← Chapters

သွေးပျက်နေသော ကိုယ်စားအုပ်ချုပ်သူ...

Vol. 48 Ch. 671

သွေးပျက်နေသော ကိုယ်စားအုပ်ချုပ်သူ...

Vol. 48 Ch. 671

ကြယ်တာယာခရီးရှည်ကောလိပ်အတွင်းရှိ အထက်ဆင့်နန်းတော်တွင်.....

ဒုကျောင်းအုပ် စုရှင်းသည် တင်ပျဉ်ခွေထိုင်ကာ မချိုမချဉ်မျက်နှာပေးမျိုးလုပ်ပြနေသည့် ရှန်းကျင်းရှောင်ကို ကြည့်နေသည်။ ထိုအချိန်တွင် သူသည် လက်ဖက်ရည်တစ်ခွက်ကို အေးအေးဆေးဆေး လောင်းချနေသည်။

" နည်းပြရှန်ကျင်းရှောင်....စောစောက အခြေအနေနဲ့ ပတ်သက်ပြီး လော့လန်အိမ်တော်မှာ ဖေဟောင်က ရုတ်တရက် အင်အားကြီးမားလာပြီး မြို့စားတပိုင်းအဆင့်ကို ရောက်သွားခဲ့တယ်....ဒါက ဘယ်လိုဖြစ်လဲဆိုတာ မင်းသိနိုင်မလား..." ဒုကျောင်းအုပ်စုရှင်းက ရှန်ကျင်းရှောင်ကို တိုက်ရိုက်မေးခြင်းဖြင့် စူးစမ်းလေ့လာခဲ့သည်။

ထိုစကားများကို ရှန်ကျင်းရှောင် ကြားသောအခါ အံ့အားသင့်သွားသော အကြည့်များ ပေါ်လာသည်။

"မြို့စားတပိုင်းအဆင့်? ဖေဟောင်က တကယ်ထက်မြက်တယ်?"

"မင်းပြောနေတဲ့သူက သာမန်အလားအလာရှိတဲ့သူပဲ... သူက ကောင်းကင်ပုလဲအဆင့်ကိုဖြတ်ကျော်ဖို့ အခွင့်အလမ်းအချို့ကို ချေးယူခဲ့တယ်....ဒါက သူ့ကန့်သတ်ချက်ဖြစ်သင့်တယ်။ သာမန်ရှုထောင့်ကနေကြည့်ရင် မြို့စားအဆင့်ကိုရောက်ဖို့ အရမ်းခက်ခဲလိမ့်မယ်။ လျှို့ဝှက်ပညာရပ်အကူအညီနဲ့တောင် အောင်မြင်ဖို့ခက်ခဲနိုင်တာမို့ မြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက်က အခြေအနေက သူ့ကိုနောက်ကွယ်ကနေ အကူအညီပေးနေတယ်လို့ ခံစားနေရတယ်...” ဟု ဒုကျောင်းအုပ်စုရှင်း က တည်ငြိမ်စွာ ရှင်းပြခဲ့သည်။

ရှန်ကျင်းရှောင် ပြုံးလိုက်သည်။

"ဒုကျောင်းအုပ်ကြီး၊ မင်းငါ့ကိုမေးနေတာဆိုတော့ မင်းငါ့ကိုသံသယရှိလို့လား"

"မင်းနဲ့ ဖေဟောင် ဟာ ဘယ်လိုမှ ပတ်သတ်စရာအကြောင်းမရှိဘူးထင်ရပေမယ့် ကျန်းချင်းအာနဲ့ လီလော့ကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အဆက်မပြတ် ပစ်မှတ်ထားခဲ့တယ်မဟုတ်လား.... ပွင့်ပွင့်လင်းလင်းပြောရရင် ငါသံသယဖြစ်မိတယ်..." ဟု ဒုကျောင်းအုပ် စုရှင်း က ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ကျင်းရှောင် ခေါင်းယမ်းလိုက်သည်။

"ကျန်းချင်းအာကြောင့် လီလော့ရဲ့ဘ၀ကို ခက်ခဲစေခဲ့တာတော့ မှန်နိုင်ပါတယ်။ ဒါပေမယ့် ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ကျန်းချင်းအာကို နှလုံးသားထဲကနေ

အရမ်းလေးစားမိပြီး သူက ငါ့တပည့်ဖြစ်ခဲ့ဖူးတယ်.... ကံမကောင်းတာက ငါ့ရဲ့ စိတ်အားထက်သန်တဲ့ လုပ်ရပ်တွေကြောင့် သူ့ကို အမှတ်မထင် စိတ်အနှောက်အယှက်ပေးမသလိုဖြစ်သွားတယ် ....ယောက်ျားသားတစ်ယောက်အနေနဲ့ဆို လီလော့ကို လုံးဝ ကြည့်လို့မရဘူး....."

ရှန်ကျင်းရှောင်ကို စိုက်ကြည့်ရင်း ဒုကျောင်းအုပ် စုရှင်း မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်ပဲလား ?"

“ ငါ့ရဲ့ ရည်ရွယ်ချက်တွေ မဖြူစင်ဘူးဆိုတာ ဝန်ခံရမှာဘဲ၊ ဒါပေမယ့် ကျောင်းသားကို သဘောကျတဲ့ ဆရာက ယုံရခက်နေသလား၊ ဒီကိစ္စသာ ပျံ့သွားရင် သိက္ခာကျသွားနိုင်တယ်....."

ဒုကျောင်းအုပ် စုရှင်း က "မင်းရဲ့ ဒုတိယ ပဲ့တင်ထပ်သံဟာ ရှားပါးတဲ့ သားရဲနှလုံးပဲ့တင်ထပ်သံ မဟုတ်ဘူးလား"

သားရဲနှလုံး ပဲ့တင်ထပ်သံသည် သားရဲပဲ့တင်ထပ်သံနှင့် သက်ဆိုင်သည်။ ၎င်းသည် လူတစ်ဦး၏ စိတ်ဝိဥာဉ်နှင့် နှလုံးသားကို ခြယ်လှယ်နိုင်စွမ်းရှိသည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေသည့် ထူးဆန်းသော သားရဲတစ်ကောင်ဖြစ်သည်။

ရှန်ကျင်းရှောင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။ အတွေးတစ်ခုဖြင့် သူ့နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းသည် နှင်းလိုဖြူစွတ်နေသောအမွေးများဖြင့် ကြီးမားသော ကြွက်တစ်ကောင်နှင့်တူသည်။ သူ့မှာ ပါးစပ်နဲ့ နှာခေါင်း မပါသလို သူ့ဦးခေါင်းပေါ်မှာ ကြီးမားတဲ့ မျက်လုံးတစ်လုံးသာ ရှိပြီး ဘေးပတ်ပတ်လည်ကို အမြဲကြည့်ရှုနေသည်။

ဒုကျောင်းအုပ်စုရှင်းက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ချိန်တွင် သားရဲနှလုံး ပဲ့တင်ထပ်သံက အတော်လေး လှိုက်လှိုက်လှဲလှဲ အရိပ်အယောင်ကို ထုတ်လွှတ်နေပုံရသည်။ "မင်းရဲ့ ဒုတိယပဲ့တင်ထပ်သံကို ထုတ်သုံးတာ တွေ့ရခဲတယ်...."

"ဒုကျောင်းအုပ်စုရှင်း၊ မင်းက ငါ့ကို စစ်ဆေးမေးမြန်းနေမယ့်အစား နည်းပြချီချန်းရဲ့ ပြဿနာကို ဖြေရှင်းသင့်တယ်.... သူ လန်လင်းအိမ်တော်နဲ့ ရင်ဆိုင်နေတဲ သတင်းတွေ မလွဲမသွေ ပျံ့နှံ့သွားပြီး ရှပြည်ထောင်စုရဲ့ အင်အားစုတွေလှုပ်ရှားလာလိမ့်မယ်.... အဲ့အခါကျရင်

ကောလိပ်ဘက်ကနေ ရှင်းလင်းချက်တစ်ခုမဖြစ်မနေထုတ်ပေးရမှာပဲ...နှစ်ပေါင်းများစွာ တည်မြဲလာတဲ့ ကောလိပ်ရဲ့ကြားနေဝါဒကို လွယ်လွယ်နဲ့ပျက်စီးခံတော့မလို့လား..."

တုံ့ပြန်သည့်အနေနှင့် စုရှင်း က အသိအမှတ်ပြုမှုဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်ပြရုံသာဖြစ်သည်။

ထို့နောက် ရှန်ကျင်းရှောင် ထွက်မသွားခင် နှစ်ယောက်သား စကားအနည်းငယ်ပြောခဲ့ကြသည်။

သူထွက်သွားစဉ် ဒုကျောင်းအုပ် စုရှင်းက သူမ၏ ၀တ်ရုံထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ဖယ်ရှားလိုက်သည်။ သံလိုက်အိမ်မြှောင်သည် လှည့်ပတ်နေပြီး လေထုကို အဆက်မပြတ် ဝါးမျိုနေသည်။ ခဏအကြာတွင် အနည်းငယ် မျက်မှောင်ကြုတ်ကာ...

" ရှန်ကျင်းရှောင်ရဲ့ ဒုတိယ ပဲ့တင်ထပ်သံမှာ မူမမှန်တာ တခုမှမရှိဘူး.... သူ့လက်ချက်မဟုတ်ဘူးလား....."

ထိုအချိန်တွင်၊ ရှန်ကျင်းရှောင်သည် ကောလိပ်အတွင်းရှိ လမ်းငယ်တစ်ခုတွင် အေးအေးလူလူလမ်းလျှောက်နေသည်။ အရိပ်အခြေနေကြည့်ပြီးနောက် သူ့နောက်က လေဟာနယ် အနည်းငယ် တုန်ခါသွားကာ သားရဲနှလုံးပဲ့တင်ထပ်သံပေါ်လာခဲ့သည်။ ၎င်း၏ နှင်းဖြူအမွေးများသည် အနက်အရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး အေးစက်ပြီး ထူးဆန်းသော လှိုင်းလုံးများ ဖြာထွက်နေသည်။

ရှန်ကျင်းရှောင် အရိပ်ထဲမှ ထွက်သွားသောအခါ၊ထိုအရာများ တစ်ခါမှမရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ရှန်ကျင်းရှောင်၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခုကို မြင်တွေ့နိုင်သည်။

........................

လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် ရှမြို့တော် ငြိမ်သက်သွားခဲ့ချေပြီ....

ကိုယ်စားအုပ်ချုပ်သူ၏စံအိမ်ထဲတွင်.....

ကိုယ်စားအုပ်ချုပ်သူ ကုန်းယွမ်သည် ယခုအချိန်တွင် ရေကန်ဘေးတွင် ရပ်နေပြီး ညကောင်းကင်ယံကို ခံစားချက်မဲ့စွာကြည့်နေသည်။

သူ့နောက်မှာတော့ ထူးဆန်းသောမျက်လုံးပိုင်ရှင်လူငယ်လေးက ပြုံးပြုံးရွှင်ရွှင်နဲ့ ...."လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့တွေ ဒီလို ဝှက်ဖဲမျိုး ထားခဲ့မယ်လို့ ဘယ်သူထင်မိမှာလဲ....."

"သူတို့တွေ ဘယ်လိုများ ဒီလောက်ထိ အစွမ်းထက်လာရတာလဲ"

ကုန်းယွမ် ခါးသီးစွာမေးခွန်းထုတ်လိုက်သည်။

တန်တိုင်လန်နှင့် အတိုချုံးထိုးနှက်ချက် ဖလှယ်လိုက်သောအခါတွင် ပြိုင်ဘက်၏ အင်အားသည် မျှော်လင့်ထားသည်ထက်ပင်ကျော်လွန်နေသည်။

“ဒါကို အများကြီး စဉ်းစားနေဖို့ မလိုပါဘူး.... ကိုယ်ပွားတွေကို အားကောင်းအောင်လုပ်ဖို့ နတ်ဘုရားအရာရဲ့ စွမ်းအားကို အသုံးပြုခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်...ဒါကြောင့် အဲဒါက သူတို့ရဲ့ နောက်ဆုံးနည်းလမ်းနိုင်တယ်” ဟု လူငယ်က ရှင်းပြခဲ့သည်။

"တစ်ကြိမ်လောက်နဲ့တင် လုံလောက်နေပြီ... လီတိုင်ရွှမ်က လော့လန်အိမ်တော်ရဲ့ ခံစစ်ပိုင်းကို ပြုပြင်လိုက်ပြီမို့နောက်ထပ် အခွင့်အရေးတစ်ခုရဖို့ မဖြစ်နိုင်တော့ဘူး..."

ကိုယ်စားအုပ်ချုပ်သူက အေးစက်စွာ အော်ဟစ်လိုက်သည်။

"နန်းတက်ပွဲ သုံးရက်အတွင်း ကျင်းပတော့မယ်... နတ်ဘုရားအရာကို ခိုးယူဖို့ ဒုတိယအကြိမ် အခွင့်အရေးကို စောင့်ဖို့ အချိန်မရှိတော့ဘူး....."

လူငယ်က ပြုံးပြီး ခေါင်းညိတ်သည်။

"ဒါ့အပြင်၊ ဒီတစ်ခါ မင်း လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ကို လုံးလုံး စော်ကားလိုက်တာပဲ၊ မြင့်မြတ်တဒ့စစ်တလင်းကနေ ပြန်လာတာနဲ့ အခြေအနေတွေ ပိုတင်းမာသွားလိမ့်မယ်......"

ကိုယ်စားအုပ်ချုပ်သူ၏မျက်လုံးများထဲတွင် မှောင်မိုက်သောအရိပ်အမြွက်အချို့ကို မြင်နိုင်သည်။ လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ ရှင်သန်မှုက သူ့ကို ပူပန်စေခဲ့သည်။ သူတို့နှစ်ဦးမှာ ထူးခြားတဲ့နည်းလမ်းတွေ ရှိပြီးသားမို့ မြင့်မြတ်သောစစ်တလင်းမှ ထွက်ခွာချိန်တွင် သူတို့မည်မျှ အစွမ်းထက်မည်ကို မည်သူသိနိုင်မည်နည်း။

သူတို့နှစ်ဦးသည် သွေးပျက်ဖွယ်ကြောက်ရွံ့မှုမျိုးကို သယ်ဆောင်လာပေလိမ့်မည်။

ဟူးးးးးး

ကိုယ်စားအုပ်ချုပ်သူ လေးလေးနက်နက် အသက်ရှူသွင်းလိုက်သည်။

“ အခု နတ်ဘုရားအရာကို မပိုင်တော့ရင် တခြားနည်းလမ်း သုံးရလိမ့်မယ်.... နိုင်ငံတော် ကာကွယ်ရေး၀င်္ကပါကို ချုပ်ကိုင်ဖို့ လိုလိမ့်မယ်....ဒါကိုသာထိန်းချုပ်နိုင်ရင် ဘုရင်အဆင့်တောင် ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး....."

လူငယ်က ခေါင်းညိတ်သည်။

"နန်းတက်ပွဲ ပြီးမြောက်တဲ့ ဧကရာဇ်ကို အကာအကွယ်ပေးတဲ့ နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်ဖို့လိုတယ်.. ဒါက မင်းသမီးရဲ့ မျှော်လင့်ချက်ဆိုလည်းမမှားနိုင်ဘူး.... ဧကရာဇ်ငယ်က အခမ်းအနားပြီးတာနဲ့ ဘယ်သူ့ကိုမှ ကြောက်ရွံ့နေတော့မှာ မဟုတ်ပါဘူး....."

ကိုယ်စားအုပ်ချုပ်သူက.... "အပြောလွယ်သလောက် လက်တွေ့လုပ်ရတာခက်ခဲတယ်... ငါ့ရဲ့အကြံအစည်က နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို အတင်းအကြပ်ထိန်းချုပ်ဖို့ နတ်ဘုရားအရာကိုသုံးမလို့ပဲ .... အခုရွေးချယ်စရာမရှိတော့တဲ့အတွက် တခြားနည်းလမ်းသုံးရတော့မယ်... တစ်ခုတည်းသောပြဿနာက ဖန်ချန်းယွမ်ပဲ.... အရိပ်လှိုဏ်ဂူထဲကနေ ထွက်လာပြီး အခမ်းအနားမှာ ပါဝင်လို့မဖြစ်ဘူး...."

ကိုယ်စားအုပ်ချုပ်သူရဲ့အကြည့်က လူငယ်ဘက်ကို လှည့်သွားခဲ့ပြီး...

"ငါ့မှာ နတ်ဘုရားအရာမရှိတဲ့အတွက် အခု မင်းကိုပဲ အားကိုးနိုင်မယ်လို့ ငါယုံကြည်တယ်... မင်းတို့မှညလည်း ငါ့လိုပဲ ရည်ရွယ်ချက်တယ်မလား... ဖန်ချန်းယွမ်ကို လွှတ်ပေးလိုက်ရင် ငါတို့နှစ်ယောက်စလုံးအတွက် မကောင်းဘူး...."

လူငယ်က အနည်းငယ် ခေါင်းညိတ်ပြရင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။

"စိတ်အေးအေးထားပါ. . ငါတို့ နှစ်ပေါင်းများစွာ စီစဉ်ပြီးပြီပဲ... ဖန်ချန်းယွမ် လုံးဝထွက်မလာစေရဘူး.... မင်းရဲ့ အစီအစဉ်ကိုသာ အာရုံစိုက်ထား.... ငါတို့ သူ့ကို ဖြေရှင်းလိုက်မယ်...."

All Chapters