← Chapters

ကမ္ဘာငယ်လေးအတွင်းက ဂိုဏ်းဌာန။

Vol. 1 Ch. 2

ကမ္ဘာငယ်လေးအတွင်းက ဂိုဏ်းဌာန။

Vol. 1 Ch. 2

"ဘုန်း!"

ချိုင့်ဝှမ်းထဲတွင်,

ယဲ့ကူချန်၏ အလာကို စောင့်နေသော ဝမ်ဖုန်းသည် ဟင်းလင်ပြင်ထဲက တုန်လှုပ်ရိုက်ခက်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သစ်ပင်နောက်တွင် အမြန်ပုန်းကွယ်ကာ ထိုရိုက်ခက်မှု၏ လာရားဘက်ကို ချောင်းကြည့်လိုက်သည်။

ဝမ်ဖုန်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင်၊ နှင်းကဲ့သို့ ဖြူဖွေးဆွတ်နေသော အဖြူထည် ကို ဝတ်စားထားပြီး တဖျပ်ဖျပ် လွှင့်ပျံ့နေသော ဆံပင်ရှည်ရှည် ရုပ်သွင်သဏ္ဍာန်တစ်ခုက ဟင်းလင်ပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။ဆယ်မီတာအကွာအဝေးတွင်ပင် ဝမ်ဖုန်းသည် ဓား၏ အထက်စီးဆန်သော ရောင်ဝါကို ခံစားမိနိုင်သည်။

"လပြည့်ညတစ်ည၊ တားမြစ်မြို့တော်ထိပ်တွင် အနောက်ဘက်မှ ဓားတစ်ချောင်းထွက်လာပြီး ကောင်းကင်ယံမှ အမတအလား ဆင်းသက်လာခဲ့လေပြီ "

တဖြေးဖြေး ဆင်းသက်လာသော ထိုအသွင်ကို ကြည့်ရင်း ဝမ်ဖုန်းတစ်ယောက် ထိုစာကြောင်းကို စဉ်းစားမိသွားသည်။

ကောင်းကင်ယံမှ ဆင်းသက်လာသော အမတ ဆိုသည်မှာ ယဲ့ကူချန်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည် ။ဤသည်မှာ သူသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သော အမတ မဟုတ်ဘဲ ၎င်း၏ ပြောင်မြောက်သော လှုပ်ရှားမှုကြောင့်ဖြစ်သလို ယဲ့ကူချန် ဖန်တီးထားသည့် ကောင်းကင်ယံမှ အမတအလား ပျံသန်းခြင်း

သိုင်းကွက်ကြောင့် ဖြစ်သည်။၎င်းသည် အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များကဲ့သို့ အပြစ်ကင်းစင်ပြီး ဓား၏ရွေ့လျားမှုသည် ထက်မြက် လျင်မြန်ကာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားဖြင့် အောက်ဘက်သို့ ထိုးဆင်းသွားလေသည်။

"ကျွန်တော် ယဲ့ကူချန်၊ ဂိုဏ်းချုပ်နဲ့ လာတွေ့တာပါ ! "

နှင်းကဲ့သို့ အဖြူထည် ဝတ်ဆင်ထားတဲ့ အသွင်

သဏ္ဍာန်သည် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး ဝမ်ဖုန်းရှိရာဘက်သို့ ကြည့်လိုက်ပြီး ဝမ်ဖုန်းကို ဂါရဝပြုကာ တိုးတိုးလေး ဆိုလိုက်သည်။

"ယဉ်ကျေးနေဖို့ မလိုပါဘူး ယဲ့ကူချန်သာ

အမတဂိုဏ်းထဲ ဝင်ခဲ့မယ်ဆိုရင် ဒါဟာ ကြီးကျယ်တဲ့ အောင်မြင်မှုဆိုတာ သေချာပြီပဲ! "

ဝမ်ဖုန်းသည် ပုန်းကွယ်ရာမှ အမြန်ထွက်လာပြီး ယဲ့ကူချန်ကို ကျေနပ်အားရသော အပြုံးဖြင့် ဆိုလိုက်သည်။

ယဲ့ကူချန်သည် ဝမ်ဖုန်း၏စကားအပေါ် စိတ်မလှုပ်ရှားဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ၏ အထက်စီးဆန်မှုကို ယခုအခိုက်တွင် အပြည့်အဝ ထုတ်ဖော်ပြသလို့ နေခဲ့သည်။

သို့ဆိုတောင် ဝမ်ဖုန်းတစ်ယောက် သိပ်ပြီးများများစားစား တွေးမနေခဲ့ပေ။ ယဲ့ကူချန်သည် အလွန် မာနကြီးမှန်း သူ သိပေသည်။ဤကမ္ဘာတွင် ယဲ့ကူချန် အသိအမှတ်ပြုသည့် တစ်ဦးတည်းသော သူမှာ ရှီးမိန်ချွေးရွှယ် ပင် ဖြစ်သည်။

"စနစ်၊ ငါ ထီပေါက်ဖို့ တခြားအခွင့်အရေးရှိသေးတယ်မလား? ငါ့ကိုလည်း ပေးဦးလေ! "

ဝမ်ဖုန်းက တိတ်တိတ်လေး ဆိုလိုက်သည်။

ဝမ်ဖုန်းတစ်ယောက် ဆင့်ခေါ်ခွင့်ရခဲ့သည့်အပေါ် အတော်လေး ကျေနပ်နေသည့် အပြင် ထီပေါက်မည့် အခွင့်အရေးသည် သူ့ကို စိတ်ကျေနပ်စေမလား ဆိုတာကို မျှော်လင့်နေမိသည်။

ဝမ်ဖုန်းသည် လေးလေးနက်နက် တွေးကြည့်နေရင်း၊ ယဲ့ကူချန်သည် ဝမ်ဖုန်း၏ နောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အစောင့်တစ်ယောက်ကဲ့သို့ ဓားကို ဆုပ်ကိုင်ကာ ငြိမ်သက်စွာ ရပ်နေလေ၏။

"တင်း !ယဲ့ကူချန်ရဲ့ ကျင့်ကြံရေး စွမ်းအား ၁၀%ကို ရရှိခဲ့တဲ့အတွက် အသင်ကို ဂုဏ်ပြုလိုက်ပါတယ် ၊အသင့်အနေနဲ့ ကိုယ်တိုင်သုံးမလား ဒါမှမဟုတ် ဂိုဏ်းမှာရှိတဲ့ တပည့်တွေကို ပေးသုံးမလား? "

ထိုအေးစက်စက် အသံသည် ဝမ်ဖုန်းကို စိတ်လှုပ်ရှားသွားစေခဲ့သလို တစ်ကိုယ်လုံး တုန်လှုက်သွားစေခဲ့သည်။

ဘုရားသခင် ! ငါ နောက်ဆုံးတော့ ကျင့်ကြံသူ ဖြစ်လာပြီပေါ့လေ !

သူ့ဟာသူတောင် စနစ်က နောက်ကွယ်ကနေ ပြောပြပေးနေရတာ ဂိုဏ်းချုပ်သာဆိုတယ် သေမျိုးဖြစ်နေတုန်းပဲ အဲ့လိုလူက သူ့ရဲ့ကျင့်ကြံရေးအတွက် အသုံးမပြုဘဲ သူ့တပည့်အတွက်အသုံးပြုစရာလား။

"စနစ်၊ ယဲ့ကူချန်ရဲ့ကျင့်ကြံရေး စွမ်းအင် ၁၀%က ငါ့ကို ဘယ်အဆင့်အထိ တိုးတက်စေနိုင်တုန်း "

ဝမ်ဖုန်းက တိတ်တဆိတ်လေး မေးလိုက်သည်။

"သူက သင့်ကို အပြောင်းအလဲသို့ဝင်ရောက်ခြင်း အစောပိုင်းအဆင့်ထိ မြှင့်တင်ပေးနိုင်ပါတယ် ! "

စိတ်ထဲတွင် ထွက်ပေါ်လာသော ထိုအေးစက်စက် အသံသည် သူ့ကို အတွေးများစေခဲ့သည်။ သူသည် ယခုအချိန်အထိ ဤကမ္ဘာ၏ ကျင့်ကြံရေး နယ်ပယ်အဆင့်ဆင့်ကို မသိသေးပေ။

သူက စနစ်ကို ထပ်မေးလိုက်သည်။

"စနစ်၊ ဒီကမ္ဘာကြီးရဲ့ ကျင့်ကြံရေးနယ်ပယ်

အဆင့်ဆင့်ကို ဘယ်လို အတိအကျ ခွဲခြားထားတာတုန်း "

"ရှန်းလန်တိုက်ကြီးမှာ ဆန်းကြယ်တဲ့ စွမ်းအင်တွေကိုကျင့်ကြံသူတိုင်း ပိုမိုသန်မာလာနိုင်ပါတယ် ကျင့်ကြံဆင့်များကိုတော့- အခြေခံတည်ဆောက်ခြင်း၊သိမ်မွေ့သွေးကြော၊ဝိညာဥ်၊ ဆန်းကြယ်သောအကြီးအကဲ၊ အပြောင်းအလဲသို့ဝင်ရောက်ခြင်း၊တော်ဝင်မင်းသားနှင့် လောကငယ် ဆိုပြီး ပိုင်းခြားထားပါတယ်"

"အဲ့လိုလား !"

ဝမ်ဖုန်းသည် ခေါင်းတညိတ်ညိတ်ဖြင့် စိတ်လှုပ်ရှားလို့ နေသည်။ သူသည် ယဲ့ကူချန်၏ ကျင့်ကြံရေး စွမ်းအင် ၁၀% နှင့် အတူ၊ သူသည် သေမျိူး အဆင့်မှ အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အဆင့်ထိ တန်းပြီး တတ်မြောက်နိင်လေသည်။

"စနစ်၊ ကျင့်ကြံရေးစွမ်းအင်များ လွှဲပြောင်းလိုက်ပါ''

ဝမ်ဖုန်းတစ်ယောက် စကားဆုံးသည်နှင့် ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ အားကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအားသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို အဆက်မပြတ် ထိန်းထားပြီး ၎င်း၏ အာရုံကြောများအဖြစ်သို့ ပြောင်းလဲကာ ဝမ်ဖုန်း၏ ခန္ဓာကိုယ်သည် ကျင့်ကြံရေး နယ်ပယ် အဆင့်များထဲက အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အဆင့်ကို ပိုင်ဆိုင်ထားသော အားကောင်းသော ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။

"ဘုန်း!"

အချိန်အတော်ကြာပြီးနောက် ထိုစွမ်းအားသည် တဖြည်းဖြည်းရပ်တန့်သွားပြီး ဝမ်ဖုန်းကို သေမျိုးအဆင့်မှ ထိပ်တန်းသခင်တစ်ဦးအဖြစ်သို့ ခုန်တတ်သွားခဲ့လေပြီ။ ထိုအခိုက်အတန့်တွင် ဝမ်ဖုန်းတစ်ယောက် လန်းဆန်းမှုခံစားမိသည့်အပြင် အထူးသဖြင့် သူ့ခန္ဓာကိုယ်ရှိ အစွမ်းထက်သော စွမ်းအားကို ခံစားလိုက်ရသည်နှင့် ကျေနပ်သောအပြုံးကြီးက ထွက်ပေါ်လို့ လာလေသည်။

ဤသည်မှာ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအင်မှန်း သူ နားလည်သွား၏။ငါလေးက....ငါလေးက နောက်ဆုံးတော့ အသုံးမကျတဲ့သူ မဟုတ်တော့ဘူး!

ဤအခိုက်အတန့်တွင် ဝမ်ဖုန်းတစ်ယောက် မည်မျှ စိတ်လှုပ်ရှားနေသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

"တင်း၊ စနစ်မှ ဖုံးကွယ်နေသော ကျင့်ကြံရေးလုပ်ဆောင်မှုကို ထောက်ပံ့ပေးလိုက်ပါပြီ

အသင့်အနေနဲ့ ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားရန် လိုအပ်ပါသလား? "

"ဖုံးမယ်! "

သူသည် မဆိုင်းမတွ ခေါင်းညိတ်ခဲ့သည်။

"ဂိုဏ်း... ချုပ်၊ သူ....သူက?"

ထိုအခိုက်အတန့်တွင် တုန်လှုပ်နေသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ဝမ်ဖုန်းသည် အသံလားရာကို ရှာကြည့်လိုက်ရာ လီချင်းသည် ကြောက်ရွံ့သောမျက်နှာထားဖြင့် ယဲ့ကူချန်ကို စိုက်ကြည့်နေမှန်း တွေ့လိုက်ရလေသည်။

ဤအခိုက်အတန့်တွင် လီချင်း၏ စိတ်ထဲတွင် ယဲ့ကူချန်သည် ထက်မြက်သော ဓားစွမ်းအင်ကို ထုတ်လွှတ်နေသော မှော်ဓားနှင့်တူပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့စိတ်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည် ။

"ဒါက ယဲ့ကူချန်လေ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲပဲ!"

ဝမ်ဖုန်းက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။ လီချးင်ကြောက်ရွံ့နေမှန်း သူ သိသည်။ ယဲ့ကူချန်က ဘာမှမပြောတောင် သူ့လို သေမျိုးက ယဲ့ကူချန်လို အမတအရှင်ကို မောကြည့်ရဲမတဲ့လား။

"တပည့် လီချင်း၊ အကြီးအကဲ ယဲ့ကို ဂါဝရပြုပါတယ်!"

လီချင်သည် ယဲ့ကူချန်ကို လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။ ဝမ်ဖုန်းနှင့်ယှဉ်လိုက်ရင် ယဲ့ကူချန်ကမှ တကယ့် ကျင့်ကြံသူတစ်ယောက်လို့ သူ့စိတ်ထဲ ခံစားမိပေသည်။

လီချင်း၏ ဂါဝရပြုခြင်းကို ခံရသော ယဲ့ကူချန်သည် အေးစက်စက်ဖြင့် အထက်စီးဆန်စွာ ခေါင်းညိတ်ပြလိုက်သည်။

သို့ဆိုတောင် လီချင်းသည် ဘာမှ မပြောဝံ့ပေ။သူသည် ဘေးနားတွင် နာခံစွာ ရပ်နေလိုက်သည်။ စောနက သူသည် အနားယူရန် သက်ကယ်တဲထဲသို့ ဝင်သွားခဲ့သော်လည်း တွေးရင်တွေးသလို ထူးဆန်းနေမိခဲ့သည်။

ဆင်းရဲပါတယ်ဆိုတဲ့ ကျင့်ကြံရေးဂိုဏ်းဆိုတောင်၊ ယခုလို သက်ကယ်တဲကို အသုံးပြုရန် မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် လီချင်တစ်ယောက် ထိုအကြောင်းကို ပိုတွေးလေလေ ဝမ်ဖုန်း၏လှည့်စားခြင်းကို ခံလိုက်ရပြီ ဟုဆိုကာ ခံပြင်းနေခဲ့သည်။သူသည် ဝမ်ဖုန်းနှင့် ငြင်းခုံချင်ခဲ့သော်လည်း ယဲ့ကူချန် ကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ၏ သံသယအားလုံးကို ချက်ချင်း လက်ငင်း မျိုသိပ်ထားလိုက်တော့သည်။

ဂိုဏ်းချုပ် တစ်ယောက်ယောက်လာနေတယ် "

ထိုအခိုက်အတန့်တွင်၊ ယဲ့ကူချန်သည် စူးရှသော အကြည့်များဖြင့် ဝမ်ဖန်းကိုဆိုလိုက်သည်။

"ရပါတယ်၊ အရင်ဆုံး ကြည့်ပြီးမှ ဆက်ပြောတာပေါ့! "

ဝမ်ဖုန်းသည် မျက်လုံးကို မှေးကြည့်လိုက်ကာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။ယဲ့ကူချန်သည် စကားများ အဆုံးတွင် သူသည် သတိပြုမိခဲ့သည်။သူသည် အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အဆင့်နယ်ပယ်ကို ရောက်လာခဲ့သည်နှင့် အမျှ လူပုဂ္ဂိုလ်များ၏ လာရောက်ခြင်းကို အာရုံရခဲ့သည်။

တပည့် ဆယ်ယောက်ကို စုဆောင်းရန် စနစ်၏ စကားကို သူ မေ့ထားမည်မဟုတ်ပေ။လက်ရှိတွင် သူသည် တစ်ဦးတည်းသာ စုဆောင်းရရှိထားသည်။ လက်ရှိအခြေအနေအရ မည်သူမဆို သူ၏ပစ်မှတ် ဖြစ်လာနိုင်ပေသည်။

သူတို့နှစ်ဦးနောက်တွင်ရှိနေသော လီချင်းသည် ငြူစူသောမျက်လုံးများဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

" မိုင်တစ်ထောင်ကို တစ်ချက်ကြည့်လိုက်ယုံနဲ့ မြင်နိုင်တယ်ဆိုတာ အဆင့်မြင့် ကျင့်ကြံသူရဲ့

စွမ်းအားပဲ ဖြစ်ရမယ် ဂိုဏ်းချုပ်က တကယ်ကို စွမ်းတာပဲ ခုလို စွမ်းအားရှိတဲ့ အမတအရှင်တစ်ယောက် ဂိုဏ်းထဲမှာ ရှိနေတာ ဒါက ဆုံးရှုံးမှုမဟုတ်ဘူးပဲ

ငါ အရမ်းကံကောင်းတယ်!”

သိပ်မကြာမီ ဝမ်ဖုန်းတို့အုပ်စုသည် အဖြူရောင်ပိတ်စကတ် ဝတ်စားထားသော အမျိုးသမီးလေး တစ်ဦးကို တွေ့လိုက်ရသည်။သူမ၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ပေကျံနေပြီး တစ်နေရာရာတွင် တိုက်ခိုက်လာခဲ့ပုံပေါ်သည်။

"ဒီနေ့ ငါသာ လွတ်မြောက်ခဲ့ရင် ငါ ဖေးဝူက နင်တို့လို သစ္စာဖောက်တွေကို သေချာပေါက် ဖျက်ဆီးပစ်မယ် !"

ဖေးဝူသည် သူ့ဒဏ်ရာကို ဖုံးကွယ်ရင်း လျှို့ဝှက်စွာ ကျိန်ဆိုလိုက်သည်။အမုန်းတရားများက သူမ၏ လှပသော မျက်ဝန်းများထဲတွင် ထင်ဟက်လို့နေသည်။ မြင်သူတိုင်း သူမ မည်မျှ အမုန်းတရားများ ပေါက်ဖွားနေသည်ကို မှန်းဆနိုင်ပေသည်။

"မိန်းကလေး၊ မင်း ဒီလောက် အလျင်လိုနေပုံအရ မင်း အတော်လေး ပြင်းထန်ရက်စက်တဲ့ ရန်သူနဲ့ ကြုံခဲ့ပုံပဲ မင်း ငါ့ရဲ့ အမတဂိုဏ်းထဲသာဝင်လိုက်ရင် မင်း သေချာပေါက် ဘေးကင်းလိမ့်မယ်!"

ရုတ်တရက် ထွက်ပေါ်လာခဲ့သော အသံကြောင့် အသက်လုပြေးနေခဲ့သော ဖေးဝူမှာ ခဏတာ အံ့အားသင့်သွားခဲ့ရသည်။ အသံလားရာကို ကြည့်လိုက်ရာ သူမဆီသို့ ရုပ်သွင် သဏ္ဍာန် ၃ ခုက သူမဆီီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာမှန်း တွေ့လိုက်ရသည်။ခေါင်းဆောင်လာသူမှာ ချောမောသော်လည်း သူမအနေဖြင့် လျှော့မတွက်ဝံ့ပေ။

အဖြူရောင်အဝတ်အထည်ကို ဆင်မြန်းပြီး ဓားကိုင်ထားသော အမျိုးသားတစ်ဦး၏ အေးစက်သော သွင်ပြင်သည် ချွန်ထက်သော ဓားကို ရင်ဆိုင်ရသကဲ့သို့ သူမ၏နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူမအနေဖြင့် ဘေးကျပ်နံကျပ် အခြေအနေမှ ရှောင်တိမ်းလာခဲ့သော်လည်း ဝမ်ဖုန်းတို့ အုပ်စုကို တွေ့လိုက်ရသည်မှာ သူမအနေဖြင့်

ဤလူသုံးယောက်နှင့်အတူ ရှိနေခြင်းသည် အန္တရာယ်မှ လွတ်မြောက်နိုင်သည်ဟု သူမစိတ်ထဲတွင် ခံစားခဲ့ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းအနေနဲ့ မလွတ်မြောက်နိုင်မှတော့ ဘာလို့ စမ်းမကြည့်ရတာလဲ!"

ဖေးဝူသည် သွားကို တင်းတင်းစေ့လိုက်ရင်း

ဆက် မပြေးတော့ဘဲ ဝမ်ဖုန်း နှင့် အခြားသူများကို ဦးညွှတ်လိုက်သည်။

"ကျွန်မ လူကြီးမင်းကို ဂါရဝပြုပါတယ်၊ လူကြီးမင်းကဘယ်သူများလဲ ...?"

ဖေးဝူ၏ စကားသံကို ကြားကြားချင်း ဝမ်ဖုန်း၏ နှုတ်ခမ်းသားများမှာ တချက် တွန့်ကွေးသွားသည်။ဤအမျိုးသမီးမှာ သူတို့ကို အာရုံစိုက်ခဲ့မယ်လို့ မျှော်လင့်မထားခဲ့ပေ။

"တင်း၊ မစ်ရှင်ကို အသက်သွင်းပြီး ။ဒီအမျိုးသမီးကို ဂိုဏ်းထဲကို ခေါ်ဆောင်လာနိုင်ခဲ့ရင် သင်ဟာ မစ်ရှင်အောင်မြင်ခြင်းအတွက် ဆုလာဘ်ကို ရပါလိမ့်မယ်- ဆုလာဒ်; ကမ္ဘာငယ်လေးထဲက ဂိုဏ်းဌာန။''

ဝမ်ဖုန်းသည် လက်ပိုက်ကာ ဂိုဏ်းချုပ်တစ်ယောက်အတိုင်း ခပ်တည်တည်ဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါက ဒီအမတဂိုဏ်းက ဂိုဏ်းချုပ်ပဲ !မင်းသာ ငါတို့ဂိုဏ်းထဲဝင်မယ်ဆိုရင် မင်းကိုငါ ကာကွယ်ပေးနိုင်တယ်"

"အမတဂိုဏ်းချုပ်!?"

ဝမ်ဖုန်း၏ စကားကိုကြားတော့ သူမသည် သံသယမျက်လုံးများဖြင့် တချက်ကြည့်လိုက်သည်။ရှန်းလန် တိုက်မကြီးတစ်ခုလုံးရှိ ဂိုဏ်းများကို သူမအနေဖြင့် သေချာ ရှင်းလင်းစွာ မသိသော်လည်း တောက်ပနေမင်း အင်ပါယာမှာတော့ သူမ ကောင်းကောင်းကြီး သိပေသည်။အမတဂိုဏ်းဆိုသော ရှိမှန်းကိုတော့ သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

"မဟုတ်မှလွဲရော ဖုံးကွယ်ထားတဲ့လျှို့ဝှက်ဂိုဏ်းတစ်ခု မို့လို့များလား?''

ဖေးဝူသည် အတွေးမျာနေခဲ့သော်လည်း ထိုအတွေးများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ဤသည်မှာ ဝမ်ဖုန်း၏ ဘေးနားတွင် ဓားကို ကိုင်ထားသော ထိုအမျိုးသားသည် သူမကို အံ့သြစရာကောင်းလွန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သောကြောင့်ပင် ဖြစ်သည်။

"ဂိုဏ်းချုပ် ခုနက ပြောလိုက်တဲ့စကားက တကယ်ပြောတာလား မသိဘူး?"

ဖေးဝူသည် ဝန်ဖုန်းအား လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည် ။ ဝမ်ဖုန်း၏ နှောင့်ယှက်ခြင်းကို မခံရတောင် သူမသည် ထိုလူများ၏ လက်မှ မလွတ်မြောက်နိုင်ခြင်း ကောင်းကောင်းကြီး သိပေသည်။

ဤလူသည် ထိုအင်အားကြီးရန်သူများကို ခုခံပြီး ကူညီပေးနိုင်မနိုင် စမ်းသပ်ကြည့်ရုံမှတပါး ကျန်တာ မရှိပေ။

"သေချာတာပေါ့၊ မင်းသာ ငါ့ဂိုဏ်းထဲ ဝင်လိုက်တာနဲ့ ငါတို့ မင်းကို လုံခြုံစေရမယ်!"

ဝမ်ဖုန်းသည် ဖေးဝူကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

သူရှေ့က ဤအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်သည် လီချင်ထက် များစွာ သာလွန်ကောင်းမွန်ပြီးဝိညာဥ်အဆင့်သို့တောင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ လက်ရှိပိုင်ဆိုင်ထားသော စွမ်းအင်များဖြင့် တစ်ချက်လေး ကြည့်ယုံနဲ့ တန်းပြောပြနိုင်သည်။

စနစ်မှ ညွှန်ကြားလာသော မစ်ရှင် မဟုတ်ရင်တောင်မှ ဝမ်ဖုန်းသည် ဤအမျိုးသမီးကို သေချာပေါက် ဂိုဏ်းထဲခေါ်သွင်းပေမည်။

ဤမိန်းကလေး၏အသက်အရွယ်ကို ကြည့်ရလျှင်ဖြင့် ဆယ့်ရှစ် ၊ဆယ့်ကိုးနှစ်သာ ရှိသေးသော်လည်း သူမသည် ဝိညာဥ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီထဲက ပါရမီရှင်!!!

"ကောင်းပြီ ။ ကျွန်မ ဖေးဝူ အမတဂိုဏ်းတွင် ပါဝင်ဖို့ ဆန္ဒရှိသလို ကျွန်မရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုပါတယ် "

ဖေးဝူသည် အံကြိတ်လျက် လက်နှစ်ဖက်ကို လျက်ကာ ဝမ်ဖုန်းကို ဦးညွှတ်လျက် လေးလေးစားစား ဆိုလိုက်သည်။

ဝမ်ဖုန်းသည် သူမကို လိုက်နေသော ရန်သူ အင်အားစုကို ခုခံနိုင်မလား မသိသော်ငြားလည်း ယခုအချိန်မှာတော့ သူမအနေဖြင့် ဝမ်ဖန်းတို့ အုပ်စုကို မျှော်လင့်ချက်ထားရန်ကလွဲပြီး ရွေးချယ်စရာ မရှိပေ။

"တင်း၊ စနစ်မှ ပေးအပ်သော မစ်ရှင်အတွက် ဖေးဝူကို အောင်မြင်စွာ လက်ခံနိုင်ခဲ့လို့ ကမ္ဘာငယ်လေး ဂိုဏ်းဌာန ဆုကို အသင့်အတွက် ဆုချီးမြှင့်လိုက်ပါတယ် ! "

ဖေး၀ူ၏ သဘောတူပြီးပြီးချင်းမှာပင် စနစ်၏ အေးစက်တဲ့အသံသည် က ဝမ်ဖုန်း၏စိတ်ထဲမှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြန်သည်။

All Chapters