← Chapters

အရာအားလုံးကို ဖန်တီးနိုင်သောလက်(ခ)

Vol. 48 Ch. 732

အရာအားလုံးကို ဖန်တီးနိုင်သောလက်(ခ)

Vol. 48 Ch. 732

ဘေးပတ်ဝန်းကျင်တွင် ဒြပ်နှာများဖြင့် ဖုံးလွှမ်းနေသော်လည်း အကာအကွယ်အလွှာသည် အချိန်တစ်ခုထိ ထိန်းထားနိုင်သည်။

အလင်းအကာအကွယ်မှတဆင့် အတွင်းဘက်တွင် ဝိညာဉ်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော တြိဂံပုံသဏ္ဍာန် ဆန်းဆန်းပြားပြား အဆောက်အဦးများစွာ ရှိသည်။ ယင်းတို့သည် မိုးပေါ်ထောင်တတ်နေသော ပင့်ကူအိမ်များသဖွယ် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပြီး အံ့ဖွယ်ကောင်းသော လှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ဧရာမစည်းချအစီအရင်ဖြစ်သည်။

အဝင်အထွက်လုပ်နေသော အဖွဲ့များကို ပြတ်တောင်းပြတ်တောင်း လှမ်းမြင်နေရသည်။ သူတို့သည် ရွှီချင်းနှင့် ခေါင်းဆောင်ကဲ့သို့ ကင်းထောက်စစ်ဆေးမည့်တာဝန်များကို ထမ်းဆောင်နေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့အပြင် (၅၀၀)ကီလိုမီတာအတွင်းရှိ နန်းတော်များထဲမှ ပစ္စည်းများကို ရွှေ့ထုတ်ထားကြပြီး ဖြစ်သည်။ ယင်းတို့၏ အသွင်အပြင်များသည် အစီအရင်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန် ပြုပြင်မွမ်းမံခံထားရကြသည်။

အံ့အားသင့်ဖွယ်အကောင်းဆုံးအရာမှာ ကောင်းကင်ပေါ်တွင် မျောလွင့်နေသော ဧရာမသလင်းကျောက်ဖြူကိုးခု ဖြစ်သည်။ သူတို့တစ်ခုစီ၏ အရွယ်အစားသည် ပေတစ်သိန်းရှိပြီး တောင်ကြီးတစ်ခုနှယ် ထင်ရ၏။

ထိုသလင်းကျောက်ကိုးခုကို ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးက ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ မူလကတော့ ထိုသလင်းကျောက်များသည် ဤမျှလောက် မကြီးမားပေ။ သို့သော် ဤသုံးရက်အတွင်းမှာ သူတို့သည် အဆမတန် ကြီးမားလာကြသည်။

သူတို့က တွင်းနက်ကိုးခုပမာ လေထဲတွင် မျောလွင့်နေပြီး ဒြပ်နှောများကို စုပ်ယူနေသည်။

အတိအကျဆိုရလျှင် သူတို့က စုပ်ယူနေခြင်းမဟုတ်ဘဲ စစ်ထုတ်နေခြင်း ဖြစ်သည်။

ဒြပ်နှောများသည် သူတို့၏ ဆွဲစုပ်ခံလိုက်ရပြီး အမြစ်ဖြတ်ရှင်းလင်းခြင်းခံလိုက်သည်။ ထို့နောက် လွင့်ပြယ်သွားသည်။

ထပ်ခါတလဲလဲ ဆက်သွားနေသည့် ဤလုပ်ငန်းစဉ်၌ သလင်းကျောက်ဖြူများ၏ အတွင်းပိုင်းထဲတွင် မှိန်ဖျော့ဖျော့ ရွှေရောင်ချည်မျှင်များ ဖြစ်ပေါ်လာကြသည်။

“ ဒြပ်နှောတွေထဲမှာ မျောလွင့်နေတဲ့ နတ်ဘုရားအနှစ်သာရကို စုပ်ယူနေတာလား ”

ရွှီချင်းသည် အတွေးနက်သွားသည်။

တောင်ကြီးသဖွယ်ကြီးမားသော ထိုသလင်းကျောက်ကိုးခု၏ နောက်ဆုံးအသုံးပြုပုံကို သူမသိထားသော်လည်း သူ့ဆရာ၏ ကျေးဇူးကြောင့် အဆင့်တတ်သွားသော သူ၏ အသိဉာဏ်မှတဆင့် ထိုသလင်းကျောက်များသည် ရှေ့တန်းတိုက်ပွဲအတွက် ပြင်ဆင်ထားခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။

“ အဲ့ဒါကို ကြည့်မနေစမ်းနဲ့… အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး… ချင်းလေး ငါ့မှာ အကြံအစည်တစ်ခုရှိတယ် ”

ခေါင်းဆောင်သည် ရုတ်တရက် ထထိုင်လိုက်ပြီး ရွှီချင်းကို ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် ပြောသည်။

ရွှီချင်းသည် အဝေးမှ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ မင်းက အဲ့ဒီနန်းတော်အကြောင်း စဉ်းစားနေသေးတာလား ”

“ ဒါပေါ့… ဒီသုံးရက်အတွင်းမှာ အစောင့်အရှောက်မရှိတဲ့ နန်းတော်တွေက အမှိုက်တွေဆိုတာ ငါတို့သိထားပြီးပြီမဟုတ်လား… နန်းတော်တစ်ခုကို ရုပ်တုတစ်ခုက စောင့်ကြပ်တာက အဆင်ပြေပါတယ်… ဒါပေမဲ့ ရုပ်တုလေးခုစောင့်ကြပ်နေတဲ့ နန်းတော်ကတော့ ဒီတစ်ခုတည်းပဲ ရှိတယ် ”

“ အဲ့ဒါက အိပ်ပျော်နေတဲ့ နတ်ဘုရားနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပေမဲ့ ငါတို့က ဒီနေရာကိုရောက်နေမှတော့ ကောင်းတာတစ်ခုခုကို ငါတို့ဘာသာ ယူသင့်တာပေါ့မဟုတ်ဘူးလား ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရူးသွပ်သော အရိပ်အယောင်ထွက်ပေါ်လာသည်။

ခေါင်းဆောင်ပြောသော နန်းတော်ဆန်း၏ ပုံရိပ်သည် ရွှီချင်း၏ မျက်လုံးထဲတွင် ထင်ဟပ်လာသည်။ နန်းတော်တွင် ထောင့်လေးထောင့်ရှိပြီး ထောင့်တစ်ခုစီတွင် အသွေးအသားများဖြင့် ဖွဲ့စည်းထားသော ရုပ်တုတစ်ခု ရှိသည်။ ရုပ်တုများသည် တစ်ပိုင်းတစ်စ လွင့်ပြယ်နေသော်လည်း သူတို့ခန္ဓာကိုယ်မှ အစိတ်အပိုင်းအများစုသည် အကောင်းတိုင်း ရှိနေကြသေးသည်။

သူတို့ထံမှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျသည် အတော်ကြောက်စရာကောင်း၏။

ထိုရုပ်တုများ၏ စောင့်ကြပ်ပေးခြင်းခံရသော နန်းတော်သည်တော့ နန်းတော်ပုံသဏ္ဍာနှင့်မတူပေ။ ယင်းအစား လေးထောင့်ပုံသဏ္ဍာန် ရှိသည်။

ခေါင်းမိုးပေါ်တွင် လေဝင်လေထွက်ပေါက် အများအပြားရှိသည်ကို သူမှတ်မိသွားသည်။ ထိုအပေါက်များသည် လက်ချောင်းလုံးခန့် ထူထဲသည်။

ထိုအပေါက်များသည် အသွေးအသားများဖြင့် ဖုံးလွှမ်းမခံရသောကြောင့် ထူးခြားသည်။ အသွေးအသားများက ယင်းတို့ကို ရှောင်တိမ်းသွားသည်မှာ ရှင်းလင်း၏။

လေးထောင်သဏ္ဍာန်နန်းတော်၏ အတွင်းပိုင်းထဲတွင် မည်သို့မည်ပုံရှိသည်ကိုတော့ ရွှီချင်းမသိပေ။ ရွှီချင်းသည် အရိပ်လေးကို အသုံးပြုပြီး ကြိုးစားကြည့်ဖူးသည်။ သို့သော် အရိပ်လေးသည် ထိုဧရိယာထဲသို့ မချဉ်းကပ်နိုင်ပေ။ နန်းတော်သည် အတွင်းထဲသို့ ခိုးမဝင်နိုင်အောင် တားဆီးထားဟန် ရသည်။

“ တကယ်တော့ အနီရောင်လနိုးထလာပြီး ဒီနေရာက အိပ်ပျော်နေတဲ့ နတ်ဘုရားကို ဝါးမျိုပြီးသွားရင် အဲ့ဒီထဲဝင်ဖို့ ပိုလွယ်ကူလာလိမ့်မယ်… အခု ငါတို့ဘာလုပ်ကြမလဲ ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်သည်။

“ အဲ့ဒီအချိန်ကျရင် လူတွေအများကြီးက အခွင့်အရေးကို လိုက်ရှာဖွေကြလိမ့်မယ်… ငါတို့ အထဲကပစ္စည်းကို ရရင်တောင် အဲ့ဒါကို ကာကွယ်နိုင်မှာ မဟုတ်ဘူး… ပြီးတော့ ဒီနေရာက နန်းတော်အများစုက စတင်ပြိုလဲပျက်စီးလာနေပြီ… ငါတို့ ဒီထက်ပိုပြီးစောင့်လို့မရတော့မှာ ငါစိုးရိမ်တယ်… ချင်းလေး အဲ့ဒီထဲက ရတနာတွေက အရမ်းထူးခြားတယ်လို့ ငါ့ပင်ကိုယ်အသိစိတ်က ပြောနေတယ် ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။

“ ငါ့အစီအစဉ်က အရမ်းရိုးရှင်းတယ်… ပြီးကျရင် ငါတို့ နောက်ထပ်ခရီးတိုထွက်ကြမယ်… အရင်တစ်ခေါက်က မင်းလုပ်ခဲ့သလိုပဲ ဒီဘေးပတ်ဝန်းကျင်က ဒြပ်နှောတွေကို မင်းက စုပ်ယူပြီး ရုပ်တုတွေရဲ့ အာရုံကို ဆွဲဆောင်ပါ… ရုပ်တုလေးခု ထွက်သွားတဲ့အခါ ငါက နန်းတော်ထဲဝင်ပြီး အထဲကပစ္စည်းတွေ သွားယူမယ် ”

“ အရင်တစ်ခေါက်က မင်း တံခါးကို မဖွင့်နိုင်ခဲ့ဘူးမဟုတ်လား ”

ရွှီချင်းက မေးသည်။ သူတို့သည် ဤနည်းလမ်းကို ယခင်က ကြိုးစားကြည့်ခဲ့ပြီးပြီ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်သည် တံခါးကို မဖွင့်နိုင်ခဲ့ပေ။

“ ဒီတစ်ကြိမ်တော့ မတူဘူး… ငါ့မှာ ဖြေရှင်းနည်းရှိတယ်… အများဆုံး အဲ့ဒါကို ငါစတေးမယ် ”

ခေါင်းဆောင်၏ မျက်လုံးသည် နီရဲနေသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်က ဇွဲကောင်းနေသည်ကိုမြင်သောအခါ သူက ခေါင်းညိတ်လိုက်သည်။

“ အများဆုံး အသက်သုံးဆယ်ခါရှူချိန်ပဲ ”

“ ကိစ္စမရှိဘူး ”

ခေါင်းဆောင်သည် စိတ်လှုပ်ရှားသွားပြီး ရွှီချင်းကို အလျှင်အမြန် ဆွဲခေါ်သွားသည်။ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်လက် အနားမယူတော့ရန် ဆုံးဖြတ်လိုက်သည်။ အမှန်မှာတော့ သူသည်လည်း နန်းတော်အတွင်းထဲမှ ရတနာများကို စူးစမ်းသိချင်နေသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ခေါင်းမိုးပေါ်မှ အလျှင်အမြန် ထွက်ခွာသွားကြပြီး အဝေးသို့ အရှိန်တင်ပျံသန်းလိုက်ကြသည်။

သူတို့သည် ဖုံးကွယ်ခြင်းကို အစွမ်းကုန် ထုတ်သုံးထားကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် လေးထောင့်နန်းတော်အနက်သည် သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

နန်းတော်၏ ထောင့်လေးထောင့်တွင် ရပ်နေကြသော အသွေးအသားရုပ်တုလေးခုထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများ ထုတ်လွှတ်နေသည်။ ထိုအားလှိုင်းများကို ခံစားမိသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး လူစုခွဲလိုက်ကြသည်။

ရွှီချင်းသည် မြန်မြန်သွက်သွက် ထွက်ပြေးသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဖိနှိပ်ထားသော စုပ်ယူခြင်းစွမ်းအား တစ်စိတ်တစ်ပိုင်းသည် အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာသည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အရေပြားပေါ်ရှိ မွေးညင်းပေါက်များမှတဆင့် တိုးဝင်လာကြသည်။

သက်တောင့်သက်သာခံစားမှုသည် အလွန်ဆွဲမက်ဖွယ်ကောင်းလေရာ သူ၏ ဝိညာဉ်က မျောလွင့်သွားတော့မည့်ဟန် ရသည်။ အဆက်မပြတ်သန်မာလာသော သူ၏ ခန္ဓာကိုယ်က သူ့အား ထိုသက်တောင့်သက်သာခံစားမှုကို မငြင်းဆန်နိုင်အောင် ပြုလုပ်ချင်နေသည်။

စိတ်ဓာတ်ခွန်အားနည်းပါးသော သူဆိုလျှင် ထိုခံစားမှုပေါ်မှာ ချက်ချင်း နစ်မြုပ်သွားပြီး အရာအားလုံးကို လျစ်လျူရှုသွားလိမ့်မည်။

ရွှီချင်းကဲ့သို့ စိတ်ဓာတ်ခွန်အားသန်မာသူပင် စိတ်တည်ငြိမ်အောင် မနည်းထိန်းချုပ်ထားရသည်။

ဒြပ်နှောများကို သူစုပ်ယူလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်ချည်မျှင်များသည် လူးလွန့်လှုပ်ရှားလာကြပြီး ပြင်းပြသော လိုအင်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့သည် ဆက်လက်ရှည်ထွက်လာပြီး ကျယ်ပြန့်လာသည်။ အမှန်မှာတော့ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ကြီးထွားလာနေသည်ဟုပင် ရွှီချင်း ခံစားမိနေသည်။

တစ်ချိန်တည်းမှာ လေးထောင့်နန်းတော်အနက်၏ ထောင့်တစ်ခုစီမှ ရုပ်တုများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့လိုက်ကြသည်။ အသွေးအသားများဖြင့် ဖုံးလွှမ်းနေသော သူတို့၏ မျက်နှာပျက်ပေါ်ရှိ မျက်လုံးများသည် အနီရောင်အလင်း တောက်ပလာသည်။

နောက်အခိုက်အတန့်မှာ သူတို့သည် တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

ရွှီချင်းသည် ထိုအရာကို အာရုံခံမိသွားပြီး နှလုံးတုန်လာသည်။ သူက သူ့ဆရာပေးခဲ့သော မျက်နှာဖုံးကို ထုတ်လိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။ သူက ဒြပ်နှောများကို ဆက်လက်စုပ်ယူနေစဉ် အချိန်ကို တိတ်တဆိတ် ရေတွက်လိုက်သည်။ အသက်ဆယ်ခါရှူချိန်အတွင်း အန္တရာယ်ကဒ်ဘေးခံစားမှုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

All Chapters