← Chapters

အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အမှန်တရား(ခ)

Vol. 48 Ch. 728

အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အမှန်တရား(ခ)

Vol. 48 Ch. 728

သတ္တမသခင်ကြီးက အသုံးပြုနည်းကို ပြောပြပြီးနောက် ရွှီချင်း၏ အကြည့်အောက်မှာ ခေါင်းဆောင်သည် ယင်းကို တစ်ချက်တွေးလိုက်ပြီး စကားလုံးနှစ်လုံးကို ရွတ်လိုက်သည်။

“ ကောင်းကင်ခွေး ”

နောက်အခိုက်အတန့်မှာ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ပမာဏများပြားသော မြူခိုးနီသည် မျက်နှာဖုံးထဲမှ စိမ့်ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သက်ဆင်းလာသောအခါ မြူခိုးနီသည် ဧရာမခွေးနီကြီးတစ်ကောင်သို့ ပြောင်းလဲသွားသည်။

လောဘကြီးသောပုံစံဖြင့် ၎င်းသည် သွားရည်တတောက်တောက်ကျနေသည်။ ၎င်း၏ မျက်လုံးသည် နီရဲနေပြီး ပြင်းပြသော အသက်ရှူသံသည် အလွန်ခြောက်ခြားဖွယ်ကောင်းသည်။

၎င်းသည် အလွန်ဆာလောင်မွတ်သိပ်နေသည့်အလား တစ်စုံတစ်ယောက်ကို ဝါးမျိုချင်နေဟန် ရသည်။

ရွှီချင်းသည် ချက်ချင်း အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ခေါင်းဆောင်အသွင်ပြောင်းထားသော ကောင်းကင်ခွေးသည် ဟိန်းဟောက်လိုက်လေရာ နန်းတော်တစ်ခုလုံးသည် တုန်ခါသွားသည်။ ခေါင်းဆောင်၏ ပုံရိပ် ပြန်ထွက်ပေါ်လာသောအခါ သူက မျက်နှာဖုံးကို ချွတ်လိုက်သည်။

မျက်နှာဖုံးချွတ်ခြင်းလုပ်ငန်းစဉ်သည် ချောမွေ့နေခြင်း မဟုတ်ပေ။ မျက်နှာဖုံးနှင့် ခေါင်းဆောင်၏ မျက်နှာကြားတွင် မရေမတွက်နိုင်သော အသားအမျှင်တန်းနီများ ရှိနေသည်ကို မြင်ရလိမ့်မည်။

မျက်နှာဖုံးကို ဖယ်ရှားရန် ခေါင်းဆောင်သည် ခွန်အားအတော်လေး အသုံးပြုလိုက်ရသည်။

သို့သော်လည်း သူသည် လုံးဝမစိုးရိမ်ပေ။ ယင်းအစား သူ၏ အမူအရာသည် စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။

“ ဆရာ ဒီအင်မော်တယ်အတတ်ပညာက ပြီးပြည့်စုံတယ်… အဲ့ဒီထဲမှာ သိုလှောင်နယ်မြေတစ်ခုရှိတယ်… တကယ်လို့ အစာမခြေနိုင်တဲ့ တစ်စုံတစ်ခုကို ကျွန်တော်စားမိတယ်ဆိုရင် အဲ့ဒါကို သိုလှောင်ထားလို့ရတယ်… ဒါက ကျွန်တော်နဲ့ အရမ်းသင့်တော်တယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

သတ္တမသခင်ကြီးသည် ရယ်လိုက်သည်။

“ အဲ့ဒါက မင်းနဲ့သင့်တော်တယ် ”

ထို့နောက် သတ္တမသခင်ကြီးသည် ညာလက်ကို မြှောက်လိုက်ပြီး နန်းတော်၏ အပေါ်ထပ်သို့ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို နောက်ထပ် လူ့အရေပြားမျက်နှာဖုံးသည် သူ၏ လက်ထဲသို့ ပျံသန်းလာသည်။

ဤတစ်ခါတော့ အဖိုးအိုတစ်ယောက်၏ မျက်နှာဖြစ်သည်။ အဖိုးအို၏ မျက်နှာသည် အရေးအကြောင်းများနှင့် ပြည့်နှက်နေပြီး ဝမ်းနည်းပူဆွေးသော အမူအရာရှိသည်။ အစောနက ကောင်းကင်ခွေးအင်မော်တယ်အတတ်ပညာနှင့် ခြားနားသည်မှာ ဤလူ့အရေပြားမျက်နှာသည် ရုန်းကန်ခြင်းမရှိသလို ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒလည်းမရှိပေ။

၎င်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားမည့် တိုးညင်းသော သက်ပြင်းချသံကို ထုတ်လွှတ်လိုက်သည်။

သတ္တမသခင်ကြီးသည် ယင်းကို အာရုံခံမိသွားပြီး ခေါင်းယမ်းလိုက်သည်။

“ စတုတ္ထတပည့် မင်းရဲ့စီနီယာအကိုကြီးရဲ့ ကောင်းကင်ခွေးနဲ့ ဒီမျက်နှာဖုံးက ဒီခန်းမထဲမှာရှိတဲ့ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဟာတွေပဲ… ကံမကောင်းစွာပဲ ဒီဟာက မင်းနဲ့ အတော်လေး မကိုက်ညီဘူး… နှမြောစရာကောင်းလိုက်တာ… ငါမင်းကို တခြားတစ်ခုရှာပေးမယ်… ဒါပေမဲ့ တခြားဟာတွေက ဒီနှစ်ခုလောက် အဆင့်မမြင့်ဘူး ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူ့ဆရာ၏ လက်ထဲမှ လူ့အရေပြားမျက်နှာဖုံးကို ကြည့်လိုက်သည်။

“ ဆရာ အဲ့ဒါက ဘယ်လိုအင်မော်တယ်အတတ်ပညာလဲ ”

“ ကရုဏာ ”

သတ္တမသခင်ကြီးသည် သက်ပြင်းချလိုက်ပြီး ခေါင်းမော့လိုက်ကာ တခြားမျက်နှာဖုံးများကို ကြည့်လိုက်သည်။ တပည့်ကြီး၏ မျက်နှာဖုံးက အလွန်ကောင်းမွန်သော်လည်း အကယ်၍ စတုတ္ထတပည့်၏ မျက်နှာဖုံးက နိမ့်ကျနေမည်ဆိုလျှင် မသင့်လျော်ဘူးဟု သူခံစားမိသည်။

ယင်းကို ခေါင်းဆောင်ကြားသောအခါ သူက အရှေ့သို့ တိုးသွားပြီး ရွှီချင်းကို ကောင်းကင်ခွေးမျက်နှာဖုံးအား ကမ်းပေးလိုက်သည်။

“ ဒါက မင်းအတွက်… ဟား ဟား ဂျူနီယာညီလေး ဒီအင်မော်တယ်အတတ်ပညာက မဆိုးဘူးဆိုပေမဲ့ ငါ့အတွက် အများကြီး အသုံးမဝင်ဘူး ”

ရွှီချင်းသည် ခေါင်းဆောင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို နားလည်သောကြောင့် သူ၏ နှလုံးသားသည် နွေးထွေးသွားသည်။ သူက ယင်းကို ငြင်းဆန်လိုက်ပြီး သူ့ဆရာကို ကြည့်လိုက်သည်။

“ ဆရာ ဒီကရုဏာအင်မော်တယ်အတတ်ပညာရဲ့ ထူးခြားချက်တွေက ဘာပါလဲ ”

“ မင်းက ဒီလူ့အရေပြားမျက်နှာဖုံးကို ဝတ်လိုက်ပြီး ကရုဏာအင်မော်တယ်အတတ်ပညာကို အသက်သွင်းလိုက်မယ်ဆိုရင် မင်းကြည့်နေတဲ့လူရဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတစ်ဝက်ကို မျှဝေခံစားနိုင်လိမ့်မယ် ”

သတ္တမသခင်ကြီးသည် ရှင်းပြပြီးနောက် တခြားမျက်နှာဖုံးများကို ဆက်လက်ရှာဖွေလိုက်သည်။ သူက ရွှီချင်းနှင့် သင့်တော်မည့် အင်မော်တယ်အတတ်ပညာတစ်ခုကို ရှာဖွေပေးချင်နေသည်။

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ရယ်လိုက်သည်။

“ ဆရာ ဘာလို့ဆက်ရွေးနေတော့မှာလဲ… ဒီဟာက ကျွန်တော်နဲ့ အရမ်းသင့်တော်တဲ့ဟာ… ကျွန်တော်က အရမ်းကရုဏာကြီးတဲ့လူလေ ”

သတ္တမသခင်ကြီးသည် ခေါင်းဆောင်၏ ပေါက်ကရစကားကို နားမထောင်ပေ။ သူ့တပည့်ကြီး၏ ပြန်လည်ကုသနိုင်သော အမြန်နှုန်းကို သူကောင်းကောင်းသိသည်။ သူ့တပည့်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ချောက်တွန်းကြလေ့ရှိသော်လည်း သူတို့၏ ဆက်ဆံရေးသည် အလွန်နက်ရှိုင်းကြောင်း သူသိသည်။

သူက စကားပြောတော့မည့်အချိန် ရွှီချင်းက ရုတ်တရက် ပြောသည်။

“ ဆရာ ဒီအင်မော်တယ်အတတ်ပညာက တကယ်ပဲ ကျွန်တော်နဲ့ သင့်တော်ပါတယ် ”

“ ချင်းလေး မင်းက ကရုဏာထားတတ်လို့လား ”

ခေါင်းဆောင်သည် အံ့ဩသွားသည်။

သတ္တမသခင်ကြီး၏ မျက်နှာပေါ်တွင်လည်း သံသယဖြစ်သော အရိပ်အယောင် ပေါ်ထွက်လာသည်။

“ ငါ့မှာ အရမ်းကရုဏာကြီးတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ”

ရွှီချင်းသည် လေးနက်သော အမူအရာဖြင့် ထပ်ပေါင်းပြောသည်။

“ သူ့ရဲ့အသွင်ပုံစံကလည်း အရမ်းသင့်တော်တယ် ”

ရွှီချင်း၏ စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ (ဃ၁၃၂)နတ်နန်းတော်သည် တုန်လှုပ်သွားသည်။ တတ်ကြွမှုမရှိဘဲ ပျင်းရိနေသော ခေါင်းကြီးသည် နတ်နန်းတော်အထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ရွှီချင်းသည် ခေါင်းကြီးကို နတ်နန်းတော်ထဲမှ အပြင်သို့ ခေါ်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“ ဘာဖြစ်သွားတာလဲ ”

ခေါင်းကြီးသည် ဘေးပတ်ဝန်းကျင်ကို သေချာမကြည့်နိုင်ခင် ရွှီချင်း၏ တတ်နင်းခံလိုက်ရပြီး ကြေမွပျက်စီးသွားသည်။

ခေါင်းဆောင်နှင့် သတ္တမသခင်ကြီးသည် တူညီစွာ ဆွံ့အသွားကြသည်။

“ မင်းရဲ့မိတ်ဆွေလား ”

ခေါင်းဆောင်သည် မြေပြင်ပေါ်မှ အသားပုံကို ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည့်အခါ ပြန့်ကျဲသွားသော အသွေးအသားများသည် အလျှင်အမြန် ပြန်စုစည်းသွားသည်။ မကြာမီ ခေါင်းကြီးသည် နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ သူက ရွှီချင်းကို သနားစဖွယ်ကောင်းသော မျက်နှာဖြင့် ကြည့်လိုက်ပြီး ငိုကြွေးလိုက်သည်။

“ အရှင် ငါဘာအမှားလုပ်လို့လဲ… ဒီနေ့ ငါမင်းကို မကျိန်ဆဲဘူးလေ ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းကြီးကို နတ်နန်းတော်ထဲသို့ ပြန်ပို့လွှတ်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်နှင့် သူ၏ ဆရာကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး အလေးအနက် ပြောသည်။

“ သူက ငါ့မိတ်ဆွေ… အရမ်းကရုဏာကြီးတယ် ”

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သတ္တမသခင်ကြီးသည် ခေါင်းဟန့်လိုက်ပြီး ကရုဏာမျက်နှာဖုံးကို ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။

“ စတုတ္ထတပည့်ရဲ့ မိတ်ဆွေက အရမ်းကရုဏာကြီးမှတော့ အဲ့ဒါက မင်းအတွက် အသုံးဝင်မှာပါ ”

ရွှီချင်းသည် လူ့အရေပြားမျက်နှာဖုံးကို လှမ်းယူလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားပြီး တိုးညင်းစွာ ပြောသည်။

“ ဆရာ ငါ့မှာ ကရုဏာကြီးတဲ့ နောက်ထပ်မိတ်ဆွေတချို့ ရှိနေသေးတယ်… လူတစ်ယောက်က မျက်နှာဖုံးတစ်ခုပဲ ယူနိုင်တယ်ဆိုတော့ သူတို့လည်းပဲ ဒီကရုဏာအင်မော်အတတ်ပညာနဲ့ တူညီတဲ့ တခြားဟာတွေကို ယူလို့ရနိုင်မလား ”

ရွှီချင်း၏ အကြံဉာဏ်ကိုကြားသောအခါ ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်သွားသည်။ သတ္တမသခင်ကြီးသည်တော့ နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ဘေးပတ်ဝန်းကျင်မှ မျက်နှာများကို ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းခါလိုက်သည်။

“ ငါ့ရဲ့နှစ်ပေါင်းများစွာရှိတဲ့ အတွေ့အကြုံကို အခြေခံပြီးတော့ အခက်အခဲဒုက္ခများစွာကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ငါနားလည်ခဲ့တယ်… အလယ်အလတ်ဆိုတာ အရာရာတိုင်းအတွက် အဓိကသော့ချက်ပဲ ”

“ အထူးတလယ်အနေနဲ့ ဒီအင်မော်တယ်အတတ်ပညာတွေမှာပေါ့… သူတို့တစ်ခုစီမှာ ကြီးမားတဲ့ အကျိုးဆက်နဲ့ ဆန်းကြယ်တဲ့ လမ်းစဉ်တွေ ပါရှိကြတယ်… ကျိန်စာတွေနဲ့ ခန့်မှန်းမရနိုင်တဲ့ လမ်းစဉ်တွေပါဝင်တဲ့ အရာတွေက ရှောင်ရှားသင့်ဆုံးအရာတွေပဲ… အဲ့လိုဟာတွေကို အများကြီး မပိုင်ဆိုင်တာ ပိုကောင်းတယ် ”

“ စတုတ္ထတပည့် တကယ်လို့ မင်းရဲ့ မိတ်ဆွေတစ်ယောက်စီတိုင်းက အင်မော်တယ်အတတ်ပညာတစ်ခုကို ယူမယ်ဆိုရင်တောင် အဆုံးမှာ သူတို့ရဲ့ကမ္မက မင်းအပေါ်မှာ လာစုသွားဦးမှာပဲ ”

“ အထူးသဖြင့် မျက်နှာဖုံးကို မျိုးနွယ်ခြားတွေက ယူတဲ့အခါမှာပေါ့… အဲ့ဒါက ပိုပြီးကြီးမားတဲ့ ကမ္မအကျိုးဆက် ဒါမှမဟုတ် ငါတို့မသိနိုင်တဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ လျှို့ဝှက်ကျိန်စာတွေကို သယ်ဆောင်လာလိမ့်မယ်… ဒါကြောင့် ဒီလိုကိစ္စမျိုးမှာ အလွန်အကျွံမဖြစ်ဖို့ သတိထားတာ အကောင်းဆုံးပဲ ”

“ ဒါကြောင့် ငါအကြံပေးချင်တာက မင်း တူညီတဲ့ ဒီလိုနေရာမျိုးကို နောက်တစ်ကြမ် အလည်ရောက်သွားတဲ့အခါ မင်းသဘောမကျတဲ့ လူတစ်ယောက်ယောက်ကို မျက်နှာဖုံးအရင်ဝတ်ကြည့်ဖို့ ညွှန်ကြားနိုင်တယ်… တကယ်လို့ အဲ့ဒီလူက မသေသွားဘူး နောက်ဆက်တွဲ ဘာကဒ်ဘေးမှ မတွေ့ကြုံရဘူးဆိုရင် အဲ့ဒီမျက်နှာဖုံးကို မင်းသွားလုပြီး စိတ်အေးလက်အေး အသုံးပြုနိုင်တယ် ”

All Chapters