← Chapters

မဆိုးဘူးပဲ

Vol. 39 Ch. 572

မဆိုးဘူးပဲ

Vol. 39 Ch. 572

*မျက်နှာပြရမယ် ဟုတ်လား*

*ဒါ မဖြစ်နိုင်ဘူး၊ ငါက လှပတဲ့ တင်ဆက်သူလေ*

ရဲ့လင်းချန်သည် သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးသား ဖြစ်သည်။

သူ၏ နောက်ခံကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်မည် မဟုတ်ပါ။ အကယ်၍ သူသာ အချိန်ကောင်းကို စောင့်ဆိုင်းခဲ့လျင် သူ၏ နောက်ခံကို ဖော်ထုတ်ခြင်းက သူ့အား နောက်ထပ် ကြီးမားသော ရေပန်းစားမှုအမှတ်များ ရလာစေနိုင်လောက်သည်။

သို့သော် သူက တခြားသဘောနှင့် ပြန်ဖြေလိုက်သည်။

“ဒါရိုက်တာဖုန့် အသိအမှတ် ပြုတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အခု ကျွန်တော့်နောက်ခံကို လျှို့ဝှက်ချက်အဖြစ် ဆက်ထားချင်ပါသေးတယ်”

“အဲ့လိုလား …”

ဖုန့်ရှောင်ဖုန်းသည် ရဲ့လင်းချန်က သူ့ကို ငြင်းပယ်လိမ့်မည်ဟု မထင်ထားသဖြင့် မှင်တက်သွားရသည်။ ယင်းက Gala နွေဦးပွဲတော် မဟုတ်ပါတကား။

တစ်ချိန်တည်းမှာပင် သူ နှမြောသလို ခံစားရသည်။

Gala နွေဦးပွဲတော်က နိုင်ငံ၌ အကြီးဆုံး အစီအစဉ် ဖြစ်သော်လည်း ကျော်ကြားရန် လိုအပ်ပေသည်။ Gala နွေဦး ပွဲတော်၏ အမည်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်အလို့ငှာ ဖိတ်ကြားသူသည် နာမည်အကြီးဆုံး ဖြစ်သင့် ပေသည်။ ထို့ကြောင့် ဖုန့်ရှောင်ဖုန်းက အဆိုတော်ဝိုင်ကို တွေးမိခြင်း ဖြစ်လေသည်။

အဆိုတော်ဝိုင်က သူ၏ နောက်ခံကို ဖော်ပြလိုက်ခြင်းက ကြီးမားသော ကျော်ကြားမှု ဖြစ်လာမှာ အသေအချာပင်။

ထိုသို့ဆိုလျင် Gala နွေဦးပွဲတော်သည် တီဗွီ ကြည့်ရှုသူ စံချိန်စံနှုန်း တစ်ခုကိုပင် ဖန်တီးနိုင်လောက်သည်။

Gala နွေဦးပွဲတော်၏ တစ်မူထူးခြားမှုကြောင့်ပင် သူတို့သည် ပိုကောင်းသော ရလဒ်များနှင့် အောင်မြင် ကျော်ကြားသောသူများ လိုအပ်ခြင်း ဖြစ်လေသည်။

“ဒါပေမဲ့ ကျွန်‌တော် လူတစ်ယောက်ကို ဒါရိုက်တာဖုန့်အတွက် ထောက်ခံပေးချင်ပါတယ်”

ရဲ့လင်းချန်၏ မျက်လုံးများက လတ်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ပြောလိုက်သည်။

“ဪ … အဲ့ဒီလူက ဘယ်သူများလဲ”

“ချန်ရှောင်ယန်ပါ”

ရဲ့လင်းချန်သည် ရုတ်တရက် လှပ၍ ကြိုးစားသော မိန်းမပျိုလေးကို သတိရလိုက်သဖြင့် သူမကို သူ ထောက်ခံ ပေးလိုက်သည်။

“ချန်ရှောင်ယန်လား”

ဖုန့်ရှောင်ဖုန်း၏ အသံက အနည်းငယ် ကသိကအောက် ဖြစ်သွားပုံ ပေါ်သည်။

ချန်ရှောင်ယန်က ယခုနှစ်တွင် အတော်လေး နာမည်ကြီးနေသည်က ငြင်းမရပေ။ သို့သော် သူမ နာမည်ကြီး နေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ရဲ့လင်းချန်ကြောင့်ပင်တည်း။ ထို့အပြင် သူမ၏ အပြုအမူက အတော်လေး ထူးဆန်းသည်။ သူမသည် ထိတွေ့မရသော လေထုလိုပင်။ အထူးသဖြင့် အခြားသော အမျိုးသား ရင်းနှီးမြှုပ်နှံသူများအပေါ်၌ ဖြစ်သည်။ သူမသည် အမြဲတမ်း သူတို့နှင့် အမြဲတမ်း ဝေးဝေးနေပြီး သတိကြီးကြီး ထားသည်။

ထို့ကြောင့် သူမ၌ စင်ပေါ် တက်နိုင်သည့် အခွင့်အရေး ကင်းမဲ့နေခြင်း ဖြစ်သည်။ ထို့အပြင် သူမက သီချင်းသစ် တစ်ပုဒ် မထွက်သည်မှာ အနည်းငယ် ကြာနေပြီဖြစ်သဖြင့် သူမ၏ ကျော်ကြားမှုက ကျဆင်းမှုသို့ ဦးတည်နေ၏။

သူမ၌ စင်ပေါ် တက်နိုင်သည့် လိုအပ်ချက်များ ပြည့်မီသော်လည်း ၎င်းသည် အနည်းငယ်မျှသာ ဖြစ်သည်။ သာမန် အခြေအနေမျိုး၌ ချန်ရှောင်ယန် ရွေးချယ်ခံရမည် မဟုတ်ပါ။

“ကျွန်တော် သူ့အတွက် သီချင်းတစ်ပုဒ် ရေးပေးမှာပါ”

ရဲ့လင်းချန်ထံမှ ရိုးရှင်းသော စကားတစ်ခွန်း ဖြစ်သော်လည်း ဖုန့်ရှောင်ဖုန်း၏ အတွေးထဲ၌ ချန်ရှောင်ယန်က ပို၍ အလေးသာလာပြီး သူမ၏ အရေးပါမှုကလည်း မြင့်လာသည်။

ယင်းက အဆိုတော်ဝိုင်၏ သီချင်းများက အားလုံး လက်ရာကောင်း ဖြစ်သည်ကို သက်သေ ပြနေသည်။ Gala နွေဦးပွဲတော်အတွင်း အဆိုတော်ဝိုင်၏ သတင်း ပေါ်လာသရွေ့ မျှော်မှန်းချက်များ ဖြစ်လာနိုင်သည်။ အကယ်၍ သီချင်းက ပေါက်သွားပါက Gala နွေဦးပွဲတော်၏ ကျော်ကြားမှုကလည်း ထပ်တူ ကြီးထွားလာနိုင်လေသည်။

ချက်ချင်းဆိုသလိုပင် ဖုန့်ရှောင်ဖုန်း၏ စိတ်ထဲ၌ ဆုံးဖြတ်ချက် ချပြီးသွားလေသည်။ သူက လေးနက်သော အသံဖြင့် သဘောတူလိုက်သည်။

“ရတာပေါ့၊ ဒါပေမဲ့ ဆုံးဖြတ်ချက် မချခင် မင်း ရေးတဲ့ သီချင်းကို ငါတို့ အရင် ကြည့်ကြည့်ဖို့ လိုအပ်ပါတယ်”

“ကိစ္စ မရှိဘူး”

ရဲ့လင်းချန် အေးအေးလူလူ ပြုံးလိုက်သည်။

ဖုန်းခေါ်ဆိုမှု တစ်ခုတည်းနှင့် Gala နွေဦးပွဲတော်အတွက် သူတို့၏ ပါဝင်မည့်သူများကို ဆုံးဖြတ်ပြီးသွားလေသည်။ ယင်းက ပြောပြလျင်တော်မှ ဘယ်သူမှ မယုံကြည်နိုင်သော အရာပင်။ ယင်းကို ကြည့်ခြင်းအားဖြင့် ရဲ့လင်းချန်၏ လွှမ်းမိုးနိုင်စွမ်းကို မြင်နိုင်ပြီး ယင်းက အဆိုတော်ဝိုင် ဟူသော သူ၏နောက်ခံ တစ်ခုတည်းသာ ရှိသေးလေသည်။

ဖုန်းပြောပြီးနောက် ရဲ့လင်းချန်ကို ထိုကိစ္စကို ဆက်မတွေးတော့ချေ။ ယင်းက သီချင်းတစ်ပုဒ်သာ ဖြစ်ပြီး သူ့အတွက် လွယ်ကူသော ကိစ္စလေးပင်။

လက်ရှိတွင် အရေးအကြီးဆုံး ကိစ္စမှာ ကံစမ်းမဲ နှိုက်ခြင်းပင်။ အခြားသော အရာများကို ဘေးပို့ထား၍ ရပေသည်။

သူသည် စနစ်မီနူးသို့ ထပ်မံ၍ အာရုံစိုက်လိုက်ပြီး သူ၏ စွမ်းရည်များကို တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်သည်။

ပထမဆုံးမှာ အဆင့်မြင့်စွမ်းရည် စာရင်း ဖြစ်ပြီး ၎င်းတွင် လျှင်မြန်စွာပြေးခြင်း စွမ်းရည် (အဆင့်မြင့်အဆင့်) ရှိသည်။

နောက်တစ်ခုမှာ အလယ်အလတ်အဆင့် စွမ်းရည် သုံးခု ဖြစ်သည်။ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ခန်း (အလယ်အလတ် အဆင့်) ၊ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ် အဆင့်) နှင့် သားရဲ ယဉ်ပါးခြင်း စွမ်းရည် (အလယ်အလတ် အဆင့်) တို့ ဖြစ်လေသည်။

ထို့နောက်တွင်မူ အခြေခံအဆင့် စွမ်းရည်များ ရှိသည်။ ကျင့်ကြံခြင်း (အခြေခံအဆင့်) ၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း ပညာ (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ သစ်သားဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ အစီအရင် (အခြေခံအဆင့်)၊ နဂါး အမဲလိုက်ခြင်းပညာ (အခြေခံအဆင့်)၊ အဆိပ်ပြီးခြင်း (အခြေခံအဆင့်)၊ အင်းဆက် ဘာသာစကား (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)။

အခြေခံအဆင့် စုစုပေါင်း ဆယ့်ငါးခု ရှိပြီး ၎င်းတို့အားလုံးက အံ့ဩဖွယ်ကောင်းလှသည်။

စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ရောက်ရှိနေသည့် စွမ်းရည်များမှာမူ များပြားလွန်းလှသည်။ ဇီဝဗေဒ၊ ဓာတုဗေဒ၊ လက်ရေးလှပညာ၊ ဘောလုံးကျွမ်းကျင်မှု၊ အနောက်တိုင်း ဆေးပညာ၊ ဂျာမန် ဘာသာစကား၊ ဖက်ရှင်ပညာ၊ ရုရှား ဘာသာစကား၊ ပြင်သစ် ဘာသာစကား စသည်တို့ ဖြစ်လေသည်။

စွမ်းရည်များစွာ ရှိနေသဖြင့် ရဲ့လင်းချန် ဆုံးဖြတ်ရ ခက်နေသည်။

သူ့တွင် ရေပန်းစားမှု အမှတ် ၁၅ သန်းကျော် ရှိနေသည်။ သူ မည်သို့ ကံစမ်းမဲ နှိုက်သင့်လဲ စဉ်းစားမရချေ။

အလယ်အလတ်အဆင့် စွမ်းရည် သုံးခုတွင် နှစ်ခုက သိုင်းပညာ ဖြစ်သော်လည်း တိရစ္ဆာန် ယဉ်ပါးခြင်း ပညာသို့ ကျနိုင်သည့် အခွင့်အရေးက များလွန်းသည်။

*ငါ အရင်ဆုံး အလယ်အလတ်အဆင့် စွမ်းရည်တွေ နည်းနည်း ပိုများများ ရှိအောင် လုပ်ရင် ကောင်းမလား မသိဘူး*

*အခုက အခြေခံအဆင့် တော်တော်များများက အလားအလာ ရှိတယ်၊ အဲ့ဒါတွေထဲက နည်းနည်းလောက်ကို အလယ်အလတ် အဆင့်ကို အဆင့်တင်ကြည့်ရင် ကောင်းမလား*

ထိုသို့ ဆုံးဖြတ်ပြီးသည်နှင့် ရဲ့လင်းချန်သည် တုံ့ဆိုင်းမနေဘဲ သူ့လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

[အလယ်အလတ်အဆင့် စွမ်းရည် ကံစမ်းမဲနှိုက်ခြင်းအတွက် ရေပန်းစားမှု အမှတ် တစ်သိန်းကို သုံးလိုက်ပါပြီ]

ရွှေရောင် အလင်းတန်းတစ်ခုက ရဲ့လင်းချန်၏ မျက်စိရှေ့၌ တောက်ပစွာ လင်းလက်လာပြီး အခြေခံအဆင့် စွမ်းရည်များပေါ်၌ လျင်မြန်သော အရှိန်ဖြင့် ဖြတ်သန်းနေသည်။ ယင်းက ရဲ့လင်းချန်၏ အသက်ရှူနှုန်းကိုလည်း သိသိသာသာ မြန်လာစေသည်။

နောက်ဆုံး၌ ၎င်းသည် နှေးသထက် နှေးလာသည်။

ရဲ့လင်းချန်၏ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး အသက်ကို အောင့်ထားမိသည်။

“ဒင်”

ထိုအသံနှင့်အတူ တောက်ပမှုက ရပ်တန့်သွားသည်။

*သစ်သားဝိညာဉ် ခန္ဓာကိုယ်လား*

*ဒါလဲ မဆိုးဘူး*

ရဲ့လင်းချန် ပြုံးလိုက်မိပြီး စိတ်အေးသွားသေလည်။

ကျင့်ကြံခြင်းကို မကျသော်လည်း သစ်သား ဝိညာဉ် ခန္ဓာကိုယ်က သူ၏ ရုပ်ခန္ဓာကိုယ်ကို တိုက်ရိုက် ပြုပြင်သန့်စင် ပေးသည်နှင့် အတူတူပင် ဖြစ်သောကြောင့် သူ၏ ပါရမီနီးနီး ကောင်းလေသည်။ ထို့အပြင် ၎င်းသည် အလွန် လက်တွေ့ကျသော စွမ်းရည် ဖြစ်ပြီး သူ့အား အပင်ကြီးထွားမှုနှုန်းကို တိုးတက်အောင် ပြုလုပ်ပေးနိုင်သည်။

[သစ်သား ဝိညာဉ်ခန္ဓာကိုယ် (အလယ်အလတ်အဆင့်) သစ်သား စွမ်းရည် ရှိသည့် ထူးခြားသော ခန္ဓာကိုယ်၊ ယခုအခါ၌ သင်သည် အပင်များကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။]

သူ၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ပြောင်းလဲမှုနှင့်အတူ ရဲ့လင်းချန်သည် သူ၏ ခန္ဓာကိုယ်က ပို၍ ပေါ့ပါးလာသည်ဟု ခံစားမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ချွေးပေါက်များအားလုံး ကျယ်ပြန့်လာပြီး အနီးအနား လေထုထဲမှ စိတ်ဝိညာဉ် စွမ်းအင်များအား စုပ်ယူနေသည်ကို ခံစားနေရသည်။

ထို့အပြင် သူသည် စိတ်ဝိညာဉ်စွမ်းအင်၏ ဒြပ်စင်ကို အလွယ်တကူ ခွဲခြားနိုင်လာသည်။

သူသည် အပြင်ဘက်မှ မြင်ကွင်းကို လှမ်းကြည့်လိုက်မိသည်။ အပင်များနှင့် မြက်ပင်များက သူ့အား ကြည့်နေသလိုပင်။ ရဲ့လင်းချန်သည် လက်ကို အမှတ်တမဲ့ မြှောက်လိုက်မိပြီး သူနှင့် အနီးဆုံးမှ အပင်က လိုက်ပါ လှုပ်ရှားလာသည်။ ထို့နောက် အပင်မှ သစ်ရွက်တစ်ရွက်သည် သူ၏ လက်ဝါးပေါ်သို့ တိုက်ရိုက် ကျဆင်းလာ၏။

ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

*ငါက အပင်တွေကို ဒီလို ထိန်းချုပ်နိုင်တာလား*

သူသည် အသက်ကို ပြင်းပြင်းရှူ၍ မျက်လုံးကို မှိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ အသိစိတ် တစ်ခုလုံးသို့ ထူးခြားသော အခြေအနေတစ်ခုနှင့် ချိတ်ဆက်သွားလေသည်။

ယင်းက မသိလျင် သူ၏ ခန္ဓာကိုယ်က အပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။ သူ၏ အသိစိတ်ကို အနီးအနားမှ အပင်များသို့ ဖြန့်ကျက်လိုက်သောအခါ ၎င်းတို့ ခံစားရသမျှ အရာအားလုံးကို ခံစားမိလေသည်။

*ဒီအပင်က ပိုးကျနေတယ်၊ ဒီမြက်ပင်က ရေဓာတ် လိုနေတယ်၊ အဲ့နားက အပင်က ပျားနဲ့အတူ ကခုန်နေတယ် …*

မီတာ ငါးရာအတွင်းမှ အပင်များအားလုံး၏ အချက်အလက်အားလုံးက သူ၏ ဦးခေါင်းထဲ၌ ပြည့်နှက်လာပြီး မသိလျင် သူသည် နတ်ဘုရားအာရုံကို ရလိုက်သလိုပင်။

*မိုက်လိုက်တာ*

*ဒီခန္ဓာကိုယ်က သန်မာလွန်းတယ်*

သူ၏ သစ်သား ဝိညာဉ် ခန္ဓာကိုယ် သန်မာလာသကဲ့သို့ သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်လာလိမ့်မည်ဟု ရဲ့လင်းချန် ခံစားမိနေသည်။

*ငါ့ကံက တော်တော်လေး ကောင်းနေတဲ့ပုံပဲ၊ ဒီလိုဆိုမှတော့ … ဆက်လုပ်လိုက်တာပေါ့*

ရေပန်းစားမှုအမှတ် တစ်သန်းကို ထပ်သုံးလိုက်ပြီး ရွှေရောင် အလင်းတန်းက ထပ်မံ၍ အသက်ဝင်လာလေသည်။

ယခင်အတွေ့အကြုံကြောင့် ယခုတစ်ခေါက်၌ ရဲ့လင်းချန်၏ စိတ်က ပို၍ တည်ငြိမ်လာသည်။ သူ ငြိမ်၍ စောင့်ကြည့်နေလိုက်သည်။

“ဒင်”

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အလင်းတန်းက အစီအရင်၌ ရပ်သွားသည်။

[အစီအရင် (အခြေခံအဆင့်) သင်သည် ယခု အခြေခံ အစီအရင်များကို ဆွဲနိုင်ပါပြီ]

၎င်းသည် ကနဦးအဆင့် အစီအရင်များမှ အခြေခံ အစီအရင်များသို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် များပြားလှသော အချက်အလက်များက ရဲ့လင်းချန်၏ အတွေးထဲသို့ အထိန်းအကွပ်မဲ့စွာ ဝင်ရောက်လာ၏။

…

All Chapters