← Chapters

ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(ဂ)

Vol. 48 Ch. 737

ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(ဂ)

Vol. 48 Ch. 737

ဤအခိုက်အတန့်မှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေသော ဖီးနစ်နန်းဆောင်ကိုးခုကြားမှ ဗဟိုနန်းတော်သည် ရုတ်တရက် ခရမ်းရောင်အလင်းကို ထုတ်လွှတ်လာသည်။

ရွှီချင်း၏ သိုလှောင်အိတ်ထဲမှလည်း တူညီသော အလင်းကို ထုတ်လွှတ်လာသည်။ ထို့နောက် ကျောက်စိမ်းပြားတစ်ခုသည် သူ့ဘာသာ ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့တွင် မျောလွင့်နေသည်။

ထိုကျောက်စိမ်းပြားသည် နတ်မိမယ်ကျစ်ရွှမ်းမထွက်သွားခင် ရွှီချင်းကို ပေးသွားခဲ့သောအရာဖြစ်သည်။ ထိုအထဲတွင် နတ်မိမယ်ကျစ်ရွှမ်း၏ အကာအကွယ်စွမ်းအား ပါရှိသည်။

ကျောက်စိမ်းပြားသည် ထွက်ပေါ်လာပြီးနောက် အရောင်တောက်ပစွာ ထွန်းလင်းလာပြီး ဗဟိုနန်းတော်၏ အလင်းကို တန်ပြန်လိုက်သည်။

မှုန်ဝါးဝါးပုံရိပ်တစ်ခုသည် နန်းတော်ထံမှ ပျံ့လွင့်လာသော ခရမ်းရောင်အလင်းထဲတွင် ထွက်ပေါ်လာသည်။ ပုံရိပ်သည် လေထဲမှာ မျောလွင့်နေပြီး အဝေးသို့ လှမ်းကြည့်နေသည်။

ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။

ထိုပုံရိပ်သည် နတ်မိမယ်ကျစ်ရွှမ်းမှလွဲ၍ တခြားလူမဟုတ်ပေ။

သို့သော်လည်း သူက အနားကပ်သွားသည့်အခါ တစ်ဖက်လူသည် သူ၏ မှတ်ဉာဏ်များထဲမှ နတ်မိမယ်ကျစ်ရွှမ်းနှင့် အနည်းငယ် ခြားနားနေကြောင်း သတိပြုမိသွားသည်။ သူ၏ အသွင်အပြင်ကြောင့်မဟုတ်ဘဲ စိတ်နေသဘောထားကြောင့် ဖြစ်သည်။

သူ၏ အရှေ့မှ ပုံရိပ်သည် ပိုပြီးအေးတိအေးစက်ဟန် ရသည်။ သူ့ထံမှာ မည်သည့်စိတ်ခံစားချက်မှ မရှိသည့်အလားပင်။

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူသည် အရှေ့သို့ ဆက်လျှောက်သွားသည်။

သူက အနားသို့တိုးသွားသည့်အခါ အတားအဆီးအားလုံးသည် သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြဟန် ရသည်။ ထို့ကြောင့် ရွှီချင်းသည် အလယ်ဗဟိုတွင်ရှိသော ဖီးနစ်နန်းဆောင်၏ အရှေ့သို့ ဘေးကင်းစွာ လျှောက်သွားနိုင်သည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နှစ်ပေါင်းအတော်ကြာအောင် တစ်ကြိမ်တစ်ခါမှ မပွင့်ခဲ့ဟန်ရသော နန်းတော်၏ ဂိတ်တံခါးကို ဆွဲဖွင့်လိုက်သည်။

ဂိတ်တံခါးသည် တိတ်ဆိတ်ငြိမ်သက်စွာ ပွင့်သွားပြီး ရွှီချင်း၏ မျက်လုံးထဲတွင် အနက်ရောင်ခန်းမတစ်ခု ထင်ပေါ်လာသည်။

ခန်းမထဲတွင် မည်သည့်အလင်းရောင်မှမရှိပေ။ အရာအားလုံးသည် မည်းမှောင်နေသည်။ အပြင်လောကမှ မှိန်ဖျော့ဖျော့အလင်းရောင်သည်ပင် ခန်းမထဲမှ အမှောင်ထုကို မတွန်းလှန်နိုင်ပေ။

ရွှီချင်းသည် ထိုနေရာတွင် အတော်ကြာအောင် ရပ်နေလိုက်ပြီး သူ့ကိုယ်သူ အမှောင်ထုနှင့် နေသားကျစေသည်။ ထို့နောက် ခန်းမထဲမှ ပတ်ဝန်းကျင်ကို သူမြင်သွားသည်။

ခန်းမတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေသည်။ ဤနေရာတွင် ထိုင်ခုံတစ်လုံးမှ မရှိပေ။ ခန်းမ၏ အလယ်တွင် မတ်တတ်ရပ်နေသော ရုပ်တုတစ်ခုသာ ရှိသည်။ ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်နေပြီး အဆုံးမဲ့သော အအေးဓာတ်နှင့် တိတ်ဆိတ်ခြင်းသာ ရှိ၏။

အကယ်၍ ခန်းမတံခါးသာ ပိတ်သွားမည်ဆိုလျှင် ဤနေရာသည် လှောင်အိမ်တစ်ခုနှင့်မခြားတော့ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။

ထိုနေရာတွင် ရုပ်တုတစ်ခုသာလျှင် ထာဝရ ရပ်နေသည်။

ထိုရုပ်တုသည် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သို့သော် နတ်မိမယ်ကျစ်ရွှမ်းမဟုတ်ပေ။

သို့သော် သူ၏ အသွင်အပြင်သည်လည်း အလွန်လှပပြီး ကျော့ရှင်းမွန်မြတ်သည်။ သူ၏ မျက်လုံးထောင့်တွင် အတွန့်အခေါက်ကြောင်းတချို့ မထင်မရှားရှိနေသောကြောင့် သူသည် ဇရာအိုကိုဖုံးကွယ်ရန် မကြိုးစားဘဲ ကျော့ရှင်းလှပစွာ အသက်ကြီးလာဟန် တူသည်။

သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးရှိသည်။ သူ၏ အမူအရာတွင် နွေးထွေးမှုနှင့် ကြင်နာမေတ္တာရှိသောကြောင့် သူ့ကို မြင်လိုက်ရုံဖြင့် အလိုအလျောက် သက်တောင့်သက်သာခံစားမိလိမ့်မည်။

သူ၏ လက်ထဲတွင် သက်စောင့်မီးအိမ်တစ်ခုကို ကိုင်ထားသည်။ သူက သက်စောင့်မီးအိမ်ကို တန်ဖိုးအရှိဆုံး ရတနာသဖွယ် ရင်ဘက်ထဲတွင် ပွေ့ဖက်ထားသည်။

ထိုသက်စောင့်မီးအိမ်သည် ထူးခြားသည်။ ယင်းကို ခရမ်းရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ပွင့်လန်းနေသော ခရမ်းပန်းပွင့်နှင့် ဆင်တူသည်။ ထို့အပြင် ယင်းအပေါ်မှာ ခရမ်းရောင်ဖီးနစ်တစ်ကောင်သည် အနားယူနေသည်။ ဖီးနစ်သည် အတောင်ပံများကို ဖြန့်ကားထားလေရာ အသက်ရှိနေသည့်အလားပင်။

သက်စောင့်မီးအိမ်ကို မြင်လိုက်သည့်အခါ ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။

ဤသည်မှာ သက်စောင့်မီးအိမ်ဖြစ်သည်။ အတိအကျဆိုရလျှင် ယင်းသည် သက်စောင့်မီးအိမ်၏ သဘောတရားအပေါ် အခြေခံပြီး ထုဆစ်ဖန်တီးထားသော ကျောက်ဆစ်မီးအိမ်ဖြစ်သည်။

ရွှီချင်းသည် ယင်းကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ခံစားရသည်။ ထိုရင်းနှီးမှု၏ ဇစ်မြစ်သည် နတ်မိမယ်ကျစ်ရွှမ်း သူ့အား တစ်ခါကပြောခဲ့ဖူးသော အိမ်မက်ထံမှ ဖြစ်သည်။

“ ငါလေ မကြာခဏ အိမ်မက်တစ်ခုမက်တယ်… အဲ့လိုဖြစ်တာ နှစ်တွေအတော်ကြာခဲ့ပြီ… အိမ်မက်ထဲမှာ အမှောင်လောကကြီးနဲ့ သက်စောင့်မီးအိမ်တစ်ခုပဲ ရှိတယ် ”

“ မီးအိမ်က ငြိမ်းသတ်နေတယ်… မီးလုံးဝမရှိဘူး… အဲ့ဒီကို ငါမရောက်နိုင်သလို အဲ့ဒါကို မထိနိုင်ဘူး… အရမ်းဝေးနေတယ်လို့ ထင်ရပေမဲ့ အရမ်းမဝေးဘူး ငါ့အနီးနားမှာ ရှိတယ် ”

“ ဒါပေမဲ့ အဲ့ဒါက ခရမ်းပန်းပွင့်နဲ့ ဆင်တူတယ်လို့ ငါစိတ်ကူးလိုက်တာနဲ့ မီးအိမ်ပေါ်က ခရမ်းရောင်ဖီးနစ်က အတောင်ပံဖြန့်ကားလိုက်တယ်… ခရမ်းပန်းပွင့်က လုံးလုံးပွင့်လာတော့မယ့်အတိုင်းပဲ ”

“ အဲ့ဒီသက်စောင့်မီးအိမ်က အမြဲတမ်း ငါ့အိမ်မက်ထဲမှာ ပေါ်လာတယ်… အဲ့ဒါက အမြဲတမ်း မီးငြိမ်းသတ်နေတယ်… အဲ့ဒီလောကထဲမှာ အမြဲတမ်း မှောင်မည်းနေတယ်… ဘာအလင်းရောင်မှ မရှိဘူး ”

ရွှီချင်း၏ အမူအရာသည် အနည်းငယ် မိန်းမောသွားသည်။

အတိတ်တွင် နတ်မိမယ်ကျစ်ရွှမ်း သူ့အား ပြောပြခဲ့သောအရာသည် အိမ်မက်တစ်ခုမျှသာဖြစ်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ယခု နတ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်ကို အပြင်တွင် သူမြင်တွေ့သွားပြီး ဤကျောက်ဆစ်မီးအိမ်ကို မြင်တွေ့သွားသောအခါ ယင်းကို အိမ်မက်တစ်ခုဟု မထင်တော့ပေ။

တကယ့်သက်စောင့်မီးအိမ်က မည်သည့်နေရာတွင်ရှိကြောင်း ရွှီချင်းမသိပေ။ ယင်းက သူတော်စင်ကုန်းမြေထဲတွင် ရှိနိုင်လောက်၏။ သို့မဟုတ် အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်သွားခြင်းလည်း ဖြစ်နိုင်လောက်၏။

“ နယ်မိမယ်ကျစ်ရွှမ်က ဘာလို့ ဒီသက်စောင့်မီးအိမ်ကို အိမ်မက်မက်တာလဲ… ဘာလို့ သူ့ပုံရိပ်က အပြင်ဘက်က ခရမ်းရောင်အလင်းထဲမှာ ထွက်ပေါ်လာတာလဲ ”

“ ဒီသက်စောင့်မီးအိမ်နဲ့ သူ့ကြားမှာ ဘယ်လိုကမ္မဆက်သွယ်မှု ရှိတာလဲ… ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ အမှောင်ခန်းမထဲတွင် နယ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်သည် ရုပ်တု၏ ဘေးတွင် ထွက်ပေါ်လာသည်။ သူက ရုပ်တုကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ချစ်ခင်ကြင်နာမှုနှင့် ခါးသီးမှုတို့ ထွက်ပေါ်နေသည်။

သူက ဘေးသို့လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုပြောနေသည့်အလား သူ၏ အေးစက်စက် မျက်ဝန်းထဲတွင် လှိုင်းတချို့ထသွားသည်။

ရွှီချင်းသည် သူပြောသည်ကို မကြားနိုင်ပေ။ စကားဆုံးအောင် ပြောပြီးနောက် နတ်မိမယ်ကျစ်ရွှမ်း၏ အမူအရာက ပြောင်းလဲသွားသည်ကိုသာ ရွှီချင်း မြင်နိုင်သည်။ ဝမ်းနည်းပူဆွေးမှုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

နယ်မိမယ်ကျစ်ရွှမ်းသည် အနောက်သို့ ဆက်တိုက် ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ ဝေဝါးဝါးပုံရိပ်တစ်ခုသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာပြီး ခန်းမထဲသို့ ဝင်ရောက်လာသည်။ ထိုပုံရိပ်သည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို ထိတ်လန့်သွားစေသည်။ သူက ဆတ်ခနဲခေါင်းလှည့်လိုက်ပြီး သူ့အား ဖြတ်ကျော်သွားသော ပုံရိပ်ကို ကြည့်လိုက်သည်။

ထိုသူသည် အရပ်ရှည်သော လူငယ်တစ်ယောက်ဖြစ်ပြီး လေးသည်းလေးခုရွှေရောင်နဂါးတစ်ကောင်၏ ရုပ်ပုံအား ဇာထိုးထားသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဦးခေါင်းထက်တွင် နဝရတ်ကိုးသွယ်ဧကရာဇ်သရဖူကို ဆောင်းထားပြီး မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်မထားပေ။ သို့သော်လည်း သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းကင်စွမ်းအားထက်ကျော်လွန်သော ကြီးကျယ်မြင့်မြတ်မှုကို အာရုံခံနိုင်လိမ့်မည်။

ထိုသူသည် ရွှီချင်းကို ကျောပေးထားလျက် နယ်မိမယ်ကျစ်ရွှမ်း၏ အရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး တစ်စုံတစ်ရာကို ပြောသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် မျက်ရည်စီးကျလာပြီး ခေါင်းမော့လိုက်ကာ အပြင်လောကသို့ ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နက်နဲသော ဝမ်းနည်းပူဆွေးခြင်းနှင့် လွမ်းဆွေးခြင်းတို့ ရှိသည်။ သူ၏ ရွှန်းလဲ့လဲ့မျက်ဝန်းအိမ်မှတဆင့် ပြိုကျပျက်စီးနေသော ကောင်းကင်နှင့် ကောင်းကင်ဘုံများမှ သက်ဆင်းလာသော ဧရာမမျက်နှာပျက်ကြီးတစ်ခုကို ရွှီချင်း ရိပ်ခနဲ မြင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ယခု သူမြင်နေရသောအရာသည် အစစ်အမှန်မဟုတ်ကြောင်း ရွှီချင်း ချက်ချင်း နားလည်သွားသည်။

ယင်းသည် အတိတ်မှဖြစ်ရပ်တစ်ခု၏ မှတ်တမ်းနှင့် အများကြီး ပိုတူသည်။

စောစောတုန်းက နယ်မိမယ်ကျစ်ရွှမ်းက သူ့အား ကြည့်နေသည့်ဟန် တူသော်လည်း အမှန်မှာတော့ နတ်မိမယ်ကျစ်ရွှမ်းက သူရှိနေသော ဦးတည်ရာထံသို့ ကြည့်နေခြင်း ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးထဲတွင် နယ်မိမယ်ကျစ်ရွှမ်းသည် ထပ်ခါတလဲလဲ ခေါင်းခါလိုက်ပြီး သတိပေးနေဟန် ရသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် တိတ်ဆိတ်နေသော ဧကရာဇ်ဝတ်ရုံနှင့် ပုံရိပ်သည် လက်ဆန့်တန်းလိုက်သည်။ သူက နတ်မိမယ်ကျစ်ရွှမ်းကို ဤနေရာမှ သူနှင့်အတူထွက်သွားရန် ဖိတ်ခေါ်နေသည့်သဘောရသည်။

All Chapters