲ့မှာပါ..... "
"ဘုရင်ခံကျုံးက အသေအကြေတိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးထင်တယ်... ဒါကြောင့် ငါတို့ အေးအေးဆေးဆေးပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတယ်...." စောင့်ရှောက်သူချင်က ခေါင်းယမ်းရင်း ပြုံးနေသည်။
မင်းသမီးက အနည်းငယ်ခေါင်းညိတ်ပြီးနောက် ကြည်လင်သောသလင်းကျောက်ကို သိမ်းဆည်းကာ ခေါင်းမော့ကာ ကောင်းကင်တွင် တောက်ပနေသော လမင်းကို စိုက်ကြည့်နေသည်။
လီလော့နှင့်ကျန်းချင်းအာတို့သည် နောက်ဆုံးတွင် ၎င်းတို့၏အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ သုံးရက်အကြာတွင်၊ အလားတူစမ်းသပ်မှုမျိုးကို သူမ ရင်ဆိုင်ရမည့်အလှည့်ဖြစ်သည်။
ရှပြည်ထောင်စု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အခြေအနေတွင် သူမ အောင်ပွဲခံနိုင်မည်ဟု မျှော်လင့်ပါသည်။
…….......................
မဆိုင်သောသူများ ဆုတ်ခွာသွားပြီးနောက်၊ လော့လန်အိမ်တော် ဌာနချုပ်အတွင်းရှိ လေထုသည် မည်သူမျှ ငြိမ်သက်မသွားနိုင်ဘဲ ဆူပွက်လာခဲ့သည်။
အိမ်တော်သခင်နှစ်ပါး၏ အသွင်အပြင်သည် လူတိုင်းကို လှုံ့ဆော်ပေးခဲ့သည်။
"သူငယ်ချင်းတို့ရေ.... နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ မင်းတို့အားလုံးအတွက် ခက်ခဲခဲ့မှာပဲ...... ဒါပေမယ့် အခုအချိန်က ပြန်လည်ဆုံတွေ့ဖို့အချိန်ကောင်းမဟုတ်သေးတာကြောင့် ငါတို့လင်မယား စစ်မြေပြင်က ပြန်လာမယ့်နေ့ကို စောင့်နေပေးကြပါ.... အိမ်တော်ကို
ကာကွယ်ပေးတဲ့အတွက်လည်း စိတ်ရင်းအမှန်နဲ့ကျေးဇူးတင်ပါတယ်....."
ထို့နောက် လီတိုင်ရွှမ်သည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကိုယ်စားအုပ်ချုပ်သူ ဖန်တီးထားသော ဧရာမချောက်ကြီး စတင်ပိတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ၊ ကျန်းချင်းအာနဲ့လီလော့ တို့ဟာ မြေအောက်နန်းတော် ပိတ်မသွားခင် သူတို့မိဘတွေရဲ့ အသံကို ကြားလိုက်သည်။
"ရှောင်လော့နဲ့ချင်းအာ.... မြေအောက်နန်းတော်ကို လာခဲ့ပါ။"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ဌာနချုပ်ကို ဖုံးလွှမ်းနေသော မငြိမ်မသက်မှုများကို လျစ်လျူရှုကာ အလျင်စလို ပြေးသွားကြသည်။ အက်ကွဲကြောင်း လုံး၀မပိတ်မီတွင် သူတို့နှစ်ဉီး နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ကြသည်။