← Chapters

တားမြစ်အဆိပ်၏ ရူးသွပ်မှု

Vol. 48 Ch. 725

တားမြစ်အဆိပ်၏ ရူးသွပ်မှု

Vol. 48 Ch. 725

ရွှီချင်းသည် ခေါင်းနှိမ့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဆရာသည် သူတို့၏ ဘေးမှာ တစ်ချိန်လုံး ရပ်နေလိမ့်မည်ဟု မည်သည့်အခါကမှ သူမျှော်လင့်မထားခဲ့ပေ။

စောစောက သူ့အား သတိပေးသွားသော နှာခေါင်းရှုံ့သံကြောင့် ဆရာသည် စီနီယာအကိုကြီးကို သင်ခန်းစာတစ်ခုပေးတော့မည်ဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။

….

ထို့ကြောင့် သူက ခေါင်းဆောင်ကို ကရုဏာဖြစ်စွာ ကြည့်လိုက်သည်။ သူ့ကို သူသတိပေးချင်သည်။ သို့သော်လည်း ဆရာ၏ အေးစက်စက် နှာခေါင်းရှုံ့သံကြောင့် သူ့ကို သတိမပေးခြင်းသည် သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။

ရွှီချင်း၏ စကားကို ကြားသောအခါ ခေါင်းဆောင်သည် နင်ယန်ကို စူးစမ်းလိုက်စွာ ကြည့်လိုက်သည်။

နင်ယန်သည် စိတ်ရင်းဖြင့် ပြုံးလိုက်သည်။

“ ခေါင်းဆောင် ငါဒီကိုမလာခင် စုံစမ်းလေ့လာတာတွေ အများကြီး လုပ်ခဲ့တယ်… ပြီးတော့ ငါ့သွေးမျိုးစက်က ထူးခြားတယ်ဆိုတာ မင်းသိပါတယ်… အဲ့ဒီမှာ ကောင်းတဲ့တစ်ခုခုရှိလိမ့်မယ်လို့ ရေးတေးတေး ငါအာရုံခံမိနေတယ် ”

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ချောင်းဟန့်လိုက်သည်။ သူက ခေါင်းဆောင်ကို အရိပ်အမြွက်တစ်ခုပေးတော့မည့်အချိန် နင်ယန်သည် သူ့ကို မူမမှန်သော အပြုံးဖြင့် ကြည့်နေကြောင်း သတိပြုမိသွားသည်။

ထို့ကြောင့် ရွှီချင်း၏ အမူအရာသည် လေးနက်သွားသည်။

“ စီနီယာအကိုကြီး ငါတို့မြန်မြန် သွားကြရအောင်… နင်ယန်ကို ငါယုံကြည်တယ် ”

ခေါင်းဆောင်သည် တစ်စုံတစ်ခုလွဲမှားနေသည်ဟု ခံစားနေမိသည်။ ထို့ကြောင့် သူက လက်မြှောက်လိုက်ပြီး နင်ယန်၏ ဦးခေါင်းကို ပုတ်လိုက်သည်။

“ နင်နင်လေး မင်း… ”

“ စီနီယာအကိုကြီး ”

စီနီယာအကိုကြီးက ကိုယ်သေတွင်း ကိုယ်တူးနေသည်ကိုမြင်သောအခါ ရွှီချင်းသည် နှလုံးတုန်လာပြီး အလျှင်အမြန် ကြားဖြတ်ပြောလိုက်သည်။

“ စီနီယာအကိုကြီး နင်ယန်က အတော်လေး သနားစရာကောင်းပါတယ်… မင်း သူ့ကို ဆက်မချုပ်ထားသင့်ဘူး… သူ့ကို လွှတ်ပေးလိုက်တာကောင်းမယ်… မင်းဘာလို့ ဒီလိုလုပ်လဲဆိုတော့ တစ်ခါတုန်းက သူက ငါတို့ဆရာရဲ့ မကောင်းကြောင်းကို ပြောလို့ဆိုတာ ငါနားလည်ပါတယ်… ဒါကြောင့် မင်းက သူ့ကို အပြစ်ပေးချင်တာမလား ”

“ အယ် ”

ခေါင်းဆောင်သည် ဆွံ့အသွားသော်လည်း မျောက်တစ်ကောင်ကဲ့သို့ ချက်ချင်း ပြုမူလိုက်သည်။ သူ၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားပြီး နင်ယန်၏ ဦးခေါင်းကို ပွတ်သပ်နေသော သူ၏ လက်က ရပ်တန့်သွားသည်။

ရွှီချင်း၏ စကားနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း သူအာရုံခံမိသည်။ ထို့ကြောင့် သူက နင်ယန်ကို ဂရုတစိုက်ကြည့်လိုက်ပြီး သူ၏ ညာလက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။

သို့သော်လည်း သူ၏ စူးစမ်းလိုစိတ်ကိုတော့ မချိုးနှိမ်နိုင်ပေ။ သူသည် သေချာအောင် စမ်းသပ်ကြည့်ချင်သေးသည်။ ထို့ကြောင့် သူက နင်ယန်၏ ဝမ်းဗိုက်နားသို့ ချဉ်းကပ်သွားပြီး ပုတ်လိုက်သည်။

ဘုတ်

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။

နင်ယန်သည် အမူအရာကင်းမဲ့စွာ ဆက်ရှိနေပြီး ခေါင်းဆောင်အား သူ၏ ဝမ်းဗိုက်ကို ရိုက်ခွင့်ပြုထားလိုက်သည်။

ထိုနေရာတွင် နွယ်ပင်များမရှိပေ။

ခေါင်းဆောင်သည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဤအေးစက်စက် လောကထဲတွင် ချွေးသီးချွေးပေါက်သည် သူ၏ နဖူးပေါ်မှာ စတင်ထွက်ပေါ်လာသည်။ သူက ကိုးရိုးကားရား ပြုံးလိုက်သည်။

နင်ယန်သည် ခေါင်းဆောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် လေးနက်သောအဓိပ္ပာယ်ရှိနေသည့်အလား ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း တုန်ယင်သွားစေသည်။ သူက ချက်ချင်း အနောက်သို့ ဆုတ်သွားပြီး ရွှီချင်း၏ ဘေးတွင် ရပ်လိုက်သည်။ သူက ရုတ်တရက် ပြောသည်။

“ ချင်းလေး မင်းဘာလို့ အပြင်မှာတုန်းက နင်ယန်ရဲ့ ဝမ်းဗိုက်ကို ငါ့ကို ရိုက်ကြည့်ခိုင်းတာလဲ… မင်းက အရမ်းရိုင်းတာပဲ… ဆရာ ငါတို့ကို ဘယ်လိုသင်ကြားပေးထားလဲ မင်းမေ့သွားပြီလား… ငါမင်းကိုပြောပြမယ် ဆရာက ငါတို့ကို သားအရင်းတွေလို သဘောထားတာ… ဒီဘဝမှာ ငါတို့တွေ ဆရာရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်တော့မှာမဟုတ်ဘူး ”

“ ဒါကြောင့် ငါတို့တွေ ဆရာ့စကားဆိုရင် အလေးအနက်ထားရမယ်… ငါတို့နှလုံးသားထဲမှာ အမြဲမှတ်သားထားရမယ်… ဘာကြောင့်လဲဆိုတော့ ငါတို့လမ်းမှားရောက်သွားတဲ့အခါတိုင်း ဆရာ့စကားတွေကို အမှတ်ရနေသေးသရွေ့ အဲ့ဒါက ငါတို့ကို လမ်းကြောင်းမှန်အပေါ် ပြန်ပို့ပေးလိမ့်မယ် ”

ခေါင်းဆောင်သည် တည်ကြည်ဖြောင့်မတ်စွာ ပြောသည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရယ်လိုက်ပြီး ခေါင်းလှည့်လိုက်သည်။

သူသည် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီးပြီ ဖြစ်သည်။ စီနီယာအကိုကြီးသည် ကိုယ့်သေလမ်းကိုယ်ရှာနေပြီး မကယ်တင်နိုင်တော့သလို သူသည်လည်း မကယ်တင်ချင်ပေ။

“ မင်း ထပ်ရိုက်ချင်သေးလား ”

နင်ယန်သည် တည်ငြိမ်စွာ ပြောသည်။

ခေါင်းဆောင်သည် ခန္ဓာကိုယ်တုန်ယင်သွားပြီး ခေါင်းခါလိုက်သည်။ သူ၏ အကြည့်က နင်ယန်အပေါ်သို့ ကျရောက်သွားသည်။ သို့သော်လည်း ယင်းက မသင့်တော်ကြောင်း သူခံစားမိသည်။ သူက သူ့ဝမ်းဗိုက်အား ကြည့်နေသည်ဟု တစ်ဖက်လူ တွေးထင်သွားမည်ကို စိုးရိမ်သောကြောင့် တုန်တုန်ယင်ယင်ဖြင့် နင်ယန်၏ မျက်နှာကို ကြည့်လိုက်သည်။

သို့သော်လည်း ယင်းက မသင့်တော်သေးကြောင်း သူခံစားမိသည်။ တစ်ဖက်လူက သူ့ခေါင်းကို သူကြည့်နေသည်ဟု တွေးထင်သွားမည်ကိုလည်း စိုးရိမ်သည်။ မည်သို့ဖြစ်စေ သူသည် နင်ယန်၏ ဦးခေါင်းကို အကြိမ်ပေါင်းများစွာ ထိကိုင်ခဲ့သည်မဟုတ်ပါလော။

မျှော်လင့်ထားသလိုပင် နင်ယန်သည် ခေါင်းဆောင်၏ အကြည့်ကို သတိထားမိသောကြောင့် တည်ငြိမ်စွာ ပြောသည်။

“ မင်းက ငါ့ခေါင်းကို နောက်ထပ်ပုတ်ချင်သေးလို့လား ”

ခေါင်းဆောင်သည် ဂျောက်ဂျက်ပမာ ခေါင်းခါလိုက်ပြီး စိတ်ထဲမှာ ဝမ်းနည်းကြေကွဲသွားသည်။ နင်ယန်၏ ဦးခေါင်းကို သူပုတ်ခဲ့စဉ်က ခံစားမိခဲ့သော သက်တောင့်သက်သာအရသာကို ပြန်အမှတ်ရသွားသောအခါ သူ၏ ခန္ဓာကိုယ်သည် ပိုပြီးပြင်းထန်စွာ တုန်လှုပ်လာသည်။ ချက်ချင်းပင် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို သတိပေးသည်။

“ ဂျူနီယာညီလေး ငါမင်းကို ဆူဖို့လိုနေပြီ… နောက်ဆုံးအကြိမ် နင်ယန်က ငါတို့ဆရာရဲ့ မကောင်းကြောင်းကို ပြောခဲ့တုန်းက သူ့ကို သေတဲ့အထိ ငါရိုက်သတ်ပစ်ချင်ခဲ့တယ်… အဲ့ဒီတုန်းက မင်းငါ့ကို မတားခဲ့သင့်ဘူး ”

“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… ဒီတစ်ကြိမ်တော့ ငါမင်းကို အခက်တွေ့အောင်မလုပ်တော့ဘူး နင်ယန်… မင်းကိုယ့်ကိုယ်ကို ဂရုစိုက်တာကောင်းမယ်… တကယ်လို့ နောက်တစ်ခါ ငါ့ဆရာရဲ့ မကောင်းကြောင်းကို မင်းထပ်ပြောမယ်ဆိုရင် ငါ့ကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့ ”

“ ငါချန်းအားညိုရဲ့ ဘဝတစ်လျှောက်မှာ ငါ့ဆရာအပေါ် နည်းနည်းလေးဖြစ်ဖြစ် မလေးစားတဲ့ဘယ်သူ့ကိုမဆို သူတို့ကို နည်းနည်းမှမသနားဘဲ ငါသတ်ပစ်မယ် ”

“ ဒီတော့ ဂျူနီယာညီလေး နောက်ဆို မင်းငါ့ကို မတားပါနဲ့… မဟုတ်ရင် မင်းပါ ငါ့ဒေါသနဲ့ တွေ့လိမ့်မယ်… ဆရာအတွက်ဆိုရင် ငါချန်းအားညိုဆိုတဲ့ကောင်က သေဖို့အတွက် ဝန်မလေးဘူး ”

ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ပြောသည်။

ထိုအခါ နင်ယန်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူက အဝေးမှ မြူနှင်းထဲသို့ ရုတ်တရက် လက်ညှိုးညွှန်လိုက်သည်။

“ စီနီယာအကိုကြီး ဟိုးက မြူနှင်းကိုကြည့်စမ်း… အဲ့ဒါ အတိတ်တုန်းက ငါတို့တွေ့ခဲ့တဲ့ တိမ်မြူသားရဲတွေနဲ့ နည်နည်းမတူဘူးလား ”

“ တိမ်မြူသားရဲလား… ဒီနေရာက အရမ်းအန္တရာယ်များတယ် ”

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက အလွန်သတိကြီးသောပုံစံဖြင့် နင်ယန်၏ ဘေးတွင် ပြေးရပ်လိုက်သည်။ သူက နင်ယန်ကို ကာကွယ်ပေးရန်အတွက် ကိုယ့်ကိုယ်ကို အန္တရာယ်ထဲသို့ စေလွှတ်ရန် လုံးဝမတုံ့ဆိုင်းသည့်အလားပင်။

ထိုစကားများသည် နင်ယန်ကို စိတ်ဆိုးစေဟန်ရသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းဆောင်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

ခေါင်းဆောင်သည် စိတ်ထိခိုက်သွားပြီး နင်ယန်ကို ဖော်လံဖားသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

“ မင်းတို့နှစ်ကောင် ငါ့နောက်လိုက်ခဲ့ကြ ”

နင်ယန်သည် မြူနှင်းထဲသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်းသည် ခေါင်းဆောင်ကိုမကြည့်ဘဲ ချက်ချင်း နင်ယန်၏ အနောက်သို့ လိုက်သွားသည်။

ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး အလျှင်အမြန် ပြေးလိုက်သွားသည်။ သူက ရွှီချင်း၏ ဘေးသို့ရောက်သောအခါ အပြစ်ကင်းစင်သော မျက်နှာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက အစိမ်းရောင်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်ပြီး ရွှီချင်းဆီသို့ အမြန်ကမ်းပေးလိုက်သည်။

ရွှီချင်း၏ အမူအရာသည် ပျော့ပျောင်းသွားသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် အရှေ့သို့ အရှိန်တင်လိုက်ကြသည်။ နင်ယန်၏ ဦးဆောင်မှုနှင့်အတူ သူတို့သည် အသွေးအသားဖြင့် ပြည့်နှက်နေသော နန်းတော်အစုအပုံထဲတွင် အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် သတ္တဝါဆန်းတချို့နှင့် သန္ဓေပြောင်းသားရဲတချို့ကို တွေ့ကြုံခဲ့ကြသော်လည်း သူတို့သည် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။

သူတို့၏ တိုက်ပွဲစွမ်းအားသည် ရွှေအမြူတေအဆင့်မှာသာ ရှိသောကြောင့် ခေါင်းဆောင်၏ အလျှင်အမြန် သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

ကြောက်စရာကောင်းသော သန္ဓေပြောင်းသားရဲများသည်တော့ သူတို့၏ တည်ရှိမှုကို အာရုံခံမိသွားကြသည်နှင့် သူတို့သည် တစ်ကောင်ပြီးတစ်ကောင် တုန်လှုပ်သွားကြပြီး ပြာမှုန်သို့ ပြောင်းလဲသွားကြသည်အထိ အလျှင်အမြန် အရွယ်အိုမင်းသွားကြသည်။

ထိုအဖြစ်အပျက်သည် ရွှီချင်းနှင့် ခေါင်းဆောင်၏ နှလုံးသားထဲမှာ လှိုင်းထသွားစေသည်။

ပေတစ်သောင်းရှည်လျားပြီး ပြီးပြည့်စုံသော ဗလာနတ္ထိပထမအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်နေသော သန္ဓေပြောင်းသားရဲတစ်ကောင်က အဝေးတွင် ထွက်ပေါ်လာသည့်အခါ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ပြာမှုန်သို့ ပြောင်းလဲသွားသည်။ ထိုမြင်ကွင်းသည် ရွှီချင်းကို လုံးလုံးထိတ်လန့်သွားစေသည်။

ခေါင်းဆောင်သည်လည်း အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲမနေနိုင်ချေ။

သူတို့၏ ဆရာသည် အပုန်းအလျှိုးတော်ပြီး သူကိုယ်တိုင်ကလွဲလျှင် မည်သူမှ သူ၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို မသိကြကြောင်း သူတို့သိထားကြသော်လည်း ဗလာနတ္ထိပထမအဆင့် သန္ဓေပြောင်းသားရဲကို ချက်ချင်း အမှုန့်ဖြစ်သွားစေသည်မှာ အနည်းဆုံး ဗလာနတ္ထိဒုတိယအဆင့် တိုက်ပွဲစွမ်းအား ရှိပေသည်။

‘ အဲ့ဒါက သေချာပေါက် အကန့်အသတ်မဟုတ်သေးဘူး ’

ခေါင်းဆောင်သည် အသံပို့လွှတ်လိုက်သည်။

ရွှီချင်းသည် လေးနက်စွာ သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

အရှေ့ဆုံးမှ နင်ယန်သည် ခေါင်းလှည့်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

ခေါင်းဆောင်သည် သူ့ကို အမြန်ဖော်လံဖားလိုက်သည်။ ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ အမူအရာတွင် ရိုသေကျိုးနွံမှုဖြင့် ပြည့်နေသည်။

အနက်ပိုင်းထဲသို့ သူတို့ဝင်ရောက်သွားလေ ဒြပ်နှာများသည် ပို၍သိပ်သည်းလာလေ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် အပြင်းအထန် တုန်ယင်လာကြောင်း ရွှီချင်းသည် ရှင်းလင်းစွာ အာရုံခံမိသည်။ ပြင်းပြသော လိုအင်ဆန္ဒသည် သူ၏ အသွေးအသားတစ်လက်မစီတိုင်းမှ ပျံ့နှံ့ထွက်လာပြီး သူ၏ စိတ်ထဲတွင် စုဝေးသွားသည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်က နတ်ဘုရားလက်ချောင်း၏ ပြုပြင်မွမ်းမံခြင်းခံထားရသောကြောင့်ဖြစ်ကြောင်း ရွှီချင်း နားလည်သည်။ ယင်းသည် ဤနေရာရှိ တူညီသောဇစ်မြစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

စောစောတုန်းက ဤနေရာတွင် လူအများအပြားရှိနေသောကြောင့် ရွှီချင်းသည် ယင်းကို မစုပ်ယူဝံ့ချေ။ သို့သော် ယခုအချိန်မှာတော့ သူသည် ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံသွားပြီဟု မှတ်ယူနိုင်ပေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရွှီချင်းသည် နောက်ဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မှုများကို ဖြေလျှော့လိုက်သည်။ သူက ဤနေရာရှိ ဒြပ်နှောများကို နည်းနည်းချင်းစီ စုပ်ယူလိုက်သည်။

ဒြပ်နှောများက သူ၏ ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ပေါင်းစပ်သွားသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ တစ်ခါမှမဖြစ်ဖူးသော သက်တောင့်သက်သာ ခံစားမှုသည် သူ၏ တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးသည် အလိုအလျောက် ပွင့်သွားကြသည်။ ဒြပ်နှောအခိုးအငွေ့များက မွေးညင်းပေါက်များမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ပေါင်းစပ်သွားသောအခါ သူ၏ ခန္ဓာကိုယ်သည် အားဖြည့်ပေးခြင်းခံလာရပြီး တဖြည်းဖြည်း သန်မာလာနေကြောင်း ရှင်းလင်းစွာ အာရုံခံမိသွားသည်။

ဒြပ်နှောများက သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေချည်မျှင်များသည်လည်း လျှင်မြန်စွာ ဆန့်တန်းလာကြပြီး လှည့်ပတ်လာကြသည်။ ရွှေချည်မျှင်များက ပိုပြီးအသက်ဝင်လာသောအခါ ယင်းတို့သည်လည်း သူ၏ အသွေးအသားများနှင့် ပေါင်းစပ်ထားသော ဒြပ်နှောများကို စုပ်ယူလိုက်ကြသည်။

ထို့နောက် ယင်းတို့သည် ရွှေရောင်ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုကို ထုတ်လုပ်ပေးသည်။

ယင်းသည် ဝိညာဉ်စွမ်းအားနှင့်ဆင်တူသည်။ သို့သော်လည်း ဝိညာဉ်စွမ်းအားမဟုတ်ပေ။ ရွှီချင်း၏ နတ်ဘုရားအသိစိတ်က ထိုစွမ်းအင်ပေါ်သို့ ကျရောက်သွားသောအခါ ထိုအထဲမှ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို မသဲမကွဲ သူအာရုံခံမိသည်။

“ ဒါက… ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။

ထိုရွှေရောင်ဝိညာဉ်စွမ်းအင်သည် အခိုးအငွေ့တစ်ခုမျှသာ တည်ရှိနေသော်လည်း ယင်းပေါ်ထွက်လာသည့်အခိုက် တားမြစ်အဆိပ်၊ ခရမ်းလနှင့် တစ္ဆေအင်ပါယာတောင်ကုန်းရှိနေသော သူ၏ နတ်နန်းတော်များသည် တစ်ချိန်တည်းမှာ တုန်ယင်လာကြပြီး ယင်းကို စုပ်ယူရန် ရုတ်တရက် ပျံ့နှံ့ထွက်လာကြသည်။ ဤသည်မှာ သူတို့က ရွှေရောင်စွမ်းအင်ကို အလုအယက် ဖမ်းဆုပ်ချင်နေကြသည့်အလားပင်။

အထူးသဖြင့် တားမြစ်အဆိပ်ဆေးလုံးပင်။ ယင်းသည် အိုအေစစ်တစ်ခုကို ရှာတွေ့သွားသော သဲကန္တာရထဲမှ လူတစ်ယောက်သဖွယ် သို့မဟုတ် အရသာရှိသော အသားကို ရှာတွေ့သွားသော ဆာလောင်မွတ်သိပ်နေသည့် လူတစ်ယောက်သဖွယ် လုံးလုံးလျားလျား ရူးသွပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအရှိန်အဝါသည် ခရမ်းလနှင့် တစ္ဆေအင်ပါယာတောင်ကုန်းကို တစ်ခဏမျှ ရပ်တန့်သွားစေခဲ့သည်။

ထို့ကြောင့် တားမြစ်အဆိပ်သည် စွမ်းအင်ကို အများဆုံး ဖမ်းဆုပ်မိသွားသည်။ ယင်းက ငါးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူသွားခဲ့သည်။ ခရမ်းလသည် သုံးဆယ်ရာခိုင်နှုန်းကျော် ဝါးမျိုသွားခဲ့ပြီး တစ္ဆေအင်ပါယာတောင်ကုန်းသည် ဆယ်ရာခိုင်နှုန်းကျော်သာ ရရှိသွားခဲ့သည်။

ယင်းကို စုပ်ယူပြီးနောက် တားမြစ်အဆိပ်ဆေးလုံး၏ ပြန်လည်နလန်ထူမှုသည် ပိုပြီးသိသာလာသည်။ ခရမ်းလ၏ ခရမ်းရောင်အလင်းသည်လည်း တလက်လက် တောက်ပလာသည်။ ယင်းက အားဖြည့်ပေးခြင်းခံလိုက်ရသည့်အလားပင်။ ခရမ်းလသည် အားဖြည့်ပေးခြင်းမခံရသည်မှာ အချိန်အတော်ကြာသွားခဲ့ဟန် ရသည်။

တစ္ဆေအင်ပါယာတောင်ကုန်းသည်လည်း အတူတူဖြစ်သည်။ ၎င်း၏ မျက်လုံးသည် ရွှန်းလဲ့တောက်ပလာသည်။

ထိုအဖြစ်အပျက်အားလုံးသည် ရွှီချင်း၏ နှလုံးသားထဲတွင် ကြီးမားသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာ သူ၏ တစ်ကိုယ်လုံးမှ လိုအင်ဆန္ဒသည် ပိုပြီးပြင်းပြလာသည်။

ထို့ကြောင့် သူက အံတင်းတင်းကြိတ်လိုက်ပြီး နောက်ထပ်ဖိနှိပ်မှုတစ်စိတ်တစ်ပိုင်းကို ဖြေလျှော့လိုက်သည်။ ချက်ချင်းပင် ဝဲကတော့တစ်ခုသည် ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာမှ ဒြပ်နှောများကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ မြူခိုးက အလျှင်အမြန် စီးဆင်းသွားသောအခါ မြူနှင်းထဲမှ အော်သံများနှင့် ဟိန်းသံများသည် ထိုအခိုက်အတန့်မှာ ရုတ်ချည်း ရပ်တန့်သွားကြသည်။

ရွှီချင်း၏ နှလုံးသည် တဒုန်းဒုန်း ခုန်မြည်လာသည်။ သူက သူ့ကိုယ်သူ အလျှင်အမြန် ဖိနှိပ်လိုက်သည်။

ခေါင်းဆောင်သည် ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

နင်ယန်၏ ခြေလှမ်းသည်လည်း ရပ်တန့်သွားသည်။ သူက ရွှီချင်းကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရှင်းပြတော့မည့်အချိန် နောက်တစ်စက္ကန့်မှာ မြေပြင်သည် ရုတ်တရက် တုန်ယင်လာသည်။ တိမ်တိုက်များသည် ဘေးပတ်ဝန်းကျင်တွင် အရူးအမူး ပေါ်ထွက်လာပြီး တိမ်မြူသားရဲအုပ်စုများသည် နေရာတိုင်းမှ အပြေးအလွှား ပေါ်ထွက်လာကြသည်။

သူတို့၏ ဟိန်းသံထဲတွင် လောဘရမ္မက်နှင့် ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ဖော်မပြနိုင်အောင်အရသာရှိသော စားကောင်းသောက်ဖွယ်တစ်ခုက သူတို့၏ အရှေ့မှာ ဘွားခနဲ ပေါ်ထွက်လာသည့်အလားပင်။

ပြင်းထန်သော အန္တရာယ်အသိသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်လာသည်။

နင်ယန်၏ ခန္ဓာကိုယ်သည် ဝှီးခနဲ ရွေ့လျားသွားသည်။ သူက ချက်ချင်း ရွှီချင်းနှင့် ခေါင်းဆောင်ရှေ့သို့ ရောက်ရှိသွားသည်။ သူတို့ကို ဖမ်းဆုပ်လိုက်ပြီးနောက် သူသည် အရှေ့သို့ ခုန်လိုက်ပြီး နေရာမှပျောက်ကွယ်သွားသည်။

မကြာမီ သူတို့ရှိနေခဲ့သော နေရာတွင် မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် လုံးလုံးရူးသွပ်နေကြပြီး စိုးရိမ်ကြောင့်ကြနေကြသည်။ ကျယ်လောင်သော အော်သံများသည် ဆက်လက်ပျံ့လွင့်သွားသည်။ သူတို့က တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေသော်လည်း ရှာမတွေ့ပေ။

အချိန်တစ်ခဏကြာပြီးနောက် သူတို့၏ စိုးရိမ်ကြောင့်ကြမှုသည် ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ မကြာမီ အရပ်မျက်နှာအဖက်ဖက်သို့ သူတို့ကွဲထွက်သွားကြသည့်အခါ နင်ယန်၏ ပုံရိပ်သည် ကီလိုမီတာငါးဆယ်အကွာတွင် ရွှီချင်းနှင့် ခေါင်းဆောင်နှင့်အတူ ပြန်ပေါ်လာသည်။

သူတို့ပြန်ပေါ်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်သည် ရွှီချင်းကို ချက်ချင်း ကြည့်လိုက်ပြီး အလျှင်စလို ပြောသည်။

“ ဂျူနီယာညီလေး မင်း မင်း မင်း… ”

“ ပါးစပ်ပိတ်ထားစမ်း ”

နင်ယန်သည် ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် အမြန်ခေါင်းငုံ့လိုက်သည်။

နင်ယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ရွှီချင်းထံသို့ ခေါင်းလှည့်လိုက်သည့်အခါ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ကြင်နာဖော်ရွေလာသည်။ သူက နူးညံ့စွာ စကားပြောလိုက်စဉ် သူ၏ မျက်လုံးထဲမှာ ချီးကျူးမှုဖြင့် ပြည့်နှက်နေသည်။

“ စတုတ္ထတပည့် အဲ့ဒါ မင်းရဲ့ခန္ဓာကိုယ်ကြောင့်လား ”

ရွှီချင်းသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။ စောစောတုန်းက ထိုသန္ဓေပြောင်းသားရဲများသည် အလွန်ဒေါသထွက်နေကြကြောင်း ရှင်းလင်းစွာ သူအာရုံခံမိခဲ့သည်။ သူ့အား ဝါးမျိုချင်နေသော ခံစားမှုသည် အလွန်အမင်း ပြင်းထန်သည်။

“ ဟုတ်ပါတယ် ဆရာ… ဆရာ့ကို အရင်က ကျွန်တော်ပြောခဲ့သလိုပါပဲ ဒီခန္ဓာကိုယ်က နတ်ဘုရားလက်ချောင်းရဲ့ ပြုပြင်မွမ်းမံတာကို ခံခဲ့ရပါတယ် ”

ရွှီချင်းသည် အလျှင်အမြန်ပြောသည်။ သူ၏ ဆရာကို မမှတ်မိချင်ယောင် ဟန်ဆောင်နေစရာမလိုပေ။

အတိတ်တွင် သတ္တမသခင်ကြီး သူ၏ ဓားအိမ်ယာသို့ ရောက်ရှိလာသည့်အခါ ရွှီချင်းသည် သူ၏ အကြံအစည်ကို ရှင်းပြခဲ့ပြီး အားလုံးကို ဖွင့်ပြောခဲ့သည်။ မည်သို့ဖြစ်စေ အနီရောင်လက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားအား ဝါးမျိုချင်နေသည်ကို မည်သို့ကြောင့် သူသိထားရသလဲ ရှင်းပြရန် လိုအပ်ပေသည်။

“ ဆရာ နောက်ဆို ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းဆုံး ထိန်းသိမ်းပါ့မယ်… သန္ဓေပြောင်းသားရဲတွေကို မဆွဲဆောင်မိအောင် နေပါ့မယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးက ဆက်လက် ခုန်ပေါက်နေတုန်းပင်။

“ စတုတ္ထတပည့် မင်းမှားတယ်… စောစောက သန္ဓေပြောင်းသားရဲတွေ ရောက်ချလာတာ မင်းကို ဝါးမျိုချင်လို့မဟုတ်ဘူး… အဲ့ဒီအစား မင်းဝါးမျိုလို့ရအောင် သူတို့ရဲ့ပင်ကိုယ်အသိစိတ်က သူတို့ကို လှုံ့ဆော်ပေးနေတာ… ဘာလို့လဲဆိုတော့ သူတို့က မင်းရဲ့ခန္ဓာကိုယ်ထဲက အရင်းအမြစ်ကနေ ဖြစ်တည်လာကြတာမို့လို့ပဲ ”

“ ဒါပေမဲ့ အခုချိန်က အဲ့လိုလုပ်ဖို့ မသင့်တော်ဘူး… ဘာလို့လဲဆိုတော့ နတ်ဘုရားလက်ချောင်းရဲ့ အရင်းအမြစ်က ဒီမှာ အိပ်စက်နေလို့ပဲ… အဲ့ဒီကောင်က မသေသေးဘူး ”

“ အဲ့ဒီကောင်သေသွားရင် မင်းဘာမှစိတ်ပူစရာမလိုဘဲ သူတို့ကို ဝါးမျိုနိုင်လိမ့်မယ်… အဲ့လိုမှမဟုတ်ရင် သူတို့က နတ်ဘုရားရဲ့ စိတ်ဆန္ဒကြောင့် လျှို့ဝှက်အန္တရာယ်ပေးနိုင်တယ် ”

“ ပြီးတော့ နတ်ဘုရားအနှစ်သာရ မွေးဖွားပြီလား ”

သတ္တမသခင်ကြီး၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။

“ ရွှေရောင်ဝိညာဉ်စွမ်းအင်လိုဟာမျိုးလေ ”

သတ္တမသခင်ကြီးသည် စကားဆုံးသည်နှင့် သူ၏ ညာလက်ကို မြှောက်တင်လိုက်သည်။ ထိုအခါ ရွှေရောင်ဖျော့ဖျော့ စွမ်းအင်အငွေ့တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါပဲ ”

သတ္တမသခင်ကြီးသည် ရွှီချင်းကို မျှော်လင့်တောင့်တသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် လက်မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်များကို အသက်သွင်းလိုက်သည်။ အချိန်ခဏကြာပြီးနောက် သတ္တမသခင်ကြီးထက် အများကြီး ပိုသေးငယ်သော ရွှေရောင်စွမ်းအင်အမျှင်တန်းတစ်ခုသည် ရွှီချင်း၏ လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း အရောင်သည် သတ္တမသခင်ကြီးထက် ပိုပြီးထင်ရှားသည်။

သတ္တမသခင်ကြီးသည် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် သတ္တမသခင်ကြီးကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သတ္တမသခင်ကြီးသည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ တကယ်ပဲ မင်းက ငါ့ရဲ့ တပည့်ကြီးဖြစ်ထိုက်ပါပေတယ်… အနာဂတ်မှာ ငါတို့ဆရာတပည့်နှစ်ယောက် လောကကြီးကို အတူတူ လွှမ်းမိုးကြမယ်… ဟား ဟား ဟား ”

ယင်းကိုကြားသောအခါ ခေါင်းဆောင်သည်လည်း လက်မြှောက်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချောင်းဟန့်လိုက်သည်။

“ ဆရာ ကျွန်တော်ရှိသေးတယ်လေ… ကျွန်တော်က ဆရာရဲ့ တပည့်ကြီးလေ… ”

All Chapters