← Chapters

မိသားစုပြန်လည်ဆုံစည်းခြင်း.....

Vol. 48 Ch. 668

မိသားစုပြန်လည်ဆုံစည်းခြင်း.....

Vol. 48 Ch. 668

လီလော့ နှင့်ကျန်းချင်းအာတို့ မြေအောက်နန်းတော်ထဲသို့ ဝင်သွားသောအခါ အသက်မီးတောက်များထက်တွင် ရပ်နေသော ရင်းနှီးကျွမ်းဝင်သူနှစ်ဉီးပ အပြုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လီလော့က သူတို့ကို မြင်လိုက်တဲ့အခါ ဝမ်းနည်းစွာနဲ့ ....."အဖေနဲ့အမေ ပြန်လာခဲ့ပါတော့....ချမ်းသာတဲ့ သခင်လေးတစ်ယောက်အနေနဲ့ ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပဲဖြတ်သန်းချင်တော့တယ်...."

" ချင်းအာလို မိန်းကလေးကတောင် မညည်းရဘူး...နင်ကဘာလို့အသံထွက်နေတာလဲ....ဘာမှထပ်မပြောနဲ့ ရှေ့ဆက်လည်းဒီ့ထက်ကြိုးစားရမယ်....."

တန်တိုင်လန်က သူ့သားကို ဆုံးမပြီး ကျန်းချင်းအာ ဆီသို့ လက်နှစ်ဖက်ဆန့်ကာ ပြုံးပြလိုက်သည်။

"ငါ့သမီးလေး... ဒီနှစ်တွေအတွင်း ဘယ်လောက်တောင်များ ပင်ပန်းနေခဲ့မလဲ....ငါ့သမီးလေးခမျာ လော့လန်အိမ်တော်ကို စီမံခန့်ခွဲခဲ့ရတဲ့အပြင် အသုံးမကျတဲ့ကောင်ကိုလည်း ကလေးထိန်းသလို ထိန်းကျောင်းခဲ့ရရှာတယ်.....

ကျန်းချင်းအာ၏ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်သော အမူအရာသည် တန်တိုင်လန် ၏ကိုယ်ပွားပုံရိပ်ကို ပွေ့ဖက်လိုက်ချိန်တွင် ရှက်ရွံ့မှု အရိပ်အမြွက်အချို့ယှက်သန်းနေသည်။

"ဆရာကတော်ကို လွမ်းနေတာ...."

တန်တိုင်လန်သည် ကျန်းချင်းအာ၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးပြီး.... "ငါတို့လည်း မင်းအကြောင်း အမြဲတွေးနေခဲ့တာ..... အထူးသဖြင့် မင်းက ခေါင်းမာတဲ့ စရိုက်ရှိတာမို့ ငါတို့အတွက် လော့လန်အိမ်တော်က မင်းရဲ့ ခေါင်းပေါ်က ဆံပင်တစ်ချောင်းလောက်တောင် အဖိုးမတန်ပေမယ့် မင်း လော့လန်အိမ်တော် ကို ကာကွယ်ဖို့ မလွှဲမရှောင်သာ အားထုတ်မယ်ဆိုတာ ငါတို့သိတယ်.... ဒီနှစ်တွေတစ်လျှောက်လုံး ပင်ပန်းခဲ့တယ်မလား....."

ကျန်းချင်းအာက ရှက်ပြုံး ပြုံးလိုက်ပြီး....

"တကယ်တော့ လီလော့လည်း အရေးပါတဲ့ အပိုင်းတွေမှာ ကူညီပေးခဲ့ပါတယ်။ ဒီနှစ်တေံအတွင်း သူ့ရဲ့ ကြိုးစားအားထုတ်မှုက ကျွန်မထက် မနည်းပါဘူး......"

စိတ်ဆိုးနေသော လီလော့ကို သံသယဖြင့် စိုက်ကြည့်ရင်း တန်တိုင်လန်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

"ညစ်ပတ်အိုးလေးက တကယ်ပဲကူညီပေးခဲ့တာလား......."

ညိုးနွမ်းနေသောမျက်နှာထားဖြင့် လီလော့ သည် ပြုံးနေသော လီတိုင်ရွှမ်ဘက်သို့ လှည့်ကာ ဟန်ပါပါလက်ပိုက်၍.... "လူအိုကြီး.... တကယ်ပဲ ကျွန်တော့်ကို အမှိုက်ပုံးထဲက ကောက်လာခဲ့တာလား...."

"အာ...... မင်းအမှန်တရားကိုသိသွားခဲ့ပြီပဲ....အင်းလေ...ကြာကြာဖုန်းကွယ်ထားလို့မှမရတာ.... အေးစက်နေတဲ့ ဆောင်းညတစ်ညတုန်းကပေါ့...... ငါလမ်းလျှောက်လာတဲ့အချိန် လမ်းဘေးက အမှိုက်ပုံးထဲက ကလေးငိုသဲ ကြားလိုက်ရတယ်…” လီတိုင်ရွှမ်က ရှုပ်ထွေးသော အမူအရာဖြင့် အပီအပြင်ရှင်းပြနေသော်လည်း စကားမဆုံးခင် လီလော့ က လက်ကို ဝှေ့ယမ်းလိုက်ကာ တားဆီးလိုက်သည်။

"ထားလိုက်တော့...ထပ်ရှင်းပြမနေဘဲ လာရာလမ်းအတိုင်းသာပြန်လိုက်ကြပါတော့. . အဖေတို့နဲ့စကားမပြောချင်တော့ဘူး...."

"ဟားးဟားးးး!"

ကျန်းချင်းအာသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်သည်။

“ဆရာနဲ့ဆရာကတော်....လီလော့က ဒီတနှစ်အတွင်း ကြိုးကြိုးစားစား လေ့ကျင့်ခဲ့တာမို့အခုဆို နတ်ဆိုးနန်းတော်အဆင့်တောင်ရောက်နေပြီ....သူ့ရဲ့အရှိန်က ကျွန်မထက်တောင်ပိုမြန်သေးတယ်....အခုလို လော့လန်အိမ်တော် တည်ငြိမ်လာတာကလည်း သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ပါ..."

လီတိုင်ရွှမ်က လက်ကို မြှောက်လိုက်ပြီး သူ့သားရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

"ဟားဟား... အဲဒါကို ငါတို့သိတယ်...ရှောင်လော့မှာ ပဲ့တင်ထပ်သံသုံးခုရှိပြီး သူ့ရဲ့အနာဂတ်အလားအလာက အကန့်အသတ်မရှိဘူး....."

သူသည် လီလော့၏ မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ရိုးရိုးသားသား ပြောရရင် သူ့သားရဲ့ မျက်လုံးလေး စိုက်ကြည့်လိုက်တော့ လီလော့ဟာ ဒီနှစ်မှာ အစွမ်းကုန် ရုန်းကန်ခဲ့ရတာကို သူ သိထားပြီးသားပင်.... ပဲ့တင်ထပ်သံ ရရှိရန် လီလော့ လျှောက်ခဲ့သောလမ်းသည် သူကိုယ်တိုင် ချမှတ်ပေးခဲ့သော လမ်းတစ်ခုဖြစ်သည်။ထို့ကြောင့် အန္တရာယ်များနှင့် ကုန်ကျစရိတ်များကို သူသိသည်။

ဤတုံ့ပြန်မှုကြောင့် လီလော့ မျက်လုံးပြူးသွားခဲ့သည်။ မျက်နှာလိုက်မှုဆိုတာ ဘာမှန်း နောက်ဆုံးနားလည်သွားလေသည်။ ကျန်းချင်းအာ၏ ဝှက်ဖဲများနှင့် နည်းလမ်းများကို ကြည့်ရုံဖြင့် ထင်ရှားပါသည်။ မြို့စားအဆင့် လျှို့ဝှက်ကျင့်စဉ်ကို သူ့မိဘတွေက ကျန်းချင်းအာအတွက် ချန်ထားခဲ့ပေမယ့် သူ့အနေဖြင့် အရုပ်တစ်ရုပ်တောင် မရရှိခဲ့ပေ။ သူသည် အစွမ်းကုန်ကြိုးစားခဲ့ရပြီး သူ၏နောက်ဆုံးနည်းလမ်းမှာ သူ့ခန္ဓာကိုယ်ကို ရောင်းစားရသောအရာပင် ဖြစ်သည်။

လီတိုင်ရွှမ် နှင့် တန်တိုင်လန် တို့ ထွက်ခွာသွားသောအခါ သူ့တွင် ဗလာဗလာနန်းတော်များသာရှိနေသေးသောကြောင့် ပြုစုပျိုးထောင်ရန် လမ်းစကို ချန်ထားခဲ့သော်ငြားလည်း သူ လိုက်နာနိုင်မည်လား မသေချာပေ။ ထို့ကြောင့် သူ့အစား ကျန်းချင်းအာကိုပေးအပ်ခြင်းသည် ပို၍ အဓိပ္ပါယ်ရှိပေသည်။

သို့တိုင် ကျိုးကြောင်းဆီလျော်သော်လည်း၊ ဘက်လိုက်မှုကြောင့် လီလော့၏နှလုံးသားထဲတွင် ခါးသီးစွာ ညည်းညူနေမိတော့သည်။

တန်တိုင်လန်သည် လီလော့၏ ပါးပြင်ကို လိမ်ဆွဲလိုက်ပြီး "ငါတို့သားလေးက... တော်လိုက်တာ...."

လီလော့က... "ဒါ အမေတို့ အမှားပဲ.... ခရီးမသွားခင် အားလုံးကို ဖရိုဖရဲ အခြေနေနဲ့ထားပစ်ခဲ့ကြတယ်.... နောက်ဆုံးတော့ ကျွန်တော်တို့တွေပဲ ဒုက္ခရောက်ခဲ့ရတယ်"

"အင်းပါ... စမ်းသပ်မှုတစ်ခုပဲလေ..... မင်းတို့နှစ်ယောက်က အခု ဘယ်သူတွေလဲ..... နာခံမှုရှိတဲ့ သားနဲ့ နာခံမှုရှိတဲ့ တပည့်တွေကို ဖြး်နေပြီမဟုတ်လား..... "

လီတိုင်ရွှမ်က တိုင်တန်လန်၏စကားကို ခေါင်းညိတ်သဘောတူလိုက်သည်။

"ဖေဟောင် ရဲ့ ပင်ကိုယ်စရိုက်ကို အဖေတို့ သိထားပြီးသားပါ.... ဒါပေမယ့် သူက အတော်လေး သနားစရာ ကောင်းရှာပါတယ်.... လော့လန်အိမ်တော်ကို စတည်ထောင်တုန်းက သူ အများကြီး ပံ့ပိုးပေးခဲ့တယ်၊ အဖေတို့ မသွားခင်မှာ ဒါတွေကိုသေချာစဉ်းစားခဲ့ပြီးသားပါ.... သူက နာမည်ခံ တပည့်ဖြစ်တာကြောင့် အချိန်မီနောင်တရပြီး လော့လန်အိမ်တော်ကို ထိန်းသိမ်းနိုင်အောင် ကူညီမယ်လို့ မျှော်လင့်ထားတယ်.... မဟုတ်ရင် မင်းအမေပြောသလို သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့က မင်းတို့အတွက်စမ်းသပ်ချက်ဖြစ်သွားလိမ့်မယ်...."

လီလော့ အခုချိန်မှာ ဖေဟောင်ကို သနားနေမိသည်။သူ့ခင်ဗျာ သူနှင့်ကျန်းချင်းအာ အတွက် ရိုးရှင်းသော စမ်းသပ်မှုတစ်ခုအဖြစ် အဆုံးသတ်ရန် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအားလုံးကို ကြံဆသုံးစွဲခဲ့သည်။

မုန်းတီးနေသော ရန်သူကိုပင် ကိုယ်ချင်းစာမိသည်။

လီလော့က အမြဲတမ်း အဖြေရှာမရသည့်မေးခွန်းကို အခွင့်ကြုံတုန်းထုတ်မေးလိုက်သည်။ "အဖေတို့ မရဏထီပေါက်ပြီး မြင့်မြတ်တဲ့စစ်တလင်းထဲကိုဝင်ဖို့ ဘယ်သူကြိုးကိုင်ခဲ့တာလဲ.... ကိုယ်စားအုပ်ချုပ်သူ ကြောင့်လား....."

"ဟမ့် သူလိုလူက ငါတို့ကို လုပ်ကြံနိုင်မယ်လို့ မင်းထင်လား။" တန်တိုင်လန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

လီတိုင်ရွှမ် ခေါင်းညိတ်လိုက်ပြီး....

"ကုန်းယွမ်က စိတ်ထားကောင်းတဲ့သူမဟုတ်ဘူး....ဟိုအရင်တုန်းကတည်းက ငါတို့ကို အနိုင်ယူဖို့ တိတ်တဆိတ် ကြိုးစားခဲ့တာ.... ငါတို့ကို မလှန်ရဲတော့ ဒေါသထွက်စေပြီး ငါမရဏထီပေါက်အောင် လှည့်ကွက်သုံးခဲ့တယ်လေ..... ဒါပေမယ့်၊ ငါတို့သွားရတဲ့ အကြောင်းရင်းက ငါတို့ကိုယ်တိုင် လိုလိုလားလားသွားဖို့ ရွေးချယ်ခဲ့တဲ့အတွက်ကြောင့်ပဲ..... ပြီးမြောက်အောင်လုပ်ဖို့ အရေးကြီးတဲ့ အရာတစ်ခုရှိလို့ ဒီလိုလုပ်ခဲ့တာပါ.... ကုန်းယွမ်ကတော့ ငါတို့ကို သူ့ကြောင့်သွားရတယ်ပဲထင်နေလိမ့်မယ်.... "

ရှပြည်ထောင်စုတွင် သြဇာအရှိဆုံးနှင့် အင်အားအရှိဆုံး ပုဂ္ဂိုလ်သည် လီတိုင်ရွှမ် ရှေ့မှောက်တွင် လုံးဝကိုခွန်အားမဲ့နေသူပင်.....

" ဆရာနဲ့ဆရာကတော်တို့မှာ ဘာအရေးကြီးကိစ္စရှိလို့လဲ " ကျန်းချင်းအာ ရုတ်တရက် မေးလိုက်သည်။

လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့က တိုက်ရိုက်မဖြေခဲ့ကြပေ။ "အခုချိန်မှာ ဒီအကြောင်းတွေသိဖို့မလိုသေးဘူး.... ဒါပေမယ့် ငါတို့နှစ်ယောက် ဒီမှာ အဆင်ပြေနေတာမို့ စိတ်မပူပါနဲ့..... "

သူတို့နှစ်ယောက် ရှောင်တိမ်းနေသည်ကို မြင်သောအခါ လီလော့နှင့်ကျန်းချင်းအာသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း ဆက်၍ မစုံစမ်းတော့ပေ။

"အခု အိမ်တော်စုဝေးပွဲ ပြီးသွားတော့ လော့လန်အိမ်တော်က တည်ငြိမ်လာလိမ့်မယ်.... ဒါ့အပြင် ကျန်တဲ့ မြို့စားအဆင့်တွေက ငါတို့ အသက်ရှင်နေသေးတယ်ဆိုတာ သိတဲ့အတွက် ကိုယ်စားအုပ်ချုပ်သူတောင် မင်းကို တိုက်ရိုက်စိန်ခေါ်ဝံ့မှာ မဟုတ်ဘူး....ဒါပေမယ့် စိတ်လျှော့ထားလို့မရဘူး....ကုန်းယွမ်မှာ လျှို့ဝှက်ချက်တွေရှိတာမို့ သူတို့အားလုံးမှာ သိသာထင်ရှားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်။ မင်းသတိထားနေဖို့ လိုပြီး အခြေအနေမဟန်တော့ဘုးဆို လော့လန်အိမ်တော်ကို စွန့်လွှတ်လိုက်ပါ” ဟု လီတိုင်ရွှမ်က တိုက်တွန်းခဲ့သည်။

နှစ်ယောက်သား လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

လီတိုင်ရွှမ်သည် လီလော့ ဘက်သို့ လှည့်ကာ....."ဒါဆို ပဲ့တင်ထပ်သံသုံးခုရှိနေတဲ့အတွက် ဘယ်လိုခံစားရလဲ။"

"မဆိုးပါဘူး...."

လီတိုင်ရွှမ် ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "ငါ မင်းကို သတင်းကောင်းနဲ့ သတင်းဆိုးတစ်ခု ပြောပြမယ်.... သတင်းကောင်းကတော့ မင်း မြို့စားအဆင့်ကိုရောက်ပြီးရင် နောက်ထပ် ပဲ့တင်ထပ်သံနန်းတော်တစ်ခု ထပ်ပွင့်လာလိမ့်မယ်...တကယ်တော့ အဲ့တာကလည်း ဗလာနန်းတော်လည်း ဖြစ်လိမ့်မယ်!"

ဗလာနန်းတော်များက လီလော့အတွက်တော့ ကြီးကျယ်ခမ်းနားသောဆုလာဘ်များသဖွယ်ပင်.... ဤနည်းဖြင့်၊ သူသည် ပထမနှင့် ဒုတိယပဲ့တင်ထပ်သံများဖြင့် ပြီးပြည့်စုံသော ပဲ့တင်ထပ်သံများကို ဆက်လက်ဖန်တီးနိုင်မည်ဖြစ်သည်။

သို့သော် ထိုစကားကိုကြားပြီးနောက်တွင် တစ်စုံတစ်ခု မူမမှန်သလို ခံစားလိုက်ရသဖြင့် စိုးရိမ်စိတ်ဖြင့် "ဒါဆို သတင်းဆိုးကရော...."

"သတင်းဆိုးကတော့ မြို့စားအဆင့်ကိုရောက်တဲ့အခါ အရင်လိုပဲ့တင်ထပ်သံဖန်တီးဖို့ ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်ကိုသုံးလို့မရတော့ဘူး.... ကံမကောင်းစွာပဲ၊ မင်းအတွက်ရော ငါတို့မှာ ဘာတစ်ခုမှ မရှိဘူး...."

ဒါကိုကြားတော့ လီလော့ ငိုချင်စိတ်ပေါက်လာသည်။

ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်မရှိလျှင် သူသည် ပဲ့တင်ထပ်သံများကို ဖန်တီးနိုင်မည်မဟုတ်ပေ။ ဒါဆိုရင် သူ့ဗလာနန်းတော်ဟာလည်း အသုံးမဝင်နိူင်တော့ပေ။

ဤသည်မှာ ထီပေါက်ပြီးထီလက်မှတ်ပျောက်...ဆိုသလိုဖြစ်နေချေပြီ......

All Chapters